ရွမ္းျပည္နယ္အတြင္း အထည္အလိပ္ကၽြမ္းက်င္ႏွင့္ လက္ရက္ကန္းသင္တန္းမ်ား ဖြင့္လွစ္လိုပါက ကူညီမည္

ရွမ္းျပည္နယ္အတြင္း အထည္အလိပ္ကၽြမ္းက်င္ႏွင့္ လက္ရက္ကန္းသင္တန္းမ်ား ဖြင့္လွစ္လိုပါက ကူညီမည္
ဇွန် 20, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း ေတာင္ႀကီးၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕တို႔တြင္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာနမွ ခ်ည္မွ်င္ ႏွင့္ အထည္အလိပ္ကၽြမ္းက်င္သင္တန္းႏွင့္ လက္ရက္ကန္းသင္တန္းမ်ားကို အခမဲ့ သင္ၾကားေပးေနၿပီး အျခားေဒသမ်ားတြင္ သင္တန္းဖြင့္လွစ္လိုပါက ကူညီေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ေတာင္ႀကီးမွာက ကၽြန္ေတာ္တို႔ ရံုးမွာသင္ၾကားေပးတယ္။ ေက်ာက္မဲမွာလည္း တစ္ေက်ာင္းရွိတယ္။ တစ္ကယ္လို႔မ်ား တျခားေဒသ ရပ္ရြာေတြမွာလည္း ဒီလိုသင္တန္းေတြ သင္ၾကားခ်င္ပါတယ္ဆိုရင္ သင္တန္းသား (၂၀) ကိုလူစုၿပီးေတာ့ ကၽြန္ေတာ္တို႔ကို ဆက္သြယ္နိုင္ပါတယ္။ တခ်ဳိ႕ၿမိဳ႕ေတြမွာဆို NGO ေတြနဲ႕ ခ်ိတ္ဆက္ၿပီး သင္ၾကားဖို႔ အတြက္ လာေျပာထားတာေတြရွိတယ္။ ဒါမွမဟုတ္ ကၽြန္ေတာ္တို႔ကို တိုက္ရိုက္ခ်ိတ္ဆက္ရင္လည္း ရပါတယ္။ သင္ခ်င္တယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ အခမဲ့သြားေရာက္ သင္ၾကားေပးသြားမွာပါ”ဟု ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ဦးသက္နိုင္ဦးက ေျပာသည္။

ေတာင္ႀကီးႏွင့္ ေက်ာက္မဲၿမိဳ႕မွ သင္တန္းမ်ားအတြက္ သင္တန္းသားမ်ားကို အေဆာင္၊ ေရ ၊ မီး အခမဲ့ျဖင့္ တက္ေရာက္ခြင့္ရရန္ စီစဥ္ေပးထားၿပီး အလုပ္အကိုင္ပါ ခ်ိတ္ဆက္ေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

“သင္တန္းသားေတြကို အေဆာင္၊ ေရ၊ မီး အားလံုးအခမဲ့ ေနထိုင္ခြင့္ေပးတယ္။ သင္တန္းေၾကးအခမဲ႕၊ သင္တန္းဆင္းရင္လည္း အလုပ္အကိုင္ရရွိေရးအတြက္ ခ်ိတ္ဆက္ေဆာင္ရြက္ေပးတယ္။၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္မွာ သင္တန္းဆင္းတဲ႕ကေလးေတြကို မိတၳီလာစက္ရံုမွာအလုပ္ခန္႕နိုင္ဖို႕ ခ်ိတ္ဆက္ေပး တယ္။ ႏွစ္စဥ္ႏွစ္တိုင္း သင္တန္းလုပ္ေပးတယ္ “ဟု ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ဦးသက္နိုင္ဦးက ေျပာသည္။

အဆိုပါ သင္တန္းေက်ာင္း နွစ္ခုမွ ႏွစ္စဥ္ ခ်ည္မွ်င္ႏွင့္အထည္အလိပ္ သင္တန္းသား (၄၀)ဦး သင္တန္းဆင္းေနၿပီး လက္ရက္ကန္း သင္တန္းမွာ (၆)လတစ္ႀကိမ္ဖြင့္လွစ္ကာ တစ္ႀကိမ္လွ်င္ သင္တန္းသား (၁၀)ဦးသာ လက္ခံေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း တောင်ကြီးမြို့နှင့် ကျောက်မဲမြို့တို့တွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ချည်မျှင် နှင့် အထည်အလိပ်ကျွမ်းကျင်သင်တန်းနှင့် လက်ရက်ကန်းသင်တန်းများကို အခမဲ့ သင်ကြားပေးနပြေီး အခြားဒေသများတွင် သင်တန်းဖွင့်လှစ်လိုပါက ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“တောင်ကြီးမှာက ကျွန်တော်တို့ ရုံးမှာသင်ကြားပေးတယ်။ ကျောက်မဲမှာလည်း တစ်ကျောင်းရှိတယ်။ တစ်ကယ်လို့များ တခြားဒေသ ရပ်ရွာတွေမှာလည်း ဒီလိုသင်တန်းတွေ သင်ကြားချင်ပါတယ်ဆိုရင် သင်တန်းသား (၂၀) ကိုလူစုပြီးတော့ ကျွန်တော်တို့ကို ဆက်သွယ်နိုင်ပါတယ်။ တချို့မြို့တွေမှာဆို NGO တွေနဲ့ ချိတ်ဆက်ပြီး သင်ကြားဖို့ အတွက် လာပြောထားတာတွေရှိတယ်။ ဒါမှမဟုတ် ကျွန်တော်တို့ကို တိုက်ရိုက်ချိတ်ဆက်ရင်လည်း ရပါတယ်။ သင်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ အခမဲ့သွားရောက် သင်ကြားပေးသွားမှာပါ”ဟု ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက ပြောသည်။

တောင်ကြီးနှင့် ကျောက်မဲမြို့မှ သင်တန်းများအတွက် သင်တန်းသားများကို အဆောင်၊ ရေ၊ မီး အခမဲ့ဖြင့် တက်ရောက်ခွင့်ရရန် စီစဉ်ပေးထားပြီး အလုပ်အကိုင်ပါ ချိတ်ဆက်ဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

“သင်တန်းသားတွေကို အဆောင်၊ ရေ၊ မီး အားလုံးအခမဲ့ နေထိုင်ခွင့်ပေးတယ်။ သင်တန်းကြေးအခမဲ့၊ သင်တန်းဆင်းရင်လည်း အလုပ်အကိုင်ရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးတယ်။၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှာ သင်တန်းဆင်းတဲ့ကလေးတွေကို မိတ္ထီလာစက်ရုံမှာအလုပ်ခန့်နိုင်ဖို့ ချိတ်ဆက်ပေး တယ်။ နှစ်စဉ်နှစ်တိုင်း သင်တန်းလုပ်ပေးတယ် “ဟု ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက ပြောသည်။

အဆိုပါ သင်တန်းကျောင်း နှစ်ခုမှ နှစ်စဉ် ချည်မျှင်နှင့်အထည်အလိပ် သင်တန်းသား (၄၀)ဦး သင်တန်းဆင်းနပြေီး လက်ရက်ကန်း သင်တန်းမှာ (၆)လတစ်ကြိမ်ဖွင့်လှစ်ကာ တစ်ကြိမ်လျှင် သင်တန်းသား (၁၀)ဦးသာ လက်ခံကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~