လြိဳင္ေကာ္တြင္ အမ်ိဳးသမီးတစ္ဦးအား ၿခိမ္းေျခာက္ေခၚေဆာင္သူႏွစ္ဦးကို ဖမ္းဆီး အမႈဖြင့္ထား

လြိဳင္ေကာ္တြင္ အမ်ိဳးသမီးတစ္ဦးအား ၿခိမ္းေျခာက္ေခၚေဆာင္သူႏွစ္ဦးကို ဖမ္းဆီး အမႈဖြင့္ထား
မေ 27, 2017
By Tachileik News Agency

ကယားျပည္နယ္ လိြဳင္ေကာ္ - ဒီးေမာ့ဆိုလမ္းတြင္ အမ်ိဳးသမီးတစ္ဦးအား ေမလ (၂၆)ရက္ေန႔ ညေန (၅)နာရီ (၃၀)မိနစ္ခန္႔က အတင္းအဓမၼ ကားေပၚသို႔ ေခၚေဆာင္သြားသည့္ အမ်ိဳးသားႏွစ္ဦးကို ေမလ (၂၇)ရက္ေန႔ နံနက္တြင္ ဖမ္းဆီးလိုက္ၿပီး ဒီးေမာ့ဆိုရဲစခန္းတြင္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ေဒါခူသြဲ႕ရြာ၊ ထီးပိုးကလိုးအုပ္စု၊ ဒမဆၿမိဳ႕နယ္မွ အမည္မေဖာ္လိုသူ အမ်ဳိးသမီးႏွစ္ဦးသည္ လိြဳင္ေကာ္မွ ဒီေမာဆိုသို႔ ဆိုင္ကယ္ျဖင့္ ျပန္လာစဥ္ ေဒါပိုးစီေက်းရြာအေရာက္ ေနာက္မွလိုက္လာသည့္ ကားတစ္စီးက ဆိုင္ကယ္အားေရွ႕မွ ပိတ္ရပ္ကာ ဟန္႔တားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကားေပၚပါလာသည့္ အမ်ိဳးသားနွစ္ဦးအနက္ ေကာင္းစံ(ခ) ေကာင္းေဝသိန္း (ခ) ကိုေကာင္းဆိုသူက ဆင္းလာၿပီး မ....အား အတင္းအဓမၼၿခိမ္းေျခာက္ကာ ကားေပၚသို႔ တြန္းတင္၍ ကားအား ေမာင္းႏွင္သြားျခင္းျဖစ္ေၾကာင္း ႏွင့္ ကားေမာင္းႏွင္သူမွာ ဦးစိန္ဝင္းဆိုသူျဖစ္ေၾကာင္း သိရသည္။

အဆိုပါကားသည္ လိြဳင္ေကာ္ - ဒီးေမာဆိုသို႔ သြားသည့္ကားလမ္း မိုင္တိုင္အမွတ္ (၁၂၃/၀)ႏွင့္ (၁၂၃/၁)ၾကားလမ္းတြင္ အရွိန္လြန္ကာ လမ္းေဘးထိုးက်ၿပီး မ...မွာ ျပင္ပဒဏ္ရာမရဘဲ သတိလစ္သြားသျဖင့္ ဒီးေမာဆိုၿမိဳ႕ ေဆးရံုသို႔ ပို႔ေဆာင္ခဲ့ရေၾကာင္း သိရသည္။

အဆိုပါ ျဖစ္ရပ္ႏွင့္ ပတ္သက္၍ အမ်ိဳးသမီးတစ္ဦးအား အလိုမတူဘဲ အတင္းအဓမၼၿခိမ္းေျခာက္ကာ ကားေပၚဆြဲတင္ ေမာင္းႏွင္ေျပးသူ စိန္ဝင္းႏွင့္ ေကာင္းစံ (ခ) ေကာင္းေဝသိန္း(ခ)ကိုေကာင္းတို႔အား ေမလ (၂၇)ရက္ေန႔ နံနက္ (၉)နာရီ (၅၅)မိနစ္တြင္ ဖမ္းဆီးလိုက္ၿပီး ၎တို႔ႏွစ္ဦးအား ဒီးေမာဆိုၿမိဳ႕မရဲစခန္းတြင္ (ပ)၂၇/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၆၆/၅၀၆ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် လွိုင်ကော် - ဒီးမော့ဆိုလမ်းတွင် အမျိုးသမီးတစ်ဦးအား မေလ (၂၆)ရက်နေ့ ညနေ (၅)နာရီ (၃၀)မိနစ်ခန့်က အတင်းအဓမ္မ ကားပေါ်သို့ ခေါ်ဆောင်သွားသည့် အမျိုးသားနှစ်ဦးကို မေလ (၂၇)ရက်နေ့ နံနက်တွင် ဖမ်းဆီးလိုက်ပြီး ဒီးမော့ဆိုရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

ဒေါခူသွဲ့ရွာ၊ ထီးပိုးကလိုးအုပ်စု၊ ဒမဆမြို့နယ်မှ အမည်မဖော်လိုသူ အမျိုးသမီးနှစ်ဦးသည် လွိုင်ကော်မှ ဒီမောဆိုသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဒေါပိုးစီကျေးရွာအရောက် နောက်မှလိုက်လာသည့် ကားတစ်စီးက ဆိုင်ကယ်အားရှေ့မှ ပိတ်ရပ်ကာ ဟန့်တားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကားပေါ်ပါလာသည့် အမျိုးသားနှစ်ဦးအနက် ကောင်းစံ(ခ) ကောင်းဝေသိန်း (ခ) ကိုကောင်းဆိုသူက ဆင်းလာပြီး မ....အား အတင်းအဓမ္မခြိမ်းခြောက်ကာ ကားပေါ်သို့ တွန်းတင်၍ ကားအား မောင်းနှင်သွားခြင်းဖြစ်ကြောင်း နှင့် ကားမောင်းနှင်သူမှာ ဦးစိန်ဝင်းဆိုသူဖြစ်ကြောင်း သိရသည်။

အဆိုပါကားသည် လွိုင်ကော် - ဒီးမောဆိုသို့ သွားသည့်ကားလမ်း မိုင်တိုင်အမှတ် (၁၂၃/ဝ)နှင့် (၁၂၃/၁)ကြားလမ်းတွင် အရှိန်လွန်ကာ လမ်းဘေးထိုးကျပြီး မ...မှာ ပြင်ပဒဏ်ရာမရဘဲ သတိလစ်သွားသဖြင့် ဒီးမောဆိုမြို့ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ အမျိုးသမီးတစ်ဦးအား အလိုမတူဘဲ အတင်းအဓမ္မခြိမ်းခြောက်ကာ ကားပေါ်ဆွဲတင် မောင်းနှင်ပြေးသူ စိန်ဝင်းနှင့် ကောင်းစံ (ခ) ကောင်းဝေသိန်း(ခ)ကိုကောင်းတို့အား မေလ (၂၇)ရက်နေ့ နံနက် (၉)နာရီ (၅၅)မိနစ်တွင် ဖမ်းဆီးလိုက်ပြီး၎င်းတို့နှစ်ဦးအား ဒီးမောဆိုမြို့မရဲစခန်းတွင် (ပ)၂၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၆၆/၅၀၆ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~