တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာအုပ္စုတြင္ အမ်ဳိးသမီးတစ္ဦးထံက စိတ္ၾကြေဆးျပား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာအုပ္စုတြင္ အမ်ဳိးသမီးတစ္ဦးထံက စိတ္ၾကြေဆးျပား ဖမ္းဆီးရမိ
ဇွန် 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စု၊ စလီေက်းရြာ၊ တာခ်ီလိတ္ - တာေလသြား လမ္းေဘးရွိ ေနအိမ္တြင္ စိတ္ၾကြေဆးျပား(၁၁၅)ျပားအား သိမ္းဆည္းဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ ရဲအုပ္ေက်ာ္စြာထြန္း ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ဒု-နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ကိုကိုဦးတို႔ ပါ၀င္သည့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ ပူးေပါင္းအဖြဲ႔သည္ မူးယစ္ေဆး၀ါး သတင္းအရ ဇြန္လ(၂၇)ရက္ေန႔ ညေန(၅)နာရီ၀န္းက်င္အခ်ိန္က တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာ အုပ္စု၊ စလီေက်းရြာရွိ အိအိၿဖဳိး၏ ေနအိမ္အား ၀င္ေရာက္စစ္ေဆးရွာေဖြရာမွ စိတ္ၾကြ ေဆးျပားမ်ားကို ေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အဖြဲ႔သည္ သတင္းအရ ေနအိမ္အား ၀င္ေရာက္ရွာေဖြရာ အိအိၿဖဳိးအား ေနအိမ္တြင္ အသင့္ ေတြ႕ရၿပီး ၎ထံ ရွာေဖြရာတြင္ ရင္ဘတ္ၾကားထဲ၌ သို၀ွက္သိမ္းဆည္းထားသည့္ WY စာတမ္းပါ စိတ္ၾကြေဆးျပား (၁၁၅)ျပားကို လည္းေကာင္း၊ ေနအိမ္အတြင္းမွ စိတ္ၾကြေဆးျပား သံုးစြဲရာတြင္ အသံုးျပဳသည့္ ၀ါးရိုးတပ္ ပလတ္စတစ္ဘူး(၂)ဘူးအား လည္းေကာင္း ေတြ႕ရွိရေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔မွ စစ္ေဆးေမးျမန္းရာတြင္ သိမ္းဆည္းရမိသည့္ စိတ္ၾကြေဆးျပားမ်ားမွာ တာခ်ီလိတ္ၿမိဳ႕တြင္ ေနထိုင္သူဟု သိရၿပီး အဆိုပါ ရြာသို႔ မၾကာခဏ ေရာက္လာေလ့ရွိသည့္ အမ်ဳိးသားတစ္ဦးထံက ေဆးျပား (၂၀၀)ျပားအား ဘတ္(၈၀၀)ျဖင့္ ၀ယ္ယူထားရွိရာမွ ယခု က်န္ရွိသည့္ ေဆးျပားမ်ားမွာ ေရာင္းခ်ၿပီး က်န္ရွိသည့္ ပစၥည္းမ်ား ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔၏ စစ္ေဆးေတြ႕ရွိခ်က္အရ သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၃၈)ႏွစ္ရွိ အိအိၿဖဳိးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃၃/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)အရ ဒု-ရဲအုပ္ေအာင္သူမိုးက တရားလိုျပဳလုပ္၍ အဖြင့္အေရးယူ ထားရွိေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ စလီကျေးရွာ၊ တာချီလိတ် - တာလေသွား လမ်းဘေးရှိ နေအိမ်တွင် စိတ်ကြွဆေးပြား(၁၁၅)ပြားအား သိမ်းဆည်းဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်ကျော်စွာထွန်း နှင့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့မရဲစခန်းမှ ဒု-နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦးတို့ ပါဝင်သည့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ ဇွန်လ(၂၇)ရက်နေ့ ညနေ(၅)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာ အုပ်စု၊ စလီကျေးရွာရှိ အိအိဖြိုး၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေရာမှ စိတ်ကြွ ဆေးပြားများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် သတင်းအရ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အိအိဖြိုးအား နေအိမ်တွင် အသင့် တွေ့ရပြီး၎င်းထံ ရှာဖွေရာတွင် ရင်ဘတ်ကြားထဲ၌ သိုဝှက်သိမ်းဆည်းထားသည့် WY စာတမ်းပါ စိတ်ကြွဆေးပြား (၁၁၅)ပြားကို လည်းကောင်း၊ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား သုံးစွဲရာတွင် အသုံးပြုသည့် ဝါးရိုးတပ် ပလတ်စတစ်ဘူး(၂)ဘူးအား လည်းကောင်း တွေ့ရှိရကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ စစ်ဆေးမေးမြန်းရာတွင် သိမ်းဆည်းရမိသည့် စိတ်ကြွဆေးပြားများမှာ တာချီလိတ်မြို့တွင် နေထိုင်သူဟု သိရပြီး အဆိုပါ ရွာသို့ မကြာခဏ ရောက်လာလေ့ရှိသည့် အမျိုးသားတစ်ဦးထံက ဆေးပြား (၂၀၀)ပြားအား ဘတ်(၈၀၀)ဖြင့် ဝယ်ယူထားရှိရာမှ ယခု ကျန်ရှိသည့် ဆေးပြားများမှာ ရောင်းချပြီး ကျန်ရှိသည့် ပစ္စည်းများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၃၈)နှစ်ရှိ အိအိဖြိုးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၃၃/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ ဒု-ရဲအုပ်အောင်သူမိုးက တရားလိုပြုလုပ်၍ အဖွင့်အရေးယူ ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~