တာခ်ီလိတ္ၿမိဳ႕ ေရပူစမ္းေက်းရြာရွိ စာသင္ေက်ာင္း အဆင့္တိုးျမႇင့္ျခင္း အခမ္းအနားႏွင့္အတူ ဆရာမမ်ားအတြက္ ၀န္ထမ္းအိမ္ရာ အေဆာက္အဦသစ္ လႊဲေျပာင္းျခင္း အခမ္းအနား ျပဳလုပ္

တာခ်ီလိတ္ၿမိဳ႕ ေရပူစမ္းေက်းရြာရွိ စာသင္ေက်ာင္း အဆင့္တိုးျမႇင့္ျခင္း အခမ္းအနားႏွင့္အတူ ဆရာမမ်ားအတြက္ ၀န္ထမ္းအိမ္ရာ အေဆာက္အဦသစ္ လႊဲေျပာင္းျခင္း အခမ္းအနား ျပဳလုပ္
ဇွန် 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပုိင္း တာခ်ီလိတ္ၿမဳိ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုရွိ   ေရပူစမ္းေက်းရြာတြင္ အေျခခံပညာအလယ္တန္းေက်ာင္း(ခဲြ)အား  အေျခခံပညာအလယ္တန္းေက်ာင္းအျဖစ္ အဆင့္တိုးျမႇင့္ ဖြင့္လွစ္ျခင္း ႏွင့္အတူ ၀န္ထမ္းအိမ္ရာ အေဆာက္အဦသစ္ လႊဲေျပာင္း ေပးအပ္ပြဲအား ဇြန္လ(၂၄)ရက္ေန႔က ျပဳလုပ္ေၾကာင္း သိရသည္။

အဆိုပါ ေက်ာင္းအဆင့္တိုးျမႇင့္ျခင္းႏွင့္ ၀န္ထမ္းအိမ္ရာအေဆာက္အဦ လႊဲေျပာင္းေပးအပ္ပဲြအျပင္ ထူးခၽြန္ ေက်ာင္းသားမ်ားအား ဂုဏ္ျပဳ ဆုေပးပြဲတို႔ကို ဇြန္လ (၂၄)  ရက္ေန႔က နံနက္ပိုင္းက က်င္းပရာ အခမ္း အနားတြင္ တပ္မေတာ္ ၾကည္း၊ေရ၊ ေလ မိသားစုက ေပးအပ္လွဴဒါန္းသည့္ ကြန္ပ်ဴတာတစ္စံုအား စစ္ဗ်ဴ ဟာအဖဲြ႕(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦးက ေပးအပ္လွဴဒါန္းရာ ေက်ာင္းအုပ္ ဆရာမႀကီးက လက္ခံရယူသည္။

ဆက္လက္၍  ေက်ာင္းအက်ဳိးေတာ္ေဆာင္ နာယက အလွဴရွင္ ဦးေယရွဲမွ ေငြက်ပ္သိန္း(၃၆၀)ေက်ာ္ အကုန္က်ခံကာ ေဆာက္လုပ္လွဴဒါန္းေပးထားသည့္ အလ်ား(၈၀)ေပ၊ အနံ(၃၀)ေပရွိ (၈)ခန္းတဲြ ဆရာ၊ဆရာမမ်ား ေနအိမ္ႏွင့္ ေက်ာင္းအုပ္ဆရာႀကီးေနအိမ္ တစ္လံုး တုိ႔ႏွင့္ ပတ္သက္သည့္ စာရြက္ စာတမ္းမ်ားအား ၿမဳိ႕နယ္ပညာေရးမွဴး ေဒၚမာမာဦးထံ လႊဲေျပာင္းေပးအပ္သည္။

ယင္းေနာက္ ပညာရည္ခၽြန္ဆုမ်ားအား တာ၀န္ရွိသူမ်ားက  အသီးသီး ေပးအပ္ခ်ီးျမႇင့္ရာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက လက္ခံရယူသည္။

အခမ္းအနားသို႔ စစ္ဗ်ဴ ဟာအဖဲြ႕(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး၊ တာခ်ီလိတ္ခရုိင္စီမံခန္႔ခဲြမႈေကာ္မတီ ဥကၠ႒၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ ၿမဳိ႕နယ္ပညာေရးမွဴး  ေဒၚမာမာဦးႏွင့္ ေက်ာင္းအက်ဳိးေတာ္ေဆာင္ နာယက ဦေယရွဲ  အပါအ၀င္ တာဝန္ရိွသူမ်ား တက္ေရာက္ေၾကာင္း သိရသည္။

အဆုိပါေက်ာင္းမွာ ယခင္ႏွစ္ေပါင္း(၂၀)ခန္႔က စတင္၍ ကုိယ့္အားကုိယ္ကုိး မူလတန္းေက်ာင္းအျဖစ္ ဖြင့္လွစ္ခဲ့ရာ တကၠသုိလ္၀င္တန္းေအာင္ျမင္သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားေပၚထြက္ခဲ့ၿပီး၊ ယခု ပညာသင္ႏွစ္တြင္ အေျခခံပညာအလယ္တန္းေက်ာင္းအျဖစ္  အဆင့္တုိးျမႇင့္ဖြင့္လွစ္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း အေျခခံပညာအလယ္တန္းေက်ာင္း(ခြဲ) အျဖစ္မွ အေျခခံပညာအလယ္တန္းေက်ာင္း အျဖစ္ ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ယခုေက်ာင္း အပါအ၀င္ အပါအ၀င္ (၈)ေက်ာင္း၊ ရွမ္းျပည္နယ္ ေတာင္ပိုင္းတြင္ (၇၅)ေက်ာင္း ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ (၁၄)ေက်ာင္း စုစုေပါင္း (၉၇)ေက်ာင္း အဆင့္တိုးျမႇင့္ျခင္း ခံရေၾကာင္း သိရသည္။

သတင္း - ေ၀ယံလင္း
ဓာတ္ပံု - ယာေဆး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ ရေပူစမ်းကျေးရွာတွင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း နှင့်အတူ ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ် လွှဲပြောင်း ပေးအပ်ပွဲအား ဇွန်လ(၂၄)ရက်နေ့က ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းအဆင့်တိုးမြှင့်ခြင်းနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲအပြင် ထူးချွန် ကျောင်းသားများအား ဂုဏ်ပြု ဆုပေးပွဲတို့ကို ဇွန်လ (၂၄) ရက်နေ့က နံနက်ပိုင်းက ကျင်းပရာ အခမ်း အနားတွင် တပ်မတော် ကြည်း၊ရေ၊ လေ မိသားစုက ပေးအပ်လှူဒါန်းသည့် ကွန်ပျူတာတစ်စုံအား စစ်ဗျူ ဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦးက ပေးအပ်လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူသည်။

ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင် နာယက အလှူရှင် ဦးယေရှဲမှ ငွေကျပ်သိန်း(၃၆၀)ကျော် အကုန်ကျခံကာ ဆောက်လုပ်လှူဒါန်းပေးထားသည့် အလျား(၈၀)ပေ၊ အနံ(၃၀)ပေရှိ (၈)ခန်းတွဲ ဆရာ၊ဆရာမများ နေအိမ်နှင့် ကျောင်းအုပ်ဆရာကြီးနေအိမ် တစ်လုံး တို့နှင့် ပတ်သက်သည့် စာရွက် စာတမ်းများအား မြို့နယ်ပညာရေးမှူး ဒေါ်မာမာဦးထံ လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် ပညာရည်ချွန်ဆုများအား တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူသည်။

အခမ်းအနားသို့ စစ်ဗျူ ဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မာမာဦးနှင့် ကျောင်းအကျိုးတော်ဆောင် နာယက ဦယေရှဲ အပါအဝင် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

အဆိုပါကျောင်းမှာ ယခင်နှစ်ပေါင်း(၂၀)ခန့်က စတင်၍ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းအဖြစ် ဖွင့်လှစ်ခဲ့ရာ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်ခဲ့ပြီး၊ ယခု ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အဖြစ်မှ အခြေခံပညာအလယ်တန်းကျောင်း အဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ယခုကျောင်း အပါအဝင် အပါအဝင် (၈)ကျောင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းတွင် (၇၅)ကျောင်း နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၁၄)ကျောင်း စုစုပေါင်း (၉၇)ကျောင်း အဆင့်တိုးမြှင့်ခြင်း ခံရကြောင်း သိရသည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - ယာဆေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~