တာခ်ီလိတ္မွ တဆင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္အ၀င္ ကားျဖင့္ သြားေရာက္သူမ်ားအား ထိုင္းဘက္က သတ္မွတ္ခ်က္ တစ္ခု ထပ္တိုး

တာခ်ီလိတ္မွ တဆင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္အ၀င္ ကားျဖင့္ သြားေရာက္သူမ်ားအား ထိုင္းဘက္က သတ္မွတ္ခ်က္ တစ္ခု ထပ္တိုး
ဇွန် 13, 2017
By Tachileik News Agency

တာခ်ီလိတ္မွ တစ္ဆင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္သို႔ ေမာ္ေတာ္ကားျဖင့္ သြားေရာက္ရာတြင္ ယာဥ္ေပၚ လိုက္ပါ လာသူမ်ား၏ အမည္စာရင္းႏွင့္ အခ်က္အလက္မ်ားအား ထိုင္းဘက္မွ ေပးထားသည့္ စာရြက္ေပၚတြင္ ျဖည့္စြက္ၿပီးမွသာ လိုက္ပါခြင့္ရွိမွာ ျဖစ္ေၾကာင္း သိရသည္။

"ဒီစာရြက္ထဲမွာ ကားေပၚမွာ လိုက္ပါလာတဲ့ သူေတြရဲ႕ အမည္စာရင္းကို ျဖည့္ရမယ္၊ မျဖည့္ဘူးဆိုရင္ ကားနဲ႔ လိုက္ခြင့္ မေပးဘူး။ ေျခလ်င္ေလွ်ာက္တဲ့ ဘက္ကေနပဲ သြားရမယ္လို႔ ေျပာတယ္၊ သြားေနက်ပဲ ခါတိုင္းက ဘာမွ မေျပာဘဲ ဒီေန႔မွ ေျပာလာတယ္။ အသိေပးထားတာလည္း မရွိဘူး၊ နဂိုကမွ ထိုင္းဘက္ အ၀င္က ၾကာပါတယ္ဆိုမွ တစ္ခုၿပီးတစ္ခုကို လုပ္ေနရတယ္"ဟု တာခ်ီလိတ္မွ မယ္ဆိုင္သို႔ သြားေရာက္သူ အမ်ဳိးသမီး တစ္ဦးက ေျပာသည္။

ယခင္က ယာဥ္ေပၚ လိုက္ပါလာသူမ်ား၏ အမည္စာရင္းကို ျဖည့္စြက္ရန္ မလိုအပ္ေသာ္လည္း ၿပီးခဲ့သည့္ ထိုင္းႏိုင္ငံအတြင္း လူသတ္မႈႏွင့္ ပတ္သက္၍ တာခ်ီလိတ္တြင္ တိမ္းေရွာင္လာသည့္ ျဖစ္စဥ္ေၾကာင့္ ယခုလို ထိုင္းဘက္က ဇြန္လ ပထမပတ္အတြင္းက ၾကပ္မတ္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

"မယ္ဆိုင္ အ၀င္ ထိုင္းဘက္ကေတာ့ ျမန္မာဘက္က ၀င္လာမယ့္သူေတြအေပၚ တစ္ခုၿပီး တစ္ခု ၾကပ္မတ္ေနေတာ့တာပဲ၊ တစ္ရက္ တစ္ရက္ မယ္ဆိုင္ဘက္ သြားရတာလဲ တံတားေပၚမွာ ၾကာေနတာနဲ႔ အခ်ိန္ကုန္တာပဲ။ ျမန္မာဘက္ကေတာ့ ဘာမွ ၾကပ္မတ္မႈမရွိဘူး၊ "ဟု တာခ်ီလိတ္ေန ကိုခိုင္ထြန္းက ေျပာသည္။

တာခ်ီလိတ္မွ မယ္ဆိုင္သို႔ သြားေရာက္ရာတြင္ ျမန္မာ - ထိုင္း အမွတ္(၁)ခ်စ္ၾကည္ေရးတံတားမွ တစ္ဆင့္ သြားေရာက္ရျခင္း ျဖစ္ၿပီး မယ္ဆိုင္ အ၀င္ ထိုင္းဘက္ဂိတ္၌ စစ္ေဆးမႈမ်ား ႏွင့္အတူ နယ္စပ္တံတားကူး စာအုပ္ တံဆိပ္တံုးထုျခင္းမ်ား ၾကန္႔ၾကာမႈမ်ားေၾကာင့္ တံတားေပၚတြင္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား မၾကာခဏ ျဖစ္သည့္ကိစၥ ႏွင့္ ပတ္သက္၍ ျပည္သူမ်ား သြားလာမႈ အဆင္ေျပေစရန္ ေျဖရွင္းႏိုင္မႈ မရွိေသးေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မှ တစ်ဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ မော်တော်ကားဖြင့် သွားရောက်ရာတွင် ယာဉ်ပေါ် လိုက်ပါ လာသူများ၏ အမည်စာရင်းနှင့် အချက်အလက်များအား ထိုင်းဘက်မှ ပေးထားသည့် စာရွက်ပေါ်တွင် ဖြည့်စွက်ပြီးမှသာ လိုက်ပါခွင့်ရှိမှာ ဖြစ်ကြောင်း သိရသည်။

"ဒီစာရွက်ထဲမှာ ကားပေါ်မှာ လိုက်ပါလာတဲ့ သူတွေရဲ့ အမည်စာရင်းကို ဖြည့်ရမယ်၊ မဖြည့်ဘူးဆိုရင် ကားနဲ့ လိုက်ခွင့် မပေးဘူး။ ခြေလျင်လျှောက်တဲ့ ဘက်ကနေပဲ သွားရမယ်လို့ ပြောတယ်၊ သွားနေကျပဲ ခါတိုင်းက ဘာမှ မပြောဘဲ ဒီနေ့မှ ပြောလာတယ်။ အသိပေးထားတာလည်း မရှိဘူး၊ နဂိုကမှ ထိုင်းဘက် အဝင်က ကြာပါတယ်ဆိုမှ တစ်ခုပြီးတစ်ခုကို လုပ်နေရတယ်"ဟု တာချီလိတ်မှ မယ်ဆိုင်သို့ သွားရောက်သူ အမျိုးသမီး တစ်ဦးက ပြောသည်။

ယခင်က ယာဉ်ပေါ် လိုက်ပါလာသူများ၏ အမည်စာရင်းကို ဖြည့်စွက်ရန် မလိုအပ်သော်လည်း ပြီးခဲ့သည့် ထိုင်းနိုင်ငံအတွင်း လူသတ်မှုနှင့် ပတ်သက်၍ တာချီလိတ်တွင် တိမ်းရှောင်လာသည့် ဖြစ်စဉ်ကြောင့် ယခုလို ထိုင်းဘက်က ဇွန်လ ပထမပတ်အတွင်းက ကြပ်မတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"မယ်ဆိုင် အဝင် ထိုင်းဘက်ကတော့ မြန်မာဘက်က ဝင်လာမယ့်သူတွေအပေါ် တစ်ခုပြီး တစ်ခု ကြပ်မတ်နေတော့တာပဲ၊ တစ်ရက် တစ်ရက် မယ်ဆိုင်ဘက် သွားရတာလဲ တံတားပေါ်မှာ ကြာနေတာနဲ့ အချိန်ကုန်တာပဲ။ မြန်မာဘက်ကတော့ ဘာမှ ကြပ်မတ်မှုမရှိဘူး၊ "ဟု တာချီလိတ်နေ ကိုခိုင်ထွန်းက ပြောသည်။

တာချီလိတ်မှ မယ်ဆိုင်သို့ သွားရောက်ရာတွင် မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားမှ တစ်ဆင့် သွားရောက်ရခြင်း ဖြစ်ပြီး မယ်ဆိုင် အဝင် ထိုင်းဘက်ဂိတ်၌ စစ်ဆေးမှုများ နှင့်အတူ နယ်စပ်တံတားကူး စာအုပ် တံဆိပ်တုံးထုခြင်းများ ကြန့်ကြာမှုများကြောင့် တံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်သည့်ကိစ္စ နှင့် ပတ်သက်၍ ပြည်သူများ သွားလာမှု အဆင်ပြေစေရန် ဖြေရှင်းနိုင်မှု မရှိသေးကြောင်း သိရသည်။

သတင်း - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~