
ဇှနျ 2, 2017
By 🌸





သတင်း၊ဓါတ်ပုံ #နိုနို

~~~~~~~~⊰❂ unicode ~~~~~~~~
​တောင်​ကြီးမြို့၌ကျင်​းပ​သော  က​လေးစာ​ပေပွဲ​တော်​သို့ နိုင်​ငံ​တော်​သမ္မတ တက်​​ရောက်​
*************

ပြန်​ကြား​ရေးဝန်​ကြီးဌာန၊ ပညာ​ရေးဝန်​ကြီးဌာန၊ ရှမ်​းပြည်​နယ်​အစိုးရအဖွဲ့တို့ ပူး​ပေါင်​းစီစဉ်​သည့် ရှမ်​းပြည်​​တောင်​ပိုင်​း ​တောင်​ကြီးမြို့၌  ပထမဆုံးအကြိမ်​ က​လေးစာ​ပေပွဲ​တော်​အား ဇွန်လ (၂)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ နိုင်​ငံ​တော်​သမ္မတ တက်​​ရောက်ကြောင်း သိရသည်။

အဆိုပါ ကလေးစာပေပွဲတော်အား အပိုင်းနှစ်ပိုင်းခွဲ၍ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲအပိုင်း(၁) အနေဖြင့် ကဗျာရွတ် ပြိုင်ပွဲ၊ ကျပန်းစကားပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲတို့ ပါဝင်ဖြစ်ကြောင်း သိရသည်။

ကလေးစာပေပွဲတော် အပိုင်း(၂) တွင် ကလေးများအတွက် ဂိမ်းကစားနည်း( ၁၀ )မျိုး ပါဝင်ပြီး ပွဲတော်အား တောင်ကြီးတက္ကသိုလ် ဘက်စုံခန်းမတွင် ဇွန်လ (၂) ရက်နေ့မှ (၄) ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။

ကလေးစာပေပွဲတော်များကို နေပြည်တော်၊ မန္တလေးနှင့် မော်လမြိုင်တို့တွင် ကျင်းပခဲ့ပြီး  တောင်ကြီးမြို့တွင် စတုတ္တအကြိမ်အဖြစ် ကျင်းပနေခြင်းဖြစ်ကာ မုံရွာနှင့် ပုသိမ်မြို့များတွင်လည်း ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

စာပေပွဲတော်ဖွင့်ပွဲသို့ နိုင်​ငံ​တော်​သမ္မတ၊ ပြည်​​ထောင်​စုဝန်​ကြီးများ၊ ရှမ်​းပြည်​နယ်​အစိုးရဝန်​ကြီးချုပ်​နှင်​့ ဝန်​ကြီးများ၊ ပြန်​ကြား​ရေးဝန်​ကြီးဌာနမှ တာဝန်​ရှိသူများ၊ ဌာနဆိုင်​ရာများ တတ်​​ရောက်​အား​ပေးခဲ့ကြ​ကြောင်း​သိရသည်။

သတင်း၊ဓါတ်ပုံ #နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~