RCSS/SSA ၏ အစီအစဥ္ျဖင့္ ခ်င္းမိုင္မွ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား တာခ်ီလိတ္သို႔ ေရာက္ရွိရာ သက္ဆိုင္ရာ ေကာ္မတီမ်ားမွ ပူးေပါင္းကူညီ

RCSS/SSA ၏ အစီအစဥ္ျဖင့္ ခ်င္းမိုင္မွ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား တာခ်ီလိတ္သို႔ ေရာက္ရွိရာ သက္ဆိုင္ရာ ေကာ္မတီမ်ားမွ ပူးေပါင္းကူညီ
ဇူလိုင် 9, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံ ခ်င္းမိုင္ေဒသအတြင္းမွ ေနရပ္ျပန္လိုေသာ ေရႊ႕ေျပာင္းျမန္မာလုပ္သား(၂၆)ဦးသည္ ခ်င္းမိုင္ RCSS/SSA ၏ အစီအစဥ္ျဖင့္ မယ္ဆိုင္ၿမိဳ႕သို႔ ေရာက္ရွိလာရာ ဇူလိုင္လ(၉)ရက္ေန႔ နံနက္ပိုင္းက CNCMC ႏွင့္ ရွမ္းတိုင္းရင္းသား ပါတီ(၂)ခုမွ မယ္ဆိုင္သို႔ သြားေရာက္ ကူညီေပးခဲ့ၾကၿပီး ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတား ျမန္မာဘက္တြင္ ေနရပ္ျပန္ေရႊ႕ေျပာင္းလုပ္သားမ်ား ျပန္လည္ႀကိဳဆို လက္ခံေရး ေကာ္မတီ ႏွင့္ တာ၀န္ရွိသူမ်ားက ညေန(၃)နာရီ၀န္းက်င္က ႀကိဳဆိုခဲ့ၾကသည္။

"ေနရပ္ျပန္မယ္ဆိုရင္ ပြဲစားေတြက တစ္ေယာက္ကို ဘတ္(၃၀၀၀) ကေန ဘတ္(၄၀၀၀)ေတာင္းတာေတြရွိတယ္လို႔ ၾကားလို႔ ကြ်န္ေတာ္တို႔လည္း တတ္ႏိုင္တဲ့ဖက္က ကူညီေပးႏိုင္ရန္အတြက္ ေဖ့ဘုတ္ေပၚမွာ ေနရပ္ျပန္လိုသူမ်ား ဆက္သြယ္ၾကပါ၊ ကူညီေပးမယ္ဆိုၿပီးေတာ့ေပါ့ မယ္ဆိုင္ကို အေရာက္ ပို႔ေဆာင္ေပးမယ္ဆိုၿပီး ေရးၿပီးတင္လိုက္ေတာ့ ေဖ့ဘုတ္ကေန တစ္ဆင့္ ဆက္သြယ္ လာၾကတဲ့ လူေတြရွိလာလို႔ အခု ကြ်န္ေတာ္တို႔အေနနဲ႔ အဆင့္ဆင့္ ခ်ိတ္ဆက္ၿပီး အခုလို အေရာက္ လာပို႔ေပးတာပါ၊ ေနာက္ပိုင္း ဆက္သြယ္လာသူေတြရွိလာရင္လည္း အခုလို လာေရာက္ ပို႔ေဆာင္ေပးမွာ ျဖစ္ပါတယ္"ဟု ခ်င္းမိုင္မွ RCSS/SSA ၏ ဆက္ဆံေရးတာ၀န္ခံ ကိုစိုင္းလန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဇူလိုင္လ(၉)ရက္ေန႔တြင္ တာခ်ီလိတ္သို႔ ျပန္လာသည့္အထဲ၌ RCSS/SSA ၏ အစီအစဥ္ျဖင့္ ေရာက္ရွိ လာသူမွာ အမ်ဳိးသား/အမ်ဳိးသမီး စုစုေပါင္း (၂၆)ဦး ျဖစ္ၿပီး မယ္ဆိုင္လ၀ကတြင္ ေရာက္ရွိေနသည့္ အမ်ဳိးသား (၂)ဦး အပါအ၀င္ စုစုေပါင္း (၂၈)ဦး ရွိေၾကာင္း သိရသည္။

"အခုလိုမ်ဳိး RCSS/SSA အေနနဲ႔ ကိုယ့္ျမန္မာႏိုင္ငံသားေတြ ေနရပ္ျပန္ဖို႔အတြက္ ခ်င္းမိုင္ကေန မယ္ဆိုင္ကို အေရာက္လာပို႔ေပးတာဟာ ၀မ္းသာစရာေကာင္းပါတယ္။ အခုလိုမ်ဳိး တတ္ႏိုင္တဲ့ဖက္က ပါ၀င္ ကူညီေပးၾကရင္ ထိုင္းႏိုင္ငံအတြင္းကေန ေနရပ္ျပန္မယ့္ ျမန္မာႏိုင္ငံသားေတြအေနနဲ႔လည္း အခက္အခဲ မရွိေစေတာ့ပဲ တစ္ဖက္နဲ႔တစ္ဖက္ ခ်ိတ္ဆက္ၿပီး ေဆာင္ရြက္ၾကတာျဖစ္တဲ့အတြက္ အဆင္ေျပ ေစပါတယ္။"ဟု ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရးေကာ္မတီ(CNCMC)၏ လုပ္ငန္းအေကာင္အထည္ေဖာ္ေရးေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္က ေျပာသည္။

ေနရပ္ျပန္လိုသူမ်ားအေနျဖင့္ မယ္ဆိုင္သို႔ ေရာက္သည့္အခါတြင္ မယ္ဆိုင္ လ၀က ရံုးတြင္ စာရင္း ေပးသြင္းရၿပီးေနာက္ CNCMC ေကာ္မတီက မယ္ဆိုင္သို႔ လာေရာက္၍ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ႀကိဳဆိုေခၚေဆာင္ကာ တာခ်ီလိတ္သို႔ ပို႔ေဆာင္ေပးျခင္းျဖစ္ၿပီး ေနရပ္ျပန္လိုသူမ်ား ႏွင့္ အကူအညီ လိုအပ္သူမ်ားအား ေပါင္းစပ္ကူညီေပးေနေၾကာင္း ၎ထံက သိရသည္။

ဇူလိုင္လ(၉)ရက္ေန႔တြင္ တာခ်ီလိတ္သို႔ ျပန္လာသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သား (၂၈)ဦးအတြက္ CNCMC ေကာ္မတီ၏ ဦးေဆာင္မႈျဖင့္ က်ားေခါင္းပါတီ၊ SNLD ပါတီ ၊ SNDP ပါတီတို႔မွ မယ္ဆိုင္ လ၀ကရံုးတြင္ လိုအပ္သည္မ်ားကို ကူညီေပးၿပီး ေန႔လယ္စာအတြက္ စိုင္းေလာဝ္ဟိန္း သတၳဳတူးေဖာ္ေရး ကုမၸဏီမွ လွဴဒါန္းေပးေၾကာင္း ႏွင့္ တာခ်ီလိတ္ဘက္တြင္ တာခ်ီလိတ္ ေဂၚရခါးလူမႈကူညီေရး အသင္းမွလည္း လာေရာက္၍ စားစရာမ်ား ေပးေ၀လွဴဒါန္းေၾကာင္း သိရသည္။

ေနရပ္ျပန္လာသူမ်ားထဲမွ မိမိဇာတိၿမိဳ႕သို႔ ျပန္လိုသူမ်ားသည္ ကား(သို႔မဟုတ္)ေလယာဥ္မ်ား ေစာင့္ဆိုင္းရန္ တစ္ညအိပ္ရသည့္အခါတြင္ ေနထိုင္စရာအတြက္ SNLD ပါတီ ၊ SNDP ပါတီတို႔မွ ေဆခမ္းရပ္ကြက္ရွိ ဘုန္းႀကီးေက်ာင္းတြင္ ေနထိုင္ႏိုင္ရန္ စီစဥ္ေပးသည့္ တာ၀န္ကို ခြဲယူၿပီး ကူညီေပးေနလ်က္ရွိေၾကာင္း သိရသည္။

ေနရပ္ျပန္လာသူမ်ားထဲတြင္ ျမန္မာႏိုင္ငံသား ဟုတ္ /မဟုတ္ ကို လ၀က ႏွင့္ စိစစ္မႈမ်ား ျပဳလုပ္ေၾကာင္းႏွင့္ ေနရပ္ျပန္လိုေသာ္လည္း ျမန္မာႏိုင္ငံသား ျဖစ္ပါက မွတ္ပံုတင္မရွိသူမ်ားကို ေထာက္ခံစာမ်ား ျပဳလုပ္ေပးေၾကာင္း သိရသည္။

" ကြ်န္ေတာ္တို႔ ၿမိဳ႕နယ္လ၀ကရံုးကေနၿပီးေတာ့ အေထာက္အထားမရွိတဲ့သူေတြကို ေနရပ္ေဒသကို ျပန္ႏိုင္ေအာင္ အဆင္ေျပႏိုင္ဆံုးျဖစ္ေအာင္ ေထာက္ခံစာေတြျပဳလုပ္ေပးၿပီး ေဆာင္ရြက္ေပးေနပါတယ္၊ ႏိုင္ငံျခားေသြးေႏွာမႈ ရွိ/မရွိ၊ ဥပမာ ဘဂၤလီေတြ ပါ၀င္လာျခင္း ရွိ /မရွိေပါ့၊ ျမန္မာႏိုင္ငံသား တိုင္းရင္းသား စစ္စစ္ေတြဆိုရင္ လက္ခံေပးတယ္၊ ျမန္မာႏိုင္ငံသား မဟုတ္တဲ့ သူေတြပါလာတယ္ဆိုရင္ ျပန္လည္ စိစစ္ၿပီးေတာ့ ထိုင္းဘက္ကို ျပန္ပို႕ေပးပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္လ၀ကမွ ဒုလ၀ကမွဴး ဦးစိန္လြင္က ေျပာသည္။

ထိုင္းႏိုင္ငံအတြင္းမွ တာခ်ီလိတ္သို႔ ျပန္လာလိုေသာ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား ကူညီ ေဆာင္ရြက္ေပးႏိုင္ရန္အတြက္ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈ ေကာ္မတီမွ ႀကီးၾကပ္ေဆာင္ရြက္ကာ CNCMC ႏွင့္ TBC ေကာ္မတီတို႔မွ ခ်င္း႐ိုင္းခရိုင္အတြင္း သြားေရာက္ ကူညီေပးေနၿပီး တာခ်ီလိတ္ဘက္တြင္ ေနရပ္ျပန္ေရႊ႕ေျပာင္းလုပ္သားမ်ား ျပန္လည္ႀကိဳဆိုလက္ခံေရးေကာ္မတီမွ ႀကိဳဆိုကာ စိစစ္မႈမ်ား ျပဳလုပ္ရာ ႏိုင္ငံေရးပါတီမ်ား ႏွင့္ လူမႈေရးအသင္းအဖြဲ႔မ်ားက လိုအပ္သည္မ်ားကို ကူညီေဆာင္ရြက္ေပးေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံမွ ေနရပ္ျပန္လာလိုၿပီး ထိုင္းႏိုင္ငံအတြင္းမွ နယ္စပ္ဂိတ္မ်ားသို႔ သြားလာရန္ အခက္အခဲ ျဖစ္ေနသူမ်ား ႏွင့္ ထိုင္းရဲစစ္ေဆးေရးဂိတ္မ်ားမွ ေငြၫွစ္ေတာင္းခံမႈမ်ားအျပင္ နယ္စပ္၀င္ေပါက္တြင္ ကားသမားမ်ားမွ ျဖစ္ေစ၊ ပြဲစားမ်ားမွျဖစ္ေစ ေငြေၾကးေတာင္းခံပါက CNCMC ေကာ္မတီ၏ 0850388887 ၊ 0897558729 သို႔ ဖုန္းျဖင့္ဆက္သြယ္၍ အကူအညီေတာင္းခံႏိုင္ေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ချင်းမိုင်ဒေသအတွင်းမှ နေရပ်ပြန်လိုသော ရွှေ့ပြောင်းမြန်မာလုပ်သား(၂၆)ဦးသည် ချင်းမိုင် RCSS/SSA၏ အစီအစဉ်ဖြင့် မယ်ဆိုင်မြို့သို့ ရောက်ရှိလာရာ ဇူလိုင်လ(၉)ရက်နေ့ နံနက်ပိုင်းက CNCMC နှင့် ရှမ်းတိုင်းရင်းသား ပါတီ(၂)ခုမှ မယ်ဆိုင်သို့ သွားရောက် ကူညီပေးခဲ့ကြပြီး မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား မြန်မာဘက်တွင် နေရပ်ပြန်ရွှေ့ပြောင်းလုပ်သားများ ပြန်လည်ကြိုဆို လက်ခံရေး ကော်မတီ နှင့် တာဝန်ရှိသူများက ညနေ(၃)နာရီဝန်းကျင်က ကြိုဆိုခဲ့ကြသည်။

"နေရပ်ပြန်မယ်ဆိုရင် ပွဲစားတွေက တစ်ယောက်ကို ဘတ်(၃၀၀၀) ကနေ ဘတ်(၄၀၀၀)တောင်းတာတွေရှိတယ်လို့ ကြားလို့ ကျွန်တော်တို့လည်း တတ်နိုင်တဲ့ဖက်က ကူညီပေးနိုင်ရန်အတွက် ဖေ့ဘုတ်ပေါ်မှာ နေရပ်ပြန်လိုသူများ ဆက်သွယ်ကြပါ၊ ကူညီပေးမယ်ဆိုပြီးတော့ပေါ့ မယ်ဆိုင်ကို အရောက် ပို့ဆောင်ပေးမယ်ဆိုပြီး ရေးပြီးတင်လိုက်တော့ ဖေ့ဘုတ်ကနေ တစ်ဆင့် ဆက်သွယ် လာကြတဲ့ လူတွေရှိလာလို့ အခု ကျွန်တော်တို့အနေနဲ့ အဆင့်ဆင့် ချိတ်ဆက်ပြီး အခုလို အရောက် လာပို့ပေးတာပါ၊ နောက်ပိုင်း ဆက်သွယ်လာသူတွေရှိလာရင်လည်း အခုလို လာရောက် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်"ဟု ချင်းမိုင်မှ RCSS/SSA၏ ဆက်ဆံရေးတာဝန်ခံ ကိုစိုင်းလန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇူလိုင်လ(၉)ရက်နေ့တွင် တာချီလိတ်သို့ ပြန်လာသည့်အထဲ၌ RCSS/SSA၏ အစီအစဉ်ဖြင့် ရောက်ရှိ လာသူမှာ အမျိုးသား/အမျိုးသမီး စုစုပေါင်း (၂၆)ဦး ဖြစ်ပြီး မယ်ဆိုင်လဝကတွင် ရောက်ရှိနေသည့် အမျိုးသား (၂)ဦး အပါအဝင် စုစုပေါင်း (၂၈)ဦး ရှိကြောင်း သိရသည်။

"အခုလိုမျိုး RCSS/SSA အနေနဲ့ ကိုယ့်မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ဖို့အတွက် ချင်းမိုင်ကနေ မယ်ဆိုင်ကို အရောက်လာပို့ပေးတာဟာ ဝမ်းသာစရာကောင်းပါတယ်။ အခုလိုမျိုး တတ်နိုင်တဲ့ဖက်က ပါဝင် ကူညီပေးကြရင် ထိုင်းနိုင်ငံအတွင်းကနေ နေရပ်ပြန်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း အခက်အခဲ မရှိစေတော့ပဲ တစ်ဖက်နဲ့တစ်ဖက် ချိတ်ဆက်ပြီး ဆောင်ရွက်ကြတာဖြစ်တဲ့အတွက် အဆင်ပြေ စေပါတယ်။"ဟု ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ(CNCMC)၏ လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။

နေရပ်ပြန်လိုသူများအနဖြေင့် မယ်ဆိုင်သို့ ရောက်သည့်အခါတွင် မယ်ဆိုင် လဝက ရုံးတွင် စာရင်း ပေးသွင်းရပြီးနောက် CNCMC ကော်မတီက မယ်ဆိုင်သို့ လာရောက်၍ မော်တော်ယာဉ်များဖြင့် ကြိုဆိုခေါ်ဆောင်ကာ တာချီလိတ်သို့ ပို့ဆောင်ပေးခြင်းဖြစ်ပြီး နေရပ်ပြန်လိုသူများ နှင့် အကူအညီ လိုအပ်သူများအား ပေါင်းစပ်ကူညီပေးနေကြောင်း၎င်းထံက သိရသည်။

ဇူလိုင်လ(၉)ရက်နေ့တွင် တာချီလိတ်သို့ ပြန်လာသည့် ရွှေ့ပြောင်းမြန်မာလုပ်သား (၂၈)ဦးအတွက် CNCMC ကော်မတီ၏ ဦးဆောင်မှုဖြင့် ကျားခေါင်းပါတီ၊ SNLD ပါတီ၊ SNDP ပါတီတို့မှ မယ်ဆိုင် လဝကရုံးတွင် လိုအပ်သည်များကို ကူညီပေးပြီး နေ့လယ်စာအတွက် စိုင်းလောဝ်ဟိန်း သတ္ထုတူးဖော်ရေး ကုမ္ပဏီမှ လှူဒါန်းပေးကြောင်း နှင့် တာချီလိတ်ဘက်တွင် တာချီလိတ် ဂေါ်ရခါးလူမှုကူညီရေး အသင်းမှလည်း လာရောက်၍ စားစရာများ ပေးေဝလှူဒါန်းကြောင်း သိရသည်။

နေရပ်ပြန်လာသူများထဲမှ မိမိဇာတိမြို့သို့ ပြန်လိုသူများသည် ကား(သို့မဟုတ်)လေယာဉ်များ စောင့်ဆိုင်းရန် တစ်ညအိပ်ရသည့်အခါတွင် နေထိုင်စရာအတွက် SNLD ပါတီ၊ SNDP ပါတီတို့မှ ဆေခမ်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင် နေထိုင်နိုင်ရန် စီစဉ်ပေးသည့် တာဝန်ကို ခွဲယူပြီး ကူညီပေးနေလျက်ရှိကြောင်း သိရသည်။

နေရပ်ပြန်လာသူများထဲတွင် မြန်မာနိုင်ငံသား ဟုတ် /မဟုတ် ကို လဝက နှင့် စိစစ်မှုများ ပြုလုပ်ကြောင်းနှင့် နေရပ်ပြန်လိုသော်လည်း မြန်မာနိုင်ငံသား ဖြစ်ပါက မှတ်ပုံတင်မရှိသူများကို ထောက်ခံစာများ ပြုလုပ်ပေးကြောင်း သိရသည်။

" ကျွန်တော်တို့ မြို့နယ်လဝကရုံးကနပြေီးတော့ အထောက်အထားမရှိတဲ့သူတွေကို နေရပ်ဒေသကို ပြန်နိုင်အောင် အဆင်ပြေနိုင်ဆုံးဖြစ်အောင် ထောက်ခံစာတွပြေုလုပ်ပေးပြီး ဆောင်ရွက်ပေးနေပါတယ်၊ နိုင်ငံခြားသွေးနှောမှု ရှိ/မရှိ၊ ဥပမာ ဘင်္ဂလီတွေ ပါဝင်လာခြင်း ရှိ /မရှိပေါ့၊ မြန်မာနိုင်ငံသား တိုင်းရင်းသား စစ်စစ်တွေဆိုရင် လက်ခံပေးတယ်၊ မြန်မာနိုင်ငံသား မဟုတ်တဲ့ သူတွေပါလာတယ်ဆိုရင် ပြန်လည် စိစစ်ပြီးတော့ ထိုင်းဘက်ကို ပြန်ပို့ပေးပါတယ်"ဟု တာချီလိတ်မြို့နယ်လဝကမှ ဒုလဝကမှူး ဦးစိန်လွင်က ပြောသည်။

ထိုင်းနိုင်ငံအတွင်းမှ တာချီလိတ်သို့ ပြန်လာလိုသော ရွှေ့ပြောင်းမြန်မာလုပ်သားများအား ကူညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှု ကော်မတီမှ ကြီးကြပ်ဆောင်ရွက်ကာ CNCMC နှင့် TBC ကော်မတီတို့မှ ချင်းရိုင်းခရိုင်အတွင်း သွားရောက် ကူညီပေးနပြေီး တာချီလိတ်ဘက်တွင် နေရပ်ပြန်ရွှေ့ပြောင်းလုပ်သားများ ပြန်လည်ကြိုဆိုလက်ခံရေးကော်မတီမှ ကြိုဆိုကာ စိစစ်မှုများ ပြုလုပ်ရာ နိုင်ငံရေးပါတီများ နှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာလိုပြီး ထိုင်းနိုင်ငံအတွင်းမှ နယ်စပ်ဂိတ်များသို့ သွားလာရန် အခက်အခဲ ဖြစ်နေသူများ နှင့် ထိုင်းရဲစစ်ဆေးရေးဂိတ်များမှ ငွေညှစ်တောင်းခံမှုများအပြင် နယ်စပ်ဝင်ပေါက်တွင် ကားသမားများမှ ဖြစ်စေ၊ ပွဲစားများမှဖြစ်စေ ငွေကြေးတောင်းခံပါက CNCMC ကော်မတီ၏ 0850388887၊ 0897558729 သို့ ဖုန်းဖြင့်ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

သတင်း - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~