၂၀၁၇ခုနှစ် ပထမပြန်စာမေးပွဲ ပထမကြီး/လတ်/ငယ် စုစုပေါင်း ပထမဖြေဆိုသူ (၃၆၅၇၉)အနက် စုစုပေါင်း (၁၄၉၂၇)ဦး အောင်မြင်

၂၀၁၇ခုနှစ် ပထမပြန်စာမေးပွဲ ပထမကြီး/လတ်/ငယ် စုစုပေါင်း ပထမဖြေဆိုသူ (၃၆၅၇၉)အနက် စုစုပေါင်း (၁၄၉၂၇)ဦး အောင်မြင်
ဇွန် 28, 2017
By Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~

သာသနာရေးဦးစီးဌာနမှ ၂၀၁၇ခုနှစ်အတွက် ကျင်းပပြီးစီးခဲ့သည့် ပါဠိပထမပြန် စာမေးပွဲတွင် သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ၊ လူပုဂ္ဂိုလ်များမှ ပထမကြီး/လတ်/ငယ်တို့ အသီးသီး ဝင်ရောက်၍ စာမေးပွဲ ဖြေဆိုကြရာ စုစုပေါင်း ပထမဖြေဆိုသူ (၃၆,၅၇၉)ဦးအနက် စုစုပေါင်း (၁၄,၉၂၇)ဦး အောင်မြင်ကြောင်း သာသနာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၇ခုနှစ်၏ ပါဠိပထမပြန်စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့များ၌ လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးရုံးများ၌ လည်းကောင်း၊ သက်ဆိုင်ရာ စာဖြေဌာနရှိ မြို့နယ်သံဃနာယကအဖွဲ့ရုံးများနှင့် မြို့နယ်သာသနာရေးမှူးရုံးများ၌ လည်းကောင်း ကြည့်ရှုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~