ေလာက္ကိုင္ေဒသ၏ တည္ၿငိမ္မႈတုိးလာ၍ ညမထြက္ရ အမိန္႔၏ သတ္မွတ္ခ်ိန္ တစ္နာရီေလွ်ာ့ခ်

ေလာက္ကိုင္ေဒသ၏ တည္ၿငိမ္မႈတုိးလာ၍ ညမထြက္ရ အမိန္႔၏ သတ္မွတ္ခ်ိန္ တစ္နာရီေလွ်ာ့ခ်
ဇူလိုင် 12, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) တရုတ္ - ျမန္မာနယ္စပ္ရွိ ေလာက္ကိုင္ၿမိဳ႕တြင္ ေဒသတြင္း တည္ၿငိမ္မႈ အေျခအေန တိုးတက္လာသျဖင့္ ၂၀၁၅ ခုႏွစ္မွစ၍ ညမထြက္ရ အမိန္႔ထုတ္ျပန္ထားမႈအား ဇူလိုင္လ (၉) ရက္ေန႔မွစ၍ အခ်ိန္ (၁)နာရီ ေလွ်ာ့ခ်လုိက္ေၾကာင္း ေလာက္ကိုင္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဌာနမွ သိရသည္။

“ဇူလိုင္လ(၉)ရက္ေန႔ကေနစၿပီး အခ်ိန္တစ္နာရီ ေလွ်ာ့ေပးလိုက္တာပါ။ ၂၀၁၅ ခုႏွစ္ကတည္းက ညမထြက္ရအမိန္႔ ပုဒ္မ (၁၄၄) ထုတ္ျပန္ထားခဲ့တုန္းက ည(၇)နာရီကေန မနက္(၅)နာရီအထိ သတ္မွတ္ထားခဲ့တာပါ။ ဇူလိုင္ (၉) ရက္ေန႔မွာ ည(၈)နာရီကေန မနက္(၅)နာရီကိုေျပာင္းလဲေပးလိုက္တာ ျဖစ္ပါတယ္။ ေဒသအေျခအေနေပၚ မူတည္ၿပီး ညမထြက္ရအမိန္႔ကေတာ့ ထုတ္ျပန္ထားဦးမွာပဲ ျဖစ္ပါတယ္။ ဘယ္အခ်ိန္ထိထုတ္ထားဦးမလဲဆိုတာကေတာ့ ေျပာလို႔မရေသးဘူး”ဟု ေလာက္ကိုင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္လင္းေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇူလိုင္(၁၂)ရက္ေန႔တြင္ ေျပာသည္။

၂၀၁၅ ခုႏွစ္တြင္ ျဖစ္ပြားခဲ့သည့္ နယ္ေျမမတည္ၿငိမ္မႈမ်ားေၾကာင့္ ေလာက္ကိုင္ၿမိဳ႕နယ္ႏွင့္ ကုန္းၾကမ္းၿမိဳ႕နယ္ အတြင္း ညမထြက္ရ အမိန္႔ထုတ္ထားျခင္းျဖစ္ၿပီး ၂၀၁၇ ခုႏွစ္ မတ္လအတြင္း ထပ္မံျဖစ္ပြားခဲ့သည့္ ေဒသတြင္း တိုက္ပြဲမ်ားေၾကာင့္ ၎အမိန္႔အား ဆက္လက္ ထုတ္ျပန္ ထားျခင္းျဖစ္ေၾကာင္း သိရသည္။

“လက္ရွိအေျခအေနကေတာ့ တည္ၿငိမ္ေနဆဲလို႔ပဲ ေျပာရမွာပါပဲ။ နည္းနည္းပါးပါး လႈပ္ရွားမႈေလးေတြ ရွိတာရယ္၊ အသံေတြကေတာ့ ဒီလိုပဲၾကားေနရတာေပါ့။ ေလာေလာဆယ္ေတာ့ ေအးခ်မ္းမႈရွိပါတယ္။ ဒါေၾကာင့္လည္း ညမထြက္ရအမိန္႔ကို အခ်ိန္ေလွ်ာ့ေပးလိုက္တာပါ”ဟု ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ဆိုသည္။

ေလာက္ကိုင္ေဒသမွ ေဒသခံအခ်ိဳ႕၏အဆိုအရ ေဒသတြင္း နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ား သက္ဆိုင္ရာအဖြဲ႔အစည္းမ်ားမွ လုပ္ေဆာင္ေနဆဲျဖစ္သည့္အတြက္ ရံဖန္ရံခါပစ္ခတ္သံအခ်ိဳ႕ ၾကားေနရဆဲျဖစ္ေၾကာင္း သိရသည္။

“စစ္ျဖစ္ကတည္းက ပုဒ္မ ၁၄၄ ထုတ္ထားတာ။ လက္ရွိ အေျခအေနကေတာ့ အသံေတာ့ နည္းနည္း ပါးပါးေတာ့ ၾကားတာေပါ့။ ၿမိဳ႕ထဲမွာကေတာ့ ပံုမွန္နီးပါးလည္ပတ္ေနတာကိုေတြ႔ရတယ္။ ျပန္လည္ထူေထာင္ေရးေတြ စလုပ္ကတည္းက ၿမိဳ႕ထဲမွာကေတာ့ ဒီလိုပဲသြားလာေနၾကပါတယ္”ဟု ေလာက္ကိုင္ၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာေအာင္ေအာင္က ေျပာသည္။

ရွမ္းျပည္နယ္၊ ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ေလာက္ကိုင္ၿမိဳ႕မွ ထုတ္ျပန္ထားသည့္ အမိန္႔စာပါအရ၊ ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလာက္ကိုင္ခရိုင္ ၊ေလာက္ကိုင္ ၿမိဳ႕နယ္ႏွင့္ ကုန္းၾကမ္းၿမိဳ႕နယ္အတြင္း လံုၿခံဳေရး၊ ရပ္ရြာ ေအးခ်မ္း သာယာေရးႏွင့္ တရားဥပေဒစိုးမိုးေရးလုပ္ငန္းမ်ား ေဆာင္ရြက္ႏိုင္ေရးအတြက္ ရာဇဝတ္က်င့္ထံုး ဥပေဒပုဒ္မ (၁၄၄) ကို ဇူလိုင္လ (၉)ရက္ေန႔မွစတင္၍ ည(၈)နာရီမွ နံနက္(၅)နာရီအထိ မည္သူမဆို အမိန္႔တစ္စံုတစ္ရာမရွိဘဲ လံုၿခံဳေရးတာဝန္ရွိသူမွအပ လမ္းမ်ားေပၚတြင္ သြားလာျခင္းမျပဳလုပ္ရ။
လူ(၅)ဦး(သို႔မဟုတ္) (၅) ဦးထက္ပို၍ျဖစ္ေစ စုေဝးျခင္း၊ စီတန္းလွည့္လည္ျခင္း၊ ဟစ္ေအာ္ေၾကြးေၾကာ္ျခင္း၊ လံႈ႔ေဆာ္ျခင္း၊ ရုန္းရင္းဆန္ခတ္ျပဳလုပ္ျခင္းတို႔ မျပဳလုပ္ရေၾကာင္းႏွင့္ တားျမစ္ခ်က္မ်ားကို ေဖာက္ဖ်က္ က်ဴးလြန္ပါက တည္ဆဲဥပေဒမ်ားအရ ျပင္းထန္စြာအေရးယူျခင္းခံရမည္ဟု ေဖာ္ျပထားသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) တရုတ် - မြန်မာနယ်စပ်ရှိ လောက်ကိုင်မြို့တွင် ဒေသတွင်း တည်ငြိမ်မှု အခြေအနေ တိုးတက်လာသဖြင့် ၂၀၁၅ ခုနှစ်မှစ၍ ညမထွက်ရ အမိန့်ထုတ်ပြန်ထားမှုအား ဇူလိုင်လ (၉) ရက်နေ့မှစ၍ အချိန် (၁)နာရီ လျှော့ချလိုက်ကြောင်း လောက်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ သိရသည်။

“ဇူလိုင်လ(၉)ရက်နေ့ကနေစပြီး အချိန်တစ်နာရီ လျှော့ပေးလိုက်တာပါ။ ၂၀၁၅ ခုနှစ်ကတည်းက ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်ထားခဲ့တုန်းက ည(၇)နာရီကနေ မနက်(၅)နာရီအထိ သတ်မှတ်ထားခဲ့တာပါ။ ဇူလိုင် (၉) ရက်နေ့မှာ ည(၈)နာရီကနေ မနက်(၅)နာရီကိုပြောင်းလဲပေးလိုက်တာ ဖြစ်ပါတယ်။ ဒေသအခြေအနေပေါ် မူတည်ပြီး ညမထွက်ရအမိန့်ကတော့ ထုတ်ပြန်ထားဦးမှာပဲ ဖြစ်ပါတယ်။ ဘယ်အချိန်ထိထုတ်ထားဦးမလဲဆိုတာကတော့ ပြောလို့မရသေးဘူး”ဟု လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်(၁၂)ရက်နေ့တွင် ပြောသည်။

၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နယ်မြေမတည်ငြိမ်မှုများကြောင့် လောက်ကိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ် အတွင်း ညမထွက်ရ အမိန့်ထုတ်ထားခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် မတ်လအတွင်း ထပ်မံဖြစ်ပွားခဲ့သည့် ဒေသတွင်း တိုက်ပွဲများကြောင့်၎င်းအမိန့်အား ဆက်လက် ထုတ်ပြန် ထားခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိအခြေအနေကတော့ တည်ငြိမ်နေဆဲလို့ပဲ ပြောရမှာပါပဲ။ နည်းနည်းပါးပါး လှုပ်ရှားမှုလေးတွေ ရှိတာရယ်၊ အသံတွေကတော့ ဒီလိုပဲကြားနေရတာပေါ့။ လောလောဆယ်တော့ အေးချမ်းမှုရှိပါတယ်။ ဒါကြောင့်လည်း ညမထွက်ရအမိန့်ကို အချိန်လျှော့ပေးလိုက်တာပါ”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

လောက်ကိုင်ဒေသမှ ဒေသခံအချို့၏အဆိုအရ ဒေသတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ သက်ဆိုင်ရာအဖွဲ့အစည်းများမှ လုပ်ဆောင်နေဆဲဖြစ်သည့်အတွက် ရံဖန်ရံခါပစ်ခတ်သံအချို့ ကြားနေရဆဲဖြစ်ကြောင်း သိရသည်။

“စစ်ဖြစ်ကတည်းက ပုဒ်မ ၁၄၄ ထုတ်ထားတာ။ လက်ရှိ အခြေအနေကတော့ အသံတော့ နည်းနည်း ပါးပါးတော့ ကြားတာပေါ့။ မြို့ထဲမှာကတော့ ပုံမှန်နီးပါးလည်ပတ်နေတာကိုတွေ့ရတယ်။ ပြန်လည်ထူထောင်ရေးတွေ စလုပ်ကတည်းက မြို့ထဲမှာကတော့ ဒီလိုပဲသွားလာနကြေပါတယ်”ဟု လောက်ကိုင်မြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်က ပြောသည်။

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လောက်ကိုင်မြို့မှ ထုတ်ပြန်ထားသည့် အမိန့်စာပါအရ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊လောက်ကိုင် မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်အတွင်း လုံခြုံရေး၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၁၄၄) ကို ဇူလိုင်လ (၉)ရက်နေ့မှစတင်၍ ည(၈)နာရီမှ နံနက်(၅)နာရီအထိ မည်သူမဆို အမိန့်တစ်စုံတစ်ရာမရှိဘဲ လုံခြုံရေးတာဝန်ရှိသူမှအပ လမ်းများပေါ်တွင် သွားလာခြင်းမပြုလုပ်ရ။
လူ(၅)ဦး(သို့မဟုတ်) (၅) ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြုလုပ်ခြင်းတို့ မပြုလုပ်ရကြောင်းနှင့် တားမြစ်ချက်များကို ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများအရ ပြင်းထန်စွာအရေးယူခြင်းခံရမည်ဟု ဖော်ပြထားသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~