Update News

စိုက္ပ်ိဳးေျမမွ က်ဴးေက်ာ္မ်ားကိစၥ လားရိႈးၿမိဳ႕နယ္ လယ္ယာေျမ စီမံခန္႔ခြဲမႈေကာ္မတီ အဖြဲ႕ဥကၠဌ ဦးေနလင္းထြန္းႏွင့္ ဆက္သြယ္ေမးျမန္းျခင္း


လားရႈိးၿမိဳ႕မွ စိုက္ပ်ိဳးေျမအတြင္း က်ဴးေက်ာ္မ်ားကိစၥ  လယ္ယာေျမ စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ ဦးေနလင္းထြန္းႏွင့္ ဆက္သြယ္ေမးျမန္းျခင္း

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္ရွိ ေက်းရြာ(၃)ခု၏ စိုက္ပ်ိဳးေျမမ်ားတြင္ ေတာင္သူမ်ားထံမွ ေျမယာမ်ား ဝယ္ယူထားသည္ဟု ဆိုသူ တစ္ဦးက စစ္ေဘးေရွာင္စခန္း အမည္ျဖင့္ က်ဴးေက်ာ္တဲမ်ား ေဆာက္လုပ္ထားသည့္ ကိစၥအား ေျဖရွင္းေဆာင္ရြက္ထားမႈ အေျခအေနမ်ားကို လားရိႈးၿမိဳ႕နယ္ လယ္ယာေျမ စီမံခန္႔ခြဲမႈေကာ္မတီ အဖြဲ႕ဥကၠဌ၊ လားရႈိးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေနလင္းထြန္းအား တာခ်ီလိတ္သတင္း ေအဂ်င္စီမွ ဇူလိုင္လ (၃၁)ရက္ေန႔တြင္ ဆက္သြယ္ေမးျမန္း ထားပါသည္။

လားရိႈးၿမိဳ႕ႏွင့္ (၁၆)မိုင္ခန္႔အကြာရိွ ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ယခင္က ၾကက္ဆူပင္စီမံကိန္း အေကာင္အထည္ ေဖာ္ခဲ့သည့္ ေျမေနရာတြင္ မိုင္းေမာေက်းရြာ၊ မုိင္းပ်ဥ္းေက်းရြာႏွင့္ ကုန္းရုန္း ေက်းရြာတို႔မွ ေဒသခံမ်ား စိုက္ပ်ိဳး လုပ္ကိုင္ေနျခင္းျဖစ္ၿပီး အဆိုပါေျမမ်ားအား အစိုးရထံမွ ျပန္လည္ရရိွေရး ေဆာင္ရြက္ ေပးမည္ဟု ဆိုကာ ၾကားဝင္ေဆာင္ရြက္ေပးသူက အျခားေဒသမွ လူမ်ား ေခၚေဆာင္လာကာ အဆိုပါ ေျမေနရာတြင္ က်ဴးေက်ာ္တဲမ်ား လာေရာက္ ေဆာက္လုပ္သျဖင့္ ၎အားေဒသမွ ထြက္ခြာသြားရန္ ဇူလိုင္လ (၁၆) ရက္ေန႔တြင္ ေက်းရြာသံုးခုမွ ေတာင္သူမ်ားက ကန္႔ကြက္ဆႏၵျပခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

TNA ။    ။ စိုက္ပ်ိဳးေျမမွာ က်ဴးေက်ာ္တဲေတြ လာေဆာက္ထားတယ္ဆိုၿပီး ဆႏၵထုတ္ေဖာ္ထားတဲ့ကိစၥကို လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕အေနနဲ႔ ဘယ္လို ေျဖရွင္းေဆာင္ရြက္ထားပါၿပီလဲ။

UNLT ။    ။ ခုေလာေလာဆယ္ေတာ့ လယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနကေန ႏို႔တစ္ ထုတ္ထားတာ တတိယအႀကိမ္ ရိွပါၿပီ။ ဒါၿပီးရင္ေတာ့ တရားစြဲလို႔ ရၿပီေပါ့။ လုပ္ထံုးလုပ္နည္း ကုန္စင္ေအာင္ လုပ္ေနဆဲပဲ ရိွပါေသးတယ္။ ေလာေလာဆယ္ေတာ့ ေနတဲ့သူလည္း မရိွသေလာက္ ျဖစ္သြားပါၿပီ။ လာေနတဲ့ တုိင္းရင္းသားေတြလည္း ဘုမသိ ဘမသိ ခံလိုက္ရသလို ျဖစ္သြားတာေပါ့။ ဆႏၵထုတ္ေဖာ္ၿပီး ကတည္းက လာေနတဲ့ သူေတြလည္း အေတာ္ေလး နည္းသြားတယ္လို႔ သိရပါတယ္။ ေျမယာက ေျမလြတ္ ေျမရိုင္း အမ်ိဳးအစား ျဖစ္ပါတယ္။ အကယ္၍ လယ္ယာေျမသာ ျဖစ္တယ္ဆိုရင္ ၂၀၁၂ ခုႏွစ္ လယ္ယာေျမ ဥပေဒနဲ႔ အညီ လယ္ယာေျမ စီမံခန္႔ခြဲမႈ အဖြဲ႕အဆင့္ ဆင့္ကေန ၂၀၁၂ ခုႏွစ္ လယ္ယာေျမဥပေဒ ပုဒ္မ (၁၉)အရ တားျမစ္ၿပီး လုိက္နာမႈ မရိွရင္ ဥပေဒပုဒ္မ (၂၀)အရ တရားစြဲရပါတယ္။ တရားရံုးကို ဦးတုိက္ ေလွ်ာက္ရပါတယ္။ အခုက ေျမလြတ္ေျမရိုင္း ျဖစ္ေနေတာ့ (၁၆.၁.၂၀၁၅) ရက္စြဲနဲ႔ လယ္/ဆည္ ဝန္ႀကီးဌာနကေန ထုတ္ျပန္ထားတဲ့ ၁/၂၀၁၅ ဆိုတဲ့ အမိန္႔ေၾကညာစာ အရ လယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္း ဦးစီးဌာန (ယခင္ ေျမစာရင္း)ကေန တရားစြဲရပါတယ္။ သူကေန တရားစြဲဖို႔လည္း လယ္ယာေျမ စီမံခန္႔ခြဲေရးအဖြဲ႕ အစည္းအေဝးနဲ႔ ညႊန္ၾကားၿပီးၿပီ။ သူတို႔ဌာနကေနလည္း တရားစြဲဖို႔ စီစဥ္ၿပီးၿပီ။ သူ႔ရဲ႕လုပ္ထံုး လုပ္နည္းအရ ႏို႔တစ္(သတိေပးစာ) အရင္ပို႔ရပါတယ္။ ဒါလည္း ပို႔ထားၿပီးပါၿပီ။ ဒီေနရာမွာ က်ဴးေက်ာ္ ေနထုိင္မႈကေန သတိေပးစာ ေပးထားတဲ့ အတိုင္း မလိုက္နာရင္ တရားစြဲရပါတယ္။

TNA ။    ။ အဲဒီစိုက္ပ်ိဳး ေျမေနရာမွာ စစ္ေဘးေရွာင္ စခန္းဖြင့္ထားတယ္လို႔လည္း ၾကားရပါတယ္။ ဘယ္ေဒသက စစ္ေဘးေရွာင္ေတြပါလဲ။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕က ခြင့္ျပဳထားတာပါလား။

UNLT ။    ။ ဆႏၵျပျခင္း ခံရတဲ့သူက ေတာင္သူေတြဆီီက ဝယ္ထားတဲ့ေျမေနရာမွာ စစ္ေဘးေရွာင္စခန္း ဖြင့္မယ္ဆိုၿပီး လုပ္ပါတယ္။ တကယ့္တကယ္က်ေတာ့လည္း ေတာင္သူေတြဆီက ေငြေပးေငြယူ မရိွဘဲနဲ႔ ဒီေျမေတြကို ရေအာင္လုပ္ေပးပါမယ္ဆိုတဲ့ ကတိနဲ႔ စာခ်ဳပ္ ခ်ဳပ္ခုိင္းလို႔ အေရာင္းအဝယ္ စာခ်ဳပ္ ခ်ဳပ္တာပါ။ တစ္ျပားမွ မရေသးပါဘူးလို႔ ေတာင္သူေတြက ေျပာပါတယ္။ စစ္ေဘးေရွာင္ စခန္းလုပ္မယ္ဆိုၿပီး ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးကို တင္ျပတာလည္း မရိွဘူး။ ခြင့္ျပဳထားတာလည္း မဟုတ္ဘူး။ ေနာက္စစ္ေဘး ေရွာင္ေတြလည္း မဟုတ္ဘူး။ နယ္စပ္က မုန္းကိုးတို႔ ဘက္ကေန တခ်ိဳ႕လူေတြကို မွတ္ပံုတင္ရိွရင္ ေျမကြက္ အလကား ေပးမယ္။ ကိုယ္တုိင္ လာေနဆိုၿပီး သြားစည္းရံုးၿပီး ေခၚလာတယ္လို႔ သိရတယ္။ စစ္ပြဲေရွာင္ အစစ္ေတြ မဟုတ္ဘူးေပါ့။ ဒီစိုက္ပ်ိဳး ေျမေနရာနဲ႔ ပတ္သက္လို႔ အဓိက က မိုင္းပ်ဥ္း၊ မိုင္းေမာ၊ ကုန္းရံုးဆိုၿပီး ရြာသံုးရြာ ျပႆနာျဖစ္ၾကတာ။ ေျမကေတာ့ မိုင္းပ်ဥ္းေက်းရြာ အုပ္စုမွာ ရိွတာေပါ့။ မႏွစ္ကေတာ့ သူတို႔ စိုက္လက္စ ေတာင္သူေတြရယ္၊ ရြာသံုးရြာက ေတာင္သူေတြရယ္ စုၿပီးစိုက္ၾကတာ။ အဲဒီေတာ့ သူတို႔ အခ်င္းခ်င္း ျပႆနာျဖစ္ၾကေတာ့ ကၽြန္ေတာ္တုိ႔ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ကို လာတုိင္တယ္။ ေက်းရြာ သံုးရြာေရာ လက္ရိွစိုက္ေနတဲ့ ေတာင္သူေတြ ကိုေရာ အကုန္ေခၚလိုက္တယ္။ လယ္ယာေျမ စီမံခန္႔ခြဲေရးဦးစီးဌာနကို ဒီေျမ အမ်ိဳးအစားနဲ႔ ပတ္သက္လို႔ တရားဝင္စာနဲ႔ ၂၀၁၆ ခုႏွစ္ ဇြန္လဝန္းက်င္မွာ ေတာင္းပါတယ္။ လယ္ယာေျမ စီမံခန္႔ခြဲမႈဦးစီးဌာနက အေၾကာင္းျပန္လာတာက ဒီဟာသည္ ေျမလြတ္ေျမရိုင္း အမ်ိဳးအစား ျဖစ္ပါတယ္။ ေျမလြတ္ေျမရိုင္း အဆင့္ကေန ေျပာင္းလဲျခင္း မရိွေသးပါဘူး ဆိုတာ ျပန္က်လာတယ္။ အဲဒီေတာ့ ဥပေဒအရ ေျမလြတ္ ေျမရိုင္းျဖစ္ေနေတာ့ အဆင့္ဆင့္ စိုက္ပ်ိဳး လုပ္ကိုင္ခြင့္ေတြ တင္ၾကပါလို႔ ကၽြန္ေတာ္တို႔က ေျပာတယ္။ ဒီလိုလုပ္ေနစဥ္ ကာလမွာလည္း ေတာင္သူ အခ်င္းခ်င္း ျပႆနာ မျဖစ္ေအာင္ အခ်င္းခ်င္း ညိႇႏိႈင္း စုိက္ပ်ိဳးၾကပါ ဆိုၿပီးေတာ့ ေျဖရွင္းေပးခဲ့တယ္။ မႏွစ္တုန္းက သူတို႔အခ်င္းခ်င္း ညိႇႏိႈင္းေျပလည္ သြားတယ္။

ဒီႏွစ္မွာ ဦးေလးျမင့္ ဆိုတဲ့သူကို ကုန္းရံုးရြာကလူက ဆက္သြယ္ၿပီး ေနျပည္ေတာ္ဘက္ကေန ေခၚလာတယ္လို႔ သိရတယ္ေပါ့။ အဲဒီ ဦးေလးျမင့္ကေန ဒီေျမေတြကို သံုးရြာရိွတဲ့အထဲက ကုန္းရံုးရြာ တစ္ရြာထဲက ဧက(၁၀၀)ေက်ာ္ ပိုင္သင့္ပါတယ္ဆိုၿပီး လုပ္လာတယ္။ အမွန္တကယ္ေတာ့ မိုင္းပ်ဥ္းမွာက ေတာင္သူ (၇၀)ေက်ာ္ရိွတယ္။ မိုင္းေမာက ေတာင္သူ (၄၀)ေက်ာ္ရိွတယ္။ ကုန္းရံုးရြာက မႏွစ္က ေတာင္သူ (၁၂)ဦးပဲရိွတယ္။ အဲဒါကို သူတို႔ဟာသူတို႔ ဒီႏွစ္စာရင္း တက္လာတဲ့အခါ ေတာင္သူ (၁၇)ဦးဆိုၿပီး ျဖစ္လာတယ္ ဆိုတယ္။ ေတာင္သူေဟာင္း (၁၃၀)ဝန္းက်င္ေလာက္ရိွတဲ့ အနက္ကို အဲဒီကုန္းရံုးရြာ တစ္ရြာထဲကို (၁၁၅)ဧက ရသင့္ပါတယ္လို႔  ဦးေလးျမင့္က ဆံုးျဖတ္ၿပီး ေတာင္သူေတြ ဆီက ေျပစာေတြ ျပပါဆိုၿပီး အေရာင္းအဝယ္ လုပ္တယ္တဲ့။ အေရာင္းအဝယ္က စာခ်ဳပ္ထဲမွာ တစ္ဧကကို သိန္း(၂၀)နဲ႔ ရြာသားေတြနဲ႔ အေရာင္းအဝယ္ လုပ္တယ္။ ပိုက္ဆံေတာ့ တစ္ျပားမွ မေပးဘူး။ အခုဟာက ကုန္းရံုး၊ မိုင္းပ်ဥ္း၊ မုိင္းေမာ သံုးရြာလံုးက ဦးေလးျမင့္ကို ျပန္ၿပီး ဆႏၵျပၾကတာ။

TNA ။    ။ ဒီစိုက္ပ်ိဳးေျမေတြက ေတာင္သူေတြရဲ႕ စိုက္ပိ်ဳးေျမေတြျဖစ္ခဲ့ၿပီးေတာ့ အစိုးရရဲ႕ ၾကက္ဆူပင္ စီမံကိန္းတုန္းက သိမ္းဆည္းခံထားရတယ္။ ဒါေၾကာင့္ အခု စီမံကိန္းမလုပ္ေတာ့ရင္ မူလပိုင္ရွင္ ေတာင္သူေတြကို ျပန္ေပးေစခ်င္တယ္ ဆိုၿပီး ဆႏၵထုတ္ေဖာ္တဲ့ ေတာင္သူေတြက ေတာင္းထားခဲ့တာလည္း ေတြ႔ရပါတယ္။ ဒါနဲ႔ ပတ္သက္လုိ႔ေရာ ဘယ္လိုေျဖရွင္းေဆာင္ရြက္သြားဖို႔ ရိွပါသလဲ။

UNLT ။    ။ ၂၀၀၆ ဝန္းက်င္ေလာက္က ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနကို ၾကက္ဆူပင္ စိုက္ခိုင္းခဲ့စဥ္က အဲဒီေနရာမွာ ေျမလြတ္ေျမရိုင္း ေဖာ္ထုတ္ၿပီးေတာ့ ၿခံစည္းရိုးၾကက္ဆူစိုက္ပ်ိဳးခဲ့ၾကတာပါ။ သိမ္းဆည္းထားတဲ့ ေျမမ်ိဳး မဟုတ္ပါဘူး။ အဲဒီတုန္းက ဧက (၂၀၀)ဝန္းက်င္ေလာက္အထိ စိုက္ပ်ိဳးခဲ့တယ္လို႔ သိရတယ္ခင္ဗ်။ ၂၀၀၀ ခုႏွစ္ဝန္းက်င္ေလာက္က်ေတာ့ ၿခံစည္းရိုးၾကက္ဆူေတြက မေအာင္ျမင္ေတာ့ ေတာင္သူေတြ စိုက္ၾကတာေပါ့။ အဲဒီတုန္းကေတာ့ အဲဒီလိုမ်ိဳးပဲ ကၽြန္ေတာ္တုိ႔လည္း ၾကားသိရတာေပါ့။ ကၽြန္ေတာ္တုိ႔က အဲဒီေခတ္က တာဝန္ရိွသူ မဟုတ္ေတာ့ေလ။ ကၽြန္ေတာ္လည္း ဒီေရာက္တာ တစ္ႏွစ္ဝန္းက်င္ ေလာက္ပဲ ရိွေသးတယ္ဆိုေတာ့။ အဲဒီတုန္းကေတာ့ သီးစားသေဘာမ်ိဳးခ်ထားၿပီးေတာ့ သူတို႔ေတြငွားၿပီး စိုက္ၾကတယ္လို႔ အဲဒီကေတာင္သူေတြ ေျပာျပလို႔ သိရပါတယ္ခင္ဗ်။ ၂၀၀၀ ခုႏွစ္ေလာက္ ကေန ၂၀၁၃ ခုႏွစ္အထိေလာက္ေတာ့ သူတုိ႔ေတြ သီးစားစိုက္ခဲ့ၾကတယ္။ အဲဒီမွာ ေနာက္ပိုင္းက်ေတာ့ သီးစားခ်ထားတာေတြ မလုပ္ပါနဲ႔ေတာ့လို႔ ျပည္ေထာင္စု အစုိးရအဖြဲ႕ကေနၿပီးေတာ့ တရားဝင္ ညႊန္ၾကားလာတဲ့ အခါက်ေတာ့ သီးစားခ်ထားျခင္း မရိွေတာ့ဘဲနဲ႔ ယခင္စိုက္ လက္စေတာင္သူေတြ ဆက္ၿပီးစိုက္ၾကတာေပါ့။ ဒီေနရာက ေျမလြတ္ေျမရိုင္းကို ေဖာ္ထုတ္စိုက္ပ်ိဳးထားတာျဖစ္လို႔ စိုက္လက္စ ေတာင္သူေတြဟာလည္း ေျမယာပိုင္ရွင္ေတြေတာ့ မျဖစ္ပါဘူး။ အဲဒီေခတ္ အဲဒီအခ်ိန္က မျဖစ္မေန စိုက္ခုိင္းခဲ့ေတာ့ ဝန္ထမ္းေတြက မျဖစ္မေန ေျမလြတ္ေျမရိုင္းေတြ ေဖာ္ထုတ္စိုက္ၾကရတာပါ။ အဲဒီတုန္းက ေျမတန္ဖိုးလည္းမရိွ၊ ေတာရိုင္းေျမဆိုေတာ့ ေဖာ္ထုတ္ဖို႔ကလည္း ခက္ခဲေတာ့ တာဝန္ေပးခံရတဲ့ဌာနေတြ တျဖည္းျဖည္းခ်င္း ေဖာ္ထုတ္ၿပီး စိုက္လာၾကတာေပါ့။ သိမ္းယူခဲ့တာ မဟုတ္ပါဘူး။ ေျမယာေဖာ္ထုတ္ စိုက္ပ်ိဳးခဲ့တာပါ။ ကၽြန္ေတာ္တို႔ ရွမ္းျပည္နယ္ရဲ႕ ဓေလ့အရ ဟိုနား နည္းနည္း ဒီနား နည္းနည္း ေတာင္ယာခုတ္ထြင္ စိုက္ပ်ိဳးတာေတြ ရိွေပမယ့္ အခုလို တစ္ျပင္တည္းတစ္စုတည္း စိုက္ပ်ိဳးေျမ အျဖစ္ ရိွေနခဲ့တာ မဟုတ္ပါဘူး။ ေျမယာေဖာ္ထုတ္ စိုက္ပ်ိဳးခဲ့ၾကရတယ္။ ေနာက္တစ္ခုက အဲဒီအခ်ိန္က ဝန္ထမ္းသက္သာဆိုၿပီးေတာ့ ၂၀၀၈ ခုႏွစ္၊ ၂၀၁၀ ခုႏွစ္ ဝန္းက်င္မွာ စိုက္ပ်ိဳးပါဆိုၿပီး ညႊန္ၾကားတယ္။ အဲဒီညႊန္ၾကားခ်က္အရ တခ်ိဳ႕ေဒသေတြမွာ ေျမယာေဖာ္ထုတ္ၿပီး စိုက္ပ်ိဳးတဲ့ဌာနေတြက ေတာင္သူေတြနဲ႔ အက်ိဳးတူ သီးစားစိုက္ၾကတာေပါ့။ မ်ိဳးထုတ္ေပးတယ္။ ေတာင္သူကစိုက္တယ္။ ထြက္လာတာ တစ္ေယာက္တစ္ဝက္ ယူၾကတယ္ေပါ့။ အဲဒီေခတ္ အဲဒီအခါက အနယ္နယ္ အရပ္ရပ္က ဟန္အမ်ိဳးမ်ိဳးနဲ႔ ဝန္ထမ္းသက္သာ ေဖာ္ေဆာင္ရတယ္။ အဲဒီလိုနဲ႔ ၂၀၁၃ ခုႏွစ္မွာေတာ့ ဝန္ထမ္းသက္သာေတြ သီးစား မစိုက္ပ်ိဳးရေတာ့ဘူး။ ကိုယ္တုိင္ စိုက္ခ်င္စိုက္။ မစိုက္ရင္ ေတာင္သူေတြပဲ ေပးလုိက္ပါဆိုၿပီး ညႊန္ၾကား လာတယ္။ အဲဒီအခ်ိန္မွာ ေတာင္သူေတြနဲ႔ အက်ိဳးတူ သီးစားစိုက္တာေတြ ကလည္း ရပ္ဆုိင္းသြားတယ္။ ဒါေတြက ႏုိင္ငံတစ္ႏုိင္ငံလံုးမွာ ရိွခဲ့တဲ့ ဝန္ထမ္း သက္သာတို႔၊ ၿခံစည္းရိုး ၾကက္ဆူ ေဖာ္ထုတ္ဖို႔တို႔ တာဝန္ေပးအပ္ျခင္း ခံရတဲ့ ဌာနေတာ္ေတာ္မ်ားမ်ား လုပ္ခဲ့ရတဲ့ သမိုင္းတစ္ခုပါ။ တစ္ခါ တေလေတာ့ အထင္အျမင္ လြဲမွားၿပီး အခုလက္ရိွ တာဝန္ရိွသူေတြ လုပ္ေနတယ္လို႔ အျမင္ မွားေနတတ္တယ္။ လက္ရိွ အဲဒီေျမေတြကလည္း ၿမိဳ႕နယ္ကလုပ္တာ မဟုတ္ဘူး။ ခရို္င္ေထြ/အုပ္ကေန စိုက္ပ်ိဳး လုပ္ကိုင္ခဲ့ရတဲ့ စီမံကိန္းပါ။ ၂၀၁၃ ခုႏွစ္ ေနာက္ပို္င္းမွာေတာ့ ဒီစီမံကိန္းေတြ မရိွေတာ့ဘူး။ အခုလက္ရိွျဖစ္ေနတာက ေတာင္သူအခ်င္း ခ်င္းျဖစ္တဲ့ ျပႆနာကို ကၽြန္ေတာ္တို႔ ေျဖရွင္းေပးေနရတာပါ။

TNA ။    ။ အခုလိုေျဖၾကားေပးတာကို ေက်းဇူးတင္ပါတယ္။

ဆက္သြယ္ေမးျမန္းသူ - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

 ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်ရှိ ကျေးရွာ(၃)ခု၏ စိုက်ပျိုးမြေများတွင် တောင်သူများထံမှ မြေယာများ ဝယ်ယူထားသည်ဟု ဆိုသူ တစ်ဦးက စစ်ဘေးရှောင်စခန်း အမည်ဖြင့် ကျူးကျော်တဲများ ဆောက်လုပ်ထားသည့် ကိစ္စအား ဖြေရှင်းဆောင်ရွက်ထားမှု အခြေအနေများကို လားရှိုးမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဥက္ကဌ၊ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းအား တာချီလိတ်သတင်း အေဂျင်စီမှ ဇူလိုင်လ (၃၁)ရက်နေ့တွင် ဆက်သွယ်မေးမြန်း ထားပါသည်။

လားရှိုးမြို့နှင့် (၁၆)မိုင်ခန့်အကွာရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ယခင်က ကြက်ဆူပင်စီမံကိန်း အကောင်အထည် ဖော်ခဲ့သည့် မြေနေရာတွင် မိုင်းမောကျေးရွာ၊ မိုင်းပျဉ်းကျေးရွာနှင့် ကုန်းရုန်း ကျေးရွာတို့မှ ဒေသခံများ စိုက်ပျိုး လုပ်ကိုင်နခြေင်းဖြစ်ပြီး အဆိုပါမြေများအား အစိုးရထံမှ ပြန်လည်ရရှိရေး ဆောင်ရွက် ပေးမည်ဟု ဆိုကာ ကြားဝင်ဆောင်ရွက်ပေးသူက အခြားဒေသမှ လူများ ခေါ်ဆောင်လာကာ အဆိုပါ မြေနေရာတွင် ကျူးကျော်တဲများ လာရောက် ဆောက်လုပ်သဖြင့်၎င်းအားဒေသမှ ထွက်ခွာသွားရန် ဇူလိုင်လ (၁၆) ရက်နေ့တွင် ကျေးရွာသုံးခုမှ တောင်သူများက ကန့်ကွက်ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

TNA။ စိုက်ပျိုးမြေမှာ ကျူးကျော်တဲတွေ လာဆောက်ထားတယ်ဆိုပြီး ဆန္ဒထုတ်ဖော်ထားတဲ့ကိစ္စကို လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့အနေနဲ့ ဘယ်လို ဖြေရှင်းဆောင်ရွက်ထားပါပြီလဲ။

UNLT။ ခုလောလောဆယ်တော့ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကနေ နို့တစ် ထုတ်ထားတာ တတိယအကြိမ် ရှိပါပြီ။ ဒါပြီးရင်တော့ တရားစွဲလို့ ရပြီပေါ့။ လုပ်ထုံးလုပ်နည်း ကုန်စင်အောင် လုပ်နေဆဲပဲ ရှိပါသေးတယ်။ လောလောဆယ်တော့ နေတဲ့သူလည်း မရှိသလောက် ဖြစ်သွားပါပြီ။ လာနေတဲ့ တိုင်းရင်းသားတွေလည်း ဘုမသိ ဘမသိ ခံလိုက်ရသလို ဖြစ်သွားတာပေါ့။ ဆန္ဒထုတ်ဖော်ပြီး ကတည်းက လာနေတဲ့ သူတွေလည်း အတော်လေး နည်းသွားတယ်လို့ သိရပါတယ်။ မြေယာက မြေလွတ် မြေရိုင်း အမျိုးအစား ဖြစ်ပါတယ်။ အကယ်၍ လယ်ယာမြေသာ ဖြစ်တယ်ဆိုရင် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနဲ့ အညီ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အဆင့် ဆင့်ကနေ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပုဒ်မ (၁၉)အရ တားမြစ်ပြီး လိုက်နာမှု မရှိရင် ဥပဒေပုဒ်မ (၂၀)အရ တရားစွဲရပါတယ်။ တရားရုံးကို ဦးတိုက် လျှောက်ရပါတယ်။ အခုက မြေလွတ်မြေရိုင်း ဖြစ်နေတော့ (၁၆.၁.၂၀၁၅) ရက်စွဲနဲ့ လယ်/ဆည် ဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ ၁/၂၀၁၅ ဆိုတဲ့ အမိန့်ကြေညာစာ အရ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန (ယခင် မြေစာရင်း)ကနေ တရားစွဲရပါတယ်။ သူကနေ တရားစွဲဖို့လည်း လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေးနဲ့ ညွှန်ကြားပြီးပြီ။ သူတို့ဌာနကနေလည်း တရားစွဲဖို့ စီစဉ်ပြီးပြီ။ သူ့ရဲ့လုပ်ထုံး လုပ်နည်းအရ နို့တစ်(သတိပေးစာ) အရင်ပို့ရပါတယ်။ ဒါလည်း ပို့ထားပြီးပါပြီ။ ဒီနေရာမှာ ကျူးကျော် နေထိုင်မှုကနေ သတိပေးစာ ပေးထားတဲ့ အတိုင်း မလိုက်နာရင် တရားစွဲရပါတယ်။

TNA။ အဲဒီစိုက်ပျိုး မြေနေရာမှာ စစ်ဘေးရှောင် စခန်းဖွင့်ထားတယ်လို့လည်း ကြားရပါတယ်။ ဘယ်ဒေသက စစ်ဘေးရှောင်တွေပါလဲ။ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုထားတာပါလား။

UNLT။ ဆန္ဒပြခြင်း ခံရတဲ့သူက တောင်သူတွေဆီက ဝယ်ထားတဲ့မြေနေရာမှာ စစ်ဘေးရှောင်စခန်း ဖွင့်မယ်ဆိုပြီး လုပ်ပါတယ်။ တကယ့်တကယ်ကျတော့လည်း တောင်သူတွေဆီက ငွေပေးငွေယူ မရှိဘဲနဲ့ ဒီမြေတွေကို ရအောင်လုပ်ပေးပါမယ်ဆိုတဲ့ ကတိနဲ့ စာချုပ် ချုပ်ခိုင်းလို့ အရောင်းအဝယ် စာချုပ် ချုပ်တာပါ။ တစ်ပြားမှ မရသေးပါဘူးလို့ တောင်သူတွေက ပြောပါတယ်။ စစ်ဘေးရှောင် စခန်းလုပ်မယ်ဆိုပြီး မြို့နယ် အုပ်ချုပ်ရေးကို တင်ပြတာလည်း မရှိဘူး။ ခွင့်ပြုထားတာလည်း မဟုတ်ဘူး။ နောက်စစ်ဘေး ရှောင်တွေလည်း မဟုတ်ဘူး။ နယ်စပ်က မုန်းကိုးတို့ ဘက်ကနေ တချို့လူတွေကို မှတ်ပုံတင်ရှိရင် မြေကွက် အလကား ပေးမယ်။ ကိုယ်တိုင် လာနေဆိုပြီး သွားစည်းရုံးပြီး ခေါ်လာတယ်လို့ သိရတယ်။ စစ်ပွဲရှောင် အစစ်တွေ မဟုတ်ဘူးပေါ့။ ဒီစိုက်ပျိုး မြေနေရာနဲ့ ပတ်သက်လို့ အဓိက က မိုင်းပျဉ်း၊ မိုင်းမော၊ ကုန်းရုံးဆိုပြီး ရွာသုံးရွာ ပြဿနာဖြစ်ကြတာ။ မြေကတော့ မိုင်းပျဉ်းကျေးရွာ အုပ်စုမှာ ရှိတာပေါ့။ မနှစ်ကတော့ သူတို့ စိုက်လက်စ တောင်သူတွေရယ်၊ ရွာသုံးရွာက တောင်သူတွေရယ် စုပြီးစိုက်ကြတာ။ အဲဒီတော့ သူတို့ အချင်းချင်း ပြဿနာဖြစ်ကြတော့ ကျွန်တော်တို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို လာတိုင်တယ်။ ကျေးရွာ သုံးရွာရော လက်ရှိစိုက်နေတဲ့ တောင်သူတွေ ကိုရော အကုန်ခေါ်လိုက်တယ်။ လယ်ယာမြေ စီမံခန့်ခွဲရေးဦးစီးဌာနကို ဒီမြေ အမျိုးအစားနဲ့ ပတ်သက်လို့ တရားဝင်စာနဲ့ ၂၀၁၆ ခုနှစ် ဇွန်လဝန်းကျင်မှာ တောင်းပါတယ်။ လယ်ယာမြေ စီမံခန့်ခွဲမှုဦးစီးဌာနက အကြောင်းပြန်လာတာက ဒီဟာသည် မြေလွတ်မြေရိုင်း အမျိုးအစား ဖြစ်ပါတယ်။ မြေလွတ်မြေရိုင်း အဆင့်ကနေ ပြောင်းလဲခြင်း မရှိသေးပါဘူး ဆိုတာ ပြန်ကျလာတယ်။ အဲဒီတော့ ဥပဒေအရ မြေလွတ် မြေရိုင်းဖြစ်နေတော့ အဆင့်ဆင့် စိုက်ပျိုး လုပ်ကိုင်ခွင့်တွေ တင်ကြပါလို့ ကျွန်တော်တို့က ပြောတယ်။ ဒီလိုလုပ်နေစဉ် ကာလမှာလည်း တောင်သူ အချင်းချင်း ပြဿနာ မဖြစ်အောင် အချင်းချင်း ညှိနှိုင်း စိုက်ပျိုးကြပါ ဆိုပြီးတော့ ဖြေရှင်းပေးခဲ့တယ်။ မနှစ်တုန်းက သူတို့အချင်းချင်း ညှိနှိုင်းပြေလည် သွားတယ်။

ဒီနှစ်မှာ ဦးလေးမြင့် ဆိုတဲ့သူကို ကုန်းရုံးရွာကလူက ဆက်သွယ်ပြီး နပြေည်တော်ဘက်ကနေ ခေါ်လာတယ်လို့ သိရတယ်ပေါ့။ အဲဒီ ဦးလေးမြင့်ကနေ ဒီမြေတွေကို သုံးရွာရှိတဲ့အထဲက ကုန်းရုံးရွာ တစ်ရွာထဲက ဧက(၁၀၀)ကျော် ပိုင်သင့်ပါတယ်ဆိုပြီး လုပ်လာတယ်။ အမှန်တကယ်တော့ မိုင်းပျဉ်းမှာက တောင်သူ (၇၀)ကျော်ရှိတယ်။ မိုင်းမောက တောင်သူ (၄၀)ကျော်ရှိတယ်။ ကုန်းရုံးရွာက မနှစ်က တောင်သူ (၁၂)ဦးပဲရှိတယ်။ အဲဒါကို သူတို့ဟာသူတို့ ဒီနှစ်စာရင်း တက်လာတဲ့အခါ တောင်သူ (၁၇)ဦးဆိုပြီး ဖြစ်လာတယ် ဆိုတယ်။ တောင်သူဟောင်း (၁၃၀)ဝန်းကျင်လောက်ရှိတဲ့ အနက်ကို အဲဒီကုန်းရုံးရွာ တစ်ရွာထဲကို (၁၁၅)ဧက ရသင့်ပါတယ်လို့ ဦးလေးမြင့်က ဆုံးဖြတ်ပြီး တောင်သူတွေ ဆီက ပြေစာတွေ ပြပါဆိုပြီး အရောင်းအဝယ် လုပ်တယ်တဲ့။ အရောင်းအဝယ်က စာချုပ်ထဲမှာ တစ်ဧကကို သိန်း(၂၀)နဲ့ ရွာသားတွေနဲ့ အရောင်းအဝယ် လုပ်တယ်။ ပိုက်ဆံတော့ တစ်ပြားမှ မပေးဘူး။ အခုဟာက ကုန်းရုံး၊ မိုင်းပျဉ်း၊ မိုင်းမော သုံးရွာလုံးက ဦးလေးမြင့်ကို ပြန်ပြီး ဆန္ဒပြကြတာ။

TNA။ ဒီစိုက်ပျိုးမြေတွေက တောင်သူတွေရဲ့ စိုက်ပျိုးမြေတွဖြေစ်ခဲ့ပြီးတော့ အစိုးရရဲ့ ကြက်ဆူပင် စီမံကိန်းတုန်းက သိမ်းဆည်းခံထားရတယ်။ ဒါကြောင့် အခု စီမံကိန်းမလုပ်တော့ရင် မူလပိုင်ရှင် တောင်သူတွေကို ပြန်ပေးစေချင်တယ် ဆိုပြီး ဆန္ဒထုတ်ဖော်တဲ့ တောင်သူတွေက တောင်းထားခဲ့တာလည်း တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်လို့ရော ဘယ်လိုဖြေရှင်းဆောင်ရွက်သွားဖို့ ရှိပါသလဲ။

UNLT။ ၂၀၀၆ ဝန်းကျင်လောက်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ကြက်ဆူပင် စိုက်ခိုင်းခဲ့စဉ်က အဲဒီနေရာမှာ မြေလွတ်မြေရိုင်း ဖော်ထုတ်ပြီးတော့ ခြံစည်းရိုးကြက်ဆူစိုက်ပျိုးခဲ့ကြတာပါ။ သိမ်းဆည်းထားတဲ့ မြေမျိုး မဟုတ်ပါဘူး။ အဲဒီတုန်းက ဧက (၂၀၀)ဝန်းကျင်လောက်အထိ စိုက်ပျိုးခဲ့တယ်လို့ သိရတယ်ခင်ဗျ။ ၂၀၀၀ ခုနှစ်ဝန်းကျင်လောက်ကျတော့ ခြံစည်းရိုးကြက်ဆူတွေက မအောင်မြင်တော့ တောင်သူတွေ စိုက်ကြတာပေါ့။ အဲဒီတုန်းကတော့ အဲဒီလိုမျိုးပဲ ကျွန်တော်တို့လည်း ကြားသိရတာပေါ့။ ကျွန်တော်တို့က အဲဒီခေတ်က တာဝန်ရှိသူ မဟုတ်တော့လေ။ ကျွန်တော်လည်း ဒီရောက်တာ တစ်နှစ်ဝန်းကျင် လောက်ပဲ ရှိသေးတယ်ဆိုတော့။ အဲဒီတုန်းကတော့ သီးစားသဘောမျိုးချထားပြီးတော့ သူတို့တွေငှါးပြီး စိုက်ကြတယ်လို့ အဲဒီကတောင်သူတွေ ပြောပြလို့ သိရပါတယ်ခင်ဗျ။ ၂၀၀၀ ခုနှစ်လောက် ကနေ ၂၀၁၃ ခုနှစ်အထိလောက်တော့ သူတို့တွေ သီးစားစိုက်ခဲ့ကြတယ်။ အဲဒီမှာ နောက်ပိုင်းကျတော့ သီးစားချထားတာတွေ မလုပ်ပါနဲ့တော့လို့ ပြည်ထောင်စုအစိုးရအဖွဲ့ကနပြေီးတော့ တရားဝင်ညွှန်ကြားလာတဲ့ အခါကျတော့ သီးစားချထားခြင်းမရှိတော့ဘဲနဲ့ ယခင်စိုက်လက်စတောင်သူတွေ ဆက်ပြီးစိုက်ကြတာပေါ့။ ဒီနေရာက မြေလွတ်မြေရိုင်းကို ဖော်ထုတ်စိုက်ပျိုးထားတာဖြစ်လို့ စိုက်လက်စ တောင်သူတွေဟာလည်း မြေယာပိုင်ရှင်တွေတော့ မဖြစ်ပါဘူး။ အဲဒီခေတ် အဲဒီအချိန်က မဖြစ်မနေ စိုက်ခိုင်းခဲ့တော့ ဝန်ထမ်းတွေက မဖြစ်မနေ မြေလွတ်မြေရိုင်းတွေ ဖော်ထုတ်စိုက်ကြရတာပါ။ အဲဒီတုန်းက မြေတန်ဖိုးလည်းမရှိ၊ တောရိုင်းမြေဆိုတော့ ဖော်ထုတ်ဖို့ကလည်း ခက်ခဲတော့ တာဝန်ပေးခံရတဲ့ဌာနတွေ တဖြည်းဖြည်းချင်း ဖော်ထုတ်ပြီး စိုက်လာကြတာပေါ့။ သိမ်းယူခဲ့တာ မဟုတ်ပါဘူး။ မြေယာဖော်ထုတ် စိုက်ပျိုးခဲ့တာပါ။ ကျွန်တော်တို့ ရှမ်းပြည်နယ်ရဲ့ဓလေ့အရ ဟိုနားနည်းနည်း ဒီနားနည်းနည်း တောင်ယာခုတ်ထွင် စိုက်ပျိုးတာတွေ ရှိပေမယ့် အခုလို တစ်ပြင်တည်းတစ်စုတည်း စိုက်ပျိုးမြေ အဖြစ် ရှိနေခဲ့တာ မဟုတ်ပါဘူး။ မြေယာဖော်ထုတ် စိုက်ပျိုးခဲ့ကြရတယ်။ နောက်တစ်ခုက အဲဒီအချိန်က ဝန်ထမ်းသက်သာဆိုပြီးတော့ ၂၀၀၈ ခုနှစ်၊ ၂၀၁၀ ခုနှစ် ဝန်းကျင်မှာ စိုက်ပျိုးပါဆိုပြီး ညွှန်ကြားတယ်။ အဲဒီညွှန်ကြားချက်အရ တချို့ဒေသတွေမှာ မြေယာဖော်ထုတ်ပြီး စိုက်ပျိုးတဲ့ဌာနတွေက တောင်သူတွေနဲ့ အကျိုးတူ သီးစားစိုက်ကြတာပေါ့။ မျိုးထုတ်ပေးတယ်။ တောင်သူကစိုက်တယ်။ ထွက်လာတာ တစ်ယောက်တစ်ဝက် ယူကြတယ်ပေါ့။ အဲဒီခေတ် အဲဒီအခါက အနယ်နယ် အရပ်ရပ်က ဟန်အမျိုးမျိုးနဲ့ ဝန်ထမ်းသက်သာ ဖော်ဆောင်ရတယ်။ အဲဒီလိုနဲ့ ၂၀၁၃ ခုနှစ်မှာတော့ ဝန်ထမ်းသက်သာတွေ သီးစား မစိုက်ပျိုးရတော့ဘူး။ ကိုယ်တိုင်စိုက်ချင်စိုက်။ မစိုက်ရင် တောင်သူတွေပဲ ပေးလိုက်ပါဆိုပြီး ညွှန်ကြားလာတယ်။ အဲဒီအချိန်မှာ တောင်သူတွေနဲ့ အကျိုးတူ သီးစားစိုက်တာတွေ ကလည်း ရပ်ဆိုင်းသွားတယ်။ ဒါတွေက နိုင်ငံတစ်နိုင်ငံလုံးမှာ ရှိခဲ့တဲ့ ဝန်ထမ်း သက်သာတို့၊ ခြံစည်းရိုး ကြက်ဆူ ဖော်ထုတ်ဖို့တို့ တာဝန်ပေးအပ်ခြင်း ခံရတဲ့ ဌာနတော်တော်များများ လုပ်ခဲ့ရတဲ့ သမိုင်းတစ်ခုပါ။ တစ်ခါ တလေတော့ အထင်အမြင်လွဲမှားပြီး အခုလက်ရှိ တာဝန်ရှိသူတွေ လုပ်နေတယ်လို့ အမြင် မှားနေတတ်တယ်။ လက်ရှိ အဲဒီမြေတွေကလည်း မြို့နယ်ကလုပ်တာ မဟုတ်ဘူး။ ခရို်င်ထွေ/အုပ်ကနေ စိုက်ပျိုး လုပ်ကိုင်ခဲ့ရတဲ့ စီမံကိန်းပါ။ ၂၀၁၃ ခုနှစ် နောက်ပို်င်းမှာတော့ ဒီစီမံကိန်းတွေ မရှိတော့ဘူး။ အခုလက်ရှိဖြစ်နေတာက တောင်သူအချင်း ချင်းဖြစ်တဲ့ ပြဿနာကို ကျွန်တော်တို့ ဖြေရှင်းပေးနေရတာပါ။

TNA။ အခုလိုဖြကြေားပေးတာကို ကျေးဇူးတင်ပါတယ်။

ဆက်သွယ်မေးမြန်းသူ - ချယ်ရီထိုက်
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::