ေတာင္ႀကီးၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ယာယီစည္းရံုးေရးေကာ္မတီ ျပန္လည္ဖြဲ႕စည္း

ေတာင္ႀကီးၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ယာယီစည္းရံုးေရးေကာ္မတီ ျပန္လည္ဖြဲ႕စည္း
ဇူလိုင် 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ယာယီစည္းရံုးေရး ေကာ္မတီကို ဗဟိုညြန္ၾကားခ်က္ျဖင့္ ဇူလိုင္လ (၁၆) ရက္ေန႔က ေတာင္ႀကီးၿမိဳ႕ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ရံုးခန္းတြင္ ဖြဲ႕စည္းလိုက္ေၾကာင္း သိရသည္။

“ဗဟိုကေန ညြန္ၾကားခ်က္အရ အဖြဲ႕အစည္းေတြ ျပန္လည္ဖြဲ႕စည္းရမယ္ဆိုၿပီးေတာ့ ညႊန္ၾကားခ်က္နဲ႕ ျပန္လည္ဖြဲ႕စည္းလိုက္တာပါ။ အရင္ဆံုး ဗဟိုရဲ႕ညြန္ၾကားခ်က္အရ အလုပ္အမႈေဆာင္အဖြဲ႕ကို မဖြဲ႕စည္းေသးဘဲနဲ႔ ယာယီ စည္းရံုးေရးေကာ္မတီကို အရင္ဖြဲ႕လိုက္တာပါ။ အၾကာဆံုး (၆)လအတြင္းမွာ ေစာင့္ၾကည့္မယ္။ တကယ္ ယံုၾကည္စိတ္ခ်ရၿပီဆိုရင္ေတာ့ အတည္ျပဳလိုက္မွာပါ”ဟု ေတာင္ႀကီးၿမိဳ႕နယ္ အလုပ္အမႈေဆာင္အဖြဲ႕ ဦးေဆာင္ေကာ္မတီ ဦးေက်ာ္မ်ဳိးသိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေကာ္မတီတြင္ အင္အားျပန္လည္ျဖည့္ဆည္းရန္ လိုအပ္သည့္အလုပ္အမႈေဆာင္အဖြဲ႕ဝင္ဦးေရကို မဲေပးစနစ္ျဖင့္ ေရြးခ်ယ္သြားရန္ကိုလည္း ညႊန္ၾကားထားေၾကာင္း သိရသည္။

“ယာယီစည္းရံုးေရးေကာ္မတီက ဗဟိုကေနညြန္ၾကားခ်က္နဲ႕ ကိုက္ညီေအာင္ ျပဳလုပ္ထားတာျဖစ္တယ္။ ေရွ႕ဆက္ၿပီးလည္း ပါတီစည္းကမ္းေတြနဲ႔ ဆက္လက္လုပ္ေဆာင္သြားမွာပါ။ ေရြးခ်ယ္လိုက္တဲ့ (၁၅) ဦးနဲ႕ အရင္က်န္တာက (၄) ဦး စုစုေပါင္း (၁၉) ဦးထဲက (၅)ဦးကို ဦးေဆာင္တာ၀န္ခံအေနနဲ႔ ၿမိဳ႕နယ္ရဲ႕ ပါတီစည္းရံုးေရးလုပ္ငန္းေတြကို တာ၀န္ယူခိုင္းမယ္။ ရပ္/ေက်းေတြနဲ႔လည္း ပူးေပါင္းေဆာင္ရြက္သြားမွာပါ” ဟု ဦးေက်ာ္မ်ဳိးသိန္း ကေျပာသည္။

အဆိုပါ အစည္းအေ၀းတြင္ ပါတီဝင္ (၁၂၀) ဦးတက္ေရာက္ၿပီး ေကာ္မတီဝင္မ်ားကို မဲေပးေရြးခ်ယ္ကာ ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီစည်းရုံးရေး ကော်မတီကို ဗဟိုညွန်ကြားချက်ဖြင့် ဇူလိုင်လ (၁၆) ရက်နေ့က တောင်ကြီးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းတွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

“ဗဟိုကနေ ညွန်ကြားချက်အရ အဖွဲ့အစည်းတွေ ပြန်လည်ဖွဲ့စည်းရမယ်ဆိုပြီးတော့ ညွှန်ကြားချက်နဲ့ ပြန်လည်ဖွဲ့စည်းလိုက်တာပါ။ အရင်ဆုံး ဗဟိုရဲ့ညွန်ကြားချက်အရ အလုပ်အမှုဆောင်အဖွဲ့ကို မဖွဲ့စည်းသေးဘဲနဲ့ ယာယီ စည်းရုံးရေးကော်မတီကို အရင်ဖွဲ့လိုက်တာပါ။ အကြာဆုံး (၆)လအတွင်းမှာ စောင့်ကြည့်မယ်။ တကယ် ယုံကြည်စိတ်ချရပြီဆိုရင်တော့ အတည်ပြုလိုက်မှာပါ”ဟု တောင်ကြီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဦးဆောင်ကော်မတီ ဦးကျော်မျိုးသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကော်မတီတွင် အင်အားပြန်လည်ဖြည့်ဆည်းရန် လိုအပ်သည့်အလုပ်အမှုဆောင်အဖွဲ့ဝင်ဦးရေကို မဲပေးစနစ်ဖြင့် ရွေးချယ်သွားရန်ကိုလည်း ညွှန်ကြားထားကြောင်း သိရသည်။

“ယာယီစည်းရုံးရေးကော်မတီက ဗဟိုကနေညွန်ကြားချက်နဲ့ ကိုက်ညီအောင် ပြုလုပ်ထားတာဖြစ်တယ်။ ရှေ့ဆက်ပြီးလည်း ပါတီစည်းကမ်းတွေနဲ့ ဆက်လက်လုပ်ဆောင်သွားမှာပါ။ ရွေးချယ်လိုက်တဲ့ (၁၅) ဦးနဲ့ အရင်ကျန်တာက (၄) ဦး စုစုပေါင်း (၁၉) ဦးထဲက (၅)ဦးကို ဦးဆောင်တာဝန်ခံအနေနဲ့ မြို့နယ်ရဲ့ ပါတီစည်းရုံးရေးလုပ်ငန်းတွေကို တာဝန်ယူခိုင်းမယ်။ ရပ်/ကျေးတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ဦးကျော်မျိုးသိန်း ကပြောသည်။

အဆိုပါ အစည်းအေဝးတွင် ပါတီဝင် (၁၂၀) ဦးတက်ရောက်ပြီး ကော်မတီဝင်များကို မဲပေးရွေးချယ်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~