မိုင်းဆတ်တွင် ကျင်းပပြုလုပ်သည့် မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အမျိုးသား၊အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၁၅၃)ဦး ၀င်ရောက်ယှဉ်ပြိုင်

မိုင်းဆတ်တွင် ကျင်းပပြုလုပ်သည့် မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အမျိုးသား၊အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၁၅၃)ဦး ၀င်ရောက်ယှဉ်ပြိုင်
ဇှနျ 16, 2017
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်(TSDP)အရ မြို့နယ်အုပ်ချုပ်ရေးမှူး ဖလား အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ဇွန်လ (၁၆) ရက်နေ့ နံနက် (၅)နာရီခွဲ က  ကျင်းပရာ ကျောင်းသားကျောင်းသူ (၁၅၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ စာသင်ကျောင်း(၇)ကျောင်းမှ ကျောင်းသား (၁၀၀) ဦးနှင့် ကျောင်းသူ (၅၃) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားမီနီမာရသွန်ပြိုင်ပွဲတွင် မောင်အားဆက်က ပထမ၊ မောင်လော်ဂေါ်က ဒုတိယနှင့် မောင်ကျရှီးတို့က တတိယ အသီးသီးရရှိသွားကာ အမျိုးသမီးမီနီမာရသွန်ပြိုင်ပွဲတွင် မဆုဝေယံမြင့်က ပထမ၊ မဖြိုးဝေယံကျော်က ဒုတိယနှင့် မခင်မေကျော့တို့က တတိယရသွားကြောင်း သိရသည်။



သတင်း - သန်းဇော်ဦး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်(TSDP)အရ မြို့နယ်အုပ်ချုပ်ရေးမှူး ဖလား အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ဇွန်လ (၁၆) ရက်နေ့ နံနက် (၅)နာရီခွဲ က ကျင်းပရာ ကျောငး်သားကျောင်းသူ (၁၅၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ စာသင်ကျောင်း(၇)ကျောင်းမှ ကျောင်းသား (၁၀၀) ဦးနှင့် ကျောင်းသူ (၅၃) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားမီနီမာရသွန်ပြိုင်ပွဲတွင် မောင်အားဆက်က ပထမ၊ မောင်လော်ဂေါ်က ဒုတိယနှင့် မောင်ကျရှီးတို့က တတိယ အသီးသီးရရှိသွားကာ အမျိုးသမီးမီနီမာရသွန်ပြိုင်ပွဲတွင် မဆေုဝယံမြင့်က ပထမ၊ မဖြိုးေဝယံကျော်က ဒုတိယနှင့် မခင်မေကျော့တို့က တတိယရသွားကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြိုင်ပွဲကို သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးပြီး ဆုရရှိသူ များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝဏ္ဏဇော်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်တို့က အသီးသီး ဆုများချီးမြှင့်ကြကြောင်းသိရသည်။

ပြိုင်ပွဲတွင် ပထမဆုကို ငွေကျပ်ငါးသောင်းနှင့် ဆုတံဆိပ်၊ ဒုတိယဆုကို ငွေကျပ်သုံးသောင်းနှင့် ဆုတံဆိပ်၊ တတိယဆုကို ငွေကျပ်နှစ်သောင်းနှင့်ဆုတံဆိပ်၊ နှစ်သိမ့်ဆုကို ငွေကျပ်တစ်သောင်းစီ ဂုဏ်ပြုချီးမြှင့်ပေး အပ်ကြောင်းသိရသည်။

သတင်း - သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~