က်ိဳင္းတံုေဆးရံုဝန္ထမ္းအိမ္ရာ အနီးတြင္ အမ်ိဳးသားတစ္ဦး ဓါတ္လိုက္ေသဆံုး

က်ိဳင္းတံုေဆးရံုဝန္ထမ္းအိမ္ရာ အနီးတြင္ အမ်ိဳးသားတစ္ဦး ဓါတ္လိုက္ေသဆံုး
ဇွန် 10, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ ့ပိုင္း က်ိဳင္းတုံၿမိဳ႕၊ မိုင္းဇင္းေက်းရြာအုပ္စု၊ ေဟြခါးရြာရိွ က်ိဳင္းတုံေဆးရုံ ၀န္ထမ္းအိမ္ယာ အနီးတြင္ ဇြန္လ(၁၀)ရက္ ညေန(၅)နာရီ၀န္းက်င္အခ်ိန္က အမ်ိဳးသားတစ္ဦး ဓာတ္လိုက္ ေသဆုံးသြားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ သားဖြားမီးယပ္ေဆာင္သစ္ ေဆာက္လုပ္ေရးဆိုဒ္မွ ပန္းရံအလုပ္သမား ဦးေန၀င္းမွာ ေနအိမ္တန္းလ်ားမွ ေဆးရုံ၀န္း အတြင္းရိွ သားဖြားမီးယပ္ေဆာင္၏ ေဆာက္လုပ္ေရးဆိုဒ္သို ့ သြားေရာက္စဥ္ ျပတ္ေနသည့္ လွ်ပ္စစ္မီးႀကိဳးအား သတိမထားမိဘဲ ျဖတ္သြားမိရာမွ ဓာတ္လိုက္ ေသဆုံးသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ေသဆုံးသူ ဦးေန၀င္း၏ အေလာင္းအား ဓမၼတာအတိုင္းေသဆံုးျခင္း ဟုတ္ မဟုတ္ စစ္ေဆးရန္ က်ဳိင္းတံု ႏွလံုးလွပိုင္ရွင္မ်ား ( အခမဲ့ ) လူမႈကူညီေရးအသင္းမွ က်ိဳင္းတုံေဆးရုံႀကီးသို ့ ပို႔ေဆာင္ ထားရွိၿပီး အဆိုပါ ေသဆံုးမႈအား က်ိဳင္းတုံၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ (၁၉/၂၀၁၇)ျဖင့္ စစ္ေဆးေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓာတ္ပံု - က်ဳိင္းတံု ႏွလံုးလွပိုင္ရွင္မ်ား ( အခမဲ့ ) လူမႈကူညီေရးအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ဟွေခါးရွာရှိ ကျိုင်းတုံဆေးရုံ ဝန်ထမ်းအိမ်ယာ အနီးတွင် ဇွန်လ(၁၀)ရက် ညနေ(၅)နာရီဝန်းကျင်အချိန်က အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ သားဖွားမီးယပ်ဆောင်သစ် ဆောက်လုပ်ရေးဆိုဒ်မှ ပန်းရံအလုပ်သမား ဦးနေဝင်းမှာ နေအိမ်တန်းလျားမှ ဆေးရုံဝန်း အတွင်းရှိ သားဖွားမီးယပ်ဆောင်၏ ဆောက်လုပ်ရေးဆိုဒ်သို့ သွားရောက်စဉ် ပြတ်နေသည့် လျှပ်စစ်မီးကြိုးအား သတိမထားမိဘဲ ဖြတ်သွားမိရာမှ ဓာတ်လိုက် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဦးနေဝင်း၏ အလောင်းအား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးရန် ကျိုင်းတုံ နှလုံးလှပိုင်ရှင်များ ( အခမဲ့ ) လူမှုကူညီရေးအသင်းမှ ကျိုင်းတုံဆေးရုံကြီးသို့ ပို့ဆောင် ထားရှိပြီး အဆိုပါ သေဆုံးမှုအား ကျိုင်းတုံမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁၉/၂၀၁၇)ဖြင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - ကျိုင်းတုံ နှလုံးလှပိုင်ရှင်များ ( အခမဲ့ ) လူမှုကူညီရေးအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~