မိုးရြာသြန္းမႈေၾကာင္႔ မင္းတုန္းၿမိဳ႕နယ္အတြင္းရိွ ေခ်ာင္းကူးတံတားအခ်ိဳ႕ က်ဳိးပ်က္ေမ်ာပါကာ လူေနအိမ္အခ်ိဳ႕ ေရဝင္နစ္ျမဳပ္မႈမ်ား ျဖစ္ေပၚ

မိုးရြာသြန္းမႈေၾကာင္႔ မင္းတုန္းၿမိဳ႕နယ္အတြင္းရိွ ေခ်ာင္းကူးတံတားအခ်ိဳ႕ က်ဳိးပ်က္ေမ်ာပါကာ လူေနအိမ္အခ်ိဳ႕ ေရဝင္နစ္ျမဳပ္မႈမ်ား ျဖစ္ေပၚ
ဇွန် 13, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္း မိုးအဆက္မျပတ္ ရြာသြန္းေနမႈေၾကာင္႔ မင္းတုန္းၿမိဳ႕နယ္ အတြင္းရိွ ေျမာက္ျပင္ရြာ ေခ်ာင္းကူးတံတား က်ိဳးပ်က္ေမ်ာပါျခင္းႏွင့္ မဲဇလီေက်းရြာတံတား ေရေက်ာ္ျခင္းမ်ားေၾကာင္႔ ဇြန္(၁၃)ရက္ေန႔က လူေနအိမ္အခ်ိဳ႕ ေရဝင္နစ္ျမဳပ္ျခင္းအျပင္ ယာဥ္အသြားအလာ ျပတ္ေတာက္ျခင္းမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“မင္းတုန္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ပါရိွတဲ႔ အဖဲြ႔နဲ႔ ေျမာက္ျပင္ရြာတိုက္နယ္ေဆးရံုဝန္ထမ္း အိမ္ယာ တည္ေဆာက္ၿပီးစီးမႈ အေျခအေနကို စစ္ေဆးဖို႔သြားတာမွာ ဇလပ္ေခ်ာင္းေရေက်ာ္မွာ ေရစီးသန္ေနတာ ေၾကာင္႔ ခရီးမဆက္ႏိုင္ျဖစ္ခဲ႔ရၿပီး မဲဇလီတံတားခ်ဥ္းကပ္လမ္းမွာလည္း ေရေက်ာ္ေနတာေၾကာင္႔ ယာဥ္ အ သြားအလာ ျပတ္ေတာက္ခဲ႔ရပါတယ္”ဟု မင္းတုန္းၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္(၂)မွ မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအးလိႈင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မင္းတုန္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးအာကာစိုး၊ ၿမိဳ႕နယ္လမ္းဦးစီးဌာနမွဦးစီးအရာရွိ ဦးေကာင္းမြန္၊ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖဲြ႕အမွဳေဆာင္အရာရွိ ဦးသိန္းဝင္း၊ ၿမိဳ႕နယ္လ်ွပ္စစ္မွဴး ဦးထြန္းလြင္တို႔သည္  မင္းတုန္းၿမိဳ႕နယ္ ဝန္တြင္းေက်းရြာအနီးရိွ 66KVA  ဓာတ္အားလိုင္းတိုင္ ေရတိုက္စားျခင္းခံရ၍ အႏၱရာယ္ရိွႏိုင္ေၾကာင္း သတင္းရရိွသျဖင္႔ သြားေရာက္စစ္ေဆးခ့ဲရေၾကာင္း ႏွင့္ ဆက္လက္၍ သတင္းအရ ထပ္မံေရာက္ရိွ လာသည့္ မင္းတုန္းၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴးဦးေဆာင္ေသာ ရဲတပ္ဖဲြ႔ဝင္မ်ားႏွင္႔ အတူ ေရမလြတ္သည့္ အိမ္ေထာင္စုမ်ား၏ အိမ္ေထာင္ ပစၥည္းမ်ားကို ေက်းရြာသားမ်ားႏွင့္ အတူပူးေပါင္း၍  ေရလြတ္ရာ မဲဇလီေဆးခန္းသို႔ ေျပာင္းေရႊ႕ေနရာ ခ်ထားေပးျခင္းတို႔ စီစဥ္ေဆာင္ရြက္ေပးခဲ႔ရေၾကာင္း သိရသည္။

“ဒီေန႔မနက္ (၁၀)နာရီခဲြအခ်ိန္ေလာက္မွာ မင္းတုန္းၿမိဳ႕နယ္ေျမာက္ျပင္ရြာအနီးက ေခ်ာင္းကူးတံတား လည္း က်ိဳးပ်က္ၿပီး ေမ်ာပါသြားတယ္လို႔ သိရပါတယ္။ ထိခိုက္မႈတစ္စံုတရာ မရိွၾကဘူးလို႔သိရၿပီး ညေနပိုင္း မွာေတာ႔ ကားလမ္းလည္းျပန္ပြင့္ၿပီး အေျခအေန ပံုမွန္ျပန္ျဖစ္ေနၿပီလို႔ သိရပါတယ္”ဟု မေကြး တိုင္းေဒသ ႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအးလိႈင္ဦးက ေျပာသည္။

မေကြးတိုင္းေဒသႀကီးတြင္ ဇြန္(၁၂)ရက္ေန႔မွစ၍ မိုးစတင္ရြာသြန္းခဲ့ၿပီး (၁၃)ရက္ေန႔၌ အဆက္မ ျပတ္ရြာသြန္းလွ်က္ရိွေနသျဖင္႔ ေခ်ာင္းေရက်ျခင္းမ်ား ျဖစ္ေပၚ၍ ယာဥ္အသြားအလာျပတ္ေတာက္မႈမ်ား ျဖစ္ပြားလွ်က္ရိွေနေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် မင်းတုန်းမြို့နယ် အတွင်းရှိ မြောက်ပြင်ရွာ ချောင်းကူးတံတား ကျိုးပျက်မျောပါခြင်းနှင့် မဲဇလီကျေးရွာတံတား ရေကျော်ခြင်းများကြောင့် ဇွန်(၁၃)ရက်နေ့က လူနေအိမ်အချို့ ရေဝင်နစ်မြုပ်ခြင်းအပြင် ယာဉ်အသွားအလာ ပြတ်တောက်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မင်းတုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ပါရှိတဲ့ အဖွဲ့နဲ့ မြောက်ပြင်ရွာတိုက်နယ်ဆေးရုံဝန်ထမ်း အိမ်ယာ တည်ဆောက်ပြီးစီးမှု အခြေအနေကို စစ်ဆေးဖို့သွားတာမှာ ဇလပ်ချောင်းရေကျော်မှာ ရေစီးသန်နေတာ ကြောင့် ခရီးမဆက်နိုင်ဖြစ်ခဲ့ရပြီး မဲဇလီတံတားချဉ်းကပ်လမ်းမှာလည်း ရေကျော်နေတာကြောင့် ယာဉ် အ သွားအလာ ပြတ်တောက်ခဲ့ရပါတယ်”ဟု မင်းတုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မင်းတုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုး၊ မြို့နယ်လမ်းဦးစီးဌာနမှဦးစီးအရာရှိ ဦးကောင်းမွန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသိန်းဝင်း၊ မြို့နယ်လျှပ်စစ်မှူး ဦးထွန်းလွင်တို့သည် မင်းတုန်းမြို့နယ် ဝန်တွင်းကျေးရွာအနီးရှိ 66KVA ဓာတ်အားလိုင်းတိုင် ရေတိုက်စားခြင်းခံရ၍ အန္တရာယ်ရှိနိုင်ကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးခဲ့ရကြောင်း နှင့် ဆက်လက်၍ သတင်းအရ ထပ်မံရောက်ရှိ လာသည့် မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့် အတူ ရေမလွတ်သည့် အိမ်ထောင်စုများ၏ အိမ်ထောင် ပစ္စည်းများကို ကျေးရွာသားများနှင့် အတူပူးပေါင်း၍ ရေလွတ်ရာ မဲဇလီဆေးခန်းသို့ ပြောင်းရွှေ့နေရာ ချထားပေးခြင်းတို့ စီစဉ်ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

“ဒီနေ့မနက် (၁၀)နာရီခွဲအချိန်လောက်မှာ မင်းတုန်းမြို့နယ်မြောက်ပြင်ရွာအနီးက ချောင်းကူးတံတား လည်း ကျိုးပျက်ပြီး မျောပါသွားတယ်လို့ သိရပါတယ်။ ထိခိုက်မှုတစ်စုံတရာ မရှိကြဘူးလို့သိရပြီး ညနေပိုင်း မှာတော့ ကားလမ်းလည်းပြန်ပွင့်ပြီး အခြေအနေ ပုံမှန်ပြန်ဖြစ်နပြေီလို့ သိရပါတယ်”ဟု မကွေး တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက ပြောသည်။

မကွေးတိုင်းဒေသကြီးတွင် ဇွန်(၁၂)ရက်နေ့မှစ၍ မိုးစတင်ရွာသွန်းခဲ့ပြီး (၁၃)ရက်နေ့၌ အဆက်မ ပြတ်ရွာသွန်းလျှက်ရှိနေသဖြင့် ချောင်းရေကျခြင်းများ ဖြစ်ပေါ်၍ ယာဉ်အသွားအလာပြတ်တောက်မှုများ ဖြစ်ပွားလျှက်ရှိနေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~