သတင္းေပးကူညီမႈေၾကာင္႔ ေငြက်ပ္(၁၆၈)သိန္းခိုးယူသူအား အမႈဖြင္႔ၿပီး တစ္နာရီအတြင္း ဖမ္းဆီးရမိ

သတင္းေပးကူညီမႈေၾကာင္႔ ေငြက်ပ္(၁၆၈)သိန္းခိုးယူသူအား အမႈဖြင္႔ၿပီး တစ္နာရီအတြင္း ဖမ္းဆီးရမိ
ဇွန် 3, 2017
By 🌸
မေကြးၿမိဳ႕တြင္ ေနအိမ္ရိွေသတၱာထဲထည္႔ထားေသာ ေငြက်ပ္ (၁၆၈)သိန္းခိုးယူခံရမႈအား အမႈဖြင္႔ၿပီး တစ္နာရီအၾကာတြင္ ျပည္သူသတင္းေပးကူညီမႈေၾကာင့္ ခိုးယူသူအား သက္ေသခံေငြမ်ားႏွင္႔တကြ ေဖာ္ထုတ္ဖမ္းဆီးႏိုင္လိုက္ေၾကာင္း မေကြးၿမိဳ႕ နယ္ေျမရဲစခန္းမွ သိရသည္။

“တာဝန္သိျပည္သူတစ္ဦးရဲ႕ ဖုန္းနဲ႔သတင္းေပးမႈေၾကာင္႔ ခုလိုအခ်ိန္တိုအတြင္းမွာ ခိုးမႈက်ဴးလြန္တယ္လို႔ သံသယရိွသူကို အခ်ိန္မီေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ႔တာပါ။ ေငြကိုအလံုးအရင္းနဲ႔ ခိုးယူသြားတာျဖစ္လို႔ အဲဒီဖုန္းသတင္းသာ မရရိွခဲ႔ဘူးဆိုရင္  အမႈေဖာ္ထုတ္ဖို႔က ၾကန္႔ၾကာသြားႏိုင္ၿပီး ေဖာ္ထုတ္ႏိုင္ဖို႔မွာလည္း အေတာ္ခက္ခဲသြားမွာပါ”ဟု မေကြးၿမိဳ႕ နယ္ေျမရဲစခန္းမွဴး ရဲအုပ္ေက်ာ္ထူးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
မေကြးၿမိဳ႕ ရန္ကင္းရပ္ကြက္(၃)လမ္း၊ အမွတ္(၈၅) ေန ကုန္သည္ ဦးေနလင္းေအာင္၏ ေနအိမ္အခန္းတြင္းရိွ သံေသတၱာထဲထည္႔ထားသည္႔ ေငြက်ပ္ (၁၆၈)သိန္း ေပ်ာက္ဆံုးေနေၾကာင္း ဇြန္လ(၃)နံနက္ပိုင္းက သိရိွရသျဖင္႔ ေနအိမ္ရိွ မိသားစုႏွင္႔ အလုပ္သမားမ်ားအား ေမးျမန္းစံုစမ္းမႈမ်ားျပဳလုပ္ခဲ႔ေသာ္လည္း ေပၚေပါက္ျခင္းမရိွ၍ မြန္းလဲြ (၂)နာရီခဲြအခ်ိန္တြင္ မေကြးၿမိဳ႕နယ္ေျမရဲစခန္းသို႔ ဦးေနလင္းေအာင္မွ တရားလိုျပဳလုပ္တိုင္တန္း အမႈဖြင္႔ခဲ႔ျခင္း ျဖစ္ေၾကာင္း စခန္းမွဴး၏ ေျပာၾကားခ်က္အရ သိရသည္။

“အခင္းျဖစ္ေနအိမ္ကို သြားေရာက္စစ္ေဆးတဲ႔အခါ အိမ္မွာ ေခြးႀကီးႏွစ္ေကာင္ရိွေပမဲ့ ထူးထူးျခားျခား ေဟာင္တာျပဳတာမရိွဘူးလို႔ သိရတယ္။ ေသတၱာကို ဓားနဲ႔ကလန္႔ဖြင္႔တယ္။ အဲဒီဓားကို အိမ္ေနာက္ေဖးက ေခြးစာေကၽြးတဲ႔ေနရာက ေတြ႔ရတယ္။ ဒီအခ်က္ေတြေၾကာင္႔ အတြင္းလူျဖစ္ႏိုင္တယ္လို႔ ေယဘုယ်သံုးသပ္ၿပီး နယ္ထိန္းအဖဲြ႔နဲ႔အတူ စံုစမ္းစစ္ေဆးမႈေတြလုပ္ခဲ႔ပါတယ္”ဟု ၎ကေျပာသည္။

ထိုသို႔စံုစမ္းမႈမ်ားျပဳလုပ္ေနစဥ္ အေဝးေျပးကားကြင္းအနီးမွ တည္းခိုခန္းတစ္ခုတြင္ မသကၤာဖြယ္ရာ လူငယ္တစ္ဦးကို ေတြ႔ရိွရေၾကာင္းႏွင္႔ ထိုသူမွာ အသံုးအျဖဳန္းႀကီးေနေၾကာင္း ျပည္သူတစ္ဦး၏ ဖုန္းသတင္းေပးပို႔ခ်က္အရ သတင္းေပးေနရာသို႔ မြန္းလဲြ (၃) နာရီခဲြအခ်ိန္တြင္ သြားေရာက္စစ္ေဆးႏိုင္ခဲ႔သျဖင္႔ ခိုးယူသြားေသာ ေငြမ်ားႏွင္႔တကြ ခ်စ္ႏိုင္(ခ)ခ်စ္မင္းကိုအား ဖမ္းဆီးႏိုင္ခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

အသက္ (၁၇)ႏွစ္အရြယ္ ခ်စ္ႏိုင္မွာ ဦးေနလင္းေအာင္၏ ေနအိမ္၌ အလုပ္သမားအျဖစ္ (၆) လခန္႔အလုပ္လုပ္ခဲ႔သူ ျဖစ္၍  ေခြးႏွစ္ေကာင္ႏွင္႔ ရင္းႏွီးခဲ႔သူျဖစ္ေၾကာင္း၊ ထိုအိမ္မွ အလုပ္ထြက္ခဲ႔ကာ လမ္းေဘး၌ အီၾကာေကြး၊ ပလာတာေရာင္း၍ အသက္ေမြးဝမ္းေၾကာင္းျပဳၿပီး ေနအိမ္အေျခအေနကို ေစာင္႔ၾကည္႔ေလ႔လာ၍ ဇြန္(၃)ရက္ နံနက္ (၂)နာရီ အခ်ိန္ခန္႔တြင္ ဝင္ေရာက္ခိုးယူခဲ႔ျခင္းျဖစ္ေၾကာင္းႏွင့္ ရန္ကုန္သို႔သြားေရာက္ရန္ ကားလက္မွတ္ျဖတ္ၿပီးျဖစ္ေၾကာင္း ခ်စ္ႏိုင္၏ ထြက္ဆိုခ်က္အရ သိရသည္။

ခ်စ္ႏိုင္(ခ)ခ်စ္မင္းအား မေကြးၿမိဳ႕ နယ္ေျမရဲစခန္းတြင္ (ပ)၃၇၅/၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၈၀ အရ အမႈ ဖြင္႔ အေရးယူေဆာင္ရြက္ထားေၾကာင္း ရဲစခန္းမွတ္တမ္းအရ သိရသည္။

သတင္း၊ ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်သူသတင်းပေးမှုကြောင့် ငွေကျပ်(၁၆၈)သိန်းခိုးယူသူအား အမှုဖွင့်ပြီး တစ်နာရီအတွင်း ဖမ်းဆီးရမိ
*************
မကွေးမြို့တွင် နေအိမ်ရှိသေတ္တာထဲထည့်ထားသော ငွေကျပ် (၁၆၈)သိန်းခိုးယူခံရမှုအား အမှုဖွင့်ပြီး တစ်နာရီအကြာတွင် ပြည်သူသတင်းပေးကူညီမှုကြောင့် ခိုးယူသူအား သက်သေခံငွေများနှင့်တကွ ဖော်ထုတ်ဖမ်းဆီးနိုင်လိုက်ကြောင်း မကွေးမြို့ နယ်မြေရဲစခန်းမှ သိရသည်။

“တာဝန်သိပြည်သူတစ်ဦးရဲ့ ဖုန်းနဲ့သတင်းပေးမှုကြောင့် ခုလိုအချိန်တိုအတွင်းမှာ ခိုးမှုကျူးလွန်တယ်လို့ သံသယရှိသူကို အချိန်မီဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာပါ။ ငွေကိုအလုံးအရင်းနဲ့ ခိုးယူသွားတာဖြစ်လို့ အဲဒီဖုန်းသတင်းသာ မရရှိခဲ့ဘူးဆိုရင်  အမှုဖော်ထုတ်ဖို့က ကြန့်ကြာသွားနိုင်ပြီး ဖော်ထုတ်နိုင်ဖို့မှာလည်း အတော်ခက်ခဲသွားမှာပါ”ဟု မကွေးမြို့ နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ထူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးမြို့ ရန်ကင်းရပ်ကွက်(၃)လမ်း၊ အမှတ်(၈၅) နေ ကုန်သည် ဦးနေလင်းအောင်၏ နေအိမ်အခန်းတွင်းရှိ သံသေတ္တာထဲထည့်ထားသည့် ငွေကျပ် (၁၆၈)သိန်း ပျောက်ဆုံးနေကြောင်း ဇွန်လ(၃)နံနက်ပိုင်းက သိရှိရသဖြင့် နေအိမ်ရှိ မိသားစုနှင့် အလုပ်သမားများအား မေးမြန်းစုံစမ်းမှုများပြုလုပ်ခဲ့သော်လည်း ပေါ်ပေါက်ခြင်းမရှိ၍ မွန်းလွဲ (၂)နာရီခွဲအချိန်တွင် မကွေးမြို့နယ်မြေရဲစခန်းသို့ ဦးနေလင်းအောင်မှ တရားလိုပြုလုပ်တိုင်တန်း အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း စခန်းမှူး၏ ပြောကြားချက်အရ သိရ သည်။

“အခင်းဖြစ်နေအိမ်ကို သွားရောက်စစ်ဆေးတဲ့အခါ အိမ်မှာ ခွေးကြီးနှစ်ကောင်ရှိပေမဲ့ ထူးထူးခြားခြား ဟောင်တာပြုတာမရှိဘူးလို့ သိရတယ်။ သေတ္တာကို ဓားနဲ့ကလန့်ဖွင့်တယ်။ အဲဒီဓားကို အိမ်နောက်ဖေးက ခွေးစာကျွေးတဲ့နေရာက တွေ့ရတယ်။ ဒီအချက်တွေကြောင့် အတွင်းလူဖြစ်နိုင်တယ်လို့ ယေဘုယျသုံးသပ်ပြီး နယ်ထိန်းအဖွဲ့နဲ့အတူ စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်”ဟု ၎င်းကပြောသည်။

ထိုသို့စုံစမ်းမှုများပြုလုပ်နေစဉ် အဝေးပြေးကားကွင်းအနီးမှ တည်းခိုခန်းတစ်ခုတွင် မသင်္ကာဖွယ်ရာ လူငယ်တစ်ဦးကို တွေ့ရှိရကြောင်းနှင့် ထိုသူမှာ အသုံးအဖြုန်းကြီးနေကြောင်း ပြည်သူတစ်ဦး၏ ဖုန်းသတင်းပေးပို့ချက်အရ သတင်းပေးနေရာသို့ မွန်းလွဲ (၃) နာရီခွဲအချိန်တွင် သွားရောက်စစ်ဆေးနိုင်ခဲ့သဖြင့် ခိုးယူသွားသော ငွေများနှင့်တကွ ချစ်နိုင်(ခ)ချစ်မင်းကိုအား ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် (၁၇)နှစ်အရွယ် ချစ်နိုင်မှာ ဦးနေလင်းအောင်၏ နေအိမ်၌ အလုပ်သမားအဖြစ် (၆) လခန့်အလုပ်လုပ်ခဲ့သူ ဖြစ်၍  ခွေးနှစ်ကောင်နှင့် ရင်းနှီးခဲ့သူဖြစ်ကြောင်း၊ ထိုအိမ်မှ အလုပ်ထွက်ခဲ့ကာ လမ်းဘေး၌ အီကြာကွေး၊ ပလာတာရောင်း၍ အသက်မွေးဝမ်းကြောင်းပြုပြီး နေအိမ်အခြေအနေကို စောင့်ကြည့်လေ့လာ၍ ဇွန်(၃)ရက် နံနက် (၂)နာရီ အချိန်ခန့်တွင် ဝင်ရောက်ခိုးယူခဲ့ခြင်းဖြစ်ကြောင်းနှင့် ရန်ကုန်သို့သွားရောက်ရန် ကားလက်မှတ်ဖြတ်ပြီးဖြစ်ကြောင်း ချစ်နိုင်၏ ထွက်ဆိုချက်အရ သိရသည်။

ချစ်နိုင်(ခ)ချစ်မင်းအား မကွေးမြို့ နယ်မြေရဲစခန်းတွင် (ပ)၃၇၅/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ အရ အမှု ဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

သတင်း၊ ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~