က်ဳိင္းတံုၿမိဳ႕မေစ်းတြင္ တရုတ္မွ တင္သြင္းသည့္ ၾကက္ဥမ်ား ေရာင္းခ်ျခင္း ရွိမရွိ စစ္ေဆး

က်ဳိင္းတံုၿမိဳ႕မေစ်းတြင္ တရုတ္မွ တင္သြင္းသည့္ ၾကက္ဥမ်ား ေရာင္းခ်ျခင္း ရွိမရွိ စစ္ေဆး
ဇွန် 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ ့ပိုင္း) က်ိဳင္းတုံေစ်းကြက္တြင္ တရုတ္ႏိုင္ငံမွ တရားမ ၀င္တင္သြင္းေသာ ၾကက္ဥမ်ားကို ေရာင္းခ်ေနသည္ဟု အသိေပး တိုင္ၾကားခ်က္အရ ဇြန္လ(၂၇)ရက္ေန႔တြင္ ၿမိဳ႕မေစ်းႀကီး အတြင္း ေရာင္းခ်ေနသည့္ ၾကက္ဥမ်ားအား စစ္ေဆးရာ တရုတ္မွတင္သြင္းသည္ကို မေတြ႔ရေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို ့ရဲ႕ ဒုတိယျပည္နယ္ဦးစီးရုံးကို ေဒသခံ ဥစားၾကက္ေမြးျမဴေရး လုပ္ငန္းရွင္ (၅)ေယာက္ေလာက္က ေစ်းကြက္ထဲမွာ တရုတ္က ၀င္လာတဲ့ ၾကက္ဥေတြေၾကာင့္ ေဒသခံ ေမြးျမဴေရးလုပ္ငန္းရွင္ေတြ အတြက္ နစ္နာဆုံးရႈံးမႈေတြ ျဖစ္ေနတယ္လို ့ တိုင္လာတဲ့အတြက္ ဒီေန ့ ကၽြန္ေတာ္တို ့ ဌာနနဲ ့ တိ/ေမြး/ကု တို ့ ေပါင္းၿပီး ေစ်းထဲမွာ ကြင္းဆင္း စစ္ေဆးလိုက္ေတာ့ သူတို႔ ေျပာသလို တရုတ္ကလာတဲ့ ၾကက္ဥေတြ မေတြ ့ပါဘူး။ ေစ်းထဲက ၾကက္ဥေရာင္းတဲ့လူေတြကလည္း ေဒသက ေမြးျမဴေရးျခံကပဲ ယူၿပီးေရာင္းေနတာေတြကိုပဲ ေတြ ့ပါတယ္"ဟု စားသုံးသူေရးရာဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးသန္းစိုးက ေျပာသည္။

ေစ်းကြက္အတြင္း တရုတ္မွ တရားမဝင္တင္သြင္းလာသည့္ ၾကက္ဥမ်ား ဝင္ေရာက္ေနသျဖင့္ ေဒသခံေမြးျမဴေရးသမားမ်ား အခက္အခဲျဖစ္ရေၾကာင္း တုိင္ၾကားရာ စားသုံးသူေရးရာဦးစီးဌာနႏွင့္ ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနတို႔က ေစ်းအတြင္း ၾကက္ဥေရာင္းသူမ်ားအား ေမးျမန္း စံုစမ္းျခင္းျဖစ္ေၾကာင္း သိရသည္။

"သူတို ့ တိုင္သလို တရုတ္က တင္သြင္းတဲ့ ၾကက္ဥေတြကို မေတြ ့ေပမယ့္ တစ္လ တစ္ႀကိမ္က်င္းပတဲ့ စားသုံးသူ အျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ ့ အစည္းအေ၀းမွာ တင္ျပၿပီးေတာ့ ဒီကိစၥကို ဘယ္လို ဆက္လုပ္မယ္ ဆိုၿပီးေတာ့ အမ်ားဆုံးျဖတ္ခ်က္ ရယူသြားပါမယ္။ ၿပီးရင္ ေဒသတြင္းက ဥစားၾကက္ ေမြးျမဴေရးျခံ လုပ္ငန္းရွင္ေတြ အားလုံးကို ဖိတ္ၿပီးေတာ့ ကၽြန္ေတာ္တို ့ရဲ ့ စစ္ေဆးေတြ ့ရိွခ်က္ေတြကို ေျပာျပၿပီးေတာ့ အကယ္၍ သူတို ့အေနနဲ ့ သူတို ့ေျပာသလို တရုတ္ကတရားမ၀င္ တင္သြင္းတဲ့ ၾကက္ဥေတြကို ဘယ္ဆိုင္ကေရာင္းေနတယ္ဆိုတာကို ေျပာျပေပးႏိုင္ရင္လည္း အဲဒီဆိုင္ကို စစ္ေဆးမႈေတြ လုပ္သြားမွာပါ"ဟု စားသုံးသူေရးရာဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးသန္းစိုးက ေျပာသည္။

ေစ်းကြက္အတြင္း တရုတ္ႏိုင္ငံမွ တရားမ၀င္ တင္သြင္းလာသည့္ ဓာတုေဆး၀ါးမ်ား သုံးစြဲထားေသာ ၾကက္ဥမ်ားကို ေစ်းႏႈန္းခ်ိဳသာစြာ ေရာင္းခ်ေနသည့္အတြက္ ေဒသခံ ေမြးျမဴေရးလုပ္ငန္းရွင္မ်ားအတြက္ နစ္နာဆုံးရႈံးမႈမ်ား ရိွေန၍ လိုအပ္သလို ညႇိႏိႈင္းေဆာင္ရြက္ေပးပါရန္ စားသုံးသူေရးရာဦးစီးဌာန ၊ ဒုတိယျပည္နယ္ ဦးစီးရုံးသို ့ တိုင္ၾကားလာသျဖင့္ ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၏ အကူအညီကို ရယူကာ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတုံၿမိဳ႕တြင္ ဥစားၾကက္ေမြးျမဴေရးျခံလုပ္ငန္းရွင္ (၉)ဦးရိွေနေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓာတ္ပံု - က်ိဳင္းတံုခရိုင္ စားသုံးသူေရးရာဦးစီးဌာန


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံဈေးကွက်တွင် တရုတ်နိုင်ငံမှ တရားမ ဝင်တင်သွင်းသော ကြက်ဥများကို ရောင်းချနေသည်ဟု အသိပေး တိုင်ကြားချက်အရ ဇွန်လ(၂၇)ရက်နေ့တွင် မြို့မဈေးကြီး အတွင်း ရောင်းချနေသည့် ကြက်ဥများအား စစ်ဆေးရာ တရုတ်မှတင်သွင်းသည်ကို မတွေ့ရကြောင်း သိရသည်။

"ကျွန်တော်တို့ရဲ့ ဒုတိယပြည်နယ်ဦးစီးရုံးကို ဒေသခံ ဥစားကြက်မွေးမြူရေး လုပ်ငန်းရှင် (၅)ယောက်လောက်က ဈေးကွက်ထဲမှာ တရုတ်က ဝင်လာတဲ့ ကြက်ဥတွေကြောင့် ဒေသခံ မွေးမြူရေးလုပ်ငန်းရှင်တွေ အတွက် နစ်နာဆုံးရှုံးမှုတွေ ဖြစ်နေတယ်လို့ တိုင်လာတဲ့အတွက် ဒီနေ့ ကျွန်တော်တို့ ဌာနနဲ့ တိ/မွေး/ကု တို့ ပေါင်းပြီး ဈေးထဲမှာ ကွင်းဆင်း စစ်ဆေးလိုက်တော့ သူတို့ ပြောသလို တရုတ်ကလာတဲ့ ကြက်ဥတွေ မတွေ့ပါဘူး။ ဈေးထဲက ကြက်ဥရောင်းတဲ့လူတွေကလည်း ဒေသက မွေးမြူရေးခြံကပဲ ယူပြီးရောင်းနေတာတွေကိုပဲ တွေ့ပါတယ်"ဟု စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက ပြောသည်။

ဈေးကွက်အတွင်း တရုတ်မှ တရားမဝင်တင်သွင်းလာသည့် ကြက်ဥများ ဝင်ရောက်နေသဖြင့် ဒေသခံမွေးမြူရေးသမားများ အခက်အခဲဖြစ်ရကြောင်း တိုင်ကြားရာ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့က ဈေးအတွင်း ကြက်ဥရောင်းသူများအား မေးမြန်း စုံစမ်းခြင်းဖြစ်ကြောင်း သိရသည်။

"သူတို့ တိုင်သလို တရုတ်က တင်သွင်းတဲ့ ကြက်ဥတွေကို မတွေ့ပေမယ့် တစ်လ တစ်ကြိမ်ကျင်းပတဲ့ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အစည်းအေဝးမှာ တင်ပြပြီးတော့ ဒီကိစ္စကို ဘယ်လို ဆက်လုပ်မယ် ဆိုပြီးတော့ အများဆုံးဖြတ်ချက် ရယူသွားပါမယ်။ ပြီးရင် ဒေသတွင်းက ဥစားကြက် မွေးမြူရေးခြံ လုပ်ငန်းရှင်တွေ အားလုံးကို ဖိတ်ပြီးတော့ ကျွန်တော်တို့ရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို ပြောပြပြီးတော့ အကယ်၍ သူတို့အနေနဲ့ သူတို့ပြောသလို တရုတ်ကတရားမဝင် တင်သွင်းတဲ့ ကြက်ဥတွေကို ဘယ်ဆိုင်ကရောင်းနေတယ်ဆိုတာကို ပြောပြပေးနိုင်ရင်လည်း အဲဒီဆိုင်ကို စစ်ဆေးမှုတွေ လုပ်သွားမှာပါ"ဟု စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက ပြောသည်။

ဈေးကွက်အတွင်း တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် ဓာတုဆေးဝါးများ သုံးစွဲထားသော ကြက်ဥများကို ဈေးနှုန်းချိုသာစွာ ရောင်းချနေသည့်အတွက် ဒေသခံ မွေးမြူရေးလုပ်ငန်းရှင်များအတွက် နစ်နာဆုံးရှုံးမှုများ ရှိနေ၍ လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးရုံးသို့ တိုင်ကြားလာသဖြင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ အကူအညီကို ရယူကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် ဥစားကြက်မွေးမြူရေးခြံလုပ်ငန်းရှင် (၉)ဦးရှိနေကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီးဌာန 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~