တာခ်ီလိတ္တြင္ ျပန္လည္ထူေထာင္ေရးစခန္း ဖြင့္လွစ္ႏိုင္ရန္ လုပ္ငန္းရွင္တစ္ဦးမွ ေျမေနရာလွဴဒါန္း

တာခ်ီလိတ္တြင္ ျပန္လည္ထူေထာင္ေရးစခန္း ဖြင့္လွစ္ႏိုင္ရန္ လုပ္ငန္းရွင္တစ္ဦးမွ ေျမေနရာလွဴဒါန္း
ဇွန် 2, 2017
By 🌸

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးျဖတ္လူနာမ်ားအပါအဝင္ အခက္အခဲျဖစ္ေနသူမ်ားအတြက္ တရားစခန္းကိုအေျခခံသည့္ ျပန္လည္ထူေထာင္ေရးစခန္းေဖၚေဆာင္ရန္ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ေျမ(၈)ဧကေက်ာ္လွဴဒါန္းသျဖင့္  ဇြန္လကုန္တြင္  စတင္ႏုိင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

“သဘာဝတရားရိပ္သာဆရာေတာ္က နယ္စပ္ၿမိဳ႕ေတြမွာ မူးယစ္ေဆးစြဲသူပဲျဖစ္ျဖစ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တစ္ဖက္ႏိုင္ငံက အလုပ္လုပ္ကိုင္ၿပီး ျပန္လာသူေတြပဲျဖစ္ျဖစ္  မိမိေဒသကို မျပန္ႏုိင္တဲ့သူေတြကိုပဲျဖစ္ျဖစ္ ဒီလိုလူေတြကို ျပန္လည္ထူေထာင္ေရး လုပ္ခ်င္တာပါ။ တရားစခန္းကိုအေျခခံတဲ့ ျပန္လည္ထူေထာင္ေရး စခန္းပါ။ မႏွစ္ကကတည္းက ဆရာေတာ္ကို ကၽြန္ေတာ္နဲ႔ ၿမိဳ႕နယ္စာရင္းစစ္နဲ႔သြားေတြ႔တယ္။ ေနရာရွာခုိင္းေတာ့ တစ္လေလာက္အၾကာမွာ ကၽြန္ေတာ္ ဦးက်ေဟးနဲ႔ ခ်ိတ္ဆက္မိတယ္။ အဲဒီေတာ့ သူပိုင္ေျမထဲက ဧက (၃၀)လွဴေပးမယ္ဆိုၿပီး သေဘာတူညီခဲ့တာပါ”ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊကေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မွ စီးပြားေရးလုပ္ငန္းရွင္ ဦးက်ေဟးက လွဴဒါန္းရန္လ်ာထားသည့္ ေျမဧက(၃၀)မွာ ၿမိဳ႕ႏွင့္အလွမ္းေဝးလြန္းသျဖင့္ ၿမိဳ႕ႏွင့္ပိုနီးသည့္ ေျမ (၈)ဧကေက်ာ္အား ရန္ကုန္တုိင္းေဒသႀကီး၊ သန္လ်င္ၿမဳိ႕နယ္ သဘာ၀တရားရိပ္သာ ဆရာေတာ္ ဦးဥတၱမသာရ ေရြးခ်ယ္လိုက္ၿပီး အဆိုပါေျမေနရာအား ဆရာေတာ္ဦးေဆာင္၍ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊႏွင့္ ဌာနဆုိင္ရာမ်ား၊ မဇၥ်ိမလူမူကူညီေရးအသင္း ဥကၠ႒ ဦးတင့္ေဆြ ႏွင့္ အဖြဲ႕တုိ႔က ဇြန္လ(၁)ရက္ေန႔တြင္ ကြင္းဆင္းၾကည့္ရႈခဲ့ၾကေၾကာင္း သိရသည္။

“ဆရာေတာ္က မိန္႔တာက ဒါကအုပ္ခ်ဳပ္ေရးအပါအဝင္ ဌာနဆိုင္ရာေတြ၊ ၿမိဳ႕လူထုေတြ ပူးေပါင္းေဆာင္ရြက္ရမယ့္ လုပ္ငန္းျဖစ္တယ္။ ကၽြန္ေတာ္တို႔ ခရိုင္အုပ္ခ်ဳပ္ေရးအေနနဲ႔ကလည္း ဒီဟာကို စလုပ္ကတည္းက ပူးေပါင္းကူညီေနပါတယ္။ ဒါကလည္း ကၽြန္ေတာ္တုိ႔ လုပ္ခ်င္တဲ့လုပ္ငန္းတစ္ခုပါပဲ။ ဆရာေတာ္ကအရင္ကလည္း ဒီလိုလုပ္ေဆာင္ခဲ့တာျဖစ္လို႔ လုပ္ႏုိင္တဲ့အားလည္းရိွပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ကေတာ့ အရင္ကလည္း ကူညီခဲ့ပါတယ္။ အခုလည္း ကူညီေနပါတယ္။ ေနာင္လည္း ကူညီအံုးမွာပါ”ဟု ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ဆိုသည္။

အဆိုပါ ျပန္လည္ထူေထာင္ေရးစခန္းစတင္ေတာ့မည္ျဖစ္သျဖင့္ မူးယစ္ေဆးျဖတ္ၿပီးသူမ်ား ျပန္လည္ထူေထာင္ေရးအတြက္လည္း ဇြန္လအတြင္း လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း မူးယစ္ေဆးျဖတ္သူမ်ား ျပန္လည္ထူေထာင္ေရးအတြက္ ပါဝင္လုပ္ေဆာင္ေနသည့္ မဇၨ်ိမလူမႈကူညီေရးအဖြဲ႕ ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

“မူးယစ္ေဆးျဖတ္တာကေတာ့ အစိုးရအပိုင္းက လုပ္ေပးမွာပါ။ သူတို႔ေတြ မုိင္းကိုးေဆးျဖတ္စခန္းက ေဆးျဖတ္ၿပီးသြားရင္ ျပန္လည္ထူေထာင္ေရးအတြက္ ဦးက်ေဟးက သဘာဝတရားရိပ္သာဆရာေတာ္ႀကီးကို လွဴဒါန္းလိုက္တဲ့ေနရာမွာ အေဆာက္အဦေတြ ေဆာက္မွာပါ။ ဇြန္လအတြင္းမွာ ေဆးျဖတ္စခန္းဖြင့္မွာဆိုေတာ့ အဲဒါၿပီးတာနဲ႔ သူတို႔ေတြ ျပန္လည္ထူေထာင္ေရးစတင္ႏုိင္ေအာင္ လုပ္ေဆာင္သြားမွာပါ” ဟု မူးယစ္ေဆးျဖတ္သူမ်ား ျပန္လည္ထူေထာင္ေရးအတြက္ ပါဝင္လုပ္ေဆာင္ေနသည့္ မဇၨ်ိမလူမႈကူညီေရးအဖြဲ႕ ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆး၀ါးစြဲကာ အိမ္ရာမဲ့ ေနထုိင္သူမ်ားအား ေဆးျဖတ္ေပးႏိုင္ရန္အတြက္ ျပည္နယ္အစိုးရ၏ ညႊန္ၾကားခ်က္ျဖင့္ လူမႈကူညီေရးအဖြဲ႕တစ္ခုျဖစ္သည့္ မဇၥ်ိမလူမႈကူညီေရးအသင္းက သက္ဆုိင္ရာ တာဝန္ရိွသူမ်ားႏွင့္ ပူးေပါင္းကာ ဇန္နဝါရီလ (၁၀)ရက္ေန႔မွ ဇန္နဝါရီလကုန္အထိ စာရင္းေကာက္ယူထားၿပီး မူးယစ္ေဆးစြဲသူ(၁၂၅)ဦး၏ အမည္စာရင္းအား ျပည္နယ္အစိုးရထံ တင္ျပထားၿပီးျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း ခရိုင္ၿမိဳ႕ႀကီး(၇)ၿမိဳ႕တြင္ မူးယစ္ေဆးစြဲသူမ်ားအား ေဆးျဖတ္စခန္းမ်ားတြင္ ပို႔ေဆာင္ ေဆးျဖတ္ေပးရန္ ျပည္နယ္အစိုးရအစီအစဥ္ျဖင့္ ညႊန္ၾကားထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #အင္မိုင္ခ
ဓါတ္ပံု #ဦးတင့္ေဆြ

~~~~~~~~⊰❂ unicode ~~~~~~~~


တာချီလိတ်တွင် ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်နိုင်ရန်အတွက် လုပ်ငန်းရှင်တစ်ဦးမှ မြေနေရာလှူဒါန်း
.......
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးဖြတ်လူနာများအပါအဝင် အခက်အခဲဖြစ်နေသူများအတွက် တရားစခန်းကိုအခြေခံသည့် ပြန်လည်ထူထောင်ရေးစခန်းဖေါ်ဆောင်ရန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မြေ(၈)ဧကကျော်လှူဒါန်းသဖြင့်  ဇွန်လကုန်တွင်  စတင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

“သဘာဝတရားရိပ်သာဆရာတော်က နယ်စပ်မြို့တွေမှာ မူးယစ်ဆေးစွဲသူပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် တစ်ဖက်နိုင်ငံက အလုပ်လုပ်ကိုင်ပြီး ပြန်လာသူတွေပဲဖြစ်ဖြစ်  မိမိဒေသကို မပြန်နိုင်တဲ့သူတွေကိုပဲဖြစ်ဖြစ် ဒီလိုလူတွေကို ပြန်လည်ထူထောင်ရေး လုပ်ချင်တာပါ။ တရားစခန်းကိုအခြေခံတဲ့ ပြန်လည်ထူထောင်ရေး စခန်းပါ။ မနှစ်ကကတည်းက ဆရာတော်ကို ကျွန်တော်နဲ့ မြို့နယ်စာရင်းစစ်နဲ့သွားတွေ့တယ်။ နေရာရှာခိုင်းတော့ တစ်လလောက်အကြာမှာ ကျွန်တော် ဦးကျဟေးနဲ့ ချိတ်ဆက်မိတယ်။ အဲဒီတော့ သူပိုင်မြေထဲက ဧက (၃၀)လှူပေးမယ်ဆိုပြီး သဘောတူညီခဲ့တာပါ”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေကပြောသည်။

တာချီလိတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ဦးကျဟေးက လှူဒါန်းရန်လျာထားသည့် မြေဧက(၃၀)မှာ မြို့နှင့်အလှမ်းဝေးလွန်းသဖြင့် မြို့နှင့်ပိုနီးသည့် မြေ (၈)ဧကကျော်အား ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရ ရွေးချယ်လိုက်ပြီး အဆိုပါမြေနေရာအား ဆရာတော်ဦးဆောင်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ဌာနဆိုင်ရာများ၊ မဇ္စျိမလူမူကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင့်ဆွေ နှင့် အဖွဲ့တို့က ဇွန်လ(၁)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

“ဆရာတော်က မိန့်တာက ဒါကအုပ်ချုပ်ရေးအပါအဝင် ဌာနဆိုင်ရာတွေ၊ မြို့လူထုတွေ ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းဖြစ်တယ်။ ကျွန်တော်တို့ ခရိုင်အုပ်ချုပ်ရေးအနေနဲ့ကလည်း ဒီဟာကို စလုပ်ကတည်းက ပူးပေါင်းကူညီနေပါတယ်။ ဒါကလည်း ကျွန်တော်တို့ လုပ်ချင်တဲ့လုပ်ငန်းတစ်ခုပါပဲ။ ဆရာတော်ကအရင်ကလည်း ဒီလိုလုပ်ဆောင်ခဲ့တာဖြစ်လို့ လုပ်နိုင်တဲ့အားလည်းရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အရင်ကလည်း ကူညီခဲ့ပါတယ်။ အခုလည်း ကူညီနေပါတယ်။ နောင်လည်း ကူညီအုံးမှာပါ”ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။

အဆိုပါ ပြန်လည်ထူထောင်ရေးစခန်းစတင်တော့မည်ဖြစ်သဖြင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးအတွက်လည်း ဇွန်လအတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေးအတွက် ပါဝင်လုပ်ဆောင်နေသည့် မဇ္ဇျိမလူမှုကူညီရေးအဖွဲ့ ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

“မူးယစ်ဆေးဖြတ်တာကတော့ အစိုးရအပိုင်းက လုပ်ပေးမှာပါ။ သူတို့တွေ မိုင်းကိုးဆေးဖြတ်စခန်းက ဆေးဖြတ်ပြီးသွားရင် ပြန်လည်ထူထောင်ရေးအတွက် ဦးကျဟေးက သဘာဝတရားရိပ်သာဆရာတော်ကြီးကို လှူဒါန်းလိုက်တဲ့နေရာမှာ အဆောက်အဦတွေ ဆောက်မှာပါ။ ဇွန်လအတွင်းမှာ ဆေးဖြတ်စခန်းဖွင့်မှာဆိုတော့ အဲဒါပြီးတာနဲ့ သူတို့တွေ ပြန်လည်ထူထောင်ရေးစတင်နိုင်အောင် လုပ်ဆောင်သွားမှာပါ” ဟု မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေးအတွက် ပါဝင်လုပ်ဆောင်နေသည့် မဇ္ဇျိမလူမှုကူညီရေးအဖွဲ့ ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးစွဲကာ အိမ်ရာမဲ့ နေထိုင်သူများအား ဆေးဖြတ်ပေးနိုင်ရန်အတွက် ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် မဇ္စျိမလူမှုကူညီရေးအသင်းက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဇန်နဝါရီလ (၁၀)ရက်နေ့မှ ဇန်နဝါရီလကုန်အထိ စာရင်းကောက်ယူထားပြီး မူးယစ်ဆေးစွဲသူ(၁၂၅)ဦး၏ အမည်စာရင်းအား ပြည်နယ်အစိုးရထံ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း ခရိုင်မြို့ကြီး(၇)မြို့တွင် မူးယစ်ဆေးစွဲသူများအား ဆေးဖြတ်စခန်းများတွင် ပို့ဆောင် ဆေးဖြတ်ပေးရန် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #အင်မိုင်ခ
ဓါတ်ပုံ #ဦးတင့်ဆွေ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~