ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္သို႔ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ ၿပိဳင္ပြဲဝင္လိုသူမ်ား ဇြန္လ ၂၅ ေနာက္ဆံုးေလွ်ာက္ထားႏိုင္

ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္သို႔ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ ၿပိဳင္ပြဲဝင္လိုသူမ်ား ဇြန္လ ၂၅ ေနာက္ဆံုးေလွ်ာက္ထားႏိုင္
ဇွန် 18, 2017
By Tachileik News Agency

ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္သို႔ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ ဝင္ေရာက္ယွဥ္ၿပိဳင္လိုသူမ်ား အေနျဖင့္ ၿပိဳင္ပြဲဝင္ ေလွ်ာက္လႊာမ်ားကို ခရိုင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန ရုံးမ်ားတြင္ ဇြန္လ (၂၅)ရက္ေန႔ ေနာက္ဆံုးထား၍ အခမဲ့ထုတ္ယူႏုိင္ေၾကာင္း သိရသည္။

အဆိုပါ ဂီတပြဲေတာ္၏ ပထမအဆင့္ ပဏာမအသံစစ္ေဆးျခင္းအား ရွမ္းျပည္နယ္(ေတာင္ပိုင္း)ေတာင္ႀကီးၿမိဳ႕တြင္ ဇူလိုင္လ (၅)ရက္ေန႔၌ စတင္စစ္ေဆးသြားမည္ျဖစ္ၿပီး ၿမိဳ႕ႀကီး (၁၃)ၿမိဳ႕တြင္ လွည့္လည္က်င္းပ ေရြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္မွ ဆုအျဖစ္ ပထမဆု ေငြသားက်ပ္သိန္း(၃၀၀)၊ ဒုတိယဆု ေငြသားက်ပ္သိန္း(၂၀၀)၊ တတိယဆုိေငြသားက်ပ္သိန္း(၁၀၀)၊ ႏွစ္သိမ့္ဆုႏွင့္ အထူးဆု(၇)ဆုအတြက္ တစ္ဆုလွ်င္ ေငြသားက်ပ္သိန္း(၃၀)စီ ခ်ီးျမွင့္သြားမည္ျဖစ္သည္။

ျမန္မာႏုိင္ငံသား အသက္ (၁၅)ႏွစ္မွ (၅၅)ႏွစ္ၾကားအရြယ္ ၿပိဳင္ပြဲတစ္ေလွ်ာက္လံုး ပါဝင္ယွဥ္ၿပိဳင္လိုသူမ်ား ေလွ်ာက္ထားႏုိင္ၿပီး ၿပိဳင္ပြဲမွ သတ္မွတ္ထားေသာ ေတးသီခ်င္းမ်ား သီဆိုႏုိင္သူ၊ ၿပိဳင္ပြဲ စည္းကမ္းခ်က္မ်ားႏွင့္ ဒိုင္ဆံုးျဖတ္ခ်က္မ်ားအား လုိက္နာႏုိင္သူ၊ တစ္ကိုယ္ေတာ္ ေတးစီးရီးေခြ ထုတ္လုပ္ဖူးျခင္းမရိွသူမ်ား ျဖစ္ရန္ လိုအပ္ေၾကာင္း သိရသည္။

ေတးဂီတၿပိဳင္ပြဲမ်ားတြင္ ဆုရရိွထားသူမ်ားလည္း ဝင္ေရာက္ယွဥ္ၿပိဳင္ႏုိင္ၿပီး ၿပိဳင္ပြဲကာလတြင္ ရိုးရာယဥ္ေက်းမႈႏွင့္အညီ ဝတ္စားဆင္ယင္ထံုးဖြဲ႕ရမည္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲတြင္ ဆုရရိွသူ(၁၀)ဦးေရြးခ်ယ္ၿပီးေနာက္ ၎တို႔သည္ အႏုပညာလုပ္ငန္းမ်ားအား လြတ္လပ္စြာ ေဆာင္ရြက္ခြင့္ရမည္ျဖစ္ေသာ္လည္း ႏွစ္ႏွစ္အတြင္း ျမန္မာ့အသံႏွင့္ ရုပ္ျမင္သံၾကား (MRTV)က အခါအားေလ်ာ္စြာ ေခၚယူသည့္ အစီအစဥ္မ်ားတြင္ မပ်က္မကြက္ပါဝင္ သီဆိုေဖ်ာ္ေျဖရမည္ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ငြိမ်းချမ်းရေးဂီတပွဲတော်သို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ဝင်ရောက်ယှဉ်ပြိုင်လိုသူများ အနဖြေင့် ပြိုင်ပွဲဝင် လျှောက်လွှာများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများတွင် ဇွန်လ (၂၅)ရက်နေ့ နောက်ဆုံးထား၍ အခမဲ့ထုတ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါ ဂီတပွဲတော်၏ ပထမအဆင့် ပဏာမအသံစစ်ဆေးခြင်းအား ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် ဇူလိုင်လ (၅)ရက်နေ့၌ စတင်စစ်ဆေးသွားမည်ဖြစ်ပြီး မြို့ကြီး (၁၃)မြို့တွင် လှည့်လည်ကျင်းပ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးဂီတပွဲတော်မှ ဆုအဖြစ် ပထမဆု ငွေသားကျပ်သိန်း(၃၀၀)၊ ဒုတိယဆု ငွေသားကျပ်သိန်း(၂၀၀)၊ တတိယဆိုငွေသားကျပ်သိန်း(၁၀၀)၊ နှစ်သိမ့်ဆုနှင့် အထူးဆု(၇)ဆုအတွက် တစ်ဆုလျှင် ငွေသားကျပ်သိန်း(၃၀)စီ ချီးမြှင့်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံသား အသက် (၁၅)နှစ်မှ (၅၅)နှစ်ကြားအရွယ် ပြိုင်ပွဲတစ်လျှောက်လုံး ပါဝင်ယှဉ်ပြိုင်လိုသူများ လျှောက်ထားနိုင်ပြီး ပြိုင်ပွဲမှ သတ်မှတ်ထားသော တေးသီချင်းများ သီဆိုနိုင်သူ၊ ပြိုင်ပွဲ စည်းကမ်းချက်များနှင့် ဒိုင်ဆုံးဖြတ်ချက်များအား လိုက်နာနိုင်သူ၊ တစ်ကိုယ်တော် တေးစီးရီးခွေ ထုတ်လုပ်ဖူးခြင်းမရှိသူများ ဖြစ်ရန် လိုအပ်ကြောင်း သိရသည်။

တေးဂီတပြိုင်ပွဲများတွင် ဆုရရှိထားသူများလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲကာလတွင် ရိုးရာယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ထုံးဖွဲ့ရမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဆုရရှိသူ(၁၀)ဦးရွေးချယ်ပြီးနောက်၎င်းတို့သည် အနုပညာလုပ်ငန်းများအား လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရမည်ဖြစ်သော်လည်း နှစ်နှစ်အတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)က အခါအားလျော်စွာ ခေါ်ယူသည့် အစီအစဉ်များတွင် မပျက်မကွက်ပါဝင် သီဆိုဖျော်ဖြေရမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~