အာခါ ႏွင့္ လားဟူ တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးတို႔မွ မိုင္းျဖတ္ေဒသခံမ်ားႏွင့္ ေတြ႔ဆံု

အာခါ ႏွင့္ လားဟူ တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးတို႔မွ မိုင္းျဖတ္ေဒသခံမ်ားႏွင့္ ေတြ႔ဆံု
ဇွန် 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ၊ တာခ်ီလိတ္ခ႐ိုင္၊ မုိင္းျဖတ္ၿမိဳ႕တြင္ အာခါတိုင္းရင္းသားလူမ်ဳိးေရးရာ၀န္ႀကီး ဦးအာေဗလ ႏွင့္ လားဟူတုိင္းရင္းသားလူမ်ဳိးေရးရာ၀န္ႀကီး ဦးေယာသပ္တို႔က ဌာနဆိုင္ရာ အႀကီး အကဲမ်ားႏွင့္ ျပည္သူလူထုေတြ႔ဆံုေဆြးေႏြးပြဲကို ဇြန္လ(၂၉)ရက္ေန႔က ျပဳလုပ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္ တုိင္းရင္းသားလူမ်ဳိးေရးရာ၀န္ႀကီးအေနနဲ႔ ေဒသခံ တိုင္းရင္းသားေတြရဲ႕ လုိအပ္ခ်က္ေတြကို မိုင္းျဖတ္ၿမိဳ႕နယ္ အတြင္းရွိ ဌာနဆိုင္ရာအႀကီးအကဲေတြနဲ႔ လာေရာက္ညႇိႏႈိင္းေဆာင္ရြက္ေပးတာ ျဖစ္ပါတယ္။ ျပည္သူေတြအေနနဲ႔လည္း ဌာနဆုိင္ရာလုပ္ငန္းေတြအေပၚမွာ ဥပေဒ၊ နည္းဥပေဒေတြကို ေက်ာ္လြန္ၿပီး ေတာင္းဆုိမႈမျပဳၾကဖို႔နဲ႕ ဌာနဆိုင္ရာေတြအေနနဲ႔လည္း ျပည္သူေတြအေပၚ တတ္ႏိုင္တဲ့ ဘက္က ပါ၀င္ကူညီေဆာင္ရြက္ ေပးေစလိုပါတယ္ " ဟု အာခါတုိင္းရင္းသား လူမ်ဳိးေရးရာ၀န္ႀကီး ဦးအာေဗလက ေျပာသည္။

အဆိုပါ ေတြ႔ဆံုပြဲတြင္ တက္ေရာက္လာသည့္ ေဒသခံမ်ားက ေဒသတြင္းလိုအပ္ခ်က္မ်ားျဖစ္သည့္ လမ္းပန္းဆက္သြယ္ေရး၊ ေရရရိွေရး၊ လွ်ပ္စစ္မီးရရိွေရးစသည့္ လုိအပ္ခ်က္မ်ား တင္ျပခ်က္မ်ားအေပၚ တုိင္းရင္းသားလူမ်ဳိးေရးရာ ၀န္ႀကီးတို႔က သက္ဆိုင္ရာ ဌာနအႀကီးအကဲမ်ားႏွင့္ ညႇိႏႈိင္း ေဆာင္ရြက္ေပးသြားေၾကာင္း သိရသည္။

ယင္းအခမ္းအနားသို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္ၾကသည့္ ဦးစိုင္းေက်ာက္ႏွင့္ ဦးအားကို၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္ႏွင့္ ဌာနဆိုင္ရာ အႀကီးအကဲမ်ား၊ ၿမိဳ႕နယ္အတြင္း ရပ္ကြက္၊ ေက်းရြာမ်ားမွ လားဟူ/ အာခါတိုင္းရင္းသားမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလ နှင့် လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးယောသပ်တို့က ဌာနဆိုင်ရာ အကြီး အကဲများနှင့် ပြည်သူလူထုတွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ(၂၉)ရက်နေ့က ပြုလုပ်ကြောင်း သိရသည်။

"ကျွန်တော် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအနေနဲ့ ဒေသခံ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကို မိုင်းဖြတ်မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ လာရောက်ညှိနှိုင်းဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဌာနဆိုင်ရာလုပ်ငန်းတွေအပေါ်မှာ ဥပဒေ၊ နည်းဥပဒေတွေကို ကျော်လွန်ပြီး တောင်းဆိုမှုမပြုကြဖို့နဲ့ ဌာနဆိုင်ရာတွေအနေနဲ့လည်း ပြည်သူတွေအပေါ် တတ်နိုင်တဲ့ ဘက်က ပါဝင်ကူညီဆောင်ရွက် ပေးစေလိုပါတယ် " ဟု အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလက ပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ဒေသခံများက ဒေသတွင်းလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးစသည့် လိုအပ်ချက်များ တင်ပြချက်များအပေါ် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးတို့က သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသွားကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများမှ လားဟူ/ အာခါတိုင်းရင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~