တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းစစ္ေဆးေရးဂိတ္တြင္ အစစ္ေဆးမခံဘဲ ထြက္ေျပးသြားသည့္ လက္နက္သယ္ေဆာင္သူႏွစ္ဦးအား မုိင္းျဖတ္တြင္ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းစစ္ေဆးေရးဂိတ္တြင္ အစစ္ေဆးမခံဘဲ ထြက္ေျပးသြားသည့္ လက္နက္သယ္ေဆာင္သူႏွစ္ဦးအား မုိင္းျဖတ္တြင္ ဖမ္းဆီးရမိ
ဇွန် 22, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ဇြန္လ (၂၂)ရက္ေန႔ နံနက္ (၉)နာရီခန္႔က အစစ္ေဆးမခံဘဲ ေမာင္းႏွင္ထြက္ေျပးသြားသည့္ ဆိုင္ကယ္ေမာင္းႏွင္သူ ႏွစ္ဦးအား လက္နက္၊က်ည္မ်ားႏွင့္အတူ မိုင္းျဖတ္ၿမိဳ႕၌  နံနက္ပိုင္းမွာပင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ အစစ္ေဆးမခံဘဲ ေမာင္းႏွင္ထြက္ေျပးသြားသည့္ ဆိုင္ကယ္ ႏွစ္စီးအား မုိင္းျဖတ္ၿမိဳ႕တြင္ ရဲတပ္ဖြဲ႕ႏွင့္ပူးေပါင္းအဖြဲ႔က တားဆီး စစ္ေဆးႏိုင္ခဲ့ျခင္းျဖစ္ၿပီး အသက္ (၁၉)ႏွစ္ရွိ ေလာ္အဲ ႏွင့္ အသက္ (၂၀)အရြယ္ရွိ ေလာ္ဖာ လူငယ္ႏွစ္ဦးေမာင္းႏွင္လာသည့္ ဆိုင္ကယ္ႏွစ္စီးအနက္ ဆိုင္ကယ္ တစ္စီးတြင္ ဝွက္၍ သယ္ေဆာင္လာသည့္ ပစၥတိုႏွစ္လက္ႏွင့္ က်ည္ (၃၀)ေတာင့္တို႔အား ရွာေဖြ ေတြ႕ရိွရျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လက္နက္မ်ားမွာ တာခ်ီလိတ္ၿမိဳ႕နယ္ ေတာင္သံုးလံုးရြာမွ ေလာ္ရိႈးႏွင့္ အာက်တို႔က ဘတ္ေငြ(၄)သိန္းေပး၍ က်ိဳင္းတံုၿမိဳ႕ ေနာင္ႏြန္းပူးေပါင္းဂိတ္အနီးသို႔ ဇြန္လ (၂၂)ရက္ေန႔တြင္ ပို႔ေဆာင္ခိုင္း၍ ပို႔ေဆာင္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

လက္နက္မ်ားႏွင့္ လက္ဝယ္ေတြ႕ရိွသူ ေလာ္အဲႏွင့္ ေလာ္ဖာတို႔ႏွစ္ဦးအား မုိင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၈/၂၀၁၇၊ လက္နက္ဥပေဒပုဒ္မ ၁၉(စ)ျဖင့္ အမႈဖြင့္လွစ္ကာ စခန္းမွဴး ဒုရဲမွဴး ခင္ေမာင္ေဌးက အမႈစစ္အျဖစ္ ေဆာင္ရြက္ကာ ဆက္လက္စစ္ေဆးေနေၾကာင္းသိရသည္။

သတင္း - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇွန်လ (၂၂)ရက်နေ့ နံနက် (၉)နာရီခန့်က အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားသည့် ဆိုင်ကယ်မောင်းနှင်သူ နှစ်ဦးအား လက်နက်၊ကျည်များနှင့်အတူ မိုင်းဖြတ်မြို့၌ နံနက်ပိုင်းမှာပင် ဖမ်းဆီးရမိကြောင်း သိရသည်။

မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားသည့် ဆိုင်ကယ် နှစ်စီးအား မိုင်းဖြတ်မြို့တွင် ရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့က တားဆီး စစ်ဆေးနိုင်ခဲ့ခြင်းဖြစ်ပြီး အသက် (၁၉)နှစ်ရှိ လော်အဲ နှင့် အသက် (၂၀)အရွယ်ရှိ လော်ဖာ လူငယ်နှစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးအနက် ဆိုင်ကယ် တစ်စီးတွင် ဝှက်၍ သယ်ဆောင်လာသည့် ပစ္စတိုနှစ်လက်နှင့် ကျည် (၃၀)တောင့်တို့အား ရှာဖွေ တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်နက်များမှာ တာချီလိတ်မြို့နယ် တောင်သုံးလုံးရွာမှ လော်ရှိုးနှင့် အာကျတို့က ဘတ်ငွေ(၄)သိန်းပေး၍ ကျိုင်းတုံမြို့ နောင်နွန်းပူးပေါင်းဂိတ်အနီးသို့ ဇွန်လ (၂၂)ရက်နေ့တွင် ပို့ဆောင်ခိုင်း၍ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်များနှင့် လက်ဝယ်တွေ့ရှိသူ လော်အဲနှင့် လော်ဖာတို့နှစ်ဦးအား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ) ၈/၂၀၁၇၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်လှစ်ကာ စခန်းမှူး ဒုရဲမှူး ခင်မောင်ဌေးက အမှုစစ်အဖြစ် ဆောင်ရွက်ကာ ဆက်လက်စစ်ဆေးနေကြောင်းသိရသည်။

သတင်း - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~