ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈအတြက္ လႊမ္းမိုးခ်ဳပ္ကိုင္မႈ ကင္းရွင္းသည့္ အခင္းအက်င္း ဖန္တီးထားရန္ လိုအပ္သည္ဟု ျပည္ေထာင္စုုၿငိမ္းခ်မ္းေရးညီလာခံ (၂၁) ရာစုု ပင္လုုံ ဒုုတိယအစည္းအေ၀းစတင္သည့္ ေမလ(၂၄) ရက္ေန႔ဖြင့္ပြဲတြင္ ကရင္အမ်ိဳးသားအစည္းအရံုး(KNU)ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုးက ေျပာၾကားလိုက္သည္။
ျပည္ေထာင္စုုၿငိမ္းခ်မ္းေရးညီလာခံ (၂၁) ရာစုု ပင္လုုံ ဒုုတိယအစည္းအေ၀းကို ေနျပည္ေတာ္ရွိ MICC-II တြင္ ေမလ (၂၄) ရက္ေန႔မွ ေမလ (၂၈)ရက္ေန႔အထိ က်င္းပေနျခင္းျဖစ္ၿပီး ကရင္အမ်ိဳးသား အစည္းအရံုးဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုးက တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားကိုယ္စား ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါ အစည္းအေဝးသို႔ UNFC အဖြဲ႔က မတက္ေရာက္ေသာ္လည္း UWSA အဖြဲ႕ေခါင္းေဆာင္သည့္ ေျမာက္ပိုင္းမဟာမိတ္(၇)ဖြဲ႔ တက္ေရာက္ခဲ့ၿပီး ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈလုုပ္ငန္းစဥ္ကိုု ယခုုလက္ရိွ သြားေနသည့္ NCA လမ္းေၾကာင္းမဟုတ္ဘဲ အျခားလမ္းေၾကာင္းအသစ္ျဖင့္ ေဆြးေႏြးရန္ ေတာင္းဆိုထားေၾကာင္း သိရသည္။
တစ္ႏုိင္ငံလံုး အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA) လမ္းေၾကာင္းအား လ်စ္လ်ဴရႈၿပီး လမ္းစဥ္သစ္ ေဖာ္ေဆာင္ျခင္းသည္ ဖက္ဒရယ္ျပည္ေထာင္စုကို မလိုလားျခင္းျဖစ္သည္ဟု တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ဖြင့္ပြဲမိန္႔ခြန္းတြင္ ထည့္သြင္း ေျပာၾကားသြားသည္။
အစည္းအေဝး ဖြင့္ပြဲ အခမ္းအနားသို႔ ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၊ တိုင္းရင္းသားလက္ႏွက္ကိုင္အဖြဲ႔အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား၊ ႏိုင္ငံေရးပါတီမွ ကိုယ္စားလွယ္မ်ား၊ တပ္မေတာ္ကိုယ္စားလွယ္မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ အရပ္ဖက္အဖြဲ႔အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ၾကသည္။
သတင္း/ဓာတ္ပံု - ခင္စႏၵာျမင့္
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ ဒုတိယအစည်းအေဝးကို နပြေည်တော်ရှိ MICC-II တွင် မေလ (၂၄) ရက်နေ့မှ မေလ (၂၈)ရက်နေ့အထိ ကျင်းပနခြေင်းဖြစ်ပြီး ကရင်အမျိုးသား အစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ UNFC အဖွဲ့က မတက်ရောက်သော်လည်း UWSA အဖွဲ့ခေါင်းဆောင်သည့် မြောက်ပိုင်းမဟာမိတ်(၇)ဖွဲ့ တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ငန်းစဉ်ကို ယခုလက်ရှိ သွားနေသည့် NCA လမ်းကြောင်းမဟုတ်ဘဲ အခြားလမ်းကြောင်းအသစ်ဖြင့် ဆွေးနွေးရန် တောင်းဆိုထားကြောင်း သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လမ်းကြောင်းအား လျစ်လျူရှုပြီး လမ်းစဉ်သစ် ဖော်ဆောင်ခြင်းသည် ဖက်ဒရယ်ပြည်ထောင်စုကို မလိုလားခြင်းဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွင့်ပွဲမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။
အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ တပ်မတော်ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
သတင်း/ဓာတ်ပုံ - ခင်စန္ဒါမြင့်