ျမန္မာကုန္သည္မ်ား၏ တရုတ္ဘဏ္စာရင္း ၁၀၀၀ ေက်ာ္ကို ေလာင္းကစားႏွင့္ ဆက္စပ္၍ သံသယရွိသျဖင့္ ယာယီပိတ္

ျမန္မာကုန္သည္မ်ား၏ တရုတ္ဘဏ္စာရင္း ၁၀၀၀ ေက်ာ္ကို ေလာင္းကစားႏွင့္ ဆက္စပ္၍ သံသယရွိသျဖင့္ ယာယီပိတ္
ဇွန် 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ တရုတ္ႏုိင္ငံႏွင့္ နယ္စပ္ကုန္သြယ္မႈ လုပ္ေဆာင္ေနသည့္ ျမန္မာကုန္သည္ မ်ား၏ တရုတ္ဘဏ္စာရင္း (၁၀၀၀)ေက်ာ္အား ေလာင္းကစားႏွင့္ ဆက္စပ္ေငြမ်ား ရိွ/မရိွ စစ္ေဆးရန္ တရုတ္ႏုိင္ငံမွ တာဝန္ရိွသူမ်ားက ေခတၱပိတ္သိမ္းထားၿပီး စာရင္းျပန္ဖြင့္မည့္ အခ်ိန္အား မသိရေသးေၾကာင္း သိရသည္။

“တရုတ္ျပည္ဘက္က အုပ္ခ်ဳပ္ေရးအရာရွိေတြကလည္း ျဖစ္ျဖစ္ခ်င္း ဒီကိစၥကို မသိလိုက္ဘူးလို႔ ေျပာတယ္။ တရုတ္ျပည္က ရဲေတြက ဒီအေကာင့္ေတြကို လာပိတ္တာလို႔ သိရတယ္။ တရုတ္ျပည္ အေရွ႕ေျမာက္ဘက္ မွာရွိတဲ့ ေလာင္းကစားဝိုင္းေတြနဲ႔ ပတ္သက္ၿပီး ျမန္မာျပည္နယ္စပ္မွာ ေငြေၾကးဟြန္ဒီလႊဲတာေတြရွိတယ္လို႔ သံသယရွိတဲ့ အတြက္ ဘဏ္အေကာင့္ေတြကိုလည္း စစ္ေဆးဖို႔ရာ ေခတၱပိတ္ထားတယ္လို႔ ေျပာၾကတယ္။ တရုတ္ျပည္မွာရွိတဲ့ ေလာင္းကစားဝိုင္းေတြကေန ေငြေၾကးစီးဆင္းမႈက နယ္စပ္ ေလာက္ကိုင္ဘက္ကို ေရာက္ရွိလာတယ္ဆိုတဲ့ သံသယနဲ႔ အခုလိုလုပ္တာလို႔ေတာ့ ကနဦးသိထားပါတယ္”ဟု ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ကုန္သည္စက္မႈအသင္းဥကၠဌ ဦးေဒးဗစ္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တရုတ္ႏိုင္ငံတြင္ ဖြင့္လွစ္ထားသည့္ ျမန္မာကုန္သည္မ်ား၏ ဘဏ္စာရင္းမ်ားအား ေငြေၾကးစစ္ေဆးရန္ တရုတ္ႏုိင္ငံမွ တာဝန္ရိွသူမ်ားက ဇြန္လ (၁၇)ရက္ေန႔တြင္ စတင္ ပိတ္သိမ္းလုိက္ျခင္းေၾကာင့္ ကုန္သြယ္မႈတြင္ အခက္အခဲျဖစ္လာသျဖင့္ အခ်ိဳ႕ကုန္သြယ္မႈလုပ္ငန္းမ်ား ရပ္နားထားရေၾကာင္း သိရသည္။

“အေကာင့္ေတြ ပိတ္ခံထိထားတာဆိုေတာ့ ျမန္မာဘက္က ကုန္သည္ေတြအတြက္ ေငြသြင္းေငြထုတ္ လုပ္ငန္းေတြ အခက္အခဲ ျဖစ္ေနတယ္။ ဒါေၾကာင့္ ကုန္သြယ္မႈအခ်ိဳ႕လည္း ရပ္နားထားရတယ္။ ကြ်န္ေတာ္ သိထား ရသေလာက္ကေတာ့ ဒီကိစၥျဖစ္ထားတဲ့ (၃)ရက္အတြင္းမွာ ျမန္မာနဲ႔တရုတ္ဘက္က ကုန္သည္ေတြ အုပ္ခ်ဳပ္ေရးဌာနအခ်ိဳ႕နဲ႔ ညႇိႏႈိင္းေဆြးေႏြးတာေတြလုပ္ထားတယ္လို႔သိရတယ္။ ကုန္သည္ေတြရဲ့ ဘဏ္အေကာင့္ (ဘဏ္စာရင္း)ေတြထဲက ေငြေတြဟာ သူတို႔တရုတ္ဘက္က လိုက္ေနတဲ့ ေလာင္းကစားဝိုင္းက ေငြေၾကးေတြ မဟုတ္ခဲ့ဘူးဆိုရင္ အေကာင့္ေတြကို ျပန္ဖြင့္ေပးမယ္လို႔လည္း သတင္းရပါတယ္”ဟု ဦးေဒးဗစ္က ေျပာသည္။

ႏွစ္ႏိုင္ငံနယ္စပ္ရွိ တရုတ္ကုန္သည္မ်ားႏွင့္ ျမန္မာကုန္သည္မ်ား ေတြ႔ဆံုေဆြးေႏြးမႈမ်ားျပဳလုပ္ထားၿပီး ဘဏ္စာရင္းမ်ား ပိတ္ခံထားရသည့္ ျပႆနာအား ဝိုင္းဝန္းေျဖရွင္းႏိုင္ရန္အတြက္ လုပ္ေဆာင္ထားေၾကာင္း သတင္းရထားေသာ္လည္း ဘဏ္စာရင္းမ်ားအား မည္သည့္အခ်ိန္တြင္ျပန္လည္ဖြင့္လွစ္ေပးမည္ကို မသိရေသးေၾကာင္း သိရသည္။

“ထူးထူးျခားျခား ေျပာင္းလဲတာကေတာ့ ဒီကုန္စည္ဒိုင္ အေနနဲ႔ကေတာ့ သိပ္မရွိပါဘူး။ အေရာင္းအဝယ္ ကိစၥေတြမွာ နည္းနည္းေလ်ာ့သြားတာရွိတယ္။ အဲဒီလို ျမန္မာကုန္သည္ေတြရဲ့ အေကာင့္ေတြ ပိတ္ခံထိၿပီးတဲ့ေနာက္ပိုင္းမွာက ကုန္စည္အေရာင္းအဝယ္လုပ္တဲ့အခ်ိန္မွာ တရုတ္ေငြေၾကးလဲလွယ္မႈ ေပါက္ေစ်းကေတာ့ မရွိေတာ့ဘူး။ ကုန္သည္ နဲ႔ ဝယ္ယူသူ ႏွစ္ဦးသေဘာတူ ေငြေၾကး လဲလွယ္ၾကတာကိုေတာ့ ေတြ႔ရတယ္။ ေပါက္ေစ်းဆိုၿပီး သတ္မွတ္ထားတာ မရွိေတာ့ဘူး။ အေရာင္းအဝယ္ နည္းနည္းေအး သြားတာကလြဲရင္ အရမ္းႀကီးေတာ့ ထူးျခားတာ မရွိပါဘူး။ ႏွစ္ဖက္ကုန္သည္ေတြလည္း ညွိႏႈိင္းမႈေတြလုပ္ေနတယ္လို႔ သိရတယ္။ ဒီေလာက္ပါပဲ”ဟု မူဆယ္ကုန္စည္ဒိုင္မွ မနန္းခရြန္ဆာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တရုတ္ျပည္တြင္းရွိ ေလာင္းကစားဝိုင္းမ်ားမွ ေငြေၾကးစီးဆင္းမႈမ်ားအား တရုတ္ရဲအရာရွိမ်ားမွ လိုက္လံ စစ္ေဆးေနစဥ္အတြင္း ရွမ္းျပည္နယ္မွ မူဆယ္ႏွင့္ ေလာက္ကိုင္နယ္စပ္ရွိ ျမန္မာကုန္သည္မ်ား၏ ဘဏ္အေကာင့္မ်ားကို ေခတၱ ပိတ္သိမ္းထားျခင္းျဖစ္သည္ဟု တရုတ္ဘက္ရွိအုပ္ခ်ဳပ္ေရးဌာနမ်ားမွ သိထားရေၾကာင္း ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ကုန္သည္မ်ားထံမွ သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှု လုပ်ဆောင်နေသည့် မြန်မာကုန်သည် များ၏ တရုတ်ဘဏ်စာရင်း (၁၀၀၀)ကျော်အား လောင်းကစားနှင့် ဆက်စပ်ငွေများ ရှိ/မရှိ စစ်ဆေးရန် တရုတ်နိုင်ငံမှ တာဝန်ရှိသူများက ခေတ္တပိတ်သိမ်းထားပြီး စာရင်းပြန်ဖွင့်မည့် အချိန်အား မသိရသေးကြောင်း သိရသည်။

“တရုတ်ပြည်ဘက်က အုပ်ချုပ်ရေးအရာရှိတွေကလည်း ဖြစ်ဖြစ်ချင်း ဒီကိစ္စကို မသိလိုက်ဘူးလို့ ပြောတယ်။ တရုတ်ပြည်က ရဲတွေက ဒီအကောင့်တွေကို လာပိတ်တာလို့ သိရတယ်။ တရုတ်ပြည် အရှေ့မြောက်ဘက် မှာရှိတဲ့ လောင်းကစားဝိုင်းတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်နယ်စပ်မှာ ငွေကြေးဟွန်ဒီလွှဲတာတွေရှိတယ်လို့ သံသယရှိတဲ့ အတွက် ဘဏ်အကောင့်တွေကိုလည်း စစ်ဆေးဖို့ရာ ခေတ္တပိတ်ထားတယ်လို့ ပြောကြတယ်။ တရုတ်ပြည်မှာရှိတဲ့ လောင်းကစားဝိုင်းတွေကနေ ငွေကြေးစီးဆင်းမှုက နယ်စပ် လောက်ကိုင်ဘက်ကို ရောက်ရှိလာတယ်ဆိုတဲ့ သံသယနဲ့ အခုလိုလုပ်တာလို့တော့ ကနဦးသိထားပါတယ်”ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း)ကုန်သည်စက်မှုအသင်းဥက္ကဌ ဦးဒေးဗစ် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရုတ်နိုင်ငံတွင် ဖွင့်လှစ်ထားသည့် မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများအား ငွေကြေးစစ်ဆေးရန် တရုတ်နိုင်ငံမှ တာဝန်ရှိသူများက ဇွန်လ (၁၇)ရက်နေ့တွင် စတင် ပိတ်သိမ်းလိုက်ခြင်းကြောင့် ကုန်သွယ်မှုတွင် အခက်အခဲဖြစ်လာသဖြင့် အချို့ကုန်သွယ်မှုလုပ်ငန်းများ ရပ်နားထားရကြောင်း သိရသည်။

“အကောင့်တွေ ပိတ်ခံထိထားတာဆိုတော့ မြန်မာဘက်က ကုန်သည်တွေအတွက် ငွေသွင်းငွေထုတ် လုပ်ငန်းတွေ အခက်အခဲ ဖြစ်နေတယ်။ ဒါကြောင့် ကုန်သွယ်မှုအချို့လည်း ရပ်နားထားရတယ်။ ကျွန်တော် သိထား ရသလောက်ကတော့ ဒီကိစ္စဖြစ်ထားတဲ့ (၃)ရက်အတွင်းမှာ မြန်မာနဲ့တရုတ်ဘက်က ကုန်သည်တွေ အုပ်ချုပ်ရေးဌာနအချို့နဲ့ ညှိနှိုင်းဆွေးနွေးတာတွေလုပ်ထားတယ်လို့သိရတယ်။ ကုန်သည်တွေရဲ့ ဘဏ်အကောင့် (ဘဏ်စာရင်း)တွေထဲက ငွေတွေဟာ သူတို့တရုတ်ဘက်က လိုက်နေတဲ့ လောင်းကစားဝိုင်းက ငွေကြေးတွေ မဟုတ်ခဲ့ဘူးဆိုရင် အကောင့်တွေကို ပြန်ဖွင့်ပေးမယ်လို့လည်း သတင်းရပါတယ်”ဟု ဦးဒေးဗစ်က ပြောသည်။

နှစ်နိုင်ငံနယ်စပ်ရှိ တရုတ်ကုန်သည်များနှင့် မြန်မာကုန်သည်များ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ထားပြီး ဘဏ်စာရင်းများ ပိတ်ခံထားရသည့် ပြဿနာအား ဝိုင်းဝန်းဖြေရှင်းနိုင်ရန်အတွက် လုပ်ဆောင်ထားကြောင်း သတင်းရထားသော်လည်း ဘဏ်စာရင်းများအား မည်သည့်အချိန်တွင်ပြန်လည်ဖွင့်လှစ်ပေးမည်ကို မသိရသေးကြောင်း သိရသည်။

“ထူးထူးခြားခြား ပြောင်းလဲတာကတော့ ဒီကုန်စည်ဒိုင် အနေနဲ့ကတော့ သိပ်မရှိပါဘူး။ အရောင်းအဝယ် ကိစ္စတွေမှာ နည်းနည်းလျော့သွားတာရှိတယ်။ အဲဒီလို မြန်မာကုန်သည်တွေရဲ့ အကောင့်တွေ ပိတ်ခံထိပြီးတဲ့နောက်ပိုင်းမှာက ကုန်စည်အရောင်းအဝယ်လုပ်တဲ့အချိန်မှာ တရုတ်ငွေကြေးလဲလှယ်မှု ပေါက်ဈေးကတော့ မရှိတော့ဘူး။ ကုန်သည် နဲ့ ဝယ်ယူသူ နှစ်ဦးသဘောတူ ငွေကြေး လဲလှယ်ကြတာကိုတော့ တွေ့ရတယ်။ ပေါက်ဈေးဆိုပြီး သတ်မှတ်ထားတာ မရှိတော့ဘူး။ အရောင်းအဝယ် နည်းနည်းအေး သွားတာကလွဲရင် အရမ်းကြီးတော့ ထူးခြားတာ မရှိပါဘူး။ နှစ်ဖက်ကုန်သည်တွေလည်း ညှိနှိုင်းမှုတွေလုပ်နေတယ်လို့ သိရတယ်။ ဒီလောက်ပါပဲ”ဟု မူဆယ်ကုန်စည်ဒိုင်မှ မနန်းခရွန်ဆာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရုတ်ပြည်တွင်းရှိ လောင်းကစားဝိုင်းများမှ ငွေကြေးစီးဆင်းမှုများအား တရုတ်ရဲအရာရှိများမှ လိုက်လံ စစ်ဆေးနေစဉ်အတွင်း ရှမ်းပြည်နယ်မှ မူဆယ်နှင့် လောက်ကိုင်နယ်စပ်ရှိ မြန်မာကုန်သည်များ၏ ဘဏ်အကောင့်များကို ခေတ္တ ပိတ်သိမ်းထားခြင်းဖြစ်သည်ဟု တရုတ်ဘက်ရှိအုပ်ချုပ်ရေးဌာနများမှ သိထားရကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)ကုန်သည်များထံမှ သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~