မေကြးၿမိဳ႕ရွိ ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းအနီးတြင္ ယမ္းမပါသည့္ ဗံုးသီးေဟာင္း ေတြ႕ရိွ

မေကြးၿမိဳ႕ရွိ ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းအနီးတြင္ ယမ္းမပါသည့္ ဗံုးသီးေဟာင္း ေတြ႕ရိွ
ဇွန် 28, 2017
By Tachileik News Agency

မေကြးၿမိဳ႕၊ ေစ်းလယ္စိုးရပ္ကြက္ မဲထီးလမ္းတြင္ ဇြန္(၂၇)ရက္ညေနပိုင္းက ပလတ္စတစ္ ေကာက္ေသာကေလးမွ ေတြ႔ရိွရေသာဗံုးမွာ ယမ္းမပါေသာ ၁၂၀ မမ ခြင္းက်ည္အမ်ိဳးအစားျဖစ္ေၾကာင္း မေကြးၿမိဳ႕ ၿမိဳ႕မရဲစခန္းမွဴးက အတည္ျပဳ ေျပာၾကားသည္။

“ပလတ္စတစ္ေကာက္တဲ႔ ကေလးမေလး ေတြ႔တာပါ။ တပ္မေတာ္သံုး ၁၂၀ မမ ခြင္းက်ည္အမ်ိဳးအစား အလ်ား (၂) ေပ ၊လံုးပတ္ (၁၈) လက္မရိွတဲ႔ ယမ္းမပါတဲ႔ ဗံုးသီးေဟာင္းတစ္လံုးပါ”ဟု မေကြးၿမိဳ႕ ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးစိန္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ဗံုးသီးအား ဇြန္(၂၇)ရက္ ညေန (၆) နာရီခဲြအခ်ိန္တြင္ ေစ်းလယ္စိုးရပ္ကြက္ မဲထီးလမ္း၌ ပလတ္စတစ္ ေကာက္ေနသူ ဆံုရပ္ကြက္ ကမ္းနားလမ္းေန မေအးေအးခိုင္က ပုညဝတီ ဘုန္းေတာ္ႀကီးေက်ာင္း အေနာက္ဘက္ျခမ္း အုတ္နံရံေဘးမွေတြ႔ရိွ၍ ေက်ာင္းေဝယ်ာဝစၥလုပ္ကိုင္သူ ဦးေမာင္ေဌးအား ေျပာျပသျဖင့္ ဦးေမာင္ေဌးက မေကြးၿမိဳ႕မရဲစခန္းသို႔ သတင္းေပးပို႔ အေၾကာင္းၾကားခဲ႔ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဗံုးသီးေတြ႔ရိွသည္႔ေနရာသို႔ တိုင္းေဒသႀကီးအစိုးရအဖဲြ႔၊ လံုျခံဳေရးႏွင္႔နယ္စပ္ေရးရာ ဝန္ႀကီး ဗိုလ္မွဴး ႀကီးႏိုင္ဦး ၊ ခရိုင္ရဲတပ္ဖဲြ႔မွဴး ယာယီ ဒုတိယရဲမွဴးႀကီး ေက်ာ္ထြန္း၊ ေခတၱၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး ဒုရဲမွဴး စိုးသိမ္းထြန္း၊ ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးစိန္ေအာင္ႏွင္႔ ရဲတပ္ဖဲြ႔ဝင္မ်ား၊ အမွတ္(၉၁၀)စစ္ေျမျပင္ အင္ဂ်င္နီယာ တပ္မွ ဗိုလ္ႀကီးေအးမင္းေအာင္ဦးစီးအဖဲြ႔တို႔ ေရာက္ရိွစစ္ေဆး၍ ည(၇)နာရီ(၁၅)မိနစ္အခ်ိန္တြင္ ဗိုလ္ႀကီးေအးမင္းေအာင္ ဦးစီးအဖဲြ႔မွ သိမ္းဆည္းယူေဆာင္သြားေၾကာင္း သိရသည္။

ဗံုးသီးေဟာင္းေတြရိွသည္႔ ေနရာပတ္ဝန္းက်င္အနီးတစ္ဝိုက္အား ရဲအကူတပ္ဖဲြ႔ခဲြ မိုင္းရွင္းလင္းေရး အဖဲြ႔မွ ရဲအုပ္ေက်ာ္မင္း ဦးစီးအဖဲြ႔က မိုင္းရွင္းလင္းေရးစက္မ်ားျဖင္႔ ရွာေဖြစစ္ေဆးမႈမ်ားဆက္လက္ ျပဳလုပ္ခဲ့ေသာ္လည္း ထူးျခားမႈတစ္စံုတစ္ရာမေတြ႔ရိွရေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့၊ ဈေးလယ်စိုးရပ်ကွက် မဲထီးလမ်းတွင် ဇွန်(၂၇)ရက်ညနေပိုင်းက ပလတ်စတစ် ကောက်သောကလေးမှ တွေ့ရှိရသောဗုံးမှာ ယမ်းမပါသော ၁၂၀ မမ ခွင်းကျည်အမျိုးအစားဖြစ်ကြောင်း မကွေးမြို့ မြို့မရဲစခန်းမှူးက အတည်ပြု ပြောကြားသည်။

“ပလတ်စတစ်ကောက်တဲ့ ကလေးမလေး တွေ့တာပါ။ တပ်မတော်သုံး ၁၂၀ မမ ခွင်းကျည်အမျိုးအစား အလျား (၂) ပေ၊လုံးပတ် (၁၈) လက်မရှိတဲ့ ယမ်းမပါတဲ့ ဗုံးသီးဟောင်းတစ်လုံးပါ”ဟု မကွေးမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးစိန်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဗုံးသီးအား ဇွန်(၂၇)ရက် ညနေ (၆) နာရီခွဲအချိန်တွင် ဈေးလယ်စိုးရပ်ကွက် မဲထီးလမ်း၌ ပလတ်စတစ် ကောက်နေသူ ဆုံရပ်ကွက် ကမ်းနားလမ်းနေ မအေးအေးခိုင်က ပုညဝတီ ဘုန်းတော်ကြီးကျောင်း အနောက်ဘက်ခြမ်း အုတ်နံရံဘေးမှတွေ့ရှိ၍ ကျောင်းဝေယျာဝစ္စလုပ်ကိုင်သူ ဦးမောင်ဌေးအား ပြောပြသဖြင့် ဦးမောင်ဌေးက မကွေးမြို့မရဲစခန်းသို့ သတင်းပေးပို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗုံးသီးတွေ့ရှိသည့်နေရာသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူး ကြီးနိုင်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီ ဒုတိယရဲမှူးကြီး ကျော်ထွန်း၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး စိုးသိမ်းထွန်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးစိန်အောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၉၁၀)စစ်မြပြေင် အင်ဂျင်နီယာ တပ်မှ ဗိုလ်ကြီးအေးမင်းအောင်ဦးစီးအဖွဲ့တို့ ရောက်ရှိစစ်ဆေး၍ ည(၇)နာရီ(၁၅)မိနစ်အချိန်တွင် ဗိုလ်ကြီးအေးမင်းအောင် ဦးစီးအဖွဲ့မှ သိမ်းဆည်းယူဆောင်သွားကြောင်း သိရသည်။

ဗုံးသီးဟောင်းတွေရှိသည့် နေရာပတ်ဝန်းကျင်အနီးတစ်ဝိုက်အား ရဲအကူတပ်ဖွဲ့ခွဲ မိုင်းရှင်းလင်းရေး အဖွဲ့မှ ရဲအုပ်ကျော်မင်း ဦးစီးအဖွဲ့က မိုင်းရှင်းလင်းရေးစက်များဖြင့် ရှာဖွေစစ်ဆေးမှုများဆက်လက် ပြုလုပ်ခဲ့သော်လည်း ထူးခြားမှုတစ်စုံတစ်ရာမတွေ့ရှိရကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~