လားရိႈးမွ ဟိုတယ္တစ္ခုအား ဗံုးခြဲမည္ဟုၿခိမ္းေျခာက္ေငြေတာင္းသျဖင့္ လံုၿခံဳေရးတိုးျမႇင့္ထား

လားရိႈးမွ ဟိုတယ္တစ္ခုအား ဗံုးခြဲမည္ဟုၿခိမ္းေျခာက္ေငြေတာင္းသျဖင့္ လံုၿခံဳေရးတိုးျမႇင့္ထား
ဇွန် 14, 2017
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕မွ ဟိုတယ္တစ္ခုအား ေတာင္းခံထားသည့္ေငြမေပးပါက ဗံုးခြဲမည္ဟု ဇြန္လ (၁၄) ရက္ေန႔က ဖုန္းဆက္ၿခိမ္းေျခာက္သျဖင့္ ျပည္နယ္ရဲတပ္ဖြဲ႔က အဆိုပါဟိုတယ္ႏွင့္ ပတ္ဝန္းက်င္အား လံုၿခံဳေရးတိုးျမႇင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

 “ဒီမနက္(၉)နာရီဝန္းက်င္ေလာက္က အဲဒီဟိုတယ္ကို လူတစ္ဦးကဖုန္းဆက္လာၿပီး ေတာင္းခံထားတဲ့ ေငြေၾကးေတြကို လာမယ့္သံုးရက္အတြင္း မေပးဘူးဆိုရင္ ဗံုးခြဲမယ္လို႔ ၿခိမ္းေျခာက္ထားတဲ့အတြက္ ကြ်န္ေတာ္တို႔ ရဲတပ္ဖြဲ႔ေတြနဲ႔ မိုင္းရွင္းလင္းေရးအဖြဲ႔ေတြ ပူးေပါင္းၿပီး ဟိုတယ္အတြင္းအျပင္ လံုၿခံဳေရးနဲ႔ မိုင္းေတြရွိမရွိ ရွာေဖြရွင္းလင္းေရးေတြ လုပ္ေဆာင္ေပးေနပါတယ္”ဟု ရွမ္းျပည္နယ္ဒုတိယရဲတပ္ဖြဲ႔မွဴးရံုး ( လားရိႈး ) မွ ရဲအရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရိႈးၿမိဳ႕မွ နယူးပဲေလ့စ္ဟိုတယ္သို႔ ဇြန္လ(၁၄) ရက္ေန႔ နံနက္ပိုင္းတြင္ မိုင္းေနာ္ဇားဆိုသူကဖုန္းဆက္၍ ယခင္ကေတာင္းခံထားသည့္ေငြေၾကး မေပးေဆာင္ပါက သံုးရက္အတြင္း ဗံုးခြဲမည္ဟု ၿခိမ္းေျခာက္ခဲ့ျခင္း ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ ဒုတိယရဲတပ္ဖြဲ႕မွဴးရံုးမွ သိရသည္။

“ကၽြန္မတို႔ အဲဒီကိစၥကိုေတာ့ မေျပာျပရဲဘူးရွင့္။ ဟိုတယ္ပိုင္ရွင္ကလည္း ခရီးသြားေနပါတယ္။ မန္ေနဂ်ာလည္း မရွိဘူး။ ဒါေၾကာင့္ အဲဒီကိစၥကိုမေျပာျပတတ္ဘူးရွင္”ဟု  နယူးပဲေလ့စ္ဟိုတယ္မွ ဖုန္းလက္ခံေျဖဆိုသူ ဝန္ထမ္းတစ္ဦးက တာခီ်လိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

လားရိႈးၿမိဳ႕မွ ဟိုတယ္ (၉)ခုအား ၂၀၁၇ ခုႏွစ္ ေမလ (၂၂)ရက္ေန႔ကလည္း ရန္ပံုေငြလာေရာက္ထည့္သြင္းရန္ သတိေပးအေၾကာင္းၾကားျခင္းေခါင္းစဥ္ျဖင့္ PSLF / TNLA အခြန္ဦးစီးဌာန- လားရိႈးလႈပ္ရွားမႈအဖြဲ႔အမည္ျဖင့္ ေငြေတာင္းခံစာမ်ားအား ေသနတ္က်ည္ဆံတစ္ေတာင့္စီႏွင့္အတူ ေပးပို႔ထားခဲ့ေၾကာင္း သိရသည္။

“ၿပီးခဲ့တဲ့ လထဲကမွ လားရိႈးကဟိုတယ္ (၉)ခုကို က်ည္ဆံနဲ႔စာ ပို႔ထားတာမၾကာေသးဘူး။ အခုလည္း ဟိုတယ္ တစ္ခုကို ဖုန္းဆက္ၿပီး ေတာင္းထားတဲ့ေငြမေပးရင္ ဗံုးခြဲမယ္လို႔ ၿခိမ္းေျခာက္မႈမ်ိဳးရွိလာၿပီ။ ဟိုတယ္ေတြမွာလည္း လူအဝင္အထြက္နည္းသြားတာကို ေတြ႔ရတယ္။ လားရိႈးမွာ ေနထိုင္ရတာ မလံုၿခံဳေတာ့သလို ခံစားရတယ္” ဟု လားရိႈးၿမိဳ႕ အမွတ္(၈)ရပ္ကြက္မွ ကိုေပါက္စက ေျပာသည္။

လက္ရိွတြင္ ၿခိမ္းေျခာက္ခံထားရသည့္ ဟိုတယ္ႏွင့္အနီးဝန္းက်င္အျပင္ ၿမိဳ႕တြင္းလွည့္ကင္းမ်ားကိုလည္း ပံုမွန္ဆက္လက္လုပ္ေဆာင္ေနေၾကာင္း လားရိႈးၿမိဳ႕ ရွမ္းျပည္နယ္ဒုတိယရဲတပ္ဖြဲ႔မွဴးရံုးမွ သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~

လားရှိုးမှ ဟိုတယ်တစ်ခုအား ဗုံးခွဲမည်ဟုခြိမ်းခြောက်ငွေတောင်းသဖြင့် လုံခြုံရေးတိုးမြှင့်ထား
***********
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ ဟိုတယ်တစ်ခုအား တောင်းခံထားသည့်ငွေမပေးပါက ဗုံးခွဲမည်ဟု ဇွန်လ (၁၄) ရက်နေ့က ဖုန်းဆက်ခြိမ်းခြောက်သဖြင့် ပြည်နယ်ရဲတပ်ဖွဲ့က အဆိုပါဟိုတယ်နှင့် ပတ်ဝန်းကျင်အား လုံခြုံရေးတိုးမြှင့် ဆောင်ရွက်နေကြောင်း သိရသည်။
 “ဒီမနက်(၉)နာရီဝန်းကျင်လောက်က အဲဒီဟိုတယ်ကို လူတစ်ဦးကဖုန်းဆက်လာပြီး တောင်းခံထားတဲ့ ငွေကြေးတွေကို လာမယ့်သုံးရက်အတွင်း မပေးဘူးဆိုရင် ဗုံးခွဲမယ်လို့ ခြိမ်းခြောက်ထားတဲ့အတွက် ကျွန်တော်တို့ ရဲတပ်ဖွဲ့တွေနဲ့ မိုင်းရှင်းလင်းရေးအဖွဲ့တွေ ပူးပေါင်းပြီး ဟိုတယ်အတွင်းအပြင် လုံခြုံရေးနဲ့ မိုင်းတွေရှိမရှိ ရှာဖွေရှင်းလင်းရေးတွေ လုပ်ဆောင်ပေးနေပါတယ်”ဟု ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး ( လားရှိုး ) မှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လားရှိုးမြို့မှ နယူးပဲလေ့စ်ဟိုတယ်သို့ ဇွန်လ(၁၄) ရက်နေ့ နံနက်ပိုင်းတွင် မိုင်းနော်ဇားဆိုသူကဖုန်းဆက်၍ ယခင်ကတောင်းခံထားသည့်ငွေကြေး မပေးဆောင်ပါက သုံးရက်အတွင်း ဗုံးခွဲမည်ဟု ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
“ကျွန်မတို့ အဲဒီကိစ္စကိုတော့ မပြောပြရဲဘူးရှင့်။ ဟိုတယ်ပိုင်ရှင်ကလည်း ခရီးသွားနေပါတယ်။ မန်နေဂျာလည်း မရှိဘူး။ ဒါကြောင့် အဲဒီကိစ္စကိုမပြောပြတတ်ဘူးရှင်”ဟု  နယူးပဲလေ့စ်ဟိုတယ်မှ ဖုန်းလက်ခံဖြေဆိုသူ ဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လားရှိုးမြို့မှ ဟိုတယ် (၉)ခုအား ၂၀၁၇ ခုနှစ် မေလ (၂၂)ရက်နေ့ကလည်း ရန်ပုံငွေလာရောက်ထည့်သွင်းရန် သတိပေးအကြောင်းကြားခြင်းခေါင်းစဉ်ဖြင့် PSLF / TNLA အခွန်ဦးစီးဌာန- လားရှိုးလှုပ်ရှားမှုအဖွဲ့အမည်ဖြင့် ငွေတောင်းခံစာများအား သေနတ်ကျည်ဆံတစ်တောင့်စီနှင့်အတူ ပေးပို့ထားခဲ့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ လထဲကမှ လားရှိုးကဟိုတယ် (၉)ခုကို ကျည်ဆံနဲ့စာ ပို့ထားတာမကြာသေးဘူး။ အခုလည်း ဟိုတယ် တစ်ခုကို ဖုန်းဆက်ပြီး တောင်းထားတဲ့ငွေမပေးရင် ဗုံးခွဲမယ်လို့ ခြိမ်းခြောက်မှုမျိုးရှိလာပြီ။ ဟိုတယ်တွေမှာလည်း လူအဝင်အထွက်နည်းသွားတာကို တွေ့ရတယ်။ လားရှိုးမှာ နေထိုင်ရတာ မလုံခြုံတော့သလို ခံစားရတယ်” ဟု လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်မှ ကိုပေါက်စက ပြောသည်။
လက်ရှိတွင် ခြိမ်းခြောက်ခံထားရသည့် ဟိုတယ်နှင့်အနီးဝန်းကျင်အပြင် မြို့တွင်းလှည့်ကင်းများကိုလည်း ပုံမှန်ဆက်လက်လုပ်ဆောင်နေကြောင်း လားရှိုးမြို့ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~