တာခ်ီလိတ္ - ၀မ္ပံုသြားကားလမ္းေပၚတြင္ ယာဥ္တစ္စီး လမ္းေဘးသို႔ အရွိန္လြန္သြား၍ ယာဥ္ေမာင္း ေသဆံုး

တာခ်ီလိတ္ - ၀မ္ပံုသြားကားလမ္းေပၚတြင္ ယာဥ္တစ္စီး လမ္းေဘးသို႔ အရွိန္လြန္သြား၍ ယာဥ္ေမာင္း ေသဆံုး
ဇွန် 7, 2017
By Tachileik News Agency

တာခ်ီလိတ္ - ၀မ္ပံုသြား ကားလမ္းမေပၚတြင္ ယာဥ္တစ္စီး အရွိန္လြန္ကာ လမ္းေဘးသို႔ ထိုးက်သြားသျဖင့္ ယာဥ္ေမာင္းမွာ ဒဏ္ရာျဖင့္ ေဆးရံု၌ ေသဆံုးသြားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္း(က)ေက်းရြာအုပ္စု၊ လြန္းက်ဳိင္းေက်းရြာေရွ႕ တာခ်ီလိတ္ - ၀မ္ပံုသြား ကားလမ္းေပၚတြင္ ဇြန္လ(၆)ရက္ေန႔ ည(၆း၄၅)နာရီ၀န္းက်င္ အခ်ိန္က စိုင္းလံံု ေမာင္းႏွင္ၿပီး စိုင္းစံ၊ အိုက္ခမ္း ႏွင့္ စိုင္းေက်ာက္ တို႔ လိုက္ပါလာသည့္ ယာဥ္သည္ ၀မ္ပံုဘက္မွ တာခ်ီလိတ္ဘက္သို႔ ေမာင္းႏွင္လာစဥ္ ကားလမ္း၏ ယာဘက္ျခမ္းမွ လမ္း၀ဲဘက္ျခမ္းသို႔ အရွိန္ျပင္းကာ ေက်ာ္လြန္ တိမ္းေမွာက္သြားျခင္း ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ျဖစ္ပြားမႈေၾကာင့္ ယာဥ္တြင္ လိုက္ပါလာသည့္ အိုက္ခမ္းမွာ ယာဘက္လက္ေမာင္း နာက်င္ဒဏ္ရာ(မစိုးရိမ္ရ)ရရွိထားေၾကာင္းႏွင့္ ယာဥ္ေမာင္း စိုင္းလံုမွာ ၀ဲ/ယာ ဒူးပြန္းဒဏ္ရာ ႏွင့္ ၀မ္းဗိုက္နာက်င္ ဒဏ္ရာမ်ား ရရွိကာ စိုးရိမ္ရသည့္ အတြက္ ၀မ္ပံုတိုက္နယ္ေဆးရံုမွ တဆင့္ တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ ဆက္လက္ပို႔ေဆာင္စဥ္ ေဆးရံုသို႔ ေရာက္ရွိၿပီး ဒဏ္ရာျဖင့္ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း ၀မ္ပံုနယ္ေျမရဲစခန္းမွ သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဥပေဒအရ ၀မ္ပံုနယ္ေျမရဲစခန္းတြင္ ယာဥ္(ပ)၅/၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၇၉/၃၃၇/၃၀၄-ကျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ် - ဝမ်ပုံသွား ကားလမ်းမပေါ်တွင် ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးသို့ ထိုးကျသွားသဖြင့် ယာဉ်မောင်းမှာ ဒဏ်ရာဖြင့် ဆေးရုံ၌ သေဆုံးသွားကြောင်း သိရသည်။

တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ လွန်းကျိုင်းကျေးရွာရှေ့ တာချီလိတ် - ဝမ်ပုံသွား ကားလမ်းပေါ်တွင် ဇွန်လ(၆)ရက်နေ့ ည(၆း၄၅)နာရီဝန်းကျင် အချိန်က စိုင်းလုံ မောင်းနှင်ပြီး စိုင်းစံ၊ အိုက်ခမ်း နှင့် စိုင်းကျောက် တို့ လိုက်ပါလာသည့် ယာဉ်သည် ဝမ်ပုံဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာစဉ် ကားလမ်း၏ ယာဘက်ခြမ်းမှ လမ်းဝဲဘက်ခြမ်းသို့ အရှိန်ပြင်းကာ ကျော်လွန် တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားမှုကြောင့် ယာဉ်တွင် လိုက်ပါလာသည့် အိုက်ခမ်းမှာ ယာဘက်လက်မောင်း နာကျင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိထားကြောင်းနှင့် ယာဉ်မောင်း စိုင်းလုံမှာ ဝဲ/ယာ ဒူးပွန်းဒဏ်ရာ နှင့် ဝမ်းဗိုက်နာကျင် ဒဏ်ရာများ ရရှိကာ စိုးရိမ်ရသည့် အတွက် ဝမ်ပုံတိုက်နယ်ဆေးရုံမှ တဆင့် တာချီလိတ်ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်စဉ် ဆေးရုံသို့ ရောက်ရှိပြီး ဒဏ်ရာဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း ဝမ်ပုံနယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေအရ ဝမ်ပုံနယ်မြေရဲစခန်းတွင် ယာဉ်(ပ)၅/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၀၄-ကဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~