တာလေဘက်မှ တာချီလိတ်သို့လာသည့် ယာဉ်တစ်စီး ပန်အန်ကျေးရွာရှိ နေအိမ်ခြံဝန်းသို့ ၀င်တိုက်မိ

တာလေဘက်မှ တာချီလိတ်သို့လာသည့် ယာဉ်တစ်စီး ပန်အန်ကျေးရွာရှိ နေအိမ်ခြံဝန်းသို့ ၀င်တိုက်မိ
မေ 21, 2017
By Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~

တာလေဘက်မှ တာချီလိတ်ဘက်သို့ လာသည့် မော်တော်ယာဉ်တစ်စီးသည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်အန်ကျေးရွာ အရောက်တွင် အဆိုပါကျေးရွာ၏ လမ်းမဘေးရှိ နေအိမ်ခြံဝန်းထဲသို့ အရှိန်လွန်ကာ ဝင်တိုက်မိမှု မေလ(၂၁)ရက်နေ့ ညနေ (၅)နာရီဝန်းကျင် အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားမှုကြောင့် နေအိမ် နှင့် အဆိုပါ နေအိမ်မှ လူထိခိုက်မှုမရှိသော်လည်း ခြံစည်းရိုး ပျက်စီးမှုရှိခဲ့ကြောင်း နှင့် ယာဉ်မောင်းသူမှာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~