တာခ်ီလိတ္တြင္ ဓာတ္တိုက္အား ဆိုင္ကယ္ျဖင့္ အရွိန္ျပင္းစြာ ၀င္တိုက္မိရာမွ အမ်ဳိးသားတစ္ဦး ပြဲခ်င္းၿပီး ေသဆံုး

တာခ်ီလိတ္တြင္ ဓာတ္တိုက္အား ဆိုင္ကယ္ျဖင့္ အရွိန္ျပင္းစြာ ၀င္တိုက္မိရာမွ အမ်ဳိးသားတစ္ဦး ပြဲခ်င္းၿပီး ေသဆံုး
မေ 21, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္ တာခ်ီလိတ္ေရေဆးခံုေရွ႕တြင္ ဆိုင္ကယ္တစ္စီးမွ ဓာတ္တိုင္အား အရွိန္ျပင္းစြာ ၀င္တိုက္မိရာမွ ဆိုင္ကယ္ေမာင္းလာသူ အမ်ဳိးသားတစ္ဦး ပြဲခ်င္းၿပီး ေသဆံုးသြားမႈ ေမလ(၂၁)ရက္ေန႔ နံနက္(၂)နာရီ၀န္းက်င္အခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အသက္(၂၀)ေက်ာ္ရွိ အမ်ဳိးသားတစ္ဦးသည္ ဆိုင္ကယ္ေမာင္းႏွင္လာရာမွ အာခါေစ်းလမ္း၊ ၀ိန္းေက်ာက္ရပ္ကြက္၊ တာခ်ီလိတ္ေရေဆးခံုေရွ႕ရွိ လမ္းေဘးဓာတ္တိုင္အား အရွိန္ျပင္းစြာ ၀င္တိုက္မိရာ ေနရာ၌ပင္ ပြဲခ်င္းၿပီး ေသဆံုးသြား၍ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ တာခ်ီလိတ္ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးခ့ဲေၾကာင္း သိရသည္။

ေသဆံုးသူသည္ ဓာတ္တိုင္အား ၀င္ေရာက္တိုက္မိျခင္းေၾကာင့္ ယာမ်က္ခံုးေပါက္ၿပဲ၊ ေနာက္ေစ့ေပါက္ၿပဲ၊ နား၊ႏွာေခါင္းေသြးထြက္၊ ၀ဲေပါင္ပြန္းဒဏ္ရာမ်ား အသီးသီးရရွိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး လတ္တေလာတြင္ ေသဆံုးသူမွာ မည္သူျဖစ္ေၾကာင္း မသိရေသး၍ စံုစမ္းမႈမ်ားျပဳလုပ္ေနေၾကာင္း ႏွင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၂၈/၂၀၁၇၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၄-က/၂၇၉ျဖင့္ အမႈဖြင့္ထားရွိေၾကာင္း သိရွိရသည္။

ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် တာချီလိတ်ရေဆေးခုံရှေ့တွင် ဆိုင်ကယ်တစ်စီးမှ ဓာတ်တိုင်အား အရှိန်ပြင်းစွာ ဝင်တိုက်မိရာမှ ဆိုင်ကယ်မောင်းလာသူ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားမှု မေလ(၂၁)ရက်နေ့ နံနက်(၂)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသက်(၂၀)ကျော်ရှိ အမျိုးသားတစ်ဦးသည် ဆိုင်ကယ်မောင်းနှင်လာရာမှ အာခါဈေးလမ်း၊ ဝိန်းကျောက်ရပ်ကွက်၊ တာချီလိတ်ရေဆေးခုံရှေ့ရှိ လမ်းဘေးဓာတ်တိုင်အား အရှိန်ပြင်းစွာ ဝင်တိုက်မိရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွား၍ တာချီလိတ်နာရေးကူညီမှုအသင်းမှ တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် ဓာတ်တိုင်အား ဝင်ရောက်တိုက်မိခြင်းကြောင့် ယာမျက်ခုံးပေါက်ပြဲ၊ နောက်စေ့ပေါက်ပြဲ၊ နား၊နှာခေါင်းသွေးထွက်၊ ဝဲပေါင်ပွန်းဒဏ်ရာများ အသီးသီးရရှိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ပြီး လတ်တလောတွင် သေဆုံးသူမှာ မည်သူဖြစ်ကြောင်း မသိရသေး၍ စုံစမ်းမှုများပြုလုပ်နေကြောင်း နှင့် တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၂၈/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၂၇၉ဖြင့် အမှုဖွင့်ထားရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~