က်ဳိင္းတံုၿမိဳ႕တြင္ ေသြးလြန္တုပ္ေကြးကာကြယ္ေရး အမႈိက္ႏွင့္ဒိုက္မ်ားအား စုေပါင္းရွင္းလင္း

က်ဳိင္းတံုၿမိဳ႕တြင္ ေသြးလြန္တုပ္ေကြးကာကြယ္ေရး အမႈိက္ႏွင့္ဒိုက္မ်ားအား စုေပါင္းရွင္းလင္း
ဇူလိုင် 1, 2017
By Tachileik News Agency

ျခင္အႏၱရာယ္ေၾကာင့္ ေသြးလြန္တုပ္ေကြး ေရာဂါမ်ား ကူးစက္မႈ မျဖစ္ပြားေစရန္အတြက္ က်ဳိင္းတံုၿမိဳ႕ ရပ္ကြက္(၃)ရွိ ၿမိဳ႕ပတ္လမ္း၏ လမ္းေဘး ၀ဲ/ယာမွ အမႈိက္မ်ား၊ ေဗဒါပင္မ်ား ႏွင့္ ဒိုက္မ်ားအား ဇူလုိင္လ(၁)ရက္ေန႔ နံနက္ပိုင္းက စုေပါင္းရွင္းလင္းၾကေၾကာင္း သိရသည္။

စုေပါင္းရွင္းလင္းၾကရာတြင္ ေရေျမာင္းမ်ား အတြင္းမွ အမိႈက္မ်ားအား ရွင္းလင္းျခင္း၊ လမ္းေဘး ဝဲ/ယာရိွ သစ္ပင္ႏွင့္ ၿခံဳမ်ားအား ခုတ္ထြင္ ရွင္းလင္းျခင္းတို႔ကို ရပ္ကြက္(၃)ရိွ ေစတနာ ေဆးရုံေရွ႕မွ စတင္ကာ ၿမိဳ႕ပတ္လမ္း တစ္ေလွ်ာက္ ေဆာင္ရြက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

စုေပါင္း ရွင္းလင္းရာသို႔ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအး၊ ျပည္နယ္ဒုတိယ အုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏိုင္၊ ရွမ္းျပည္နယ္ ဒုတိယ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး သက္လြင္၊ က်ဳိင္းတံုခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းမင္းသိန္းတို႔မွ လာေရာက္ ၾကည့္ရႈအားေပးခဲ့ေၾကာင္း ႏွင့္  တပ္မေတာ္သားမ်ား၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၀န္ထမ္းမ်ား၊ စည္ပင္သာယာေရးဌာန၊ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ မီးသတ္တပ္ဖြဲ႔၀င္မ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား စသည့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔မွ စုေပါင္း ရွင္းလင္းခဲ့ၾကသည္။

သတင္း - ဇြဲျမတ္
ဓာတ္ပံု - ေအာင္ျမင္ပါေစ



~~~~~~~~⊰❂ unicode ~~~~~~~~

ခြင်အန္တရာယ်ကြောင့် သွေးလွန်တုပ်ကွေး ရောဂါများ ကူးစက်မှု မဖြစ်ပွားစေရန်အတွက် ကျိုင်းတုံမြို့ ရပ်ကွက်(၃)ရှိ မြို့ပတ်လမ်း၏ လမ်းဘေး ဝဲ/ယာမှ အမှိုက်များ၊ ဗေဒါပင်များ နှင့် ဒိုက်များအား ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းက စုပေါင်းရှင်းလင်းကြကြောင်း သိရသည်။

စုပေါင်းရှင်းလင်းကြရာတွင် ရေမြောင်းများ အတွင်းမှ အမှိုက်များအား ရှင်းလင်းခြင်း၊ လမ်းဘေး ဝဲ/ယာရှိ သစ်ပင်နှင့် ခြုံများအား ခုတ်ထွင် ရှင်းလင်းခြင်းတို့ကို ရပ်ကွက်(၃)ရှိ စေတနာ ဆေးရုံရှေ့မှ စတင်ကာ မြို့ပတ်လမ်း တစ်လျှောက် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

စုပေါင်း ရှင်းလင်းရာသို့ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ရှမ်းပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သက်လွင်၊ ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းတို့မှ လာရောက် ကြည့်ရှုအားပေးခဲ့ကြောင်း နှင့် တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စသည့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ စုပေါင်း ရှင်းလင်းခဲ့ကြသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - အောင်မြင်ပါစေ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~