ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ (ဈ)မြေယာကွက်သစ်နှင့် ပတ်သက်၍ သတ်မှတ် ကာလအတွင်း မည်သူမှ ရောင်းဝယ်ခြင်းများ၊ မြေဖို့ခြင်းများ၊ ခြံခတ်ခြင်းများ နှင့် အဆောက်အဦး ဆောက်လုပ်ခြင်းများ ပြုလုပ်ခြင်း မရှိရန်အတွက် ဇွန်လ(၁၈)ရက်နေ့ နံနက်ပိုင်းတွင် တားမြစ်စာများ ပါရှိသည့် ဆိုင်းဘုတ်များ စိုက်ထူကာ သတိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွန်လ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် တာဝန်ရှိသူများက တားမြစ်စာများဖြင့် သတိပေးနိုင်ရန်အတွက် ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက် နှင့် တာဝန်ရှိသူများက ယနေ့ ဇွန်လ(၁၇)ရက်နေ့တွင် ပြင်ဆင်နေကြောင်း သိရသည်။