Update News

တာခ်ီလိတ္သို႔ ေရာက္ရွိလာသည့္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွ ေရႊ႕ေျပာင္းျမန္မာလုပ္သားတစ္ဦး ေနရပ္ျပန္ရန္အတြက္ အခက္အခဲျဖစ္၍ လမ္းစရိတ္ ႏွင့္ လိုအပ္သည္မ်ားကို CNCMC ေကာ္မတီမွ ကူညီ


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွ အေထာက္အထားမဲ့ ေရႊ႕ေျပာင္းျမန္မာ လုပ္သားတစ္ဦးသည္ နာမက်န္းျဖစ္ကာ မယ္ဆိုင္မွ တစ္ဆင့္ တာခ်ီလိတ္သို႔ ဇူလိုင္လ(၁၂)ရက္ေန႔ နံနက္ပိုင္းက တစ္ဦးတည္း ေရာက္ရွိ လာၿပီးေနာက္ ေနရပ္သို႔ ျပန္ရန္ အခက္အခဲျဖစ္ေနသည့္ အတြက္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏိႈင္းေရးေကာ္မတီ(CNCMC)မွ ကူညီေပးလိုက္ေၾကာင္း သိရသည္။

အသက္(၃၉)ႏွစ္ရွိ ဦးလွမ်ဳိးသည္ မိုးမိတ္ၿမိဳ႕နယ္ ၊ မိုင္းေဟာက္ရြာတြင္ ေနထိုင္သူျဖစ္ၿပီး ၎သည္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕၊ ဖလန္း(၇)ရပ္ကြက္တြင္  ေန႔စားအလုပ္ကို လုပ္ကိုင္ေနစဥ္ ထိုင္းႏိုင္ငံ အလုပ္သမား ဥပေဒ၏ ေျပာင္းလဲမႈေၾကာင့္၊ ၎အေပၚ အလုပ္ရွင္မွလည္း တာ၀န္ယူမႈ ႏွင့္အတူ တာ၀န္ခံမႈမ်ား မေပးႏိုင္ဟု ဆိုသည့္အတြက္ ေနရပ္ျပန္လာျခင္း ျဖစ္ရာမွ လမ္းခရီးတြင္ ေငြေၾကးမရွိသည့္အျပင္ နာမက်န္းျဖစ္ျခင္း ႏွင့္အတူ အစာေရစာျပတ္လပ္မႈမ်ားႏွင့္ပါ ႀကံဳခဲ့ရေၾကာင္း သိရသည္။

"ကြ်န္ေတာ္က မိုးမိတ္ၿမိဳ႕နယ္ မိုင္းေဟာက္ရြာမွာ ေတာင္ယာလုပ္ငန္း လုပ္တာပါ၊ ဘန္ေကာက္မွာ အဆင္ေျပမယ္ထင္ၿပီး ရြာမွာ လမ္းစရိတ္အတြက္ ေငြတိုးယူၿပီး ထြက္လာတာ၊ အလုပ္ရွင္ကလည္း ထိုင္းရဲေတြ လာဖမ္းရင္ တာ၀န္မယူဘူး ျပန္ရင္ျပန္ဆိုၿပီး ေျပာလာတယ္။ အဲ့ဒါနဲ႔ ကြ်န္ေတာ္ျပန္လာတာပါ၊ ေနမေကာင္းလည္း ျဖစ္ေနတယ္ဗ်ာ၊ ေနာက္တစ္ခါ ဘယ္ေတာ့မွ ျပန္မလာေတာ့ဘူးဗ်ာ၊ ရြာမွာပဲ ေတာင္ယာပဲ စိုက္ေတာ့မယ္"ဟု ေနရပ္ျပန္ ေရႊ႕ေျပာင္းျမန္မာလုပ္သား ဦးလွမ်ဳိးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၎အားေနရပ္ျပန္ႏိုင္ရန္အတြက္ CNCMC ေကာ္မတီမွ မယ္ဆိုင္ဘက္တြင္ သြားေရာက္ ႀကိဳဆိုလာကာ CNCMC ေကာ္မတီ၏ ရံုးခန္းတြင္ ေတြ႕ဆံုေမးျမန္းမႈမ်ား ျပဳလုပ္ၿပီးေနာက္ CNCMC ေကာ္မတီ မွ (၅၀,၀၀၀)က်ပ္ ႏွင့္အတူ CNCMC ေကာ္မတီ၀င္ ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕ BT စက္သံုးဆီပန္႔မွ မန္ေနးဂ်င္းဒါရိုက္တာ ဦးေန၀င္းက က်ပ္(၂၀,၀၀၀) စုစုေပါင္း က်ပ္(၇၀,၀၀၀)အား လမ္းစရိတ္အျဖစ္ ကူညီ ေပးလိုက္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္ မထသ ဥကၠဌ ဦးစ၀္စိုးလင္း ႏွင့္ ခ်ိတ္ဆက္ကာ ေနရပ္ျပန္ႏိုင္ရန္ အတြက္ ယာဥ္စီးခအား အထူးႏႈန္းျဖင့္ စီစဥ္ေပးႏိုင္ရန္ ေဆာင္ရြက္ကူညီခဲ့ေၾကာင္း သိရသည္။

ယခု ကာလအတြင္းတြင္ ေနရပ္ျပန္လာေသာ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားထဲမွ နာမက်န္းျဖစ္သူမ်ား ပါ၀င္လာပါက အခမဲ့ ေဆး၀ါးကုသေပးေနသည့္ ေရႊၾကယ္စင္ ေဆးခန္းမွ ေဒါက္တာဂ်ီ၀မ္းက ေနရပ္ျပန္ ဦးလွမ်ဳိးအား ေဆးကုသေပးၿပီး လမ္းခရီးတြင္ လိုအပ္မည့္ ေဆး၀ါးမ်ားကိုပါ ထည့္ေပးလိုက္ေၾကာင္း သိရသည္။

"ေနရပ္ျပန္ႏိုင္ရန္အတြက္ ကြ်န္ေတာ္တို႔ CNCMC ေကာ္မတီရဲ႕ ေနရပ္ျပန္ေရႊ႕ေျပာင္း ျမန္မာလုပ္သား ကူညီေရး ရန္ပံုေငြထဲကေန လမ္းစရိတ္ အပါအ၀င္ လမ္းခရီးမွာ စားေသာက္ႏိုင္ရန္အတြက္ က်ပ္ေငြ(၅၀၀၀၀) ပံ့ပိုးေပးလိုက္ပါတယ္၊ ကြ်န္ေတာ္တို႔ ေကာ္မတီအေနနဲ႔ကေတာ့ ေကာ္မတီကို ဆက္သြယ္ အကူအညီေတာင္းလာသူေတြဟာ အမွန္တကယ္ အခက္အခဲ ေရာက္ေနတာလား ဆိုတာကို ေမးျမန္း စိစစ္ၿပီးမွ ကူညီပါတယ္၊ အဲ့လိုပဲ မနက္အေစာပိုင္းကလည္း ေရႊ႕ေျပာင္းျမန္မာလုပ္သား အမ်ဳိးသမီးတစ္ဦး ကိုယ္၀န္က (၇)လရွိေနၿပီ ေလယာဥ္စီးဖို႔ ေဆးရံုရဲ႕ ေထာက္ခံစာလိုလို႔ ေထာက္ခံစာေတြ လိုက္လုပ္ ေပးတာေတြ ေဆာင္ရြက္ေပးတဲ့အျပင္ တည္းခိုဖို႔ေနရာလိုရင္လည္း ေစ်းသက္သာတဲ့ တည္းခိုခန္းေတြမွာ ပို႔ေဆာင္ေပးရတာေတြရွိပါတယ္"ဟု ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ (CNCMC)၏ လုပ္ငန္းအေကာင္အထည္ ေဖာ္ေရး ေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္က ေျပာသည္။

ထိုင္းႏိုင္ငံမွ ေနရပ္ျပန္လာလိုၿပီး ထိုင္းႏိုင္ငံအတြင္းမွ နယ္စပ္ဂိတ္မ်ားသို႔ သြားလာရန္ အခက္အခဲ ျဖစ္ေနသူမ်ား ႏွင့္ ထိုင္းရဲစစ္ေဆးေရးဂိတ္မ်ားမွ ေငြၫွစ္ေတာင္းခံမႈမ်ားအျပင္ နယ္စပ္၀င္ေပါက္တြင္ ကားသမားမ်ားမွ ျဖစ္ေစ၊ ပြဲစားမ်ားမွျဖစ္ေစ ေငြေၾကးေတာင္းခံပါက CNCMC ေကာ္မတီ၏ 0850388887 ၊ 0897558729 သို႔ ဖုန္းျဖင့္ဆက္သြယ္၍ အကူအညီေတာင္းခံႏိုင္ေၾကာင္း သိရသည္။





~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာ လုပ်သားတစ်ဦးသည် နာမကျန်းဖြစ်ကာ မယ်ဆိုင်မှ တစ်ဆင့် တာချီလိတ်သို့ ဇူလိုင်လ(၁၂)ရက်နေ့ နံနက်ပိုင်းက တစ်ဦးတည်း ရောက်ရှိ လာပြီးနောက် နေရပ်သို့ ပြန်ရန် အခက်အခဲဖြစ်နေသည့် အတွက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ(CNCMC)မှ ကူညီပေးလိုက်ကြောင်း သိရသည်။

အသက်(၃၉)နှစ်ရှိ ဦးလှမျိုးသည် မိုးမိတ်မြို့နယ်၊ မိုင်းဟောက်ရွာတွင် နေထိုင်သူဖြစ်ပြီး၎င်းသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖလန်း(၇)ရပ်ကွက်တွင် နေ့စားအလုပ်ကို လုပ်ကိုင်နေစဉ် ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေ၏ ပြောင်းလဲမှုကြောင့်၊၎င်းအပေါ် အလုပ်ရှင်မှလည်း တာဝန်ယူမှု နှင့်အတူ တာဝန်ခံမှုများ မပေးနိုင်ဟု ဆိုသည့်အတွက် နေရပ်ပြန်လာခြင်း ဖြစ်ရာမှ လမ်းခရီးတွင် ငွေကြေးမရှိသည့်အပြင် နာမကျန်းဖြစ်ခြင်း နှင့်အတူ အစာရေစာပြတ်လပ်မှုများနှင့်ပါ ကြုံခဲ့ရကြောင်း သိရသည်။

"ကျွန်တော်က မိုးမိတ်မြို့နယ် မိုင်းဟောက်ရွာမှာ တောင်ယာလုပ်ငန်း လုပ်တာပါ၊ ဘန်ကောက်မှာ အဆင်ပြေမယ်ထင်ပြီး ရွာမှာ လမ်းစရိတ်အတွက် ငွေတိုးယူပြီး ထွက်လာတာ၊ အလုပ်ရှင်ကလည်း ထိုင်းရဲတွေ လာဖမ်းရင် တာဝန်မယူဘူး ပြန်ရင်ပြန်ဆိုပြီး ပြောလာတယ်။ အဲ့ဒါနဲ့ ကျွန်တော်ပြန်လာတာပါ၊ နေမကောင်းလည်း ဖြစ်နေတယ်ဗျာ၊ နောက်တစ်ခါ ဘယ်တော့မှ ပြန်မလာတော့ဘူးဗျာ၊ ရွာမှာပဲ တောင်ယာပဲ စိုက်တော့မယ်"ဟု နေရပ်ပြန် ရွှေ့ပြောင်းမြန်မာလုပ်သား ဦးလှမျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၎င်းအားနေရပ်ပြန်နိုင်ရန်အတွက် CNCMC ကော်မတီမှ မယ်ဆိုင်ဘက်တွင် သွားရောက် ကြိုဆိုလာကာ CNCMC ကော်မတီ၏ ရုံးခန်းတွင် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ပြီးနောက် CNCMC ကော်မတီ မှ (၅၀,ဝဝဝ)ကျပ် နှင့်အတူ CNCMC ကော်မတီဝင် ဖြစ်သည့် တာချီလိတ်မြို့ BT စက်သုံးဆီပန့်မှ မန်နေးဂျင်းဒါရိုက်တာ ဦးနေဝင်းက ကျပ်(၂၀,ဝဝဝ) စုစုပေါင်း ကျပ်(၇၀,ဝဝဝ)အား လမ်းစရိတ်အဖြစ် ကူညီ ပေးလိုက်ပြီး တာချီလိတ်မြို့နယ် မထသ ဥက္ကဌ ဦးစဝ်စိုးလင်း နှင့် ချိတ်ဆက်ကာ နေရပ်ပြန်နိုင်ရန် အတွက် ယာဉ်စီးခအား အထူးနှုန်းဖြင့် စီစဉ်ပေးနိုင်ရန် ဆောင်ရွက်ကူညီခဲ့ကြောင်း သိရသည်။

ယခု ကာလအတွင်းတွင် နေရပ်ပြန်လာသော ရွှေ့ပြောင်းမြန်မာလုပ်သားများထဲမှ နာမကျန်းဖြစ်သူများ ပါဝင်လာပါက အခမဲ့ ဆေးဝါးကုသပေးနေသည့် ရွှကြေယ်စင် ဆေးခန်းမှ ဒေါက်တာဂျီဝမ်းက နေရပ်ပြန် ဦးလှမျိုးအား ဆေးကုသပေးပြီး လမ်းခရီးတွင် လိုအပ်မည့် ဆေးဝါးများကိုပါ ထည့်ပေးလိုက်ကြောင်း သိရသည်။

"နေရပ်ပြန်နိုင်ရန်အတွက် ကျွန်တော်တို့ CNCMC ကော်မတီရဲ့ နေရပ်ပြန်ရွှေ့ပြောင်း မြန်မာလုပ်သား ကူညီရေး ရန်ပုံငွေထဲကနေ လမ်းစရိတ် အပါအဝင် လမ်းခရီးမှာ စားသောက်နိုင်ရန်အတွက် ကျပ်ငွေ(၅၀၀၀၀) ပံ့ပိုးပေးလိုက်ပါတယ်၊ ကျွန်တော်တို့ ကော်မတီအနေနဲ့ကတော့ ကော်မတီကို ဆက်သွယ် အကူအညီတောင်းလာသူတွေဟာ အမှန်တကယ် အခက်အခဲ ရောက်နေတာလား ဆိုတာကို မေးမြန်း စိစစ်ပြီးမှ ကူညီပါတယ်၊ အဲ့လိုပဲ မနက်အစောပိုင်းကလည်း ရွှေ့ပြောင်းမြန်မာလုပ်သား အမျိုးသမီးတစ်ဦး ကိုယ်ဝန်က (၇)လရှိနပြေီ လေယာဉ်စီးဖို့ ဆေးရုံရဲ့ ထောက်ခံစာလိုလို့ ထောက်ခံစာတွေ လိုက်လုပ် ပေးတာတွေ ဆောင်ရွက်ပေးတဲ့အပြင် တည်းခိုဖို့နေရာလိုရင်လည်း ဈေးသက်သာတဲ့ တည်းခိုခန်းတွေမှာ ပို့ဆောင်ပေးရတာတွေရှိပါတယ်"ဟု ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC)၏ လုပ်ငန်းအကောင်အထည် ဖော်ရေး ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာလိုပြီး ထိုင်းနိုင်ငံအတွင်းမှ နယ်စပ်ဂိတ်များသို့ သွားလာရန် အခက်အခဲ ဖြစ်နေသူများ နှင့် ထိုင်းရဲစစ်ဆေးရေးဂိတ်များမှ ငွေညှစ်တောင်းခံမှုများအပြင် နယ်စပ်ဝင်ပေါက်တွင် ကားသမားများမှ ဖြစ်စေ၊ ပွဲစားများမှဖြစ်စေ ငွေကြေးတောင်းခံပါက CNCMC ကော်မတီ၏ 0850388887၊ 0897558729 သို့ ဖုန်းဖြင့်ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::