မိုင္းဆတ္ၿမိဳ႕ ပန္းခ်ီကာတြန္းပိုစတာၿပိဳင္ပြဲတြင္ ေက်ာင္းသားေက်ာင္းသူ ၄၆ ဦးယွဥ္ၿပိဳင္

မိုင္းဆတ္ၿမိဳ႕ ပန္းခ်ီကာတြန္းပိုစတာၿပိဳင္ပြဲတြင္ ေက်ာင္းသားေက်ာင္းသူ ၄၆ ဦးယွဥ္ၿပိဳင္
ဇွန် 2, 2017
By 🌸
(၂၀)ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာမူးယစ္ေဆး၀ါး အလြဲသုံးမႈႏွင့္ တရားမ၀င္ေရာင္း၀ယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အႀကိဳ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာၿပိဳင္ပြဲကို ဇြန္လ (၂) ရက္ေန႔က ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ၿမိဳ႕ အေျခခံပညာအထက္တန္းေက်ာင္းတြင္က်င္းပရာ ေက်ာင္းသားေက်ာင္းသူ (၄၆)ဦးယွဥ္ၿပိဳင္ေၾကာင္း သိရသည္။

၂၀၁၇ ခုႏွစ္၊ ဇြန္လ ၂၆ ရက္ေန႔တြင္ က်ေရာက္မည့္ (၂၀)ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာမူးယစ္ေဆး၀ါး အလြဲသုံးမႈႏွင့္ တရားမ၀င္ေရာင္း၀ယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ ပန္းခ်ီၿပိဳင္ပြဲတြင္ အထက္တန္းအဆင့္ ေက်ာင္းသား၊ ေက်ာင္းသူ(၁၄) ဦး၊  အလယ္တန္းအဆင့္ေက်ာင္းသား၊ ေက်ာင္းသူ(၁၃)ဦး၊ မူလတန္းအဆင့္ ေက်ာင္းသား၊ ေက်ာင္းသူ(၁၁)ဦးတို႔ ပါဝင္ယွဥ္ၿပိဳင္ၿပီး ကာတြန္းၿပိဳင္ပြဲတြင္ အထက္တန္းအဆင့္ ေက်ာင္းသား၊ ေက်ာင္းသူ(၃)ဦး၊ အလယ္တန္းအဆင့္ ေက်ာင္းသား၊ ေက်ာင္းသူ(၃)ဦးယွဥ္ၿပိဳင္ၾကေၾကာင္း သိရသည္။
ပိုစတာၿပိဳင္ပြဲတြင္ အထက္တန္းအဆင့္ ေက်ာင္းသား၊ ေက်ာင္းသူ(၁)ဦး၊ မူလတန္းအဆင့္ ေက်ာင္းသား၊ ေက်ာင္းသူ(၁)ဦးသာ ပါ၀င္ယွဥ္ၿပိဳင္ေၾကာင္းသိရသည္။

 အဆိုပါၿပိဳင္ပြဲမွ ဆုရရိွသူမ်ားကို ဇြန္လ (၂၆) ရက္ေန႔တြင္က်င္းပမည့္ (၂၀)ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါး အလြဲသုံးမႈႏွင့္ တရားမ၀င္ေရာင္း၀ယ္မႈတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အခမ္းအနားတြင္ ဂုဏ္ျပဳဆုလက္ေဆာင္ ေပးအပ္ခ်ီးျမွင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ယဥ္၀င္း(Iprd)

~~~~~~~~⊰❂ unicode ~~~~~~~~


မိုင်းဆတ်မြို့ ပန်းချီကာတွန်းပိုစတာပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ ၄၆ ဦးယှဉ်ပြိုင်
*************
(၂၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ဇွန်လ (၂) ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ ကျောင်းသားကျောင်းသူ (၄၆)ဦးယှဉ်ပြိုင်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၂၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၄) ဦး၊  အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၃)ဦး၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၁)ဦးတို့ ပါဝင်ယှဉ်ပြိုင်ပြီး ကာတွန်းပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃)ဦးယှဉ်ပြိုင်ကြကြောင်း သိရသည်။
ပိုစတာပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁)ဦး၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁)ဦးသာ ပါဝင်ယှဉ်ပြိုင်ကြောင်းသိရသည်။
 အဆိုပါပြိုင်ပွဲမှ ဆုရရှိသူများကို ဇွန်လ (၂၆) ရက်နေ့တွင်ကျင်းပမည့် (၂၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဂုဏ်ပြုဆုလက်ဆောင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #ယဉ်ဝင်း(Iprd)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~