ေတာင္ႀကီး ၿမိဳ႕မေစ်းေျမာက္ဘက္ရွိ ကုန္ေျခာက္သားငါးေစ်း ယာယီဆိုင္ခန္းမ်ား ၿဖိဳဖ်က္ရန္အတြက္ တင္ဒါ သိန္း (၁၂၀) ရရွိ

ေတာင္ႀကီး ၿမိဳ႕မေစ်းေျမာက္ဘက္ရွိ ကုန္ေျခာက္သားငါးေစ်း ယာယီဆိုင္ခန္းမ်ား ၿဖိဳဖ်က္ရန္အတြက္ တင္ဒါ သိန္း (၁၂၀) ရရွိ
ဇွန် 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ Taunggyi City Square Shoppint Center သို႔ ေျပာင္းေရႊ႕ရမည့္ ၿမိဳ႕မေစ်းေျမာက္ဘက္ရွိ ကုန္ေျခာက္သားငါးေစ်း ယာယီဆိုင္ခန္း (၄၆၆)ခန္းၿဖိဳဖ်က္ခြင့္အား က်ပ္သိန္း (၁၂၀)ျဖင့္ တင္ဒါေအာင္သြားေၾကာင္း သိရသည္။

“ ဆိုင္ေတြကို ဖ်က္ဖို႔အတြက္ နည္းနည္းေနာက္က်သြားပါတယ္။ ဘာလို႔လဲဆိုေတာ့ တင္ဒါကလည္း ေနာက္က်သြားတယ္။ သူ႔သတ္မွတ္ခ်က္အတိုင္း တင္ဒါရသြားပါတယ္။ တင္ဒါယူတာက ေတာင္ႀကီးက လူပါပဲ။ အစကေတာ့ တင္ဒါယူမယ့္ သူမရွိရင္ စည္ပင္ကေန ဦးေဆာင္ၿပီးဖ်က္ရမွာပါ။ အခု တင္ဒါေစ်းႏႈန္းရသြားေတာ့ ဒီေန႔ စဖ်က္ေနပါၿပီ။ လမ္းလည္း အေတာ္က်ယ္သြားမွာပါ။ ကုန္သည္ေတြ အတြက္ေတာ့ ပိုၿပီးအဆင္ေျပသြားပါၿပီ” ဟု ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကိုက ေျပာသည္။

ဆိုင္ခန္းမ်ား ၿဖိဳဖ်က္ရန္တင္ဒါအား ဇြန္လ(၇)ရက္ေန႔က စတင္ေခၚယူျခင္းျဖစ္ၿပီး တင္ဒါေအာင္ျမင္သည့္ ကုမၸဏီက ဇြန္လ (၁၇)ရက္ေန႔က ေစ်းရံုမ်ား စတင္ၿဖိဳဖ်က္ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါ ယာယီကုန္ေျခာက္သားငါးေစ်းဆိုင္ခန္းသည္ ယခင္က ၿမိဳ႕မေစ်းေရွ႕မွ ေျမ (၁.၄၁) ဧကတြင္ ၁၉၆၈ ခုႏွစ္ကတည္းက စတင္ေရာင္းခ်လာၾကျခင္းျဖစ္ၿပီး ၁၉၉၃ ခုႏွစ္တြင္ ၿမိဳ႕အေနအထားအရ လက္ရိွ ယာယီေရာင္းခ်ရာေနရာသို႔ ေျပာင္းေရႊ႕ခဲ့ရျခင္းျဖစ္သည္။

သတင္း/ဓာတ္ပံု - #ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ Taunggyi City Square Shoppint Center သို့ ပြောင်းရွှေ့ရမည့် မြို့မဈေးမြောက်ဘက်ရှိ ကုန်ခြောက်သားငါးဈေး ယာယီဆိုင်ခန်း (၄၆၆)ခန်းဖြိုဖျက်ခွင့်အား ကျပ်သိန်း (၁၂၀)ဖြင့် တင်ဒါအောင်သွားကြောင်း သိရသည်။

“ ဆိုင်တွေကို ဖျက်ဖို့အတွက် နည်းနည်းနောက်ကျသွားပါတယ်။ ဘာလို့လဲဆိုတော့ တင်ဒါကလည်း နောက်ကျသွားတယ်။ သူ့သတ်မှတ်ချက်အတိုင်း တင်ဒါရသွားပါတယ်။ တင်ဒါယူတာက တောင်ကြီးက လူပါပဲ။ အစကတော့ တင်ဒါယူမယ့် သူမရှိရင် စည်ပင်ကနေ ဦးဆောင်ပြီးဖျက်ရမှာပါ။ အခု တင်ဒါဈေးနှုန်းရသွားတော့ ဒီနေ့ စဖျက်နေပါပြီ။ လမ်းလည်း အတော်ကျယ်သွားမှာပါ။ ကုန်သည်တွေ အတွက်တော့ ပိုပြီးအဆင်ပြေသွားပါပြီ” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက ပြောသည်။

ဆိုင်ခန်းများ ဖြိုဖျက်ရန်တင်ဒါအား ဇွန်လ(၇)ရက်နေ့က စတင်ခေါ်ယူခြင်းဖြစ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီက ဇွန်လ (၁၇)ရက်နေ့က ဈေးရုံများ စတင်ဖြိုဖျက်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ယာယီကုန်ခြောက်သားငါးဈေးဆိုင်ခန်းသည် ယခင်က မြို့မဈေးရှေ့မှ မြေ (၁.၄၁) ဧကတွင် ၁၉၆၈ ခုနှစ်ကတည်းက စတင်ရောင်းချလာကြခြင်းဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် မြို့အနေအထားအရ လက်ရှိ ယာယီရောင်းချရာနေရာသို့ ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - #နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~