ေက်ာက္မဲၿမိဳ႕ လူေနရပ္ကြက္မွ ဆီဆိုင္အားကန္႔ကြက္သည့္လူထုႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားေတြ႕ဆံု

ေက်ာက္မဲၿမိဳ႕ လူေနရပ္ကြက္မွ ဆီဆိုင္အားကန္႔ကြက္သည့္လူထုႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားေတြ႕ဆံု
မေ 18, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမဳိ႕ အမွတ္(၈)ရပ္ကြက္ ေအာင္ဆန္းလမ္းမႀကီးနံေဘးတြင္ စက္သံုးဆီ အေရာင္းဆိုင္တည္ေဆာက္ေနမႈအား ရပ္ကြက္ေနလူထုမွ တိုင္ၾကားမႈေၾကာင့္ ရွမ္းျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားပါဝင္သည့္ တရားဥပေဒ စိုးမိုးေရးႏွင့္ ၿငိမ္းခ်မ္းေရးေကာင္စီအဖြဲ႔မွ ေမလ (၁၈) ရက္ ေန႔တြင္ သြားေရာက္ စိစစ္ၾကည့္ရႈေၾကာင္း သိရသည္။

ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္သည့္ တရားဥပေဒ စိုးမိုးေရးႏွင့္ၿငိမ္းခ်မ္းေရးေကာင္စီအဖြဲ႔ ဥကၠဌ ဦးစိုင္းလံု၊ အတြင္းေရးမွဴး ဦးခြန္သူေအာင္၊ ဦးခြန္ေမာင္ျဖဴ၊ ဦးစိုင္းေနာင့္တို႔က စက္သံုးဆီဆိုင္ေနရာႏွင့္ အိမ္နီးခ်င္းမ်ား၊ ရပ္ကြက္ရပ္မိရပ္ဖမ်ား၊ စက္သံုးဆီဆိုင္ဖြင့္လွစ္မႈကို ကန္႔ကြက္လက္မွတ္ေရးထိုးထားသည့့္ ရပ္ကြက္သူ /ရပ္ကြက္သား (၁၅၀) ဦးတို႔ႏွင့္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔က လာေရာက္ေတြ႔ဆံုၿပီး စိစစ္တာျဖစ္ပါတယ္။ လာၿပီးစစ္ေဆးတာမဟုတ္ပါဘူး။ စက္သံုးဆီဆိုင္ ဖြင့္မွာကို ကန္႔ကြက္တဲ့ ရပ္ကြက္ေနလူထုနဲ႔ေတြ႔မယ္။ တင္ျပတာကို နားေထာင္မယ္ မွတ္သားမယ္။ ၿပီးေတာ့ ေက်ာက္မဲၿမိဳ႕က ဌာနဆိုင္ရာတာဝန္ရွိသူေတြနဲ႔ေတြ႔မယ္။ စက္သံုးဆီဆိုင္ဖြင့္မယ့္ ကာယကံရွင္နဲ႔ေတြ႔မယ္။ အသီးသီး ေျပာၾကားခ်က္ေတြကို မွတ္တမ္းတင္ထားၿပီးေတာ့ ျပည္နယ္လႊတ္ေတာ္ ဥကၠဌထံကို တင္ျပေပးသြားမွာျဖစ္ပါတယ္”ဟု တရားဥပေဒစိုးမိုးေရးႏွင့္ၿငိမ္းခ်မ္းေရးေကာင္စီအဖြဲ႔ အတြင္းေရးမွဴး ဦးခြန္သူေအာင္က ရပ္ကြက္ေနလူထုႏွင့္ေတြ႔ဆံုစဥ္ ေျပာၾကားသည္။

လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္ လုပ္ငန္း႐ုပ္သိမ္းရန္အမိန္႔ေပးႏိုင္သည့္ အာဏာမရွိသည့္အတြက္ ျပည္သူလူထုအခက္အခဲကို လာေရာက္ေတြ႔ဆံုေဆြးေႏြးျခင္း၊ မွတ္တမ္းတင္၍ လႊတ္ေတာ္ ဥကၠဌထံသို႔တင္ျပ ျခင္းတို႔ကို လုပ္ေဆာင္ေပးသြားမည္ဟု လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ဆိုသည္။

“ကြ်န္ေတာ္တို႔က အၿငိဳးအေတးနဲ႔ တားျမစ္တာမဟုတ္ပါဘူး။ လူေနရပ္ကြက္ထဲမွာ စက္သံုးဆီဆိုင္ႀကီး ဖြင့္တာ ဆိုေတာ့ ရပ္ကြက္ေနလူထုအတြက္ မီးေဘးအႏၱရာယ္စိုးရိမ္ရလို႔ ကန္႔ကြက္ရျခင္းျဖစ္ပါတယ္။ လူေနရပ္ကြက္ မဟုတ္တဲ့ ေနရာမွာဖြင့္ပါ။ ဟိုင္းေဝးလမ္းမွာဖြင့္ပါ မကန္႔ကြက္ပါဘူး” ဟု လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ ရပ္ကြက္ေနလူထု ေတြ႔ဆံုစဥ္တြင္ ရပ္ကြက္သားတစ္ဦးျဖစ္သူ ကိုေအာင္ကိုသက္က ေျပာသည္။

ရပ္ကြက္ေနလူထု၏ ေျပာဆိုခ်က္မ်ားအရ နယ္ေျမမၿငိမ္းခ်မ္းသည့္အတြက္ ဗံုးေပါက္ကြဲမႈ မၾကာခဏျဖစ္ေပၚျခင္း၊ ဆီဆိုင္ဖြင့္လွစ္မည့္ေနရာ မ်က္ႏွာစာႏွစ္ဖက္တြင္ ကေလးကစားကြင္း၊ မနက္ခင္းေစ်းႏွင့္ နီးကပ္လြန္းျခင္း၊ က်န္မ်က္ႏွာစာႏွစ္ဖက္တြင္ လူေနအိမ္မ်ားႏွင့္နီးကပ္ေနျခင္းတို႔ေၾကာင့္ မီးေဘးအႏၱရာယ္ကို စိုးရိမ္ရသည့္အတြက္ စတင္ေဆာက္လုပ္စဥ္မွစ၍ ၿမိဳ့နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဌာနသို႔ အဆင့္အဆင့္အႀကိမ္ႀကိမ္တင္ျပ ထားခဲ့ေသာ္လည္း ဆက္လက္ ေဆာက္လုပ္ေနသည့္ အတြက္ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံ သို႔ တင္ျပရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~




ကျောက်မဲမြို့ လူနေရပ်ကွက်မှ ဆီဆိုင်အားကန့်ကွက်သည့်လူထုနှင့် လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ
********

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၈)ရပ်ကွက် အောင်ဆန်းလမ်းမကြီးနံဘေးတွင် စက်သုံးဆီ အရောင်းဆိုင်တည်ဆောက်နေမှုအား ရပ်ကွက်နေလူထုမှ တိုင်ကြားမှုကြောင့် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များပါဝင်သည့် တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ မေလ (၁၈) ရက် နေ့တွင် သွားရောက် စိစစ်ကြည့်ရှုကြောင်း သိရသည်။

ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် တရားဥပဒေ စိုးမိုးရေးနှင့်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ဥက္ကဌ ဦးစိုင်းလုံ၊ အတွင်းရေးမှူး ဦးခွန်သူအောင်၊ ဦးခွန်မောင်ဖြူ၊ ဦးစိုင်းနောင့်တို့က စက်သုံးဆီဆိုင်နေရာနှင့် အိမ်နီးချင်းများ၊ ရပ်ကွက်ရပ်မိရပ်ဖများ၊ စက်သုံးဆီဆိုင်ဖွင့်လှစ်မှုကို ကန့်ကွက်လက်မှတ်ရေးထိုးထားသည့် ရပ်ကွက်သူ /ရပ်ကွက်သား (၁၅၀) ဦးတို့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က လာရောက်တွေ့ဆုံပြီး စိစစ်တာဖြစ်ပါတယ်။ လာပြီးစစ်ဆေးတာမဟုတ်ပါဘူး။ စက်သုံးဆီဆိုင် ဖွင့်မှာကို ကန့်ကွက်တဲ့ ရပ်ကွက်နေလူထုနဲ့တွေ့မယ်။ တင်ပြတာကို နားထောင်မယ် မှတ်သားမယ်။ ပြီးတော့ ကျောက်မဲမြို့က ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့တွေ့မယ်။ စက်သုံးဆီဆိုင်ဖွင့်မယ့် ကာယကံရှင်နဲ့တွေ့မယ်။ အသီးသီး ပြောကြားချက်တွေကို မှတ်တမ်းတင်ထားပြီးတော့ ပြည်နယ်လွှတ်တော် ဥက္ကဌထံကို တင်ပြပေးသွားမှာဖြစ်ပါတယ်”ဟု တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ အတွင်းရေးမှူး ဦးခွန်သူအောင်က ရပ်ကွက်နေလူထုနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များအနဖြေင့် လုပ်ငန်းရုပ်သိမ်းရန်အမိန့်ပေးနိုင်သည့် အာဏာမရှိသည့်အတွက် ပြည်သူလူထုအခက်အခဲကို လာရောက်တွေ့ဆုံဆွေးနွေးခြင်း၊ မှတ်တမ်းတင်၍ လွှတ်တော် ဥက္ကဌထံသို့တင်ပြ ခြင်းတို့ကို လုပ်ဆောင်ပေးသွားမည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

“ကျွန်တော်တို့က အငြိုးအတေးနဲ့ တားမြစ်တာမဟုတ်ပါဘူး။ လူနေရပ်ကွက်ထဲမှာ စက်သုံးဆီဆိုင်ကြီး ဖွင့်တာ ဆိုတော့ ရပ်ကွက်နေလူထုအတွက် မီးဘေးအန္တရာယ်စိုးရိမ်ရလို့ ကန့်ကွက်ရခြင်းဖြစ်ပါတယ်။ လူနေရပ်ကွက် မဟုတ်တဲ့ နေရာမှာဖွင့်ပါ။ ဟိုင်းဝေးလမ်းမှာဖွင့်ပါ မကန့်ကွက်ပါဘူး” ဟု လွှတ်တော် ကိုယ်စားလှယ်များနှင့် ရပ်ကွက်နေလူထု တွေ့ဆုံစဉ်တွင် ရပ်ကွက်သားတစ်ဦးဖြစ်သူ ကိုအောင်ကိုသက်က ပြောသည်။

ရပ်ကွက်နေလူထု၏ ပြောဆိုချက်များအရ နယ်မြေမငြိမ်းချမ်းသည့်အတွက် ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပေါ်ခြင်း၊ ဆီဆိုင်ဖွင့်လှစ်မည့်နေရာ မျက်နှာစာနှစ်ဖက်တွင် ကလေးကစားကွင်း၊ မနက်ခင်းဈေးနှင့် နီးကပ်လွန်းခြင်း၊ ကျန်မျက်နှာစာနှစ်ဖက်တွင် လူနေအိမ်များနှင့်နီးကပ်နခြေင်းတို့ကြောင့် မီးဘေးအန္တရာယ်ကို စိုးရိမ်ရသည့်အတွက် စတင်ဆောက်လုပ်စဉ်မှစ၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနသို့ အဆင့်အဆင့်အကြိမ်ကြိမ်တင်ပြ ထားခဲ့သော်လည်း ဆက်လက် ဆောက်လုပ်နေသည့် အတွက်ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံ သို့ တင်ပြရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~