တာခ်ီလိတ္ၿမိဳ႕ ကေမၻာဇဘဏ္(၁)အတြင္း ေျပး၀င္လာသည့္ အမ်ိဳးသမီးတစ္ဦးအား လက္ထိပ္ခတ္ေခၚသြားသူမ်ားကို ရဲတပ္ဖြဲ႕က နာရီပိုင္းအတြင္းဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕ ကေမၻာဇဘဏ္(၁)အတြင္း ေျပး၀င္လာသည့္ အမ်ိဳးသမီးတစ္ဦးအား လက္ထိပ္ခတ္ေခၚသြားသူမ်ားကို ရဲတပ္ဖြဲ႕က နာရီပိုင္းအတြင္းဖမ္းမိ
ဇူလိုင် 14, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ တာေလာ့ရပ္ကြက္ရွိ ကေမၻာဇဘဏ္ တာခ်ီလိတ္ဘဏ္ခြဲ(၁)တြင္  ဇူလုိင္လ (၁၄)ရက္ေန႔ နံနက္ပိုင္းက ဘဏ္အတြင္း၀င္ေရာက္ ေျပးပုန္းလာသည့္ အမ်ိဳးသမီးတစ္ဦးအား လက္ထိပ္ခတ္ ဖမ္းေခၚသြားသူကို တာခ်ီလိတ္ၿမိဳ႕မွ သက္ဆုိင္ရာရဲတပ္ဖြဲ႕မ်ားက နာရီပိုင္းအတြင္း ဖမ္းဆီး ရမိလိုက္ေၾကာင္း ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ထံမွ သိရသည္။

“ကၽြန္ေတာ္တို႔ဆီကို သတင္းေရာက္တာနဲ႔ ခ်က္ခ်င္းပဲ ဖမ္းဆီးရမိေရး ေဆာင္ရြက္ပါတယ္။ လက္ရိွမွာေတာ့ ဖမ္းဆီးရမိသူေတြကို စစ္ေဆးခ်က္အရ ဒီအမ်ိဳးသမီးနဲ႔ ဖမ္းေခၚသြားတဲ့ သူ႕အမ်ိဳးသားတို႔ မိသားစုကိစၥလို႔ပဲ သိရပါတယ္။ လိုအပ္သလို အေရးယူမႈေတြ လုပ္ဖို႔လည္း ကၽြန္ေတာ္တုိ႔ စီစဥ္ေနပါတယ္္”ဟု တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႕မွ ဒုရဲမွဴးႀကီး ထိန္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕လယ္ တာေလာ့ေစ်းအနီးရိွ ကေမၻာဇဘဏ္ခြဲ (၁)၏ ဘဏ္ဖြင့္ရန္ျပင္ဆင္ေနခ်ိန္တြင္ ဝင္ေရာက္ ေျပးလာသည့္ အမ်ိဳးသမီးအား လူတစ္ဦးမွ ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္သည္ဟု အဆိိုပါဘဏ္၏ တာဝန္ရိွ တစ္ဦးက ဆိုသည္။

"အမ်ဳိးသမီးဘဏ္ထဲေျပး၀င္လာတာကို အေနာက္ကေန လူတစ္ေယာက္က ေျပးလိုက္လာၿပီး ဘဏ္ထဲမွာပဲ လက္ထိပ္ခတ္ၿပီး ဆြဲေခၚသြားတယ္။ အျပင္ေရာက္ေတာ့ လူေတြလည္း ၀ိုင္းၾကည့္ေနၾကတာကို CCTV မွတ္တမ္းထဲမွာ ေတြ႕ရပါတယ္"ဟု ကေမၻာဇ တာခ်ီလိတ္ဘဏ္ခြဲ(၁)မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါ သတင္းအရ တာခ်ီလိတ္မွ သက္ဆိုင္ရာ ရဲတပ္ဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားသူမ်ားအား ဖမ္းဆီးရမိေရး ေဆာင္ရြက္ရာမွ ကားတစ္စီးႏွင့္အတူ ဖမ္းဆီးေခၚေဆာင္သြားသူမ်ားကိုပါ ဖမ္းဆီးႏုိင္ခဲ့ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ဆီ သတင္းေရာက္လာတာေတာ့ ဘဏ္ထဲမွာ အမ်ိဳးသမီးကို လက္ထိပ္ခတ္ ဖမ္းေခၚသြားတယ္လို႔ ေရာက္လာတယ္။ သတင္းရရခ်င္းပဲ ရဲတပ္ဖြဲ႕ေတြ လုိက္ဖမ္းခဲ့တာပါ။ အခုေတာ့ ဖမ္းဆီး ရမိသြားၿပီလို႔ သတင္းရပါတယ္”ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက ေျပာသည္။

ဖမ္းဆီးေခၚေဆာင္သြားျခင္းခံရသည့္ အမ်ိဳးသမီးႏွင့္ ဖမ္းဆီးေခၚေဆာင္သြားသည့္ ၎၏ ခင္ပြန္းျဖစ္သူတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ စစ္ေဆးေမးျမန္းမႈမ်ား လုပ္ေဆာင္ေနၿပီး လိုအပ္သည့္ အေရးယူမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ တာလော့ရပ်ကွက်ရှိ ကမ္ဘောဇဘဏ် တာချီလိတ်ဘဏ်ခွဲ(၁)တွင် ဇူလိုင်လ (၁၄)ရက်နေ့ နံနက်ပိုင်းက ဘဏ်အတွင်းဝင်ရောက် ပြေးပုန်းလာသည့် အမျိုးသမီးတစ်ဦးအား လက်ထိပ်ခတ် ဖမ်းခေါ်သွားသူကို တာချီလိတ်မြို့မှ သက်ဆိုင်ရာရဲတပ်ဖွဲ့များက နာရီပိုင်းအတွင်း ဖမ်းဆီး ရမိလိုက်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ဆီကို သတင်းရောက်တာနဲ့ ချက်ချင်းပဲ ဖမ်းဆီးရမိရေး ဆောင်ရွက်ပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေကို စစ်ဆေးချက်အရ ဒီအမျိုးသမီးနဲ့ ဖမ်းခေါ်သွားတဲ့ သူ့အမျိုးသားတို့ မိသားစုကိစ္စလို့ပဲ သိရပါတယ်။ လိုအပ်သလို အရေးယူမှုတွေ လုပ်ဖို့လည်း ကျွန်တော်တို့ စီစဉ်နေပါတယ်”ဟု တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ထိန်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့လယ် တာလော့ဈေးအနီးရှိ ကမ္ဘောဇဘဏ်ခွဲ (၁)၏ ဘဏ်ဖွင့်ရန်ပြင်ဆင်နေချိန်တွင် ဝင်ရောက် ပြေးလာသည့် အမျိုးသမီးအား လူတစ်ဦးမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အဆိုပါဘဏ်၏ တာဝန်ရှိ တစ်ဦးက ဆိုသည်။

"အမျိုးသမီးဘဏ်ထဲပြေးဝင်လာတာကို အနောက်ကနေ လူတစ်ယောက်က ပြေးလိုက်လာပြီး ဘဏ်ထဲမှာပဲ လက်ထိပ်ခတ်ပြီး ဆွဲခေါ်သွားတယ်။ အပြင်ရောက်တော့ လူတွေလည်း ဝိုင်းကြည့်နကြေတာကို CCTV မှတ်တမ်းထဲမှာ တွေ့ရပါတယ်"ဟု ကမ္ဘောဇ တာချီလိတ်ဘဏ်ခွဲ(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ သတင်းအရ တာချီလိတ်မှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ရာမှ ကားတစ်စီးနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားသူများကိုပါ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဆီ သတင်းရောက်လာတာတော့ ဘဏ်ထဲမှာ အမျိုးသမီးကို လက်ထိပ်ခတ် ဖမ်းခေါ်သွားတယ်လို့ ရောက်လာတယ်။ သတင်းရရချင်းပဲ ရဲတပ်ဖွဲ့တွေ လိုက်ဖမ်းခဲ့တာပါ။ အခုတော့ ဖမ်းဆီး ရမိသွားပြီလို့ သတင်းရပါတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် အမျိုးသမီးနှင့် ဖမ်းဆီးခေါ်ဆောင်သွားသည့်၎င်း၏ ခင်ပွန်းဖြစ်သူတို့အား တာချီလိတ်မြို့မရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နပြေီး လိုအပ်သည့် အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~