အထက(တာခ်ီလိတ္)တြင္ မူးယစ္ေဆးဝါးအလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔အႀကိဳေဟာေျပာပြဲ ျပဳလုပ္

အထက(တာခ်ီလိတ္)တြင္ မူးယစ္ေဆးဝါးအလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔အႀကိဳေဟာေျပာပြဲ ျပဳလုပ္
ဇွန် 19, 2017
By Tachileik News Agency

အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးအလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔အႀကိဳ အသိပညာေပး ေဟာေျပာပြဲအား  ဇြန္လ (၁၉)ရက္ေန႔ နံနက္က ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ရိွ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)တြင္ က်င္းပသည္။

ဇြန္လ (၂၆)ရက္ေန႔တြင္ က်ေရာက္မည့္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးအလြဲသုံးမႈႏွင့္ တရားမဝင္ ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔အတြက္ အႀကိဳေဟာေျပာပြဲသို႔ အထက(တာခ်ီလိတ္)မွ ဆရာ၊ ဆရာမႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား တက္ေရာက္ၾကၿပီး မူးယစ္ေဆးဝါးဆိုင္ရာ ေဟာေျပာျခင္းႏွင့္ ျပခန္းမ်ား ပါဝင္ေၾကာင္း သိရသည္။

အဆိုပါ အသိပညာေပးႏွင့္ျပပြဲတြင္ ဒုခရိုင္ဥပေဒအရာရွိ ဦးမိုးသူေအာင္၊ တာခ်ီလိတ္ခရိုင္(ျပန္/ဆက္) ခရိုင္ဦးစီးအရာရွိ ဦးလွေဌး၊ တာခ်ီလိတ္ၿမိဳ႕နယ္လူမႈဝန္ထမ္းဦးစီးဌာနမွ ဦးစီးအရာရွိ ဦးသိန္းဝင္း၊ တာခ်ီလိတ္ခရိုင္ မူးယစ္ေဆးဝါးဆန႔္က်င္ေရးအသင္း အတြင္းေရးမႉး ဦးသိန္းထြန္း၊ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ ဒုတိယမူးယစ္တပ္ဖြဲ႔စုမွဴး  ဒုရဲမွဴးသက္ေမာင္၊ အမွတ္(၁၁၇)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(တာခ်ီလိတ္)မွ ရဲအုပ္ ေဇာ္ေဇာ္ညႊန္႔တို႔က သက္ဆိုင္ရာ နယ္ပယ္အလိုက္ အသိပညာေပး ေဟာေျပာၾကေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲအား ဇွန်လ (၁၉)ရက်နေ့ နံနက်က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ကျင်းပသည်။

ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် အကြိုဟောပြောပွဲသို့ အထက(တာချီလိတ်)မှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး မူးယစ်ဆေးဝါးဆိုင်ရာ ဟောပြောခြင်းနှင့် ပြခန်းများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှင့်ပြပွဲတွင် ဒုခရိုင်ဥပဒေအရာရှိ ဦးမိုးသူအောင်၊ တာချီလိတ်ခရိုင်(ပြန်/ဆက်) ခရိုင်ဦးစီးအရာရှိ ဦးလှဌေး၊ တာချီလိတ်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်း၊ တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း အတွင်းရေးမှူး ဦးသိန်းထွန်း၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဒုတိယမူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူးသက်မောင်၊ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ရဲအုပ် ဇော်ဇော်ညွှန့်တို့က သက်ဆိုင်ရာ နယ်ပယ်အလိုက် အသိပညာပေး ဟောပြောကြကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~