ထိုင္းႏိုင္ငံအတြင္း ဖမ္းခံရသည့္ တရားမ၀င္ ေရႊ႕ေျပာင္းျမန္မာအလုပ္သမား(၄၂)ဦးအား တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ

ထိုင္းႏိုင္ငံအတြင္း ဖမ္းခံရသည့္ တရားမ၀င္ ေရႊ႕ေျပာင္းျမန္မာအလုပ္သမား(၄၂)ဦးအား တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ
ဇွန် 15, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံအတြင္း တရားမ၀င္ ေရႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ားအား ထိုင္းဘက္မွ ဖမ္းဆီး အေရးယူၿပီးေနာက္ တာခ်ီလိတ္သို႔ ဇြန္လ(၁၄)ရက္ေန႔ မြန္းလြဲပိုင္းက စုစုေပါင္း (၄၂)ဦးအား ျပန္လည္လႊဲေျပာင္းလာေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွ တာ၀န္ရွိသူမ်ားက တာခ်ီလိတ္ရွိ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာ ႏွင့္ သက္ဆိုင္ရာ ဌာနမ်ား ပါ၀င္သည့္ ပူးေပါင္းအဖြ႔ဲသို႔ ဇြန္လ(၁၄)ရက္ေန႔ မြန္းလြဲ(၂)နာရီခြဲ ၀န္းက်င္အခ်ိန္က လႊဲေျပာင္းေပးလာရာတြင္ အမ်ဳိးသား(၂၆)ဦး ႏွင့္ အမ်ဳိးသမီး(၁၆)ဦး စုစုေပါင္း (၄၂)ဦး ပါ၀င္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွ တရားမ၀င္ေရႊ႕ေျပာင္း ျမန္မာႏိုင္ငံသားမ်ားအား ဖမ္းဆီး၍ ျပန္လည္ လႊဲေျပာင္းေပးလာရာတြင္ ၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ စ၍ ဇြန္လ(၁၄)ရက္ေန႔အထိ အမ်ဳိးသား(၅၅၄)ဦး၊ အမ်ဳိးသမီး(၂၃၈)ဦး ႏွင့္ ကေလးသူငယ္(၄၂)ဦး စုစုေပါင္း (၇၉၂)ဦးၿပီျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား ထိုင်းဘက်မှ ဖမ်းဆီး အရေးယူပြီးနောက် တာချီလိတ်သို့ ဇွန်လ(၁၄)ရက်နေ့ မွန်းလွဲပိုင်းက စုစုပေါင်း (၄၂)ဦးအား ပြန်လည်လွှဲပြောင်းလာကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တာဝန်ရှိသူများက တာချီလိတ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ နှင့် သက်ဆိုင်ရာ ဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သို့ ဇွန်လ(၁၄)ရက်နေ့ မွန်းလွဲ(၂)နာရီခွဲ ဝန်းကျင်အချိန်က လွှဲပြောင်းပေးလာရာတွင် အမျိုးသား(၂၆)ဦး နှင့် အမျိုးသမီး(၁၆)ဦး စုစုပေါင်း (၄၂)ဦး ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တရားမဝင်ရွှေ့ပြောင်း မြန်မာနိုင်ငံသားများအား ဖမ်းဆီး၍ ပြန်လည် လွှဲပြောင်းပေးလာရာတွင် ၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ စ၍ ဇွန်လ(၁၄)ရက်နေ့အထိ အမျိုးသား(၅၅၄)ဦး၊ အမျိုးသမီး(၂၃၈)ဦး နှင့် ကလေးသူငယ်(၄၂)ဦး စုစုပေါင်း (၇၉၂)ဦးပြီဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~