ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ေမြးေန႔ အထိမ္းအမွတ္အျဖစ္ လားရႈိးတြင္ သစ္ပင္ေပါင္း (၂၁၀၀) စုေပါင္း စိုက္ပ်ဳိး

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ေမြးေန႔ အထိမ္းအမွတ္အျဖစ္ လားရႈိးတြင္ သစ္ပင္ေပါင္း (၂၁၀၀) စုေပါင္း စိုက္ပ်ဳိး
ဇွန် 19, 2017
By Tachileik News Agency

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ (၇၂)ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ မိုးရာသီ စုေပါင္းသစ္ပင္စိုက္ပြဲေတာ္ကို ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕ရွိ ေရကန္ေတာင္ရပ္(သစ္ေတာပ်ိဳးဥယ်ာဥ္အနီး)တြင္ ဇြန္လ(၁၉)ရက္ နံနက္(၈)နာရီက က်င္းပျပဳလုပ္ကာ သစ္ပင္ အမ်ဳိးအစား (၈)မ်ဳိးပါ၀င္သည့္ အပင္ေပါင္း (၂,၁၀၀)ပင္အား စုေပါင္း စိုက္ပ်ဳိးေၾကာင္း သိရသည္။

သစ္ပင္မ်ားစိုက္ပ်ဳိးရာတြင္ သစ္လွအပင္ (၂၅၀)၊ ေရသင္းဝင္အပင္(၅၀၀)၊ မယ္ဇလီအပင္ (၃၀၀)၊ ေရမေနအပင္ (၅၀၀)၊ ခါေတာ္မီအပင္ (၂၀၀)၊ ပိေတာက္အပင္ (၁၀၀)၊ ပင္လယ္ကဗြီးအပင္ (၅၀)ႏွင့္ ယူကလစ္အပင္ (၂၀၀)  စုစုေပါင္း သစ္ပင္(၂,၁၀၀) ပင္အား စုေပါင္းစိုက္ပ်ိဳးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သစ္ပင္စိုက္ပြဲသို႔ ျပည္နယ္ ႏွင့္ လာရႈိးခရိုင္/ၿမိဳ႕နယ္အဆင့္ရွိ ဌာနဆိုင္ရာမ်ား၊ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ပါတီ၀င္မ်ား၊ ရပ္မိ ရပ္ဖမ်ား၊ တိုင္းရင္းသား အဖြဲ႔အစည္းမ်ား ႏွင့္ လူမႈေရး အသင္းအဖြဲ႔မ်ား၊ ေဒသခံျပည္သူမ်ား၊ ေနျခည္ပုဂၢလိကအထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ေၾကာင္း သိရသည္။

ယင္းသစ္ပင္စိုက္ပ်ဳိးပြဲကို လားရိႈးၿမိဳ႕နယ္သစ္ေတာဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနႏွင့္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္တို႔ ပူးေပါင္းက်င္းပျပဳလုပ္ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ခမ္းဦး


~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၂)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ ရေကန်တောင်ရပ်(သစ်တောပျိုးဥယျာဉ်အနီး)တွင် ဇွန်လ(၁၉)ရက် နံနက်(၈)နာရီက ကျင်းပပြုလုပ်ကာ သစ်ပင် အမျိုးအစား (၈)မျိုးပါဝင်သည့် အပင်ပေါင်း (၂,၁၀၀)ပင်အား စုပေါင်း စိုက်ပျိုးကြောင်း သိရသည်။

သစ်ပင်များစိုက်ပျိုးရာတွင် သစ်လှအပင် (၂၅၀)၊ ရေသင်းဝင်အပင်(၅၀၀)၊ မယ်ဇလီအပင် (၃၀၀)၊ ရေမနေအပင် (၅၀၀)၊ ခါတော်မီအပင် (၂၀၀)၊ ပိတောက်အပင် (၁၀၀)၊ ပင်လယ်ကဗွီးအပင် (၅၀)နှင့် ယူကလစ်အပင် (၂၀၀) စုစုပေါင်း သစ်ပင်(၂,၁၀၀) ပင်အား စုပေါင်းစိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပွဲသို့ ပြည်နယ် နှင့် လာရှိုးခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ၊ ရပ်မိ ရပ်ဖများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ နှင့် လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ နခြေည်ပုဂ္ဂလိကအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြောင်း သိရသည်။

ယင်းသစ်ပင်စိုက်ပျိုးပွဲကို လားရှိုးမြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ခမ်းဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~