ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္သို႔ ၿပိဳင္ပြဲ၀င္ရန္ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ (၃)ဦးသာ စာရင္းရွိေသး။ မည္သူမဆို ဆက္လက္ေလွ်ာက္ထားႏိုင္

ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္သို႔ ၿပိဳင္ပြဲ၀င္ရန္ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ (၃)ဦးသာ စာရင္းရွိေသး။ မည္သူမဆို ဆက္လက္ေလွ်ာက္ထားႏိုင္
ဇွန် 22, 2017
By Tachileik News Agency

ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္သို႔ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ ဝင္ေရာက္ ယွဥ္ၿပိဳင္ရန္ စာရင္း ေပးသြင္းထားၾကသူမ်ားမွာ ဇြန္လ(၂၂)ရက္ေန႔အထိ (၃)ဦးသာ ရွိေသးေၾကာင္း ႏွင့္ ဇြန္လ (၂၅)ရက္ေန႔အထိ ရွမ္းျပည္နယ္အေရွ႕ပိုင္းအတြင္းရွိ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနရံုးမ်ားတြင္ ေလွ်ာက္လႊာအား အခမဲ့ ထုတ္ယူႏိုင္ၿပီး ေလွ်ာက္ထားႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။

"တာခ်ီလိတ္မွာေတာ့ ေလွ်ာက္လႊာ (၃)ေယာက္စာ လာယူသြားတာပဲ ရွိပါေသးတယ္။ ဆက္လက္ၿပီးေတာ့ ဇြန္လ(၂၅)ရက္ေန႔အထိ ေလွ်ာက္လႊာေတြ လာယူလို႔ရပါတယ္"ဟု တာခ်ီလိတ္ခရိုင္  ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ ဦးစီးအရာရွိ ဦးလွေဌးက ေျပာသည္။

လတ္တေလာတြင္ ၿပိဳင္ပြဲ၀င္ရန္အတြက္ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ က်ဳိင္းတံုခရိုင္ ႏွင့္ မိုင္းဆတ္ခရိုင္တို႔တြင္  ေလွ်ာက္လႊာ လာေရာက္ယူေဆာင္သူမ်ား မရွိေသးေၾကာင္း ျပန္နယ္ ျပန္/ဆက္မွ သိရသည္။

 ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္မွ ဆုအျဖစ္ ပထမဆု ေငြသားက်ပ္သိန္း(၃၀၀)၊ ဒုတိယဆု ေငြသားက်ပ္သိန္း(၂၀၀)၊ တတိယဆုိေငြသားက်ပ္သိန္း(၁၀၀)၊ ႏွစ္သိမ့္ဆုႏွင့္ အထူးဆု(၇)ဆုအတြက္ တစ္ဆုလွ်င္ ေငြသားက်ပ္သိန္း(၃၀)စီ ခ်ီးျမႇင့္သြားမည္ျဖစ္သည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ စာရင္းေပးသြင္းထားေသာ ၿပိဳင္ပြဲ၀င္မ်ားအေနျဖင့္  ဂီတပြဲေတာ္၏ ပထမအဆင့္ ပဏာမအသံစစ္ေဆးျခင္းအား ရွမ္းျပည္နယ္(ေတာင္ပိုင္း)ေတာင္ႀကီးၿမိဳ႕တြင္ ဇူလိုင္လ (၅)ရက္ေန႔၌ စတင္စစ္ေဆးသြားမည္ျဖစ္ၿပီး ၿမိဳ႕ႀကီး (၁၃)ၿမိဳ႕တြင္ လွည့္လည္က်င္းပ ေရြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ပထမအဆင့္ ပဏာမ အသံစစ္ေဆးျခင္းအား ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပျပဳလုပ္မည္ျဖစ္ရာ ဒိုင္လူႀကီးမ်ားအေနျဖင့္ ေတးေရးဆရာ စိုင္းခမ္းလိတ္၊ ေနာင္ေနာင္(S.F) ႏွင့္ အဆိုေတာ္ ႏြဲ႔ယဥ္၀င္းတို႔မွ ေဆာင္ရြက္မွာ ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံသား အသက္ (၁၅)ႏွစ္မွ (၅၅)ႏွစ္ၾကားအရြယ္ ၿပိဳင္ပြဲတစ္ေလွ်ာက္လံုး ပါဝင္ယွဥ္ၿပိဳင္လိုသူမ်ား ေလွ်ာက္ထားႏုိင္ၿပီး ၿပိဳင္ပြဲမွ သတ္မွတ္ထားေသာ ေတးသီခ်င္းမ်ား သီဆိုႏုိင္သူ၊ ၿပိဳင္ပြဲ စည္းကမ္းခ်က္မ်ားႏွင့္ ဒိုင္ဆံုးျဖတ္ခ်က္မ်ားအား လုိက္နာႏုိင္သူ၊ တစ္ကိုယ္ေတာ္ ေတးစီးရီးေခြ ထုတ္လုပ္ဖူးျခင္းမရိွသူမ်ား ျဖစ္ရန္ လိုအပ္ေၾကာင္း သိရသည္။

ေတးဂီတၿပိဳင္ပြဲမ်ားတြင္ ဆုရရိွထားသူမ်ားလည္း ဝင္ေရာက္ယွဥ္ၿပိဳင္ႏုိင္ၿပီး ၿပိဳင္ပြဲကာလတြင္ ရိုးရာ ယဥ္ေက်းမႈႏွင့္အညီ ဝတ္စားဆင္ယင္ထံုးဖြဲ႕ရမည္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲတြင္ ဆုရရိွသူ(၁၀)ဦးေရြးခ်ယ္ၿပီးေနာက္ ၎တို႔သည္ အႏုပညာလုပ္ငန္းမ်ားအား လြတ္လပ္စြာ ေဆာင္ရြက္ခြင့္ရမည္ျဖစ္ေသာ္လည္း ႏွစ္ႏွစ္အတြင္း ျမန္မာ့အသံႏွင့္ ရုပ္ျမင္သံၾကား (MRTV)က အခါအားေလ်ာ္စြာ ေခၚယူသည့္ အစီအစဥ္မ်ားတြင္ မပ်က္မကြက္ပါဝင္ သီဆိုေဖ်ာ္ေျဖရမည္ျဖစ္ေၾကာင္း သိရသည္။









~~~~~~~~⊰❂ unicode ~~~~~~~~

ငြိမ်းချမ်းရေးဂီတပွဲတော်သို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်း ပေးသွင်းထားကြသူများမှာ ဇွန်လ(၂၂)ရက်နေ့အထိ (၃)ဦးသာ ရှိသေးကြောင်း နှင့် ဇွန်လ (၂၅)ရက်နေ့အထိ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများတွင် လျှောက်လွှာအား အခမဲ့ ထုတ်ယူနိုင်ပြီး လျှောက်ထားနိုင်မှာ ဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မှာတော့ လျှောက်လွှာ (၃)ယောက်စာ လာယူသွားတာပဲ ရှိပါသေးတယ်။ ဆက်လက်ပြီးတော့ ဇွန်လ(၂၅)ရက်နေ့အထိ လျှောက်လွှာတွေ လာယူလို့ရပါတယ်"ဟု တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေးက ပြောသည်။

လတ်တလောတွင် ပြိုင်ပွဲဝင်ရန်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ကျိုင်းတုံခရိုင် နှင့် မိုင်းဆတ်ခရိုင်တို့တွင် လျှောက်လွှာ လာရောက်ယူဆောင်သူများ မရှိသေးကြောင်း ပြန်နယ် ပြန်/ဆက်မှ သိရသည်။

 ငြိမ်းချမ်းရေးဂီတပွဲတော်မှ ဆုအဖြစ် ပထမဆု ငွေသားကျပ်သိန်း(၃၀၀)၊ ဒုတိယဆု ငွေသားကျပ်သိန်း(၂၀၀)၊ တတိယဆိုငွေသားကျပ်သိန်း(၁၀၀)၊ နှစ်သိမ့်ဆုနှင့် အထူးဆု(၇)ဆုအတွက် တစ်ဆုလျှင် ငွေသားကျပ်သိန်း(၃၀)စီ ချီးမြှင့်သွားမည်ဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ စာရင်းပေးသွင်းထားသော ပြိုင်ပွဲဝင်များအနဖြေင့် ဂီတပွဲတော်၏ ပထမအဆင့် ပဏာမအသံစစ်ဆေးခြင်းအား ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် ဇူလိုင်လ (၅)ရက်နေ့၌ စတင်စစ်ဆေးသွားမည်ဖြစ်ပြီး မြို့ကြီး (၁၃)မြို့တွင် လှည့်လည်ကျင်းပ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပထမအဆင့် ပဏာမ အသံစစ်ဆေးခြင်းအား တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဒိုင်လူကြီးများအနဖြေင့် တေးရေးဆရာ စိုင်းခမ်းလိတ်၊ နောင်နောင်(S.F) နှင့် အဆိုတော် နွဲ့ယဉ်ဝင်းတို့မှ ဆောင်ရွက်မှာ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား အသက် (၁၅)နှစ်မှ (၅၅)နှစ်ကြားအရွယ် ပြိုင်ပွဲတစ်လျှောက်လုံး ပါဝင်ယှဉ်ပြိုင်လိုသူများ လျှောက်ထားနိုင်ပြီး ပြိုင်ပွဲမှ သတ်မှတ်ထားသော တေးသီချင်းများ သီဆိုနိုင်သူ၊ ပြိုင်ပွဲ စည်းကမ်းချက်များနှင့် ဒိုင်ဆုံးဖြတ်ချက်များအား လိုက်နာနိုင်သူ၊ တစ်ကိုယ်တော် တေးစီးရီးခွေ ထုတ်လုပ်ဖူးခြင်းမရှိသူများ ဖြစ်ရန် လိုအပ်ကြောင်း သိရသည်။

တေးဂီတပြိုင်ပွဲများတွင် ဆုရရှိထားသူများလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲကာလတွင် ရိုးရာ ယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ထုံးဖွဲ့ရမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဆုရရှိသူ(၁၀)ဦးရွေးချယ်ပြီးနောက်၎င်းတို့သည် အနုပညာလုပ်ငန်းများအား လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရမည်ဖြစ်သော်လည်း နှစ်နှစ်အတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)က အခါအားလျော်စွာ ခေါ်ယူသည့် အစီအစဉ်များတွင် မပျက်မကွက်ပါဝင် သီဆိုဖျော်ဖြေရမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~