မြန်မာ - ထိုင်း နယ်စပ်အကြားရှိ မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွဲဝေအသုံးချရေး မြန်မာ - ထိုင်း ဆွေးနွေး

မြန်မာ - ထိုင်း နယ်စပ်အကြားရှိ မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွဲဝေအသုံးချရေး မြန်မာ - ထိုင်း ဆွေးနွေး
ဇှနျ 27, 2017
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ် - မယ်ဆိုင်အကြားရှိ မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွဲဝေ အသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဆောင်သည့် ကော်မတီက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Meakhong Data Hotel တွင် ဇွန်လ(၂၇)ရက်နေ့ နံနက်ပိုင်းက ထိုင်းဘက်တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာဘက်မှ မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွဲဝေအသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး၊  ပြည်နယ်အုပ်ချုပ်ရေးမှူး  ဦးစိုးစိုးဇော် နှင့် ယင်းကော်မတီ အတွင်းရေးမှူး တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် အဖွဲ့ဝင်များဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)၊ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် သက်ဆိုင်ရာဌာနများမှ  တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြန်မာ - ထိုင်း မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွဲဝေအသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ တို့မှ ဆွေးနွေးကြခြင်း ဖြစ်ပြီး ဆပ်ကော်မတီမှ နှစ်နိုင်ငံ ကတိက၀တ်များနှင့် အညီ မယ်ဆိုင် - မယ်ဟောက် ချောင်းရေကို သာတူညီမျှ ခွဲဝေ အသုံးပြုနိုင်ရေး နှင့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ကြောင်း ကနဦး သတင်းရရှိသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ် - မယ်ဆိုင်အကြားရှိ မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွေဲဝ အသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဆောင်သည့် ကော်မတီက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Meakhong Data Hotel တွင် ဇွန်လ(၂၇)ရက်နေ့ နံနက်ပိုင်းက ထိုင်းဘက်တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာဘက်မှ မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွေဲဝအသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော် နှင့် ယင်းကော်မတီ အတွင်းရေးမှူး တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် အဖွဲ့ဝင်များဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)၊ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြန်မာ - ထိုင်း မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွေဲဝအသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ တို့မှ ဆွေးနွေးကြခြင်း ဖြစ်ပြီး ဆပ်ကော်မတီမှ နှစ်နိုင်ငံ ကတိကဝတ်များနှင့် အညီ မယ်ဆိုင် - မယ်ဟောက် ချောင်းရေကို သာတူညီမျှ ခွေဲဝ အသုံးပြုနိုင်ရေး နှင့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ကြောင်း ကနဦး သတင်းရရှိသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~