အလုပ္သမား၊လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား၀န္ႀကီးဌာန ၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔ အင္အား ဆိုင္ရာ ၿမိဳ႕နယ္အဆင္႔ သန္းေခါင္စာရင္းအခ်က္အလက္မ်ား အသိပညာေပးျခင္းလုပ္ငန္း အလုပ္႐ံု ေဆြးေႏြးပြဲကို မေကြးၿမိဳ႕နယ္၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ စုေပါင္း႐ံုးခန္းမ၌ ဇြန္(၂၇)ရက္က က်င္းပေနေၾကာင္း သိရသည္။
“၂၀၁၄ သန္ေခါင္းစာရင္းကို ၿမိဳ႕နယ္အဆင့္ျပန္လည္ ႐ွင္းလင္းတာပါ။ လူမႈေရးလုပ္ငန္းေတြ၊ စီးပြား ေရး လုပ္ငန္းေတြမွာ အေျခခံႏိုင္ဖို႔အတြက္ အခ်က္အလက္ေတြ သိ႐ွိဖို႔လိုအပ္ပါတယ္။ လူဦးေရနဲ႔ ကိန္းဂဏန္း အခ်က္အလက္ေတြ ရလာလို႔႐ွိရင္ စီမံကိန္းလုပ္ငန္းေတြ အေကာင္အထည္ေဖာ္တဲ႔ေနရာမွာ အဆင္ေျပေစႏိုင္မွာပါ”ဟု လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔ အင္အားဆိုင္ရာ မေကြးၿမိဳ႕နယ္ဦးစီးမွဴး ဦး ေက်ာ္လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အလုပ္႐ံု ေဆြးေႏြးပြဲကို ဇြန္လ(၂၆)ရက္ေန႔က စတင္ရာ သန္းေခါင္စာရင္းေနာက္ခံ အေၾကာင္းအရာႏွင္႔ အခ်က္အလက္မ်ား ၊ လူဦးေရ၊ ကိုးကြယ္သည္႔ဘာသာႏွင္႔ ပညာေရးဆိုင္ရာအခ်က္အလက္မ်ားအား ႐ွင္းလင္းခဲ့ၿပီး ဒုတိယေန႔ျဖစ္သည့္ ဇြန္လ (၂၇) ရက္ေန႔တြင္ ပထမေန႔ေဆြးေႏြးပြဲဆိုင္ရာ အေမးအေျဖမ်ား ျပဳလုပ္ျခင္း ၊ စီးပြားေရး၊ မသန္စြမ္းသူ၊ ေမြးဖြားျခင္း၊ ေသဆံုးျခင္း ၊ အိမ္အေၾကာင္းအရာႏွင္႔ အိမ္အသံုး အေဆာင္ ပစၥည္းမ်ားအေၾကာင္း ႐ွင္းလင္းျခင္း၊ ကိုင္ေဆာင္သည္႔လက္မွတ္အမ်ိဳးအစားမ်ားအေၾကာင္း ႐ွင္းလင္းျခင္းႏွင္႔ သင္ခန္းစာမ်ားအား ျပန္လည္ ေလ႔လာသံုးသပ္ျခင္းမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ေဆြးေႏြးပြဲသို႔ ၿမိဳ႕ေပၚ(၁၅)ရပ္ကြက္မွ အုပ္ခ်ဳပ္ေရးအဖြဲ႔မ်ား၊ ၿမိဳ႕နယ္အဆင္႔ဌာနဆိုင္ရာတာ၀န္႐ွိသူမ်ား၊ INGO ႏွင္႔ NGO မ်ား စုစုေပါင္း (၆၁)ဦးတက္ေရာက္ေၾကာင္း သိရသည္။
သတင္း - ဖီးနစ္
“၂၀၁၄ သန်ခေါင်းစာရင်းကို မြို့နယ်အဆင့်ပြန်လည် ရှင်းလင်းတာပါ။ လူမှုရေးလုပ်ငန်းတွေ၊ စီးပွား ရေး လုပ်ငန်းတွေမှာ အခြေခံနိုင်ဖို့အတွက် အချက်အလက်တွေ သိရှိဖို့လိုအပ်ပါတယ်။ လူဦးရေနဲ့ ကိန်းဂဏန်း အချက်အလက်တွေ ရလာလို့ရှိရင် စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ အဆင်ပြေစေနိုင်မှာပါ”ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ မကွေးမြို့နယ်ဦးစီးမှူး ဦး ကျော်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အလုပ်ရုံ ဆွေးနွေးပွဲကို ဇွန်လ(၂၆)ရက်နေ့က စတင်ရာ သန်းခေါင်စာရင်းနောက်ခံ အကြောင်းအရာနှင့် အချက်အလက်များ၊ လူဦးရေ၊ ကိုးကွယ်သည့်ဘာသာနှင့် ပညာရေးဆိုင်ရာအချက်အလက်များအား ရှင်းလင်းခဲ့ပြီး ဒုတိယနေ့ဖြစ်သည့် ဇွန်လ (၂၇) ရက်နေ့တွင် ပထမနေ့ဆွေးနွေးပွဲဆိုင်ရာ အမေးအဖြေများ ပြုလုပ်ခြင်း၊ စီးပွားရေး၊ မသန်စွမ်းသူ၊ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ အိမ်အကြောင်းအရာနှင့် အိမ်အသုံး အဆောင် ပစ္စည်းများအကြောင်း ရှင်းလင်းခြင်း၊ ကိုင်ဆောင်သည့်လက်မှတ်အမျိုးအစားများအကြောင်း ရှင်းလင်းခြင်းနှင့် သင်ခန်းစာများအား ပြန်လည် လေ့လာသုံးသပ်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ မြို့ပေါ်(၁၅)ရပ်ကွက်မှ အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ INGO နှင့် NGO များ စုစုပေါင်း (၆၁)ဦးတက်ရောက်ကြောင်း သိရသည်။
သတင်း - ဖီးနစ်