တာခ်ီလိတ္ မူလတန္းႀကိဳဆရာျဖစ္သင္တန္းသို႔ သင္တန္းသားဦးေရ လ်ာထားခ်က္ထက္ ေက်ာ္လြန္

တာခ်ီလိတ္ မူလတန္းႀကိဳဆရာျဖစ္သင္တန္းသို႔ သင္တန္းသားဦးေရ လ်ာထားခ်က္ထက္ ေက်ာ္လြန္
ဇွန် 14, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ဇြန္လ (၁၄)ရက္ေန႔ နံနက္ပိုင္းက စတင္ဖြင့္လွစ္သည့္ မူလတန္းႀကိဳဆရာျဖစ္ သင္တန္းတြင္ သင္တန္းသားဦးေရ (၁၀၀)ေက်ာ္ရိွသျဖင့္ တာခ်ီလိတ္ၿမိဳ႕တြင္ ဖြင့္လွစ္ခဲ့သည့္ သင္တန္းမ်ားအနက္ သင္တန္းသားဦးေရ အမ်ားဆံုးသင္တန္းျဖစ္ေၾကာင္း သိရသည္။

“အခုခ်ိန္ထိ စာရင္းက မၿငိမ္ေသးဘူး။ ကၽြန္မတို႔က (၇၀)ေလာက္ပဲ မွန္းထားတာ အခုက (၁၀၀)ေက်ာ္ေလာက္ စာရင္းရိွေနတယ္။ တာခ်ီလိတ္ၿမိဳ႕အျပင္ က်ိဳင္းလပ္၊ တာေလ၊ မယ္ယန္းကလည္း လာၾကတယ္။ က်ိဳင္းတံုက အထိေတာင္ လာတက္တယ္။ အရင္က လာမတက္ဖူးတဲ့ က်ိဳင္းလပ္တို႔ တာေလတို႔ကပါ ပါတယ္”ဟု ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုလူမႈဝန္ထမ္းဦးစီးဌာန ဒုတိယဦးစီးမွဴး ေဒၚလွလွထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ႏွစ္စဥ္ဖြင့္လွစ္ေနသည့္ မူလတန္းႀကိဳဆရာျဖစ္ သင္တန္းတစ္ခုလွ်င္ အမ်ိဳးသားသင္တန္းသားဦးေရ (၃)ဦးအထိ အမ်ားဆံုး ပါဝင္တက္ေရာက္ေလ့ရိွၿပီး ယခုသင္တန္းတြင္ အမ်ိဳးသားသင္တန္းသား (၁)ဦးလည္း တက္ေရာက္ေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ မူလတန္းႀကိဳဆရာျဖစ္သင္တန္းမ်ားအား လူမႈ ဝန္ထမ္းဦးစီးဌာနက ႏွစ္စဥ္ ဖြင့္လွစ္သင္ၾကားေပးေနျခင္းျဖစ္ၿပီး သင္တန္းဆင္းဆရာ၊ ဆရာမမ်ားအေနျဖင့္ ေဒသတြင္း အလုပ္အကိုင္ရရိွေရးအတြက္ အေထာက္အပံ့ျဖစ္ေစသည္ဟု ၎ကဆိုသည္။

“ကၽြန္မတို႔ဆီက သင္တန္းဆင္းလက္မွတ္လည္း ခ်ီးျမႇင့္ပါတယ္။ တစ္ႏွစ္တစ္ႏွစ္ သင္တန္းဆင္းသြားသူေတြ မူလတန္းႀကိဳေက်ာင္းဆရာ၊ ဆရာမေတြအျဖစ္ လုပ္ကိုင္ႏုိင္ၾကတဲ့ အလုပ္အကိုင္ အခြင့္အလမ္းေတြ ရၾကပါတယ္။ ေနာက္ၿပီး လက္ရိွ ေက်ာင္းဖြင့္လွစ္ထားသူေတြဆိုရင္လည္း ကေလးေတြကို ထိန္းေက်ာင္းနည္းစနစ္ အတြက္ ဒီမွာ သင္တန္းလာတက္ၾကပါတယ္။ လက္ရိွဖြင့္ထားတဲ့ မူလတန္းႀကိဳေက်ာင္းေတြကဆို သူတို႔ဆီက သင္တန္းမတက္ရေသးသူေတြကို လာတက္ခုိင္းပါတယ္။ ကေလးရဲ႕ဖြံ႕ၿဖိဳးမႈဆုိင္ရာကို သိသြားေတာ့ ျပန္မသင္ဘူးဆိုရင္ေတာင္ ကိုယ့္ကေလးေတြကို ေကာင္းေကာင္း ထိန္းေက်ာင္းတတ္သြားတာေပါ့”ဟု ေဒၚလွလွထြန္းက ဆိုသည္။

လူမႈဝန္ထမ္းဦးစီးဌာနႏွင့္ World Vision တို႔ ရပ္ရြာဖြံ႕ၿဖိဳးေရးလုပ္ငန္းအျဖစ္ ဖြင့္လွစ္သည့္ သင္တန္းေရွးဦး အရြယ္ကေလးသူငယ္ျပဳစုပ်ိဳးေထာင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးဆုိင္ရာ အေျခခံသင္တန္းအား ဇြန္လ (၁၄)ရက္ေန႔မွ ဇူလိုင္လ (၄)ရက္ေန႔အထိ တာခ်ီလိတ္ၿမိဳ႕တြင္ဖြင့္လွစ္ေနျခင္းျဖစ္သည္။

သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု - DHHT


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဇွန်လ (၁၄)ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်သည့် မူလတန်းကြိုဆရာဖြစ် သင်တန်းတွင် သင်တန်းသားဦးရေ (၁၀၀)ကျော်ရှိသဖြင့် တာချီလိတ်မြို့တွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းများအနက် သင်တန်းသားဦးရေ အများဆုံးသင်တန်းဖြစ်ကြောင်း သိရသည်။

“အခုချိန်ထိ စာရင်းက မငြိမ်သေးဘူး။ ကျွန်မတို့က (၇၀)လောက်ပဲ မှန်းထားတာ အခုက (၁၀၀)ကျော်လောက် စာရင်းရှိနေတယ်။ တာချီလိတ်မြို့အပြင် ကျိုင်းလပ်၊ တာလေ၊ မယ်ယန်းကလည်း လာကြတယ်။ ကျိုင်းတုံက အထိတောင် လာတက်တယ်။ အရင်က လာမတက်ဖူးတဲ့ ကျိုင်းလပ်တို့ တာလေတို့ကပါ ပါတယ်”ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံလူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လှလှထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နှစ်စဉ်ဖွင့်လှစ်နေသည့် မူလတန်းကြိုဆရာဖြစ် သင်တန်းတစ်ခုလျှင် အမျိုးသားသင်တန်းသားဦးရေ (၃)ဦးအထိ အများဆုံး ပါဝင်တက်ရောက်လေ့ရှိပြီး ယခုသင်တန်းတွင် အမျိုးသားသင်တန်းသား (၁)ဦးလည်း တက်ရောက်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူလတန်းကြိုဆရာဖြစ်သင်တန်းများအား လူမှု ဝန်ထမ်းဦးစီးဌာနက နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးနခြေင်းဖြစ်ပြီး သင်တန်းဆင်းဆရာ၊ ဆရာမများအနဖြေင့် ဒေသတွင်း အလုပ်အကိုင်ရရှိရေးအတွက် အထောက်အပံ့ဖြစ်စေသည်ဟု၎င်းကဆိုသည်။

“ကျွန်မတို့ဆီက သင်တန်းဆင်းလက်မှတ်လည်း ချီးမြှင့်ပါတယ်။ တစ်နှစ်တစ်နှစ် သင်တန်းဆင်းသွားသူတွေ မူလတန်းကြိုကျောင်းဆရာ၊ ဆရာမတွေအဖြစ် လုပ်ကိုင်နိုင်ကြတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရကြပါတယ်။ နောက်ပြီး လက်ရှိ ကျောင်းဖွင့်လှစ်ထားသူတွေဆိုရင်လည်း ကလေးတွေကို ထိန်းကျောင်းနည်းစနစ် အတွက် ဒီမှာ သင်တန်းလာတက်ကြပါတယ်။ လက်ရှိဖွင့်ထားတဲ့ မူလတန်းကြိုကျောင်းတွေကဆို သူတို့ဆီက သင်တန်းမတက်ရသေးသူတွေကို လာတက်ခိုင်းပါတယ်။ ကလေးရဲ့ဖွံ့ဖြိုးမှုဆိုင်ရာကို သိသွားတော့ ပြန်မသင်ဘူးဆိုရင်တောင် ကိုယ့်ကလေးတွေကို ကောင်းကောင်း ထိန်းကျောင်းတတ်သွားတာပေါ့”ဟု ဒေါ်လှလှထွန်းက ဆိုသည်။

လူမှုဝန်ထမ်းဦးစီးဌာနနှင့် World Vision တို့ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ဖွင့်လှစ်သည့် သင်တန်းရှေးဦး အရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းအား ဇွန်လ (၁၄)ရက်နေ့မှ ဇူလိုင်လ (၄)ရက်နေ့အထိ တာချီလိတ်မြို့တွင်ဖွင့်လှစ်နခြေင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - DHHT

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~