တာခ်ီလိတ္ၿမိဳ႕လယ္၌ ေသနတ္ျဖင့္ ပစ္သတ္ခံရ သူမွာ ထုိင္းႏုိင္ငံသားျဖစ္ေနၿပီး မူးယစ္ေဆး၀ါးႏွင့္ ဆက္စပ္ႏိုင္ဟု ထိုင္းဘက္ကဆို

တာခ်ီလိတ္ၿမိဳ႕လယ္၌ ေသနတ္ျဖင့္ ပစ္သတ္ခံရ သူမွာ ထုိင္းႏုိင္ငံသားျဖစ္ေနၿပီး မူးယစ္ေဆး၀ါးႏွင့္ ဆက္စပ္ႏိုင္ဟု ထိုင္းဘက္ကဆို
ဇွန် 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕လယ္တြင္ ေသနတ္ျဖင့္ ပစ္သတ္ခံရသူမွာ ထုိင္းႏုိင္ငံသား ျဖစ္ေၾကာင္း ထုိင္းျပည္တြင္း အြန္လိုင္းမီဒီယာတစ္ခုတြင္ ေဖာ္ျပထားေသာ္လည္း အဆိုပါကိစၥႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕ ရဲတပ္ဖြဲ႕က စစ္ေဆးေဆာင္ရြက္ဆဲအမႈျဖစ္၍ အတည္ျပဳ ထုတ္ေဖာ္ ေျပာၾကားႏုိင္ျခင္း မရိွေသးေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ ဒီအမႈကို အထူးအမႈစစ္အဖြဲ႕နဲ႔ ၿမိဳ႕နယ္မွဴးက ဦးေဆာင္ၿပီး စစ္ေဆးေဆာင္ရြက္ေနပါတယ္။ အမႈက စစ္ေဆးေဆာင္ရြက္ဆဲျဖစ္တာေၾကာင့္ ေလာေလာဆယ္ေတာ့ ဒီေလာက္ပဲ ကၽြန္ေတာ္တုိ႔ ေျပာလုိ႔ ရပါဦးမယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး သန္းႏုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ မႈခင္းႏွင့္ ပတ္သက္၍ ထုိင္းေဒသတြင္း အြန္လိုင္းသတင္းဌာနတစ္ခုတြင္ ေဖာ္ျပခ်က္အရ ေသနတ္ျဖင့္ ပစ္သတ္ခံရသူသည္ ခၽြန္ဘူရီခရိုင္မွ ထုိင္းႏုိင္ငံသား Chonwanarat Jaroenporn ဆိုသူျဖစ္ကာ ျမန္မာႏုိင္ငံတြင္းသို႔ ယာယီနယ္စပ္ျဖတ္သန္းခြင့္ျဖင့္ ဇြန္လ (၁၅)ရက္ေန႔က ဝင္ေရာက္ လာသူျဖစ္ၿပီး ၎သည္ ဇန္နဝါရီလမွ ဇြန္လအတြင္း နယ္စပ္မွ (၂၇)ႀကိမ္ ျဖတ္သန္း ဝင္ေရာက္ သြားလာခဲ့သူျဖစ္ေၾကာင္း ျမန္မာႏုိင္ငံ လူဝင္မႈႀကီးၾကပ္ေရးဌာနမွ တာဝန္ရိွသူထံမွသိရသည္ဟု ကိုးကားေဖာ္ျပထားကာ အဆိုပါ ပစ္ခတ္မႈမွာ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈႏွင့္ ဆက္စပ္မႈ ရိွႏုိင္သည္ဟု ေဖာ္ျပထားသည္ကို ေတြ႔ရသည္။

ထုိင္းႏုိင္ငံႏွင့္ နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕တြင္ နယ္စပ္ျဖတ္ေက်ာ္မႈခင္းမ်ား မၾကာခဏ ျဖစ္ပြားေလ့ရိွၿပီး ယင္းကဲ့သို႔ မႈခင္းမ်ားကို ႏွစ္ႏုိင္ငံ တာဝန္ရိွသူမ်ား ပူးေပါင္းေျဖရွင္းေနေၾကာင္း တာခ်ီီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွ ဒုရဲမွဴးႀကီး ထိန္ဝင္းက ဆိုသည္။

"ကၽြန္ေတာ္တို႔ဖက္မွာ ပစ္ခတ္မႈျဖစ္ပြားၿပီး ဟိုဖက္ကမ္း ကူးသြားတာေတြလည္းရိွတယ္။ ဟိုဖက္ကမ္းမွာ ျဖစ္တဲ့ မႈခင္းကေန ဒီဖက္ကို တိမ္းေရွာင္လာတာေတြလည္းရိွတယ္။ ဒီလိုကိစၥေတြမွာ TBC ကေနတစ္ဆင့္ ဆက္သြယ္ အေၾကာင္းၾကား အကူအညီ ေတာင္းရတာေတြလည္း ရိွတယ္။ ဟိုဖက္ကမ္းက လူေတြတခ်ိဳ႕လည္း သူတို႔အခ်င္းခ်င္းၾကားက ျပႆနာေတြရိွတာကို ဒီဖက္ကမ္းကိုလာ ပစ္ခတ္မႈေတြ က်ဴးလြန္တယ္။ ၿပီးေတာ့ ျပန္ထြက္သြားတာေတြလည္း ရိွပါတယ္။ ဒီဖက္နယ္စပ္မွာ ဒါမ်ိဳးေတြက အေတာ္မ်ားပါတယ္”ဟု တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ထိန္ဝင္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္၊ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)အနီး ေမတၱာလမ္းရွိ ေနအိမ္တိုက္ခန္းတြင္ ေနထိုင္သည့္ စိုင္းဝီးဟု အမည္ေျပာင္းျဖင့္ သိရွိထားရသူမွာ ဇြန္လ (၁၇)ရက္ေန႔ညက ေနအိိမ္တြင္ ညစာ စားေနစဥ္ ေသနတ္ျဖင့္ လာေရာက္ ပစ္သတ္ခံရသည့္ အမႈႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၂၇/၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ထားၿပီး ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရး စံုစမ္းစစ္ေဆးမႈမ်ား ေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့လယ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ ထိုင်းနိုင်ငံသား ဖြစ်ကြောင်း ထိုင်းပြည်တွင်း အွန်လိုင်းမီဒီယာတစ်ခုတွင် ဖော်ပြထားသော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့ ရဲတပ်ဖွဲ့က စစ်ဆေးဆောင်ရွက်ဆဲအမှုဖြစ်၍ အတည်ပြု ထုတ်ဖော် ပြောကြားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီအမှုကို အထူးအမှုစစ်အဖွဲ့နဲ့ မြို့နယ်မှူးက ဦးဆောင်ပြီး စစ်ဆေးဆောင်ရွက်နေပါတယ်။ အမှုက စစ်ဆေးဆောင်ရွက်ဆဲဖြစ်တာကြောင့် လောလောဆယ်တော့ ဒီလောက်ပဲ ကျွန်တော်တို့ ပြောလို့ ရပါဦးမယ်”ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မှုခင်းနှင့် ပတ်သက်၍ ထိုင်းဒေသတွင်း အွန်လိုင်းသတင်းဌာနတစ်ခုတွင် ဖော်ပြချက်အရ သေနတ်ဖြင့် ပစ်သတ်ခံရသူသည် ချွန်ဘူရီခရိုင်မှ ထိုင်းနိုင်ငံသား Chonwanarat Jaroenporn ဆိုသူဖြစ်ကာ မြန်မာနိုင်ငံတွင်းသို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်ဖြင့် ဇွန်လ (၁၅)ရက်နေ့က ဝင်ရောက် လာသူဖြစ်ပြီး၎င်းသည် ဇန်နဝါရီလမှ ဇွန်လအတွင်း နယ်စပ်မှ (၂၇)ကြိမ် ဖြတ်သန်း ဝင်ရောက် သွားလာခဲ့သူဖြစ်ကြောင်း မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူထံမှသိရသည်ဟု ကိုးကားဖော်ပြထားကာ အဆိုပါ ပစ်ခတ်မှုမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် နယ်စပ်ဖြတ်ကျော်မှုခင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ယင်းကဲ့သို့ မှုခင်းများကို နှစ်နိုင်ငံ တာဝန်ရှိသူများ ပူးပေါင်းဖြေရှင်းနေကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ထိန်ဝင်းက ဆိုသည်။

"ကျွန်တော်တို့ဖက်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး ဟိုဖက်ကမ်း ကူးသွားတာတွေလည်းရှိတယ်။ ဟိုဖက်ကမ်းမှာ ဖြစ်တဲ့ မှုခင်းကနေ ဒီဖက်ကို တိမ်းရှောင်လာတာတွေလည်းရှိတယ်။ ဒီလိုကိစ္စတွေမှာ TBC ကနေတစ်ဆင့် ဆက်သွယ် အကြောင်းကြား အကူအညီ တောင်းရတာတွေလည်း ရှိတယ်။ ဟိုဖက်ကမ်းက လူတွေတချို့လည်း သူတို့အချင်းချင်းကြားက ပြဿနာတွေရှိတာကို ဒီဖက်ကမ်းကိုလာ ပစ်ခတ်မှုတွေ ကျူးလွန်တယ်။ ပြီးတော့ ပြန်ထွက်သွားတာတွေလည်း ရှိပါတယ်။ ဒီဖက်နယ်စပ်မှာ ဒါမျိုးတွေက အတော်များပါတယ်”ဟု တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထိန်ဝင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)အနီး မေတ္တာလမ်းရှိ နေအိမ်တိုက်ခန်းတွင် နေထိုင်သည့် စိုင်းဝီးဟု အမည်ပြောင်းဖြင့် သိရှိထားရသူမှာ ဇွန်လ (၁၇)ရက်နေ့ညက နေအိမ်တွင် ညစာ စားနေစဉ် သေနတ်ဖြင့် လာရောက် ပစ်သတ်ခံရသည့် အမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၂၇/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~