မူးယစ္ေဆးသံုးစြဲေရာင္းဝယ္သူတစ္ဦးအား က်ိဳင္းတံု - မုိင္းလားလမ္းတြင္ ဖမ္းဆီးရမိ

မူးယစ္ေဆးသံုးစြဲေရာင္းဝယ္သူတစ္ဦးအား က်ိဳင္းတံု - မုိင္းလားလမ္းတြင္ ဖမ္းဆီးရမိ
ဇွန် 14, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ ့ပိုင္း မိုင္းလားၿမိဳ႕နယ္ တာပင္းအုပ္စု၊ ပန္ဟုတ္အေပၚရြာအနီး က်ိဳင္းတုံ-မို္င္းလား ကားလမ္းတြင္ ဇြန္လ (၁၃)ရက္ေန႔ ညေန(၅)နာရီခန္႔က ဆိုင္ကယ္ေမာင္းႏွင္လာသူထံမွ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြရူးသြပ္ေဆးျပား (၉၅၀)ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ ့စု(၂၈)က်ိဳင္းတုံမွ တပ္ဖြဲ႔ဝင္မ်ားသည္ သတင္းအရ ပန္ဟုတ္အေပၚရြာအနီးရိွ က်ိဳင္းတုံ - မိုင္းလား ကားလမ္းေပၚတြင္ ေစာင့္ဆိုင္းေနစဥ္ ပန္ဟုတ္အေပၚရြာဘက္မွ က်ိဳင္းတုံၿမိဳ႕တြင္းဘက္သို႔ နံပါတ္ျပားမပါသည့္ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ အားျဖန္းဆိုသူအား ရပ္တန္႔စစ္ေဆးရာ ၎၏ခါးပတ္အိတ္အတြင္းမွ  WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြရူးသြပ္ေဆးျပား စုစုေပါင္း(၉၅၀)ျပားအား စစ္ေဆးေတြ ့ရိွခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ အားျဖန္း၏ ထြက္ဆိုခ်က္အရ ၎သည္ လြန္ခဲ့ေသာ (၃)ႏွစ္ခန္ ့မွစ၍ စိတ္ၾကြေဆးျပားမ်ားအား စတင္သုံးစြဲေရာင္းခ်ခဲ့ျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖၚျပထားသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္ ဖမ္းဆီးရမိသည့္ အားျဖန္းအား မူးယစ္ေဆး၀ါး သုံးစြဲထားျခင္း ရိွ၊မရိွကို မႈခင္းေဆးစာျဖင့္ က်ိဳင္းတုံေဆးရုံႀကီးသို ့ ပို႔ေဆာင္စစ္ေဆးခဲ့ကာ က်ိဳင္းတုံၿမိဳ ့မ ရဲစခန္းတြင္ မယ(ပ)၆၃/ ၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)အရ အေရးယူေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း  - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့နယ် တာပင်းအုပ်စု၊ ပန်ဟုတ်အပေါ်ရွာအနီး ကျိုင်းတုံ-မို်င်းလား ကားလမ်းတွင် ဇွန်လ (၁၃)ရက်နေ့ ညနေ(၅)နာရီခန့်က ဆိုင်ကယ်မောင်းနှင်လာသူထံမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား (၉၅၀)ကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ပန်ဟုတ်အပေါ်ရွာအနီးရှိ ကျိုင်းတုံ - မိုင်းလား ကားလမ်းပေါ်တွင် စောင့်ဆိုင်းနေစဉ် ပန်ဟုတ်အပေါ်ရွာဘက်မှ ကျိုင်းတုံမြို့တွင်းဘက်သို့ နံပါတ်ပြားမပါသည့် ဆိုင်ကယ်မောင်းနှင်လာသည့် အားဖြန်းဆိုသူအား ရပ်တန့်စစ်ဆေးရာ၎င်း၏ခါးပတ်အိတ်အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း(၉၅၀)ပြားအား စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် အားဖြန်း၏ ထွက်ဆိုချက်အရ၎င်းသည် လွန်ခဲ့သော (၃)နှစ်ခန့်မှစ၍ စိတ်ကြွဆေးပြားများအား စတင်သုံးစွဲရောင်းချခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသည့် အားဖြန်းအား မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊မရှိကို မှုခင်းဆေးစာဖြင့် ကျိုင်းတုံဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့ကာ ကျိုင်းတုံမြို့မ ရဲစခန်းတွင် မယ(ပ)၆၃/ ၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~