ဂုတ္တြင္းလမ္းပိုင္း ကြင္းေရွာင္တံတားထိုးျခင္းအား ေအာက္တိုဘာလတြင္ စတင္ႏုိင္မည္

ဂုတ္တြင္းလမ္းပိုင္း ကြင္းေရွာင္တံတားထိုးျခင္းအား ေအာက္တိုဘာလတြင္ စတင္ႏုိင္မည္
ဇူလိုင် 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ႏွင့္ ေနာင္ခ်ိဳၿမိဳ႕နယ္အႀကားတြင္ ယာဥ္ေၾကာပိတ္ဆို႔မႈ မၾကာခဏ ျဖစ္ပြားတတ္သည့္ ဂုတ္တြင္းလမ္းပိုင္းအား ကြင္းေရွာင္ႏိုင္ရန္ တံတားထိုးျခင္းကို ေအာက္တိုဘာလ အတြင္း စတင္သြားမည္ျဖစ္ေၾကာင္း တံတားတည္ေဆာက္ေရးတာဝန္ယူထားသည့္ Oriental Highway Co.ltd မွ သိရသည္။

“တံတားထိုးမယ့္ ေျမေနရာေတြကို ေလ်ာ္ေၾကးေပးဖို႔ စိစစ္ေနတာ ေနာက္ဆံုးအဆင့္ကို ေရာက္ပါၿပီ။ ေလ်ာ္ေၾကးေပးၿပီးသြားတာနဲ႔ တံတားအတြက္ စတင္ လုပ္ကိုင္ေတာ့မွာပါ။ ေလ်ာ္ေၾကးပမာဏေတြကိုေတာ့ အတိအက် မသိေသးပါဘူး။ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလေလာက္ဆိုရင္ တံတားထုိးဖို႔ စတင္ လုပ္ကိုင္ႏိုင္မယ္လို႔ ကနဦး တြက္ခ်က္ထားပါတယ္” ဟု အဆိုပါ တံတားတည္ေဆာက္ေရးအတြက္ တာဝန္ ယူထားသည့္ Oriental Highway Co.ltd မွ စီမံကိန္းမန္ေနဂ်ာ ဦးသက္ေဆြက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ ေျမယာေလ်ာ္ေၾကးကိစၥမ်ားအား ေဆာင္ရြက္ေနၿပီး တည္ေဆာက္မည့္ သံမဏိႀကိဳးဆိုင္း၊ သံကူကြန္ကရစ္အမ်ိဳးအစား တံတားအတြက္ ကုန္က်စရိတ္ကို တြက္ခ်က္ေနဆဲျဖစ္ေၾကာင္း စီမံကိန္း မန္ေနဂ်ာထံမွ သိရသည္။

ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္(၇၂/၅) မွ ေက်ာက္မဲၿမိဳ႕နယ္ရွိ မိုင္တိုင္အမွတ္ (၉၂/၅ ) သို႔ ဆက္သြယ္မည့္ အဆိုပါ ေခ်ာက္ကမ္းပါးကူးတံတားသည္ တံတားအရွည္ မီတာ (၈၇၀) ရွိမည္ျဖစ္ၿပီး လမ္းႏွင့္ တံတားအရွည္စုစုေပါင္း (၂၁.၀၆ ) ကီလိုမီတာရွည္လ်ားမည္ျဖစ္ကာ တံတားႏွင့္ သက္ဆိုင္သည့္ တြက္ခ်က္မႈမ်ားကို တရုတ္ႏိုင္ငံမွ ေဆာက္လုပ္ေရးကုမၸဏီတစ္ခုႏွင့္ ပူးေပါင္း လုပ္ကိုင္ေနေၾကာင္း သိရသည္။

“တံတားေပၚကျဖတ္ရရင္ေတာ့ ခရီးလမ္းလည္းတိုသြားမယ္။ အခုႀကံဳေနရတဲ့လမ္းအႏၱရာယ္ေတြလည္း မရွိေတာ့ဘူးေပါ့။ အခုျဖတ္ေနရတာက မိုင္(၂၀)ေလာက္ဆိုေပမယ့္ လမ္းအေနအထားအရ အခ်ိန္ေပးေနရတာေတြ သြားလာရခက္ခဲတာေတြရွိတယ္။ တံတားက (၁၂)မိုင္ေလာက္ရွိမယ္ဆိုလည္း သက္ေတာင့္သက္သာ ျဖတ္ရမွာဆိုေတာ့ သြားလာရလြယ္ကူတာေပါ့ဗ်ာ။ တံတားျမန္ျမန္ၿပီးပါေစပဲ ဆုေတာင္းပါတယ္”ဟု မႏၱေလး-မူဆယ္ ကုန္တင္ယာဥ္ေမာင္းတစ္ဦးျဖစ္သူ ကိုမ်ိဳးသက္ေထြးက ေျပာသည္။

တည္ေဆာက္မည့္ ဂုတ္ထိပ္လမ္းပိုင္းကြင္းေရွာင္မည့္တံတားမွာ ခံႏိုင္ဝန္အားအေနျဖင့္ အနည္းဆံုး တန္ခ်ိန္(၁၀၀) ခံႏိုင္ရည္ရွိရန္တည္ေဆာက္သြားမည္ျဖစ္ၿပီး တံတားတည္ေဆာက္ရန္ၾကာခ်ိန္ကို မတြက္ဆရေသးေၾကာင္း Oriental Highway Co.ltd မွ သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်အကြားတွင် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်ပွားတတ်သည့် ဂုတ်တွင်းလမ်းပိုင်းအား ကွင်းရှောင်နိုင်ရန် တံတားထိုးခြင်းကို အောက်တိုဘာလ အတွင်း စတင်သွားမည်ဖြစ်ကြောင်း တံတားတည်ဆောက်ရေးတာဝန်ယူထားသည့် Oriental Highway Co.ltd မှ သိရသည်။

“တံတားထိုးမယ့် မြေနေရာတွေကို လျော်ကြေးပေးဖို့ စိစစ်နေတာ နောက်ဆုံးအဆင့်ကို ရောက်ပါပြီ။ လျော်ကြေးပေးပြီးသွားတာနဲ့ တံတားအတွက် စတင် လုပ်ကိုင်တော့မှာပါ။ လျော်ကြေးပမာဏတွေကိုတော့ အတိအကျ မသိသေးပါဘူး။ ၂၀၁၇ ခုနှစ် အောက်တိုဘာလလောက်ဆိုရင် တံတားထိုးဖို့ စတင် လုပ်ကိုင်နိုင်မယ်လို့ ကနဦး တွက်ချက်ထားပါတယ်” ဟု အဆိုပါ တံတားတည်ဆောက်ရေးအတွက် တာဝန် ယူထားသည့် Oriental Highway Co.ltd မှ စီမံကိန်းမန်နေဂျာ ဦးသက်ဆွေက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် မြေယာလျော်ကြေးကိစ္စများအား ဆောင်ရွက်နပြေီး တည်ဆောက်မည့် သံမဏိကြိုးဆိုင်း၊ သံကူကွန်ကရစ်အမျိုးအစား တံတားအတွက် ကုန်ကျစရိတ်ကို တွက်ချက်နေဆဲဖြစ်ကြောင်း စီမံကိန်း မန်နေဂျာထံမှ သိရသည်။

နောင်ချိုမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၇၂/၅) မှ ကျောက်မဲမြို့နယ်ရှိ မိုင်တိုင်အမှတ် (၉၂/၅ ) သို့ ဆက်သွယ်မည့် အဆိုပါ ချောက်ကမ်းပါးကူးတံတားသည် တံတားအရှည် မီတာ (၈၇၀) ရှိမည်ဖြစ်ပြီး လမ်းနှင့် တံတားအရှည်စုစုပေါင်း (၂၁.ဝ၆ ) ကီလိုမီတာရှည်လျားမည်ဖြစ်ကာ တံတားနှင့် သက်ဆိုင်သည့် တွက်ချက်မှုများကို တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း လုပ်ကိုင်နေကြောင်း သိရသည်။

“တံတားပေါ်ကဖြတ်ရရင်တော့ ခရီးလမ်းလည်းတိုသွားမယ်။ အခုကြုံနေရတဲ့လမ်းအန္တရာယ်တွေလည်း မရှိတော့ဘူးပေါ့။ အခုဖြတ်နေရတာက မိုင်(၂၀)လောက်ဆိုပေမယ့် လမ်းအနေအထားအရ အချိန်ပေးနေရတာတွေ သွားလာရခက်ခဲတာတွေရှိတယ်။ တံတားက (၁၂)မိုင်လောက်ရှိမယ်ဆိုလည်း သက်တောင့်သက်သာ ဖြတ်ရမှာဆိုတော့ သွားလာရလွယ်ကူတာပေါ့ဗျာ။ တံတားမြန်မြန်ပြီးပါစေပဲ ဆုတောင်းပါတယ်”ဟု မန္တလေး-မူဆယ် ကုန်တင်ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုမျိုးသက်ထွေးက ပြောသည်။

တည်ဆောက်မည့် ဂုတ်ထိပ်လမ်းပိုင်းကွင်းရှောင်မည့်တံတားမှာ ခံနိုင်ဝန်အားအနဖြေင့် အနည်းဆုံး တန်ချိန်(၁၀၀) ခံနိုင်ရည်ရှိရန်တည်ဆောက်သွားမည်ဖြစ်ပြီး တံတားတည်ဆောက်ရန်ကြာချိန်ကို မတွက်ဆရသေးကြောင်း Oriental Highway Co.ltd မှ သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~