Update News

“တစ္ခါတေလ လက္နက္ကိုင္အဖြဲ႕အစည္းေတြပါလာရင္ မဖမ္းရဲဘူး”




“တစ္ခါတေလ လက္နက္ကိုင္အဖြဲ႕အစည္းေတြပါလာရင္ မဖမ္းရဲဘူး”
ကုန္သြယ္ေရးဦးစီးဌာန  ညႊန္ၾကားေရးမွဴး  ဦးတင္ရဲဝင္းႏွင့္ အင္တာဗ်ဴး

ျမန္မာတစ္ႏုိင္ငံလံုးတြင္ နယ္စပ္ကုန္သြယ္ေရးစခန္း(၁၃)ခုရိွရာ  ကုန္သြယ္ေရးဦးစီးဌာန၏ ညႊန္ၾကားေရးမွဴး အဆင့္မွ  တာဝန္ယူေဆာင္ရြက္လ်က္ရွိသည့္ နယ္စပ္ကုန္သြယ္ေရးစခန္း(၄)ခုအနက္  ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ ၊ ဖန္မင္အုပ္စု   မယ္ယန္းေက်းရြာတြင္ ဖြင့္လွစ္ထားရိွသည့္ မယ္ယန္းကုန္သြယ္မႈစစ္ေဆးေရးစခန္းတြင္ ကုန္သြယ္ေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးအျဖစ္ (၆)လၾကာ တာဝန္ယူခဲ့သူ ဦးတင္ရဲဝင္းႏွင့္ ေတြ႔ဆံုေမးျမန္းထားပါသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၏ နယ္စပ္ကုန္သြယ္ေရးအား တရားဝင္ကုန္သြယ္မႈတိုးျမင့္လာေရး ျပည္နယ္အစိုးရက ၾကပ္မတ္လုပ္ေဆာင္ေနၿပီး လက္နက္ကိုင္အဖြဲ႕အစည္းမ်ားလည္း ရိွေနသည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၏ နယ္စပ္ကုန္သြယ္ေရး အေျခအေနမ်ားကို ကုန္သြယ္ေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးျဖစ္သူ ဦးတင္ရဲဝင္းက ျပည့္ျပည့္စံုစံု ေဆြးေႏြးထားပါသည္။

TNA ။   ။ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရဲ႕ နယ္စပ္ကုန္သြယ္ေရး ပမာဏ က   ရွမ္းျပည္နယ္ တစ္ခုလံုးမွာရွိတဲ့ နယ္စပ္ကုန္သြယ္ေရးရဲ႕ ရာခုိင္ႏႈန္း ဘယ္ေလာက္ရိွပါသလဲ။

UTYW ။   ။ တာခ်ီလိတ္ကုန္သြယ္ေရးစခန္း၏ ကုန္သြယ္မႈပမာဏသည္ တစ္လ ေလးသန္း ၊ ေျခာက္သန္း စတဲ့ ပမာဏေလးေတြပဲ ရိွပါတယ္။ (၁၀) သန္းမေက်ာ္တာ ေသခ်ာတယ္။ မူဆယ္လိုေနရာမ်ိဳးဆိုရင္ တစ္လကို အေမရိကန္ေဒၚလာ သန္းေပါင္း (၃၆၀၀)ေလာက္ရိွတယ္။ ဒီမွာ ရာခိုင္ႏႈန္းအားျဖင့္ အရမ္းကို နည္းပါတယ္။

TNA ။   ။ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွာ ကုန္သြယ္မႈစစ္ေဆးေရးစခန္း ဘယ္ႏွစ္ခုနဲ႔ လုပ္ငန္းေဆာင္ရြက္ေန ပါသလဲ။ ရွမ္း/အေရွ႕ရဲ႕ ကုန္သြယ္မႈလမ္းေၾကာင္းေတြရဲ႕ လက္ရိွအေျခအေနေလးေတြ သိခ်င္ပါတယ္။

UTYW ။   ။ ကၽြန္ေတာ္တို႔ဌာနအေနနဲ႔ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွာ မယ္ယန္းကုန္သြယ္ေရးစခန္း တစ္ခုပဲ ရိွပါတယ္။ ကၽြန္ေတာ္တို႔ဆီကအဖြဲ႔ေတြကိုေတာ့ မိုင္းယု၊ ဝမ္ပံုနဲ႔ (တာခ်ီလိတ္-မယ္ဆိုင္ ခ်စ္ၾကည္ေရးတံတား) တံတား (၂)မွာ ထားပါတယ္။  အေကာက္ခြန္နဲ႔ ရဲတပ္ဖြဲ႕က စစ္ေဆးၿပီး ရလာတာေတြ စာရင္းေတြကို မယ္ယန္း ကုန္သြယ္ေရးစခန္းက စစ္ေဆးပါတယ္။ လိုင္စင္လည္း ဒီကပဲထုတ္ေပးပါတယ္။ မိုင္းယုကေတာ့ တရားဝင္ခြင့္ျပဳထားတဲ့လမ္းေၾကာင္းမဟုတ္လို႔ စစ္ေဆးေရး အဖြဲ႔ေတြကို စစ္ေဆးဖို႔ ထားထားတာပါ။ မိုင္းယုက တရားမဝင္ကုန္သြယ္တဲ့ကားေတြသြားရင္ တားဖို႔ထားတဲ့ေနရာပါ။  စစ္ေဆးေရးအဖြဲ႕ထားရျခင္းက အဲဒီဘက္ကေန တရုတ္ဘက္ကို ပစၥည္းေတြ ထြက္မသြားေအာင္လို႔ တရားဝင္လမ္းေၾကာင္းကို ေရာက္လာဖို႔ ကၽြန္ေတာ္တို႔က ေျခာက္ခိုင္းတာ။ အဲဒီဘက္က ကုန္သြယ္မႈမလုပ္ဘူး။ သူခိုးသြားဖမ္းတာပဲ။ မိခ်င္မိတယ္။ မမိခ်င္ မမိဘူး။ တစ္ခါတေလ လက္နက္ကိုင္ အဖြဲ႕အစည္းေတြပါလာရင္ မဖမ္းရဲဘူး။ အဲဒီေတာ့ မိုင္းယုဆိုတာက တရားဝင္ကုန္သြယ္ေရး လမ္းေၾကာင္းေပၚေရာက္လာေအာင္ ကၽြန္ေတာ္တို႔က တြန္းေျခာက္ခုိင္းေနတဲ့ေနရာျဖစ္ေနတယ္။  က်ိဳင္းတံုရဲ႕ ကုန္သြယ္မႈစာရင္းကေတာ့ သီးသန္႔သြားတယ္။ က်ိဳင္းတံုမွာေတာ့ မိုင္းလားက ဝင္လာတဲ့ ကုန္သြယ္မႈစာရင္း ဝင္တယ္။ အဲဒီကပဲ လုိင္စင္လုပ္ေပးတယ္။ ပံုပါက်င္ မယ္ေဟာင္ေဆာင္ဘက္ကဖြင့္ရင္ ကၽြန္ေတာ္တို႔မွာ ကုန္သြယ္ေရးလမ္းေၾကာင္းတစ္ခု ထြက္လာႏုိင္တယ္။ ကၽြန္ေတာ္တို႔လည္း ဖြင့္ခ်င္တယ္။ ဒါေပမယ့္ နယ္စပ္ကုန္သြယ္ေရးစခန္း တစ္ခုဖြင့္မယ္ဆိုရင္ အေျခခံအခ်က္ေလးေတြရိွတယ္။

နံပါတ္(၁)က သူတို႔ႏုိင္ငံဘက္က ကၽြန္ေတာ္တို႔ဆီကို ဘာပစၥည္းေတြ ဝင္လာႏုိင္သလဲ။ ကၽြန္ေတာ္တို႔ ႏုိင္ငံဘက္က သူတို႔ဆီကို ဘာပစၥည္းေတြ တင္ပို႔ႏုိင္သလဲဆိုတဲ့ အဝင္အထြက္ပစၥည္းစာရင္းေတြ ၾကည့္ရတယ္။ မိုင္းတံု၊ မိုင္းဆတ္ဘက္ကေန ဘာပစၥည္းေတြ ထြက္မလဲ။ သူ႔ဘက္ကေန ဘာပစၥည္းေတြ ဝင္လာႏုိင္မလဲ။

နံပါတ္(၂)အခ်က္က လမ္းပန္းဆက္သြယ္ေရး။ သူ႔မွာဆို ေတာင္ႀကီးအထိ ဆက္သြယ္လို႔ရတဲ့ လမ္းေၾကာင္းရိွတယ္။

နံပါတ္(၃)အခ်က္က လံုၿခံဳေရး။ ဒီအခ်က္က အေရးႀကီးတယ္။ လံုၿခံဳမႈမရိွတဲ့ေဒသမွာ ကၽြန္ေတာ္တုိ႔ ကုန္သြယ္ေရးစခန္းေတြ ဖြင့္လို႔မရပါဘူး။ ဒီေဒသက "ဝ"ေတာင္ပိုင္းေဒသနဲ႔ ခ်ိတ္တယ္။ "ဝ"ေတာင္ပိုင္း ေဒသက ရံဖန္ရံခါ ဒီလမ္းေၾကာင္းေတြကို ျဖတ္ေတာက္ထားေလ့ရိွတဲ့အျပင္ ကုန္သြယ္မႈလုပ္ရင္ အခြန္ေကာက္မယ္ဆိုတဲ့အေျခအေနလည္း ရိွတယ္။ ဒီေတာ့ အစိုးရအေနနဲ႔ ဒါကို လက္ခံဖို႔က ခက္တယ္။ ဒီအခ်က္သံုးခ်က္ထဲမွာ အဓိကအက်ဆံုးျဖစ္တဲ့ လံုၿခံဳေရးအပိုင္းမွာ ဒီလမ္းေၾကာင္းက စိတ္မခ်ရဘူး ျဖစ္ေနတယ္။ သာမန္အားျဖင့္ေတာ့ လမ္းပန္းဆက္သြယ္ေရး အဆင္ေျပပါတယ္။ သြားလို႔ လာလို႔ရတယ္။ သူ႔ရဲ႕သြင္းကုန္၊ ကိုယ့္ရဲ႕ပို႔ကုန္ ထုိက္သင့္ သေလာက္ရိွတယ္။ တတိယအခ်က္ျဖစ္တဲ့ လံုၿခံဳေရး အေျခအေနကက်ေတာ့ မုိင္းလားလိုပဲ "ဝ"က အခြန္ထပ္ရခ်င္တဲ့ သေဘာရိွေနတယ္။ ဒါကို ျပည္နယ္အစုိးရ ကိုလည္း တင္ျပထားတယ္။ ဖြင့္ခ်င္တဲ့ဆႏၵရိွတာေတာ့မွန္တယ္။ ဖြင့္ရန္သင့္/မသင့္ ဆံုးျဖတ္ပါဆိုၿပီးေတာ့ တင္ျပထားတယ္။ ျပည္ေထာင္စုအစိုးရကလည္း ခြင့္ျပဳမွာ မဟုတ္ဘူး။ သမၼတ ဦးသိန္းစိန္ လက္ထက္တုန္းက မုိင္းလားသည္ ငါတို႔နဲ႔ ရင္းရင္းႏွီးႏွီး ဆက္ဆံလာတတ္ေစ၊ တစ္ဖက္ကလည္း အခြန္ေတြကို သိပ္ၿပီး မတိုးေစနဲ႔ဆိုၿပီးေတာ့ ျပည္ေထာင္စု အစိုးရက ရသင့္တဲ့ အခြန္ကို သူ႔ကို ေကာက္ခြင့္ေပးလုိက္သလို ျဖစ္သြားတယ္။ အခြန္ေတာ့ ေကာက္သြားတယ္။ သို႔ေပမယ့္ သူတို႔သည္ ကၽြန္ေတာ္တို႔နဲ႔ အနီးကပ္ ဆက္ဆံလာတဲ့ အေနအထားေတာ့ မေတြ႕ရဘူး။ အဲဒါမ်ိဳး ေနာက္တစ္ခုကို ထပ္ၿပီးခြင့္မျပဳခ်င္ဘူး ထင္ပါတယ္။ ကၽြန္ေတာ္တို႔ဟာ ႏုိင္ငံတစ္ႏိုင္ငံရဲ႕ လံုၿခံဳေရးအေျခအေနနဲ႔ စဥ္းစားရမွာရိွလာရင္ ဘယ္ေလာက္ပဲ အျမတ္ရပါေစ၊ ဘယ္ေလာက္ပဲ ျပည္နယ္ဖြံ႕ၿဖိဳးႏုိင္တဲ့အခြင့္အလမ္းျဖစ္ပါေစ ၊ လံုၿခံဳေရးကို ဦးစားေပး စဥ္းစားရမယ့္ အေျခအေန ျဖစ္လာပါတယ္။

TNA ။   ။ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွာ တရားမဝင္ကုန္သြယ္မႈပေပ်ာက္ေရးလုပ္ေဆာင္ရာမွာ လုပ္ေဆာင္ရ၊ ေျဖရွင္းရခက္ခဲေနတ့ဲ အပိုင္းေတြ ဘယ္ႏွစ္ခုေလာက္ရိွပါသလဲ။

UTYW ။   ။ ကၽြန္ေတာ္တို႔ ကုန္သြယ္မႈဦးစီးဌာနအေနနဲ႔ ကုန္သြယ္မႈလုပ္ရင္းကေနပဲ ခုနေျပာတဲ့ တရားမဝင္ဆိုတဲ့ဟာကလည္း ပါလာတာေပါ့ေနာ္။ ကၽြန္ေတာ့္အေနနဲ႔ကေတာ့ ကုန္သြယ္မႈဆိုတဲ့ အေၾကာင္းအရာကေနပဲ စၿပီးေဆြးေႏြးခ်င္ပါတယ္။ တစ္ႏုိင္ငံလံုးကုန္သြယ္မႈမွာ Oversea က (၈၀) ရာခုိင္ႏႈန္းရိွပါတယ္။ နယ္စပ္အားလံုးက (၂၀)ရာခုိင္ႏႈန္းပဲရိွပါတယ္။ အဲဒီေတာ့ နယ္စပ္ဆိုတဲ့ေနရာမွာ ဘဂၤလားေဒ့ရွ္၊ အိႏၵိယ၊ ထုိင္း၊ တရုတ္ ဒီေလးႏုိင္ငံလံုးနဲ႔ ကုန္သြယ္မႈက အက်ံဳးဝင္ပါတယ္။ နယ္စပ္ ကုန္သြယ္မႈဆိုတာနဲ႔ တစ္ႏိုင္ငံလံုး ကုန္သြယ္မႈရဲ႕ (၂၀)ရာခုိင္ႏႈန္းအေပၚမွာပဲ သက္ေရာက္မႈရိွတဲ့ ပမာဏဆိုတာေတာ့ ကၽြန္ေတာ့္ဘက္က ကနဦး ေဆြးေႏြးလိုပါတယ္။ တကယ့္ ပမာဏနည္းနည္းေလးပါ။ ငါးပံုတစ္ပံုေလာက္ပဲ ရိွတာပါ။ ဒါက ပထမအခ်က္ပါ။ ဒီထဲကမွ သံလြင္အေရွ႕ျခမ္း ရွမ္း/အေရွ႕ရဲ႕ ကုန္သြယ္မႈပမာဏက်ေတာ့ ငါးပံုတစ္ပံုပဲရိွတဲ့ နယ္စပ္ကုန္သြယ္ေရးရဲ႕ ထပ္ၿပီးေသးသြားတဲ့ အစိတ္အပိုင္း တစ္ခုျဖစ္ပါတယ္။ အထူးသျဖင့္ သံလြင္အေရွ႕ျခမ္းေဒသ က်ိဳင္းတံု၊ တာခ်ီလိတ္ေဒသသည္ ျပည္မနဲ႔ အလွမ္းေဝးပါတယ္။ တရုတ္၊ ထုိင္းႏုိင္ငံတို႔နဲ႔ နယ္စပ္ကုန္သြယ္မႈ ဆက္စပ္ေနပါတယ္။ ဒါေပမယ့္ တရုတ္ႏိုင္ငံနဲ႔က်ေတာ့ အစိုးရအခ်င္းခ်င္း တုိက္ရိုက္ ဆက္ဆံမႈစနစ္မဟုတ္ပါဘူး။ ၾကားထဲမွာ လက္နက္ကိုင္ အဖြဲ႕အစည္းတစ္ခုက ၾကားခံျဖစ္ေနပါတယ္။ WTO (World Trade Organization)ရဲ႕ သတ္မွတ္ခ်က္အရဆိုရင္ တရားမဝင္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အခြန္ႏွစ္ထပ္ျဖစ္လို႔။ တရုတ္ႏုိင္ငံက ကုန္ပစၥည္းတစ္ခု ကၽြန္ေတာ္တို႔ႏိုင္ငံကို ဝင္လာမယ္  ၊ မုိင္းလားကေနတစ္ဆင့္ေပါ့။ ကၽြန္ေတာ္တုိ႔ႏုိင္ငံက ကုန္ပစၥည္းတစ္ခု တရုတ္ႏုိင္ငံကို ျပန္ထြက္မယ္။ မုိင္းလားေပါက္ကေန တစ္ဆင့္ေပါ့။ တစ္ကယ္တမ္း WTO ရဲ႕သတ္မွတ္ခ်က္အရဆိုရင္ တရုတ္ႏုိင္ငံက အခြန္ေကာက္မယ္။ ကၽြန္ေတာ္တို႔ ႏုိင္ငံက အခြန္ေကာက္မယ္။ ဒါေပမယ့္  ဒီမွာက အထူးေဒသ(၄)ဆိုတဲ့ လက္နက္ကိုင္အဖြဲ႕အစည္းတစ္ရပ္ရဲ႕ အခြန္တစ္ရပ္က ၾကားထဲမွာ ထပ္ခံေနေသးတဲ့အတြက္ေၾကာင့္ ဒီလမ္းေၾကာင္းသည္ WTO သတ္မွတ္ခ်က္နဲ႔ မကိုက္ညီေသာ ကုန္သြယ္မႈအေနအထားျဖစ္ပါတယ္။ ဒါကေတာ့ လက္ရိွေျမျပင္မွာျဖစ္ေနတဲ့ အေနအထားပါ။ ဒါေၾကာင့္မို႔ ဟိုအရင္အစိုးရေတြလက္ထက္မွာ မိုင္းလားလမ္းေၾကာင္းဆိုတာကို တရားဝင္မေပးခဲ့ဘူး။ ၂၀၁၂ ခုႏွစ္က်မွွ စေပးခဲ့တာ။ ဒါလည္းပဲ အဲဒီတုန္းက တက္လာတဲ့အစိုးရက သံလြင္အေရွ႕ျခမ္းမွာ အနည္းနဲ႔အမ်ား အေထာက္အပံ့ေလးပိုရလာေအာင္၊ တစ္ဖက္ကလည္း လက္နက္ကိုင္အဖြဲ႕အစည္းေတြ အေနနဲ႔ ျပည္ေထာင္စုအစိုးရနဲ႔ နီးကပ္စြာ ဆက္ဆံတတ္လာေအာင္ဆိုၿပီးေတာ့ ရည္မွန္းခ်က္ႏွစ္ရပ္ေၾကာင့္သာ ႏုိင္ငံတကာအဆင့္နဲ႔ မကိုက္ညီတဲ့ ကုန္သြယ္မႈလမ္းေၾကာင္းကို ေပးခဲ့လို႔ သြားေနၾကတာ။ တစ္ကယ္ေတာ့ သတ္မွတ္ခ်က္နဲ႕မညီဘူး အခြန္သံုးထပ္နဲ႔ ျဖစ္ေနတယ္။

တာခ်ီလိတ္နဲ႔ အခု က်ိဳင္းလပ္ကေနတစ္ဆင့္သြားမယ့္ လာအိုနဲ႔က်ေတာ့ ႏုိင္ငံတကာ သတ္မွတ္ခ်က္ေတြနဲ႔ ညီပါတယ္။ ထိုင္းႏုိင္ငံ အခြန္တစ္ရပ္နဲ႔ ျမန္မာႏုိင္ငံရဲ႕အခြန္တစ္ရပ္၊ လာအိုႏိုင္ငံနဲ႔ ျမန္မာႏုိင္ငံရဲ႕ အခြန္နဲ႔ ဆိုေတာ့ ကိုက္ညီပါတယ္။ ဒါေပမယ့္ က်ိဳင္းလပ္မွာက်ေတာ့ လာအိုႏုိင္ငံနဲ႔ MOU မထိုးရေသးဘူး။ ဘာလို႔ မထိုးရေသးတာလဲဆိုေတာ့ လာအိုနဲ႔ ကၽြန္ေတာ္တို႔ရဲ႕ၾကားမွာ တံတားေဆာက္ထားတဲ့ေနရာမွာ နယ္နိမိတ္ျပႆနာ က်န္ေနတဲ့အတြက္ေၾကာင့္ပါ။ အဲဒီနယ္နိမိတ္ျပႆနာကို ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ဦးေဆာင္ၿပီး ေျဖရွင္းေနတာ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလကမွ ၿပီးသြားတယ္။ ဒီေတာ့ ျပည္ေထာင္စု အစိုးရအဖြဲ႕ရံုးကို နယ္နိမိတ္သတ္မွတ္ထားခ်က္ကို တင္ျပထားဆဲပဲ  ျဖစ္ပါတယ္။ ျပည္ေထာင္စု အစိုးရအဖြဲ႕ရံုးက သေဘာတူညီၿပီဆိုေတာ့ ကၽြန္ေတာ္တို႔က ႏွစ္ႏုိင္ငံကုန္သြယ္မႈသေဘာတူစာခ်ဳပ္က ဆက္ထိုးရမွာ။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔က လာအိုႏုိင္ငံနဲ႔ တံတားကေတာ့ တည္ေဆာက္ၿပီးသြားတယ္ တရားဝင္ကုန္သြယ္မႈကေတာ့ လုပ္မရေသးဘူး။ သိပ္မၾကာခင္ေတာ့ ရပါမယ္။ ဒါက လာအိုနဲ႔အပိုင္း တရုတ္နဲ႔အပိုင္း။ ထိုင္းႏုိင္ငံနဲ႔အပုိင္းက်ေတာ့ တာခ်ီလိတ္သည္ တရားဝင္ကုန္သြယ္မႈအပိုင္းလည္း ျဖစ္ပါတယ္။ တရားဝင္ ဝင္ထြက္ရာလမ္းေၾကာင္းအျဖစ္လည္း သတ္မွတ္ထားပါတယ္။ အဲဒီေတာ့ ႏုိင္ငံျခားသားေတြကလည္း တရားဝင္ဗီဇာ၊ ပတ္စ္ပိုု႔နဲ႔ ဝင္ထြက္လို႔ရတယ္။ တျခားတတိယႏုိင္ငံေတြျဖစ္တဲ့ အေမရိကတို႔ ဥေရာပလူေတြ ဒီကေန ဝင္လို႔ရသလို တာခ်ီလိတ္ကေန ျပန္ထြက္လို႔လည္း ရပါတယ္။ အေမရိကန္ႏုိင္ငံသားတစ္ေယာက္က ရန္ကုန္ေလဆိပ္ကေန ဗီဇာနဲ႔ဝင္လာတယ္။ တာခ်ီလိတ္ကေန ျပန္ထြက္မယ္ ဆိုရင္လည္း အိုေကတယ္။ အေမရိကန္ႏုိင္ငံသားတစ္ေယာက္သည္ တာခ်ီလိတ္ကေန ဗီဇာနဲ႔ ဝင္လာမယ္။ ရန္ကုန္ကေန ျပန္ထြက္မယ္ဆိုရင္လည္း အိုေကတယ္။ ဒီကေန တရားဝင္ ဝင္ထြက္လမ္းေၾကာင္းအျပင္ တရားဝင္ကုန္သြယ္မႈျပဳတဲ့ လမ္းေၾကာင္းျဖစ္ပါတယ္။ ဒါေပမယ့္ ဒီႏိုင္ငံဘက္မွာ ကန္႔သတ္ခ်က္က ဘာလဲဆိုေတာ့ သံလြင္အေရွ႕ျခမ္းေဒသသည္ ျမန္မာႏုိင္ငံ အတြင္းပိုင္း အဓိကေစ်းကြက္ေတြျဖစ္တဲ့ ရန္ကုန္၊ မႏၱေလးနဲ႔ အလွမ္းေဝးတဲ့အခါက်ေတာ့ သယ္ယူပို႔ေဆာင္စရိတ္ေတြ ႀကီးတယ္။ ဒီေတာ့ ထုိင္းႏုိင္ငံက ပစၥည္းေတြသည္ ျမဝတီ၊ မဲေဆာက္ကေန အမ်ားစုဝင္တယ္။ ဒီကေန ဝင္မယ္ဆိုရင္ ဟိုဘက္က ျမဝတီလမ္းေၾကာင္းက စရိတ္ကို မယွဥ္ႏုိင္ဘူး။ ဒီေတာ့ တာခ်ီလိတ္သည္ တရားဝင္ကုန္သြယ္မႈစခန္းျဖစ္ေနတာ မွန္ပင္ မွန္ေသာ္ျငားလည္း နယ္ေျမေဒသအေျခအေနေတြအရ သံလြင္အေရွ႕ျခမ္းမွာရိွေသာ က်ိဳင္းတံု၊ တာခ်ီလိတ္က နယ္ေျမခံေတြ အတြက္ပဲ အကန္႔အသတ္နဲ႔ ျဖစ္ေနတာ။ ဆိုလိုခ်င္တာကေတာ့ ပမာဏက နည္းတယ္။ အကုန္လံုး ျပန္ၿခံဳငံုၿပီး ေျပာရရင္ေတာ့ တစ္ႏုိင္ငံလံုး၏ ငါးပံုတစ္ပံုသာရိွတဲ့ ကုန္သြယ္မႈပမာဏမွာ တာခ်ီလိတ္သည္ ပိုၿပီးေတာ့ ေသးတဲ့ အစိတ္အပိုင္း တစ္ခုပဲျဖစ္ေနတယ္။ ဒီေဒသေတြရဲ႕ ပထဝီအေနအထားအရ အဓိကေစ်းကြက္ေတြျဖစ္တဲ့ ရန္ကုန္၊ မႏၱေလးနဲ႔ အလွမ္းေဝးတာေၾကာင့္ ျဖစ္တယ္။

TNA ။   ။ ဒီဘက္ရဲ႕ နယ္စပ္ကုန္သြယ္ေရးဟာ ေဒသတြင္းကုန္သြယ္ေရးအဆင့္ေလာက္ပဲရိွတယ္လို႔ အခုေျပာသြားတဲ့ အထဲမွာ သိရပါတယ္။ ဒီေဒသတြင္းရဲ႕ ကုန္သြယ္ေရးအေနအထားမွာ တရားမဝင္ ကုန္သြယ္မႈေတြလည္း ရိွေနတယ္ဆိုတာ သိရေတာ့ ဒါက ဘာေၾကာင့္ပါလဲ။ ခ်မွတ္ထားတဲ့ မူဝါဒ၊ လုပ္ထံုးလုပ္နည္းေတြနဲ႔ ေဒသအေျခအေနၾကားမွာ အေကာင္အထည္ေဖာ္ရတာ ခက္ခဲေနတာေတြမ်ား ရိွပါသလား။

UTYW ။   ။ တာခ်ီလိတ္ရဲ႕ နယ္စပ္ကုန္သြယ္ေရးဟာ မွတ္တမ္းေတြအရ ၂၀၀၆ ခုႏွစ္မွာ စတာပါ။ ကၽြန္ေတာ္ ႏွစ္ပိုင္းခြဲေျပာပါမယ္။ တစ္ပိုင္းကေတာ့ တာခ်ီလိတ္၊ က်ိဳင္းတံု သံလြင္အေရွ႕ျခမ္းနဲ႔ ပတ္သက္တာပါ။ ေနာက္တစ္ပိုင္းကေတာ့ တစ္ႏုိင္ငံလံုးနဲ႔ ပတ္သက္တာပါ။ သံလြင္အေရွ႕ျခမ္းေဒသသည္ ရွမ္း၊ လားဟူ၊ အာခါ၊ ဝ စတဲ့ တုိင္းရင္းသားမ်ိဳးႏြယ္စုေတြ အမ်ားစုေနတဲ့ ေနရာေဒပါ။ ဒီေဒသေတြသည္ ကၽြန္ေတာ္တို႔ မေမြးခင္ကတည္းက ထုိင္းႏုိင္ငံ၊ တရုတ္ႏုိင္ငံတို႔နဲ႔ ကူးလူးဆက္ႏႊယ္ေနၾကတယ္။ ကၽြန္ေတာ္တို႔ရဲ႕ တာခ်ီလိတ္ကုန္သြယ္ေရးစခန္းသည္ ၂၀၀၆ ခုႏွစ္မွ တရားဝင္ကုန္သြယ္ေရးစခန္းအျဖစ္ စလာတာ။ သူတို႔ မိရိုးဖလာအရ ဒီကုန္သြယ္ေရးစခန္းႀကီး မရိွခင္ကတည္းက ထုိင္းႏုိင္ငံ၊ တရုတ္ႏုိင္ငံတို႔နဲ႔ ကုန္သြယ္ေရးစခန္းေတြ လုပ္ခဲ့ၾကတာျဖစ္ေတာ့ ၂၀၀၆ ခုႏွစ္မွာ ဒီစခန္းႀကီးေပၚလာတယ္။ ႏုိင္ငံေတာ္ကို အခြန္အခေတြ ေပးရမယ္ဆိုတဲ့အေလ့အက်င့္ကို သူတို႔သည္ ခ်က္ခ်င္းလက္ခံႏုိင္ဖို႔ နည္းနည္းေလး ခက္လာတယ္။ သူတို႔အရင္ကလည္း ဒီလိုပဲ ကုန္သြယ္မႈေတြလုပ္လာတယ္။ အခုက်မွ ဒီပစၥည္းက တရားဝင္တယ္။ တရားမဝင္ဘူး။ ဒီပစၥည္းက အခြန္ဒီေလာက္ေဆာင္ရမယ္။ ဒီပစၥည္းကေတာ့ တင္သြင္းခြင့္ မရိွဘူးစတဲ့ ကန္႔သတ္ခ်က္ေတြ ရိွလာတာကိုး။ ရိုးသားတဲ့တိုင္းရင္းသားေတြအေနနဲ႔ ဒါေတြကို ခ်က္ခ်င္းလက္ခံႏုိင္ဖို႔ခက္ေနတာက ကၽြန္ေတာ္တို႔အတြက္ ကန္႔သတ္ခ်က္ျဖစ္လာတယ္။ ဒုတိယအခ်က္ကေတာ့ တစ္ႏုိင္ငံလံုးမွာရိွတဲ့ တျခားကုန္သြယ္ေရးေတြလိုပါပဲ။ ပစၥည္းကို ေစ်းသက္သက္ သာသာနဲ႔ ဝယ္ၿပီး အျမတ္မ်ားမ်ားရေအာင္ ေရာင္းခ်င္ၾကတာ။ အဲဒီေတာ့ ပစၥည္းတစ္ခုကို ဝယ္လာတယ္ တစ္က်ပ္၊ အစိုးရကို တစ္မတ္ေပးရမယ္ဆိုရင္ သူတို႔ျပန္ေရာင္းတဲ့အခါမွာ ဒီအခြန္ကိုပါ ခုႏွိမ္ၿပီး ေရာင္းရတဲ့ အခါက်ေတာ့ အျမတ္နည္းလာတယ္။ ဒီေတာ့ အခြန္မေပးေတာ့ဘဲ ရတဲ့နည္းလမ္းနဲ႔ ေက်ာ္သြားမယ္။ အျမတ္မ်ားမ်ားျပန္ယူမယ္ဆိုတာ ဒါက တစ္ႏုိင္ငံလံုးမွာ ႀကံဳေတြ႕ေနရတဲ့အခ်က္ပါ။ အဲဒီ အခ်က္ ႏွစ္ခ်က္ေၾကာင့္ ဒီဘက္မွာေတာ့ အရာရာအားလံုးသည္ အခြန္အခထမ္းေဆာင္ၿပီးမွ တရားဝင္သြားဖို႔ရာမွာ ျဖစ္ေနတဲ့ အခက္အခဲပါ။ ေနာက္ တတိယအခ်က္ တခ်ိဳ႕ပစၥည္းေတြ ဒီမွာ တင္သြင္းခြင့္မရိွဘူး။ ဥပမာ - အရက္၊ ဘီယာ၊ စီးကရက္။ ဒါေပမယ့္ ဒီဘက္မွာ ဒါေတြက မကင္းၾကဘူး။  ရိုးရာပြဲေတြ၊ ေကာက္သစ္စားပြဲ၊ မီးပံုပြဲ၊ ဧည့္ခံပြဲေတြ စတာေတြမွာ အရက္တို႔ ဘီယာတို႔ ေခါင္ရည္တို႔က မကင္းၾကဘူး။ ဒီဘက္ေဒသမွာ စပါးအရက္၊ ေျပာင္းအရက္စတာေတြက ရြာေနရာတိုင္းမွာ ရိွေနတာပဲ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ႏုိင္ငံဥပေဒအရ အရက္သည္ တရားမဝင္ဘူး တင္သြင္းခြင့္ မေပးဘူးလို႔ ေျပာလိုက္တဲ့အခ်ိန္မွာ ပိုဆိုးတာေပါ့။ ဒီလိုဟာမ်ိဳးေတြေၾကာင့္ သူတို႔အေနနဲ႔ တရားဝင္လိုက္နာဖို႔ အခက္အခဲေလးေတြ ရိွလာတယ္။ အေျခခံအားျဖင့္ေတာ့ ရိုးသားတယ္။ အစိုးရဌာနေတြရဲ႕ လုပ္ထံုးလုပ္နည္းေတြကို ေသခ်ာမသိဘူး။ ေနတာကလည္း ေတာင္ေပၚေဒသေတြမွာ ေနၾကတယ္။ မိရုိးဖလာအားျဖင့္လည္း ဟိုဘက္ႏုိင္ငံက ပစၥည္းေတြကို ဒီဘက္သယ္နဲ႔ ကူးလူးၿပီးေနလာၾကတယ္။ ၂၀၀၆ ခုႏွစ္ေနာက္ပိုင္းမွ အခြန္ကိစၥေတြ စတာေတြ ေပၚလာေတာ့ ဒါကို က်ယ္က်ယ္ျပန္႔ျပန္႔နားလည္ သေဘာေပါက္မႈ မရိွျခင္းသည္လည္း တရားဝင္ကုန္သြယ္မႈလမ္းေၾကာင္းေပၚကို ေရာက္ဖို႔ဆိုတဲ့ေနရာမွာ ေဒသက တိုင္းရင္းသားေတြနဲ႔ ကၽြန္ေတာ္တို႔နဲ႔ၾကားမွာ အဓိကက်တဲ့ အခက္အခဲတစ္ခုေပါ့။

ေနာက္တစ္ခုကေတာ့ ကုန္သည္လုပ္ငန္းရွင္ေတြ။ သူတို႔ေတြကေတာ့ ပညာတတ္ေတြျဖစ္တယ္။ ကုန္သြယ္မႈလုပ္ငန္းေတြကို သိတယ္။ ႏုိင္ငံတကာမွာလည္း သြားလာေနေတာ့ အေတြ႕အႀကံဳေတြရိွတယ္။ အစိုးရကို အခြန္ေဆာင္ရမယ္ဆိုတာလည္း သိတယ္။ ဒါေပမယ့္ အျမတ္မ်ားမ်ားလိုခ်င္ေတာ့ အစိုးရကို အခြန္ေရွာင္ဖို႔ နည္းလမ္းေပါင္းစံုနဲ႔ႀကိဳးစားတယ္။ ႀကိဳးစားတဲ့နည္းလမ္းေတြကေတာ့ အမ်ားႀကီးေပါ့။ တင္သြင္းခြင့္မရိွတဲ့ပစၥည္းေတြကို ခိုးဝွက္ဖံုးကြယ္ၿပီးေတာ့ တျခားလမ္းေၾကာင္းေတြကေန ပတ္ၿပီး သြင္းတာေတြလည္းရိွတယ္။ တင္သြင္းခြင့္ရိွတဲ့ ပစၥည္းမွာေတာင္ (၁၀၀)ပဲအခြန္ေဆာင္ၿပီး (၂၀၀)ေလာက္ သယ္တာမ်ိဳး လုပ္လာတယ္။ ဒီထက္ပိုၿပီး အဆင့္ျမင့္လာတဲ့အခါက်ေတာ့ အက်ႌပိတ္စကို နမူနာ ျပမယ္ဆိုရင္ ေစ်းသက္သာတဲ့ပိတ္စကို ဂ်ဴတီျပတယ္။ ခပ္ေပါေပါ ပိတ္စကို အခြန္ေဆာင္ျပၿပီး ပိုေကာင္းတဲ့ပိတ္စေတြ တင္သြင္းသြားတာေတြရိွတယ္။ ဒီလိုပံုစံနဲ႔ လုပ္ေနၾကတဲ့ အုပ္စုေတြလည္းရိွတယ္။
ဒါကေတာ့ ပထမအခက္အခဲသည္ တိုင္းရင္းသားေတြ နယ္ေျမခံေတြနဲ႔ ကၽြန္ေတာ္တို႔ၾကားမွာ ျဖစ္ေနတဲ့ အခက္အခဲ။ ဒုတိယ အခက္အခဲသည္ သိျပီးေတာ့  ႏုိင္ငံတကာနဲ႔လည္း ဝင္ဆံ႔ေနၿပီးေတာ့ ကုန္သြယ္မႈ လုပ္ေနၾကတဲ့ ကုန္သည္မ်ားနဲ႔ၾကားမွာ ျဖစ္ေနတဲ့အခက္အခဲ။ ဒီလိုမ်ိဳးေတြသည္ တစ္ႏုိင္ငံလံုးမွာ ႀကံဳေနရတဲ့အခက္အခဲ။ ဒါေတြက ကၽြန္ေတာ္တို႔ႏုိင္ငံမွာ တရားဝင္ကုန္သြယ္မႈလမ္းေၾကာင္းေပၚေရာက္ဖို႔ ႀကံဳေနရတဲ့ အခက္အခဲေတြပဲ။ အခ်ဳပ္အားျဖင့္ ေျပာရရင္ ရိုးသားၿပီး မသိလို႔ခ်ိဳးေဖာက္မိလို႔ ျဖစ္ရတဲ့ အခက္အခဲတစ္ခု၊ ဒုတိယကေတာ့ သိရဲ႕သားနဲ႔ ဝိသမေလာဘေၾကာင့္ အစိုးရကို ေပးသင့္ေပးထုိက္တဲ့ အခြန္ေတြကို မေပးလိုလို႔ ေရွာင္လႊဲတာက နံပါတ္ႏွစ္။ ရန္ကုန္ဆိပ္ကမ္းအပါအဝင္ က်န္တဲ့ ကုန္သြယ္မႈ လမ္းေၾကာင္းေတြမွာလည္း ဒီလိုအခက္အခဲေတြ ျဖစ္ေနၾကတယ္။ ရန္ကုန္ဆိပ္ကမ္းအပါအဝင္ က်န္တဲ့ ေနရာေတြမွာက်ေတာ့ ပထမအခက္အခဲက နည္းသြားၿပီ။ ရိုးသားၿပီး မသိလို႔ဆိုတာထက္ မရိုးသားတဲ့ အုပ္စုက ပိုမ်ားသြားၿပီ။ ဒီဘက္ေတြမွာေတာ့ ရိုးသားၿပီး မသိလို႔ဆိုတဲ့အုပ္စုက ပိုမ်ားတယ္။ ရန္ကုန္ ဆိပ္ကမ္း၊ ရန္ကုန္ေလဆိပ္၊ မႏၱေလးတို႔ ၊ မူဆယ္တို႔လိုက်ေတာ့ သိတယ္။ ဒုတိယျဖစ္စဥ္မ်ားလာတယ္။ အျမတ္မ်ားမ်ားရခ်င္လို႔ အစိုးရဆီကို အခြန္ေရွာင္တာက ပိုမ်ားတယ္။ ဒီလိုေနရာမ်ိဳးမွာ ကုန္သြယ္မႈ လုပ္ေနတဲ့သူေတြဟာ ကုန္သြယ္မႈလုပ္ငန္းဆိုင္ရာလည္း ကၽြမ္းက်င္တယ္။ အရင္းအႏွီးနဲ႔ နုိင္ငံတကာနဲ႔ ဆက္သြယ္ေဆာင္ရြက္ရာမွာလည္း ႀကီးမားတဲ့သူေတြျဖစ္တယ္။ ဒါေပမယ့္ ရန္ကုန္ဆိပ္ကမ္းလိုမ်ိဳးမွာ ကြန္တိန္နာထဲက သစ္ေတြ တန္ခ်ိန္ေထာင္နဲ႔ခ်ီမိတာကို ၾကည့္ေလ။

TNA ။   ။ ဒီမွာ တရားမဝင္ကုန္သြယ္မႈျဖစ္ရတဲ့အေၾကာင္းရင္းက မသိနားမလည္ ခ်ိဳးေဖာက္မိတာလည္းရိွတယ္။ သိနားလည္ေပမဲ့ အခြန္ေရွာင္တာေၾကာင့္လည္း ရိွတယ္လို႔ဆိုေတာ့ ရွမ္း/အေရွ႕ေဒသမွာ မိရိုးဖလာ ကုန္သြယ္မႈလုပ္ၾကတာနဲ႔ ကုန္သည္ေတြရဲ႕ ကုန္သြယ္မႈ ဘယ္ဟာက ပိုမ်ားပါသလဲ။

UTYW ။   ။ ရွမ္း/အေရွ႕မွာေတာ့ မိရုိးဖလာတစ္ႏုိင္တစ္ပိုင္ကုန္သြယ္ၾကတာနဲ႕ ကုန္သည္ေတြ ကုန္သြယ္မႈလုပ္တာ မွ်တယ္လို႔ ေျပာရမယ္။ ဒါေပမယ့္ ကုန္သြယ္မႈလုပ္ငန္းကို လုပ္တဲ့သူေတြက တုိင္းရင္းသားေဒသခံေတြ ကုန္သြယ္မႈလုပ္တဲ့ ပမာဏထက္ေတာ့မ်ားတယ္။ ဒီမွာ မိရိုးဖလာ တစ္ႏုိင္တစ္ပိုင္လို႔ ကၽြန္ေတာ္ေျပာခ်င္တာက ကိုယ့္အိမ္ဆိုင္ေလးမွာ ေရာင္းဖို႔ သံုးဘီးနဲ႔ ဆမ္ေလာ့ လိုမ်ိဳးေလးေတြနဲ႔ ဘတ္စ္ကားေတြနဲ႔ တစ္ပိုင္တစ္ႏုိင္ဝယ္ၿပီး ေရာင္းေနတဲ့ ဒီမွာေရာင္းတဲ့သူ၊ မုိင္းျဖတ္မွာ ေရာင္းေနတဲ့သူ၊ ၾကားထဲက ရြာေလးေတြမွာ ေရာင္းေနတဲ့သူေတြကို တစ္ပိုင္တစ္ႏုိင္ ေဒသခံ အိမ္ဆိုင္ဖြင့္ေနတဲ့သူေတြကို ကၽြန္ေတာ္ဆိုလိုတာ။ တစ္ခါတေလကိုယ့္အိမ္သံုးဖို႔ ဝယ္တာလည္း ရိွႏုိင္တယ္။ မွ်တယ္လို႔ေျပာတာက အေရအတြက္အရ ေျပာတာ။ ကုန္သြယ္မႈပမာဏနဲ႔ တြက္ရင္ သူတို႔က ၾကက္ဥဘဲဥ၊ အိမ္သံုးပစၥည္း၊ စားေသာက္ကုန္ေလာက္ သယ္တာ။ ပမာဏမ်ားမ်ားသယ္ေနတဲ့ ကုန္ကားေတြနဲ႔ သယ္ေနတဲ့ ကုန္သြယ္သူေတြကေတာ့ သိတဲ့သူေတြက ပိုမ်ားပါတယ္။

TNA ။   ။ နယ္စပ္ကုန္သြယ္ေရးမွာ တစ္ပိုင္တစ္ႏုိင္တင္သြင္းခြင့္ (ITC)ကတ္နဲ႔ တင္သြင္းခြင့္လည္း ျပဳထားတာဆိုေတာ့ ေစာေစာကေျပာတဲ့ တစ္ပိုင္တစ္ႏုိင္ တင္သြင္းသူေတြက မသိနားမလည္သူ မ်ားတယ္ဆိုေတာ့ ဒီ ITC နဲ႔ တင္သြင္းသူေတြမွာ ဒီလိုျပႆနာျဖစ္ေနတာပါလား။

UTYW ။   ။ မဟုတ္ဘူးခင္ဗ်။ တစ္ပိုင္တစ္ႏုိင္တင္သြင္းခြင့္ (ITC)ကတ္ကို မလုပ္တဲ့သူေတြ ရိွတယ္။ ITC ကတ္နဲ႔ တင္သြင္းရမယ္ဆိုတဲ့ ကုန္သြယ္မႈသေဘာကို နားလည္ၿပီး ကတ္ျပားႀကီးလာလုပ္ၿပီး တင္သြင္းေနတဲ့သူကို ကုန္သြယ္မႈကို နားလည္သူလို႔ ေျပာရမယ္။ ဥပမာ ဒီနားမွာရိွတဲ့ တာေလက အိမ္တစ္အိမ္က တာခ်ီလိတ္ကို အလည္လာတယ္။ ျပန္လာရင္ သူ႔အိမ္မွာသံုးဖို႔အတြက္ ပစၥည္း သယ္သြားမယ္။ အဲဒီမွာ သာမန္တစ္ႏုိင္တစ္ဆြဲဆိုတဲ့ ၾကက္ဥဆယ္လံုး၊ ဆယ့္ငါးလံုးသယ္တာ ျပႆနာမရိွဘူး။ ဒါေပမယ့္ အိမ္သံုးဆိုၿပီးေတာ့ (၅၀၀)၊ (၁၀၀၀) သယ္လာရင္ေတာ့ ဒီမွာ အေကာက္ခြန္နဲ႔ စကားေျပာေနရၿပီ။ သူတို႔အျမင္မွာေတာ့ တာခ်ီလိတ္က ေစ်းသက္သာလို႔ တာေလမွာသံုးဖို႔ဝယ္ပါတယ္လို႔ ေျပာေကာင္းေျပာမယ္။ ဒါေပမယ့္ အေကာက္ခြန္ဌာနအျမင္မွာေတာ့ သာမန္ တစ္ႏုိင္တစ္ဆြဲထက္ ပိုတဲ့အတြက္ အခြန္ေဆာင္သင့္တယ္လို႔ ျမင္မယ္။ ဒီလိုဟာမ်ိဳးေတြကို ေျပာတာပါ။ ITC ကတ္ လုပ္ရန္ကို နားမလည္ေသာ၊ သူတို႔သည္ ကုန္သြယ္ေနေသာသူ မဟုတ္တဲ့အတြက္လည္း ျဖစ္ေကာင္းျဖစ္မယ္။ ဘယ္လိုအေၾကာင္းေၾကာင့္ ျဖစ္ျဖစ္ တစ္ႏုိင္တစ္ဆြဲပမာဏထက္မ်ားရင္ အခြန္ေကာက္ကို ေကာက္ရမယ္ ဆိုတာလည္းရိွတယ္။ ဒီေတာ့ တစ္ႏုိင္တစ္ဆြဲဆိုတာကို ဘယ္လိုသတ္မွတ္မလဲဆိုတာ သူတို႔နဲ႔ ကၽြန္ေတာ္တို႔ၾကားမွာ စကားက ေျပာေနရၿပီ။

TNA ။   ။ အခုလိုမ်ိဳး ေဒသခံေတြနဲ႔ ႀကံဳေတြ႕ေနရတဲ့ တစ္ႏိုင္တစ္ဆြဲျပႆနာကို ဘယ္လိုမ်ိဳး ေျဖရွင္းေနပါသလဲ။ ဥပမာ ေဒသအတြက္ သင့္ေလ်ာ္တဲ့ သတ္မွတ္မႈတစ္ခုခုကို ခ်မွတ္ လုပ္ေဆာင္ ေပးတာမ်ိဳးေပါ့။ ဘယ္လိုနည္းလမ္းသံုး ေျဖရွင္းေနပါသလဲ။

UTYW ။   ။ ကၽြန္ေတာ္တုိ႔ကေတာ့ ဒီမွာဘာလုပ္ေပးလုိက္သလဲဆိုေတာ့ ကိုယ္နဲ႔လက္လွမ္းမီသေလာက္ ဥပမာ တာေလမွာဆိုရင္ အိမ္ဆိုင္ဘယ္ႏွစ္ဆိုင္ရိွသလဲစတဲ့ ေျမျပင္စာရင္းေတြကို လုိက္ေကာက္ လုိက္တယ္။ ဒီထဲကမွ ဆိုင္အရြယ္အစားေတြကို ခြဲျခားသတ္မွတ္ထားလုိက္တယ္။ သူတို႔ပစၥည္းသယ္လာရင္ တစ္ႏုိင္တစ္ဆြဲပမာဏထက္ ပိုေနရင္ ဘယ္ဆိုင္ကလဲဆိုတာ ျပန္စစ္လုိက္တယ္။ ဒီဆုိင္ကပါဆိုရင္ ဆုိင္က ႀကီးလား ေသးလား အလတ္လားဆိုတာ ကၽြန္ေတာ္တုိ႔ စာရင္းမွာ လာေပၚတယ္။ အဲဒီအေပၚမူတည္ၿပီး ဒါကေတာ့ျဖင့္ သယ္ပါ။ ဒါကေတာ့ျဖင့္ ခင္ဗ်ားေဆာင္သင့္ပါတယ္ဆိုတာမ်ိဳးနဲ႔ပဲ ေျဖရွင္းေပးရတာမ်ိဳးေပါ့။ ေလွနံဓားထစ္ေတာ့ ေျပာလို႔မရဘူးေပါ့။ သူတို႔နဲ႔ ေဆြးေႏြးၾကည့္ရတယ္။ ဒါေလးေတာ့ သယ္ပါ။ ဒါေလးေတာ့ ဂ်ဴတီေဆာင္ပါဆိုတာမ်ိဳးနဲ႔ သူတို႔နဲ႔ ညိွႏိႈင္းရတဲ့ နည္းလမ္းသံုးရတယ္။

TNA ။   ။ ဒီဘက္မွာ ကုန္သြယ္မႈစခန္းဖြင့္တဲ့ကာလက အခုဆိုရင္ ဆယ္ႏွစ္အတြင္းမွာ ေရာက္ေနၿပီဆိုေတာ့ တရားဝင္ကုန္သြယ္ေရးျဖစ္ဖို႔အတြက္ အေကာင္အထည္ေဖာ္ရာမွာ အရင္ကထက္ တိုးတက္လာတဲ့ အေျခအေန၊ အခုခ်ိန္ထိ အေကာင္အထည္ေဖာ္ရခက္ေနဆဲဆိုတဲ့ အေျခအေနေတြ ဘယ္လိုရိွပါသလဲ။

UTYW ။   ။ ကၽြန္ေတာ္တုိ႔ႏုိင္ငံမွာ ဒီေန႔အထိ ႀကံဳေနရတဲ့အားနည္းခ်က္က လုပ္လို႔ရတဲ့အေျခအေနထိ ေစာင့္ၾကည့္ၾကတာေပါ့ေနာ္။ လုပ္လို႔မရေတာ့ရင္လည္း လုပ္လို႔ရတဲ့အေျခအေနထိ ရပ္ၿပီး ေစာင့္ေနၾကတာေပါ့။ ရတာနဲ႔ ျပန္လုပ္ၾကတယ္။ ဒီဘက္မွာဆို မိုဘိုင္းနဲ႔ ကၽြန္ေတာ္စၿပီး တာဝန္ ထမ္းေဆာင္တဲ့ ကာလမွာဆို အဲဒီေခတ္က လူႀကီးေတြနာမည္အကုန္သံုးၿပီး ေက်ာ္လႊားဖို႔ ႀကိဳးစားၾကတယ္။ ဝန္ထမ္းေတြအေပၚ ဖိအားေပးဖို႔ ႀကိဳးစားတယ္။ ငါ့ကိုေတာ့လုပ္တယ္။ သူ႔ကိုေတာ့ မလုပ္ဘူး ဆိုတာမ်ိဳးေတြနဲ႔ ေျခလွမ္းညိႇလာတယ္။ စစ္ေဆးတဲ့သူဆိုတာ ေတြ႕ရင္ေတာ့ ဖမ္းမွာေပါ့။ မေတြ႕ရင္ေတာ့ လြတ္သြားတာ ရိွေကာင္းရိွမွာေပါ့။ အဲဒီအခက္အခဲကို သူတို႔အေနနဲ႔ နားလည္ဖို႔ခက္ခဲတဲ့အျပင္ သူတို႔သည္ လူႀကီးေတြနာမည္သံုးၿပီး သူတို႔သည္ ဒီလူႀကီးေတြန႔ဲခင္တယ္။ ဒီလူႀကီးေတြနဲ႔ ေျပာမယ္ဆိုမယ္ဆိုတဲ့ ဟာေတြပါ ကၽြန္ေတာ္တို႔သည္ ႀကံဳခဲ့ရတယ္။ အဲဒီေတာ့ ဒါကိုေၾကာက္ၿပီးေတာ့ မလုပ္ဘဲေနမယ္ဆိုရင္လည္း ကၽြန္ေတာ္တို႔အေနနဲ႔ ဒါကို ဘာမွမလုပ္ဘဲေနရံုပဲရိွမယ္။ အဲဒီေတာ့ ေျပာပါ။ အသိေပးပါ။ တုိင္ပါ။ ကၽြန္ေတာ္တုိ႔ကေတာ့ ကၽြန္ေတာ္တို႔ လုပ္စရာရိွတာလုပ္ပါမယ္ဆိုတဲ့ ပံုစံမ်ိဳးနဲ႔ပဲ ေျဖရွင္းရတယ္။ သက္ဆုိင္ရာ လူႀကီးေတြကလည္း လုပ္ထံုးလုပ္နည္းႏွင့္အညီ ေဆာင္ရြက္ရန္ဆိုတဲ့မွတ္ခ်က္မ်ိဳးပဲ ေပးပါတယ္။ အဲဒီလို လူႀကီးေတြကို သံုးၿပီးလုပ္ခဲ့တဲ့ ျဖစ္စဥ္ေတြကို ႀကံဳခဲ့ရပါတယ္။ အခုလို လူႀကီးေတြနာမည္သံုးမရတဲ့ ေခတ္ေရာက္ေတာ့ အဲဒီအသံေတြ ေပ်ာက္သြားျပန္ေရာ။ တစ္သမတ္တည္းေတာ့ ဒီလိုေတာ့ လမ္းေၾကာင္းေျပာင္းသြားၿပီလို႔ ေျပာဖို႔ခက္တယ္။ ႏုိင္ငံေတာ္ကို ထုိက္သင့္တဲ့အခြန္အခေပးၿပီးေတာ့ ကုန္သြယ္မႈျပဳရမယ္ဆိုတဲ့အသိကိုေတာ့ အရင္ကထက္ပိုၿပီး သိလာပါတယ္။

TNA ။   ။ အခုလတ္တေလာမွာ ITC ကတ္လုပ္ေပးရတဲ့အေနအထားက တိုးသြားလား။ ေလ်ာ့သြားပါသလား။

UTYW ။   ။ ITC ကတ္ထုတ္ေပးရတာ ေလ်ာ့သြားပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကတ္မရိွဘဲနဲ႔လည္း သြင္းလို႔ရေနတဲ့လမ္းေၾကာင္းေတြ ရိွေနတယ္လို႔ သိရပါတယ္။ အစိုးရအကူးအေျပာင္းမွာ ဖမ္းဆီးစစ္ေဆးမႈ အရမ္းနည္းသြားပါတယ္။ စစ္ေဆးေရးစခန္းေတြ ျဖဳတ္လိုက္တာ မေန႔တစ္ေန႔ကမွ ျပန္ဖြင့္ပါတယ္။ သိသာထင္ရွားတာကေတာ့ သိန္းနီဘက္က ေရပူျပန္ဖြင့္လိုက္တာ မၾကာေသးပါဘူး။ ျမဝတီ လမ္းေၾကာင္းကဆိုရင္ မရမ္းေခ်ာင္။ ဒါေတြက ဟိုးအရင္အစိုးရ ၂၀၁၂ ခုႏွစ္ ဇြန္လမွာ ကၽြန္ေတာ္တို႔ ျဖဳတ္ေပးလုိက္ရတဲ့စခန္းေတြပါ။ အဲဒီတုန္းက ေဒါက္တာစိုင္းေမာက္ခမ္းဆီကေန ဒီဟာေတြဟာ ကုန္သြယ္ေရးအတြက္ အဟန္႔အတားျဖစ္ေစပါတယ္။ ျဖဳတ္လုိက္ပါဆိုတဲ့ ညႊန္ၾကားခ်က္နဲ႔ ကၽြန္ေတာ္တို႔ ျဖဳတ္ေပးလိုက္ရတဲ့ စခန္းေတြပါ။ အဲဒီတုန္းကေတာ့ ျပည္ထဲေရးအပါအဝင္ကေပါ့ တင္ျပတာက ဒီစခန္းေတြဟာ အေရွ႕ေျမာက္ေဒသက မူးယစ္ေဆးဝါးကိစၥေတြ၊ လက္နက္ခဲယမ္းကိစၥေတြအတြက္ စိစစ္တဲ့လုပ္ငန္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီဟာေတြကို ျပန္ၿပီးစိစစ္ေဆာင္ရြက္သင့္ပါတယ္ဆိုတာ တင္ျပေဆြးေႏြးခဲ့ၾကေပမယ့္ မရလိုက္ဘူး။ အဲဒီစခန္းေတြ ျဖဳတ္လုိက္ၿပီးတဲ့အခါမွာ အစစ္အေဆး အေတာ္နည္းပါးစြာနဲ႔ ဝင္ေရာက္လာပါတယ္။ ဒီေနာက္ပိုင္းမွာ မူးယစ္ေဆးအပါအဝင္ လက္နက္ခဲယမ္း ကိစၥေတြမွာ အရင္က မမိဘူးတဲ့ မူးယစ္ေဆးေတြ ကြန္တိန္နာလိုက္မိတဲ့ကိစၥေတြ၊ ပါဂ်ဲရိုလို လူစီးကားေတြနဲ႔ လက္နက္ခဲယမ္းေတြ သယ္လာၿပီး တမူးတို႔ဘက္မွာ သြားမိတဲ့ျဖစ္စဥ္ေတြ ေတြ႔လာရတာပါ။ လက္နက္ခဲယမ္းနဲ႔ မူးယစ္ေဆးေတာင္ ဒီလိုသယ္ေနၿပီပဲ ITC ကတ္နဲ႔သယ္မယ့္ကုန္အတြက္က ပိုလြယ္တာေပါ့။ အဲဒီေတာ့ ITC ကတ္မလုပ္လည္း သယ္လို႔ရေနမွေတာ့ အခ်ိန္ကုန္ခံၿပီး ဘယ္သူလုပ္ေတာ့မွာလဲ။ တခ်ိဳ႕ဆို ကတ္ေတာ့လုပ္ထားတယ္။ ကုန္ပစၥည္း မသယ္ေတာ့ဘူး။ ၂၀၁၂ ေနာက္ပိုင္းကတည္းက က်သြားတာေပါ့။ အစစ္ေဆးနည္းသြားတဲ့အတြက္ ကတ္နဲ႔ကုန္သြယ္တာလည္း နည္းသြားတယ္လို႔ သံုးသပ္ပါတယ္။

TNA ။   ။ ကုန္သြယ္ေရးလမ္းေၾကာင္းမွာ လမ္းဂိတ္ေၾကးေကာက္တာမ်ိဳး အဖြဲ႕အစည္းအသီးသီးက ေကာက္ခံေနတာမ်ိဳးကို ဘယ္အဖြဲ႕ေတြက ေကာက္ခံေနတာပါလဲ။

UTYW ။   ။အဲဒါေတြက ကၽြန္ေတာ္တုိ႔ဆီမွာ စစ္တမ္းေကာက္ထားတာေတြရိွတယ္။ ျမဝတီကေန ရန္ကုန္ အမွတ္(၃)လမ္းဆံုအထိေရာက္ေအာင္ လမ္းေၾကာင္းမွာ စစ္ေဆးေနတဲ့အဖြဲ႕ေတြက ကရင္ျပည္နယ္မွာ (၅)ဖြဲ႔၊ မြန္ျပည္နယ္မွာ (၄)ဖြဲ႕၊ ပဲခူးတုိင္းအတြင္းမွာ (၂)ဖြဲ႕ကေန (၃)ဖြဲ႕၊ ရန္ကုန္မွာ (၁)ဖြဲ႕ရိွတယ္။ ဒါေတြက သက္ဆုိင္ရာ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြရဲ႕ အစီအစဥ္နဲ႔လုပ္တာဆိုေတာ့ ဘာေတြကို အဓိက စစ္ေဆးေနလဲ၊ ဘယ္လိုပံုစံနဲ႔ သြားေနလဲဆိုတာ ကၽြန္ေတာ္တို႔က ဂဃနဏေျပာလို႔ မရဘူးထင္တယ္။ ကၽြန္ေတာ္တို႔အျမင္မွာေတာ့ ဒါက ကားတုိင္းလည္း မစစ္ႏုိင္ဘူး။ စစ္ေဆးႏုိင္တဲ့အေျခအေနမွာလည္း မရိွဘူး။ စစ္ေဆးဖို႔အတြက္ X ray လိုစက္မ်ိဳးလည္းမပါဘူး။ လူကလည္း ေနပူမေရွာင္ မိုးရြာမေရွာင္ ကားတုိင္းကို မစစ္ေဆးႏုိင္ဘူး။ ဒါေတြကေတာ့ ကုန္သြယ္မႈမွာ တစ္ကယ္ကို အဟန္႔အတားျဖစ္ေစ၊ ေႏွာင့္ေႏွးေစတဲ့ အေၾကာင္း ကၽြန္ေတာ္တို႔အေနနဲ႔ ဟိုးအရင္ကတည္းကလည္း သက္ဆိုင္ရာကို အႀကိမ္မ်ားစြာ တင္ျပခဲ့ဖူးပါတယ္။ ဒါေပမယ့္ ဆက္ၿပီးရိွေနတုန္းပါပဲ။ ဒီအတြက္ အပို ကုန္က်စရိတ္ေတြလည္း အမ်ားႀကီး ရိွေနပါတယ္။

TNA ။   ။ အရင္က အႀကိမ္မ်ားစြာ တင္ျပခဲ့တယ္ဆိုေတာ့ အခုအစိုးရလက္ထက္မွာေရာ ဒီကိစၥ တင္ျပထားပါေသးသလား။

UTYW ။   ။ တင္ထားပါတယ္။ ကၽြန္ေတာ္တုိ႔ ၂၀၁၆ ခုႏွစ္မွာ တစ္ႀကိမ္တင္ျပထားပါတယ္။ ကၽြန္ေတာ္တုိ႔  ဝန္ႀကီးဌာနအေနနဲ႔ တင္ျပထားတာပါ။ ကုန္သြယ္မႈကို ေႏွာင့္ေႏွးၾကန္႔ၾကာေစေသာ အပိုကုန္က်ေနသည့္ လုပ္ငန္းစဥ္မ်ားေခါင္းစဥ္နဲ႔ သက္ဆုိင္ရာအသီးသီးကို တင္ျပထားၿပီးျဖစ္ပါတယ္။

TNA ။   ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။


ေတြ႕ဆံုေမးျမန္းသူ - အင္မိုင္ခ၊ ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~



“တစ်ခါတလေ လက်နက်ကိုင်အဖွဲ့အစည်းတွေပါလာရင် မဖမ်းရဲဘူး”
ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းနှင့် အင်တာဗျူး


မြန်မာတစ်နိုင်ငံလုံးတွင် နယ်စပ်ကုန်သွယ်ရေးစခန်း(၁၃)ခုရှိရာ ကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး အဆင့်မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် နယ်စပ်ကုန်သွယ်ရေးစခန်း(၄)ခုအနက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု မယ်ယန်းကျေးရွာတွင် ဖွင့်လှစ်ထားရှိသည့် မယ်ယန်းကုန်သွယ်မှုစစ်ဆေးရေးစခန်းတွင် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးအဖြစ် (၆)လကြာ တာဝန်ယူခဲ့သူ ဦးတင်ရဲဝင်းနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ နယ်စပ်ကုန်သွယ်ရေးအား တရားဝင်ကုန်သွယ်မှုတိုးမြင့်လာရေး ပြည်နယ်အစိုးရက ကြပ်မတ်လုပ်ဆောင်နပြေီး လက်နက်ကိုင်အဖွဲ့အစည်းများလည်း ရှိနေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ နယ်စပ်ကုန်သွယ်ရေး အခြေအနေများကို ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဖြစ်သူ ဦးတင်ရဲဝင်းက ပြည့်ပြည့်စုံစုံ ဆွေးနွေးထားပါသည်။

TNA ။   ။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရဲ့ နယ်စပ်ကုန်သွယ်ရေး ပမာဏ က ရှမ်းပြည်နယ် တစ်ခုလုံးမှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးရဲ့ ရာခိုင်နှုန်း ဘယ်လောက်ရှိပါသလဲ။

UTYW ။   ။ တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုပမာဏသည် တစ်လ လေးသန်း၊ ခြောက်သန်း စတဲ့ ပမာဏလေးတွေပဲ ရှိပါတယ်။ (၁၀) သန်းမကျော်တာ သေချာတယ်။ မူဆယ်လိုနေရာမျိုးဆိုရင် တစ်လကို အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၆၀၀)လောက်ရှိတယ်။ ဒီမှာ ရာခိုင်နှုန်းအားဖြင့် အရမ်းကို နည်းပါတယ်။

TNA ။   ။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ ကုန်သွယ်မှုစစ်ဆေးရေးစခန်း ဘယ်နှစ်ခုနဲ့ လုပ်ငန်းဆောင်ရွက်နေ ပါသလဲ။ ရှမ်း/အရှေ့ရဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေရဲ့ လက်ရှိအခြေအနေလေးတွေ သိချင်ပါတယ်။

UTYW ။   ။ ကျွန်တော်တို့ဌာနအနေနဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ မယ်ယန်းကုန်သွယ်ရေးစခန်း တစ်ခုပဲ ရှိပါတယ်။ ကျွန်တော်တို့ဆီကအဖွဲ့တွေကိုတော့ မိုင်းယု၊ ဝမ်ပုံနဲ့ (တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား) တံတား (၂)မှာ ထားပါတယ်။ အကောက်ခွန်နဲ့ ရဲတပ်ဖွဲ့က စစ်ဆေးပြီး ရလာတာတွေ စာရင်းတွေကို မယ်ယန်း ကုန်သွယ်ရေးစခန်းက စစ်ဆေးပါတယ်။ လိုင်စင်လည်း ဒီကပဲထုတ်ပေးပါတယ်။ မိုင်းယုကတော့ တရားဝင်ခွင့်ပြုထားတဲ့လမ်းကြောင်းမဟုတ်လို့ စစ်ဆေးရေး အဖွဲ့တွေကို စစ်ဆေးဖို့ ထားထားတာပါ။ မိုင်းယုက တရားမဝင်ကုန်သွယ်တဲ့ကားတွေသွားရင် တားဖို့ထားတဲ့နေရာပါ။ စစ်ဆေးရေးအဖွဲ့ထားရခြင်းက အဲဒီဘက်ကနေ တရုတ်ဘက်ကို ပစ္စည်းတွေ ထွက်မသွားအောင်လို့ တရားဝင်လမ်းကြောင်းကို ရောက်လာဖို့ ကျွန်တော်တို့က ခြောက်ခိုင်းတာ။ အဲဒီဘက်က ကုန်သွယ်မှုမလုပ်ဘူး။ သူခိုးသွားဖမ်းတာပဲ။ မိချင်မိတယ်။ မမိချင် မမိဘူး။ တစ်ခါတလေ လက်နက်ကိုင် အဖွဲ့အစည်းတွေပါလာရင် မဖမ်းရဲဘူး။ အဲဒီတော့ မိုင်းယုဆိုတာက တရားဝင်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရောက်လာအောင် ကျွန်တော်တို့က တွန်းခြောက်ခိုင်းနေတဲ့နေရာဖြစ်နေတယ်။ ကျိုင်းတုံရဲ့ ကုန်သွယ်မှုစာရင်းကတော့ သီးသန့်သွားတယ်။ ကျိုင်းတုံမှာတော့ မိုင်းလားက ဝင်လာတဲ့ ကုန်သွယ်မှုစာရင်း ဝင်တယ်။ အဲဒီကပဲ လိုင်စင်လုပ်ပေးတယ်။ ပုံပါကျင် မယ်ဟောင်ဆောင်ဘက်ကဖွင့်ရင် ကျွန်တော်တို့မှာ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ထွက်လာနိုင်တယ်။ ကျွန်တော်တို့လည်း ဖွင့်ချင်တယ်။ ဒါပေမယ့် နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုဖွင့်မယ်ဆိုရင် အခြေခံအချက်လေးတွေရှိတယ်။

နံပါတ်(၁)က သူတို့နိုင်ငံဘက်က ကျွန်တော်တို့ဆီကို ဘာပစ္စည်းတွေ ဝင်လာနိုင်သလဲ။ ကျွန်တော်တို့ နိုင်ငံဘက်က သူတို့ဆီကို ဘာပစ္စည်းတွေ တင်ပို့နိုင်သလဲဆိုတဲ့ အဝင်အထွက်ပစ္စည်းစာရင်းတွေ ကြည့်ရတယ်။ မိုင်းတုံ၊ မိုင်းဆတ်ဘက်ကနေ ဘာပစ္စည်းတွေ ထွက်မလဲ။ သူ့ဘက်ကနေ ဘာပစ္စည်းတွေ ဝင်လာနိုင်မလဲ။

နံပါတ်(၂)အချက်က လမ်းပန်းဆက်သွယ်ရေး။ သူ့မှာဆို တောင်ကြီးအထိ ဆက်သွယ်လို့ရတဲ့ လမ်းကြောင်းရှိတယ်။

နံပါတ်(၃)အချက်က လုံခြုံရေး။ ဒီအချက်က အရေးကြီးတယ်။ လုံခြုံမှုမရှိတဲ့ဒေသမှာ ကျွန်တော်တို့ ကုန်သွယ်ရေးစခန်းတွေ ဖွင့်လို့မရပါဘူး။ ဒီဒေသက "ဝ"တောင်ပိုင်းဒေသနဲ့ ချိတ်တယ်။ "ဝ"တောင်ပိုင်း ဒေသက ရံဖန်ရံခါ ဒီလမ်းကြောင်းတွေကို ဖြတ်တောက်ထားလေ့ရှိတဲ့အပြင် ကုန်သွယ်မှုလုပ်ရင် အခွန်ကောက်မယ်ဆိုတဲ့အခြေအနေလည်း ရှိတယ်။ ဒီတော့ အစိုးရအနေနဲ့ ဒါကို လက်ခံဖို့က ခက်တယ်။ ဒီအချက်သုံးချက်ထဲမှာ အဓိကအကျဆုံးဖြစ်တဲ့ လုံခြုံရေးအပိုင်းမှာ ဒီလမ်းကြောင်းက စိတ်မချရဘူး ဖြစ်နေတယ်။ သာမန်အားဖြင့်တော့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေပါတယ်။ သွားလို့ လာလို့ရတယ်။ သူ့ရဲ့သွင်းကုန်၊ ကိုယ့်ရဲ့ပို့ကုန် ထိုက်သင့် သလောက်ရှိတယ်။ တတိယအချက်ဖြစ်တဲ့ လုံခြုံရေး အခြေအနေကကျတော့ မိုင်းလားလိုပဲ "ဝ"က အခွန်ထပ်ရချင်တဲ့ သဘောရှိနေတယ်။ ဒါကို ပြည်နယ်အစိုးရ ကိုလည်း တင်ပြထားတယ်။ ဖွင့်ချင်တဲ့ဆန္ဒရှိတာတော့မှန်တယ်။ ဖွင့်ရန်သင့်/မသင့် ဆုံးဖြတ်ပါဆိုပြီးတော့ တင်ပြထားတယ်။ ပြည်ထောင်စုအစိုးရကလည်း ခွင့်ပြုမှာ မဟုတ်ဘူး။ သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းက မိုင်းလားသည် ငါတို့နဲ့ ရင်းရင်းနှီးနှီး ဆက်ဆံလာတတ်စေ၊ တစ်ဖက်ကလည်း အခွန်တွေကို သိပ်ပြီး မတိုးစေနဲ့ဆိုပြီးတော့ ပြည်ထောင်စု အစိုးရက ရသင့်တဲ့ အခွန်ကို သူ့ကို ကောက်ခွင့်ပေးလိုက်သလို ဖြစ်သွားတယ်။ အခွန်တော့ ကောက်သွားတယ်။ သို့ပေမယ့် သူတို့သည် ကျွန်တော်တို့နဲ့ အနီးကပ် ဆက်ဆံလာတဲ့ အနေအထားတော့ မတွေ့ရဘူး။ အဲဒါမျိုး နောက်တစ်ခုကို ထပ်ပြီးခွင့်မပြုချင်ဘူး ထင်ပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးအခြေအနေနဲ့ စဉ်းစားရမှာရှိလာရင် ဘယ်လောက်ပဲ အမြတ်ရပါစေ၊ ဘယ်လောက်ပဲ ပြည်နယ်ဖွံ့ဖြိုးနိုင်တဲ့အခွင့်အလမ်းဖြစ်ပါစေ၊ လုံခြုံရေးကို ဦးစားပေး စဉ်းစားရမယ့် အခြေအနေ ဖြစ်လာပါတယ်။

TNA ။   ။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ တရားမဝင်ကုန်သွယ်မှုပပျောက်ရေးလုပ်ဆောင်ရာမှာ လုပ်ဆောင်ရ၊ ဖြေရှင်းရခက်ခဲနေတဲ့ အပိုင်းတွေ ဘယ်နှစ်ခုလောက်ရှိပါသလဲ။

UTYW ။   ။ ကျွန်တော်တို့ ကုန်သွယ်မှုဦးစီးဌာနအနေနဲ့ ကုန်သွယ်မှုလုပ်ရင်းကနေပဲ ခုနပြောတဲ့ တရားမဝင်ဆိုတဲ့ဟာကလည်း ပါလာတာပေါ့နော်။ ကျွန်တော့်အနေနဲ့ကတော့ ကုန်သွယ်မှုဆိုတဲ့ အကြောင်းအရာကနေပဲ စပြီးဆွေးနွေးချင်ပါတယ်။ တစ်နိုင်ငံလုံးကုန်သွယ်မှုမှာ Oversea က (၈၀) ရာခိုင်နှုန်းရှိပါတယ်။ နယ်စပ်အားလုံးက (၂၀)ရာခိုင်နှုန်းပဲရှိပါတယ်။ အဲဒီတော့ နယ်စပ်ဆိုတဲ့နေရာမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း၊ တရုတ် ဒီလေးနိုင်ငံလုံးနဲ့ ကုန်သွယ်မှုက အကျုံးဝင်ပါတယ်။ နယ်စပ် ကုန်သွယ်မှုဆိုတာနဲ့ တစ်နိုင်ငံလုံး ကုန်သွယ်မှုရဲ့ (၂၀)ရာခိုင်နှုန်းအပေါ်မှာပဲ သက်ရောက်မှုရှိတဲ့ ပမာဏဆိုတာတော့ ကျွန်တော့်ဘက်က ကနဦး ဆွေးနွေးလိုပါတယ်။ တကယ့် ပမာဏနည်းနည်းလေးပါ။ ငါးပုံတစ်ပုံလောက်ပဲ ရှိတာပါ။ ဒါက ပထမအချက်ပါ။ ဒီထဲကမှ သံလွင်အရှေ့ခြမ်း ရှမ်း/အရှေ့ရဲ့ ကုန်သွယ်မှုပမာဏကျတော့ ငါးပုံတစ်ပုံပဲရှိတဲ့ နယ်စပ်ကုန်သွယ်ရေးရဲ့ ထပ်ပြီးသေးသွားတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် သံလွင်အရှေ့ခြမ်းဒေသ ကျိုင်းတုံ၊ တာချီလိတ်ဒေသသည် ပြည်မနဲ့ အလှမ်းဝေးပါတယ်။ တရုတ်၊ ထိုင်းနိုင်ငံတို့နဲ့ နယ်စပ်ကုန်သွယ်မှု ဆက်စပ်နေပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံနဲ့ကျတော့ အစိုးရအချင်းချင်း တိုက်ရိုက် ဆက်ဆံမှုစနစ်မဟုတ်ပါဘူး။ ကြားထဲမှာ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက ကြားခံဖြစ်နေပါတယ်။ WTO (World Trade Organization)ရဲ့ သတ်မှတ်ချက်အရဆိုရင် တရားမဝင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခွန်နှစ်ထပ်ဖြစ်လို့။ တရုတ်နိုင်ငံက ကုန်ပစ္စည်းတစ်ခု ကျွန်တော်တို့နိုင်ငံကို ဝင်လာမယ်၊ မိုင်းလားကနေတစ်ဆင့်ပေါ့။ ကျွန်တော်တို့နိုင်ငံက ကုန်ပစ္စည်းတစ်ခု တရုတ်နိုင်ငံကို ပြန်ထွက်မယ်။ မိုင်းလားပေါက်ကနေ တစ်ဆင့်ပေါ့။ တစ်ကယ်တမ်း WTO ရဲ့သတ်မှတ်ချက်အရဆိုရင် တရုတ်နိုင်ငံက အခွန်ကောက်မယ်။ ကျွန်တော်တို့ နိုင်ငံက အခွန်ကောက်မယ်။ ဒါပေမယ့် ဒီမှာက အထူးဒေသ(၄)ဆိုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်ရဲ့ အခွန်တစ်ရပ်က ကြားထဲမှာ ထပ်ခံနေသေးတဲ့အတွက်ကြောင့် ဒီလမ်းကြောင်းသည် WTO သတ်မှတ်ချက်နဲ့ မကိုက်ညီသော ကုန်သွယ်မှုအနေအထားဖြစ်ပါတယ်။ ဒါကတော့ လက်ရှိမြပြေင်မှာဖြစ်နေတဲ့ အနေအထားပါ။ ဒါကြောင့်မို့ ဟိုအရင်အစိုးရတွေလက်ထက်မှာ မိုင်းလားလမ်းကြောင်းဆိုတာကို တရားဝင်မပေးခဲ့ဘူး။ ၂၀၁၂ ခုနှစ်ကျမှ စပေးခဲ့တာ။ ဒါလည်းပဲ အဲဒီတုန်းက တက်လာတဲ့အစိုးရက သံလွင်အရှေ့ခြမ်းမှာ အနည်းနဲ့အများ အထောက်အပံ့လေးပိုရလာအောင်၊ တစ်ဖက်ကလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ ပြည်ထောင်စုအစိုးရနဲ့ နီးကပ်စွာ ဆက်ဆံတတ်လာအောင်ဆိုပြီးတော့ ရည်မှန်းချက်နှစ်ရပ်ကြောင့်သာ နိုင်ငံတကာအဆင့်နဲ့ မကိုက်ညီတဲ့ ကုန်သွယ်မှုလမ်းကြောင်းကို ပေးခဲ့လို့ သွားနကြေတာ။ တစ်ကယ်တော့ သတ်မှတ်ချက်နဲ့မညီဘူး အခွန်သုံးထပ်နဲ့ ဖြစ်နေတယ်။

တာချီလိတ်နဲ့ အခု ကျိုင်းလပ်ကနေတစ်ဆင့်သွားမယ့် လာအိုနဲ့ကျတော့ နိုင်ငံတကာ သတ်မှတ်ချက်တွေနဲ့ ညီပါတယ်။ ထိုင်းနိုင်ငံ အခွန်တစ်ရပ်နဲ့ မြန်မာနိုင်ငံရဲ့အခွန်တစ်ရပ်၊ လာအိုနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ အခွန်နဲ့ ဆိုတော့ ကိုက်ညီပါတယ်။ ဒါပေမယ့် ကျိုင်းလပ်မှာကျတော့ လာအိုနိုင်ငံနဲ့ MOU မထိုးရသေးဘူး။ ဘာလို့ မထိုးရသေးတာလဲဆိုတော့ လာအိုနဲ့ ကျွန်တော်တို့ရဲ့ကြားမှာ တံတားဆောက်ထားတဲ့နေရာမှာ နယ်နိမိတ်ပြဿနာ ကျန်နေတဲ့အတွက်ကြောင့်ပါ။ အဲဒီနယ်နိမိတ်ပြဿနာကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ဖြေရှင်းနေတာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကမှ ပြီးသွားတယ်။ ဒီတော့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးကို နယ်နိမိတ်သတ်မှတ်ထားချက်ကို တင်ပြထားဆဲပဲ ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက သဘောတူညီပြီဆိုတော့ ကျွန်တော်တို့က နှစ်နိုင်ငံကုန်သွယ်မှုသဘောတူစာချုပ်က ဆက်ထိုးရမှာ။ ဒါကြောင့် ကျွန်တော်တို့က လာအိုနိုင်ငံနဲ့ တံတားကတော့ တည်ဆောက်ပြီးသွားတယ် တရားဝင်ကုန်သွယ်မှုကတော့ လုပ်မရသေးဘူး။ သိပ်မကြာခင်တော့ ရပါမယ်။ ဒါက လာအိုနဲ့အပိုင်း တရုတ်နဲ့အပိုင်း။ ထိုင်းနိုင်ငံနဲ့အပိုင်းကျတော့ တာချီလိတ်သည် တရားဝင်ကုန်သွယ်မှုအပိုင်းလည်း ဖြစ်ပါတယ်။ တရားဝင် ဝင်ထွက်ရာလမ်းကြောင်းအဖြစ်လည်း သတ်မှတ်ထားပါတယ်။ အဲဒီတော့ နိုင်ငံခြားသားတွေကလည်း တရားဝင်ဗီဇာ၊ ပတ်စ်ပို့နဲ့ ဝင်ထွက်လို့ရတယ်။ တခြားတတိယနိုင်ငံတွဖြေစ်တဲ့ အမေရိကတို့ ဥရောပလူတွေ ဒီကနေ ဝင်လို့ရသလို တာချီလိတ်ကနေ ပြန်ထွက်လို့လည်း ရပါတယ်။ အမေရိကန်နိုင်ငံသားတစ်ယောက်က ရန်ကုန်လေဆိပ်ကနေ ဗီဇာနဲ့ဝင်လာတယ်။ တာချီလိတ်ကနေ ပြန်ထွက်မယ် ဆိုရင်လည်း အိုကေတယ်။ အမေရိကန်နိုင်ငံသားတစ်ယောက်သည် တာချီလိတ်ကနေ ဗီဇာနဲ့ ဝင်လာမယ်။ ရန်ကုန်ကနေ ပြန်ထွက်မယ်ဆိုရင်လည်း အိုကေတယ်။ ဒီကနေ တရားဝင် ဝင်ထွက်လမ်းကြောင်းအပြင် တရားဝင်ကုန်သွယ်မှုပြုတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံဘက်မှာ ကန့်သတ်ချက်က ဘာလဲဆိုတော့ သံလွင်အရှေ့ခြမ်းဒေသသည် မြန်မာနိုင်ငံ အတွင်းပိုင်း အဓိကဈေးကွက်တွဖြေစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ အလှမ်းဝေးတဲ့အခါကျတော့ သယ်ယူပို့ဆောင်စရိတ်တွေ ကြီးတယ်။ ဒီတော့ ထိုင်းနိုင်ငံက ပစ္စည်းတွေသည် မြဝတီ၊ မဲဆောက်ကနေ အများစုဝင်တယ်။ ဒီကနေ ဝင်မယ်ဆိုရင် ဟိုဘက်က မြဝတီလမ်းကြောင်းက စရိတ်ကို မယှဉ်နိုင်ဘူး။ ဒီတော့ တာချီလိတ်သည် တရားဝင်ကုန်သွယ်မှုစခန်းဖြစ်နေတာ မှန်ပင် မှန်သော်ငြားလည်း နယ်မြေဒေသအခြေအနေတွေအရ သံလွင်အရှေ့ခြမ်းမှာရှိသော ကျိုင်းတုံ၊ တာချီလိတ်က နယ်မြေခံတွေ အတွက်ပဲ အကန့်အသတ်နဲ့ ဖြစ်နေတာ။ ဆိုလိုချင်တာကတော့ ပမာဏက နည်းတယ်။ အကုန်လုံး ပြန်ခြုံငုံပြီး ပြောရရင်တော့ တစ်နိုင်ငံလုံး၏ ငါးပုံတစ်ပုံသာရှိတဲ့ ကုန်သွယ်မှုပမာဏမှာ တာချီလိတ်သည် ပိုပြီးတော့ သေးတဲ့ အစိတ်အပိုင်း တစ်ခုပဲဖြစ်နေတယ်။ ဒီဒေသတွေရဲ့ ပထဝီအနေအထားအရ အဓိကဈေးကွက်တွဖြေစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ အလှမ်းဝေးတာကြောင့် ဖြစ်တယ်။

TNA ။   ။  ဒီဘက်ရဲ့ နယ်စပ်ကုန်သွယ်ရေးဟာ ဒေသတွင်းကုန်သွယ်ရေးအဆင့်လောက်ပဲရှိတယ်လို့ အခုပြောသွားတဲ့ အထဲမှာ သိရပါတယ်။ ဒီဒေသတွင်းရဲ့ ကုန်သွယ်ရေးအနေအထားမှာ တရားမဝင် ကုန်သွယ်မှုတွေလည်း ရှိနေတယ်ဆိုတာ သိရတော့ ဒါက ဘာကြောင့်ပါလဲ။ ချမှတ်ထားတဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ဒေသအခြေအနကြေားမှာ အကောင်အထည်ဖော်ရတာ ခက်ခဲနေတာတွေများ ရှိပါသလား။

UTYW ။   ။ တာချီလိတ်ရဲ့ နယ်စပ်ကုန်သွယ်ရေးဟာ မှတ်တမ်းတွေအရ ၂၀၀၆ ခုနှစ်မှာ စတာပါ။ ကျွန်တော် နှစ်ပိုင်းခွဲပြောပါမယ်။ တစ်ပိုင်းကတော့ တာချီလိတ်၊ ကျိုင်းတုံ သံလွင်အရှေ့ခြမ်းနဲ့ ပတ်သက်တာပါ။ နောက်တစ်ပိုင်းကတော့ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တာပါ။ သံလွင်အရှေ့ခြမ်းဒေသသည် ရှမ်း၊ လားဟူ၊ အာခါ၊ ဝ စတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ အများစုနေတဲ့ နေရာဒေပါ။ ဒီဒေသတွေသည် ကျွန်တော်တို့ မမွေးခင်ကတည်းက ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နဲ့ ကူးလူးဆက်နွှယ်နကြေတယ်။ ကျွန်တော်တို့ရဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းသည် ၂၀၀၆ ခုနှစ်မှ တရားဝင်ကုန်သွယ်ရေးစခန်းအဖြစ် စလာတာ။ သူတို့ မိရိုးဖလာအရ ဒီကုန်သွယ်ရေးစခန်းကြီး မရှိခင်ကတည်းက ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နဲ့ ကုန်သွယ်ရေးစခန်းတွေ လုပ်ခဲ့ကြတာဖြစ်တော့ ၂၀၀၆ ခုနှစ်မှာ ဒီစခန်းကြီးပေါ်လာတယ်။ နိုင်ငံတော်ကို အခွန်အခတွေ ပေးရမယ်ဆိုတဲ့အလေ့အကျင့်ကို သူတို့သည် ချက်ချင်းလက်ခံနိုင်ဖို့ နည်းနည်းလေး ခက်လာတယ်။ သူတို့အရင်ကလည်း ဒီလိုပဲ ကုန်သွယ်မှုတွေလုပ်လာတယ်။ အခုကျမှ ဒီပစ္စည်းက တရားဝင်တယ်။ တရားမဝင်ဘူး။ ဒီပစ္စည်းက အခွန်ဒီလောက်ဆောင်ရမယ်။ ဒီပစ္စည်းကတော့ တင်သွင်းခွင့် မရှိဘူးစတဲ့ ကန့်သတ်ချက်တွေ ရှိလာတာကိုး။ ရိုးသားတဲ့တိုင်းရင်းသားတွေအနေနဲ့ ဒါတွေကို ချက်ချင်းလက်ခံနိုင်ဖို့ခက်နေတာက ကျွန်တော်တို့အတွက် ကန့်သတ်ချက်ဖြစ်လာတယ်။ ဒုတိယအချက်ကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ တခြားကုန်သွယ်ရေးတွေလိုပါပဲ။ ပစ္စည်းကို ဈေးသက်သက် သာသာနဲ့ ဝယ်ပြီး အမြတ်များများရအောင် ရောင်းချင်ကြတာ။ အဲဒီတော့ ပစ္စည်းတစ်ခုကို ဝယ်လာတယ် တစ်ကျပ်၊ အစိုးရကို တစ်မတ်ပေးရမယ်ဆိုရင် သူတို့ပြန်ရောင်းတဲ့အခါမှာ ဒီအခွန်ကိုပါ ခုနှိမ်ပြီး ရောင်းရတဲ့ အခါကျတော့ အမြတ်နည်းလာတယ်။ ဒီတော့ အခွန်မပေးတော့ဘဲ ရတဲ့နည်းလမ်းနဲ့ ကျော်သွားမယ်။ အမြတ်များများပြန်ယူမယ်ဆိုတာ ဒါက တစ်နိုင်ငံလုံးမှာ ကြုံတွေ့နေရတဲ့အချက်ပါ။ အဲဒီ အချက် နှစ်ချက်ကြောင့် ဒီဘက်မှာတော့ အရာရာအားလုံးသည် အခွန်အခထမ်းဆောင်ပြီးမှ တရားဝင်သွားဖို့ရာမှာ ဖြစ်နေတဲ့ အခက်အခဲပါ။ နောက် တတိယအချက် တချို့ပစ္စည်းတွေ ဒီမှာ တင်သွင်းခွင့်မရှိဘူး။ ဥပမာ - အရက်၊ ဘီယာ၊ စီးကရက်။ ဒါပေမယ့် ဒီဘက်မှာ ဒါတွေက မကင်းကြဘူး။ ရိုးရာပွဲတွေ၊ ကောက်သစ်စားပွဲ၊ မီးပုံပွဲ၊ ဧည့်ခံပွဲတွေ စတာတွေမှာ အရက်တို့ ဘီယာတို့ ခေါင်ရည်တို့က မကင်းကြဘူး။ ဒီဘက်ဒေသမှာ စပါးအရက်၊ ပြောင်းအရက်စတာတွေက ရွာနေရာတိုင်းမှာ ရှိနေတာပဲ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံဥပဒေအရ အရက်သည် တရားမဝင်ဘူး တင်သွင်းခွင့် မပေးဘူးလို့ ပြောလိုက်တဲ့အချိန်မှာ ပိုဆိုးတာပေါ့။ ဒီလိုဟာမျိုးတွေကြောင့် သူတို့အနေနဲ့ တရားဝင်လိုက်နာဖို့ အခက်အခဲလေးတွေ ရှိလာတယ်။ အခြေခံအားဖြင့်တော့ ရိုးသားတယ်။ အစိုးရဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို သေချာမသိဘူး။ နေတာကလည်း တောင်ပေါ်ဒေသတွေမှာ နကြေတယ်။ မိရိုးဖလာအားဖြင့်လည်း ဟိုဘက်နိုင်ငံက ပစ္စည်းတွေကို ဒီဘက်သယ်နဲ့ ကူးလူးပြီးနေလာကြတယ်။ ၂၀၀၆ ခုနှစ်နောက်ပိုင်းမှ အခွန်ကိစ္စတွေ စတာတွေ ပေါ်လာတော့ ဒါကို ကျယ်ကျယ်ပြန့်ပြန့်နားလည် သဘောပေါက်မှု မရှိခြင်းသည်လည်း တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်ကို ရောက်ဖို့ဆိုတဲ့နေရာမှာ ဒေသက တိုင်းရင်းသားတွေနဲ့ ကျွန်တော်တို့နဲ့ကြားမှာ အဓိကကျတဲ့ အခက်အခဲတစ်ခုပေါ့။

နောက်တစ်ခုကတော့ ကုန်သည်လုပ်ငန်းရှင်တွေ။ သူတို့တွေကတော့ ပညာတတ်တွဖြေစ်တယ်။ ကုန်သွယ်မှုလုပ်ငန်းတွေကို သိတယ်။ နိုင်ငံတကာမှာလည်း သွားလာနေတော့ အတွေ့အကြုံတွေရှိတယ်။ အစိုးရကို အခွန်ဆောင်ရမယ်ဆိုတာလည်း သိတယ်။ ဒါပေမယ့် အမြတ်များများလိုချင်တော့ အစိုးရကို အခွန်ရှောင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားတယ်။ ကြိုးစားတဲ့နည်းလမ်းတွေကတော့ အများကြီးပေါ့။ တင်သွင်းခွင့်မရှိတဲ့ပစ္စည်းတွေကို ခိုးဝှက်ဖုံးကွယ်ပြီးတော့ တခြားလမ်းကြောင်းတွေကနေ ပတ်ပြီး သွင်းတာတွေလည်းရှိတယ်။ တင်သွင်းခွင့်ရှိတဲ့ ပစ္စည်းမှာတောင် (၁၀၀)ပဲအခွန်ဆောင်ပြီး (၂၀၀)လောက် သယ်တာမျိုး လုပ်လာတယ်။ ဒီထက်ပိုပြီး အဆင့်မြင့်လာတဲ့အခါကျတော့ အင်္ကျီပိတ်စကို နမူနာ ပြမယ်ဆိုရင် ဈေးသက်သာတဲ့ပိတ်စကို ဂျူတီပြတယ်။ ခပ်ပေါပေါ ပိတ်စကို အခွန်ဆောင်ပြပြီး ပိုကောင်းတဲ့ပိတ်စတွေ တင်သွင်းသွားတာတွေရှိတယ်။ ဒီလိုပုံစံနဲ့ လုပ်နကြေတဲ့ အုပ်စုတွေလည်းရှိတယ်။
ဒါကတော့ ပထမအခက်အခဲသည် တိုင်းရင်းသားတွေ နယ်မြေခံတွေနဲ့ ကျွန်တော်တို့ကြားမှာ ဖြစ်နေတဲ့ အခက်အခဲ။ ဒုတိယ အခက်အခဲသည် သိပြီးတော့ နိုင်ငံတကာနဲ့လည်း ဝင်ဆံ့နပြေီးတော့ ကုန်သွယ်မှု လုပ်နကြေတဲ့ ကုန်သည်များနဲ့ကြားမှာ ဖြစ်နေတဲ့အခက်အခဲ။ ဒီလိုမျိုးတွေသည် တစ်နိုင်ငံလုံးမှာ ကြုံနေရတဲ့အခက်အခဲ။ ဒါတွေက ကျွန်တော်တို့နိုင်ငံမှာ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်ရောက်ဖို့ ကြုံနေရတဲ့ အခက်အခဲတွေပဲ။ အချုပ်အားဖြင့် ပြောရရင် ရိုးသားပြီး မသိလို့ချိုးဖောက်မိလို့ ဖြစ်ရတဲ့ အခက်အခဲတစ်ခု၊ ဒုတိယကတော့ သိရဲ့သားနဲ့ ဝိသမလောဘကြောင့် အစိုးရကို ပေးသင့်ပေးထိုက်တဲ့ အခွန်တွေကို မပေးလိုလို့ ရှောင်လွှဲတာက နံပါတ်နှစ်။ ရန်ကုန်ဆိပ်ကမ်းအပါအဝင် ကျန်တဲ့ ကုန်သွယ်မှု လမ်းကြောင်းတွေမှာလည်း ဒီလိုအခက်အခဲတွေ ဖြစ်နကြေတယ်။ ရန်ကုန်ဆိပ်ကမ်းအပါအဝင် ကျန်တဲ့ နေရာတွေမှာကျတော့ ပထမအခက်အခဲက နည်းသွားပြီ။ ရိုးသားပြီး မသိလို့ဆိုတာထက် မရိုးသားတဲ့ အုပ်စုက ပိုများသွားပြီ။ ဒီဘက်တွေမှာတော့ ရိုးသားပြီး မသိလို့ဆိုတဲ့အုပ်စုက ပိုများတယ်။ ရန်ကုန် ဆိပ်ကမ်း၊ ရန်ကုန်လေဆိပ်၊ မန္တလေးတို့၊ မူဆယ်တို့လိုကျတော့ သိတယ်။ ဒုတိယဖြစ်စဉ်များလာတယ်။ အမြတ်များများရချင်လို့ အစိုးရဆီကို အခွန်ရှောင်တာက ပိုများတယ်။ ဒီလိုနေရာမျိုးမှာ ကုန်သွယ်မှု လုပ်နေတဲ့သူတွေဟာ ကုန်သွယ်မှုလုပ်ငန်းဆိုင်ရာလည်း ကျွမ်းကျင်တယ်။ အရင်းအနှီးနဲ့ နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာလည်း ကြီးမားတဲ့သူတွဖြေစ်တယ်။ ဒါပေမယ့် ရန်ကုန်ဆိပ်ကမ်းလိုမျိုးမှာ ကွန်တိန်နာထဲက သစ်တွေ တန်ချိန်ထောင်နဲ့ချီမိတာကို ကြည့်လေ။

TNA ။   ။ ဒီမှာ တရားမဝင်ကုန်သွယ်မှုဖြစ်ရတဲ့အကြောင်းရင်းက မသိနားမလည် ချိုးဖောက်မိတာလည်းရှိတယ်။ သိနားလည်ပေမဲ့ အခွန်ရှောင်တာကြောင့်လည်း ရှိတယ်လို့ဆိုတော့ ရှမ်း/အရှေ့ဒေသမှာ မိရိုးဖလာ ကုန်သွယ်မှုလုပ်ကြတာနဲ့ ကုန်သည်တွေရဲ့ ကုန်သွယ်မှု ဘယ်ဟာက ပိုများပါသလဲ။

UTYW ။   ။ ရှမ်း/အရှေ့မှာတော့ မိရိုးဖလာတစ်နိုင်တစ်ပိုင်ကုန်သွယ်ကြတာနဲ့ ကုန်သည်တွေ ကုန်သွယ်မှုလုပ်တာ မျှတယ်လို့ ပြောရမယ်။ ဒါပေမယ့် ကုန်သွယ်မှုလုပ်ငန်းကို လုပ်တဲ့သူတွေက တိုင်းရင်းသားဒေသခံတွေ ကုန်သွယ်မှုလုပ်တဲ့ ပမာဏထက်တော့များတယ်။ ဒီမှာ မိရိုးဖလာ တစ်နိုင်တစ်ပိုင်လို့ ကျွန်တော်ပြောချင်တာက ကိုယ့်အိမ်ဆိုင်လေးမှာ ရောင်းဖို့ သုံးဘီးနဲ့ ဆမ်လော့ လိုမျိုးလေးတွေနဲ့ ဘတ်စ်ကားတွေနဲ့ တစ်ပိုင်တစ်နိုင်ဝယ်ပြီး ရောင်းနေတဲ့ ဒီမှာရောင်းတဲ့သူ၊ မိုင်းဖြတ်မှာ ရောင်းနေတဲ့သူ၊ ကြားထဲက ရွာလေးတွေမှာ ရောင်းနေတဲ့သူတွေကို တစ်ပိုင်တစ်နိုင် ဒေသခံ အိမ်ဆိုင်ဖွင့်နေတဲ့သူတွေကို ကျွန်တော်ဆိုလိုတာ။ တစ်ခါတလေကိုယ့်အိမ်သုံးဖို့ ဝယ်တာလည်း ရှိနိုင်တယ်။ မျှတယ်လို့ပြောတာက အရေအတွက်အရ ပြောတာ။ ကုန်သွယ်မှုပမာဏနဲ့ တွက်ရင် သူတို့က ကြက်ဥဘဲဥ၊ အိမ်သုံးပစ္စည်း၊ စားသောက်ကုန်လောက် သယ်တာ။ ပမာဏများများသယ်နေတဲ့ ကုန်ကားတွေနဲ့ သယ်နေတဲ့ ကုန်သွယ်သူတွေကတော့ သိတဲ့သူတွေက ပိုများပါတယ်။

TNA ။   ။ နယ်စပ်ကုန်သွယ်ရေးမှာ တစ်ပိုင်တစ်နိုင်တင်သွင်းခွင့် (ITC)ကတ်နဲ့ တင်သွင်းခွင့်လည်း ပြုထားတာဆိုတော့ စောစောကပြောတဲ့ တစ်ပိုင်တစ်နိုင် တင်သွင်းသူတွေက မသိနားမလည်သူ များတယ်ဆိုတော့ ဒီ ITC နဲ့ တင်သွင်းသူတွေမှာ ဒီလိုပြဿနာဖြစ်နေတာပါလား။
UTYW။ မဟုတ်ဘူးခင်ဗျ။ တစ်ပိုင်တစ်နိုင်တင်သွင်းခွင့် (ITC)ကတ်ကို မလုပ်တဲ့သူတွေ ရှိတယ်။ ITC ကတ်နဲ့ တင်သွင်းရမယ်ဆိုတဲ့ ကုန်သွယ်မှုသဘောကို နားလည်ပြီး ကတ်ပြားကြီးလာလုပ်ပြီး တင်သွင်းနေတဲ့သူကို ကုန်သွယ်မှုကို နားလည်သူလို့ ပြောရမယ်။ ဥပမာ ဒီနားမှာရှိတဲ့ တာလေက အိမ်တစ်အိမ်က တာချီလိတ်ကို အလည်လာတယ်။ ပြန်လာရင် သူ့အိမ်မှာသုံးဖို့အတွက် ပစ္စည်း သယ်သွားမယ်။ အဲဒီမှာ သာမန်တစ်နိုင်တစ်ဆွဲဆိုတဲ့ ကြက်ဥဆယ်လုံး၊ ဆယ့်ငါးလုံးသယ်တာ ပြဿနာမရှိဘူး။ ဒါပေမယ့် အိမ်သုံးဆိုပြီးတော့ (၅၀၀)၊ (၁၀၀၀) သယ်လာရင်တော့ ဒီမှာ အကောက်ခွန်နဲ့ စကားပြောနေရပြီ။ သူတို့အမြင်မှာတော့ တာချီလိတ်က ဈေးသက်သာလို့ တာလေမှာသုံးဖို့ဝယ်ပါတယ်လို့ ပြောကောင်းပြောမယ်။ ဒါပေမယ့် အကောက်ခွန်ဌာနအမြင်မှာတော့ သာမန် တစ်နိုင်တစ်ဆွဲထက် ပိုတဲ့အတွက် အခွန်ဆောင်သင့်တယ်လို့ မြင်မယ်။ ဒီလိုဟာမျိုးတွေကို ပြောတာပါ။ ITC ကတ် လုပ်ရန်ကို နားမလည်သော၊ သူတို့သည် ကုန်သွယ်နေသောသူ မဟုတ်တဲ့အတွက်လည်း ဖြစ်ကောင်းဖြစ်မယ်။ ဘယ်လိုအကြောင်းကြောင့် ဖြစ်ဖြစ် တစ်နိုင်တစ်ဆွဲပမာဏထက်များရင် အခွန်ကောက်ကို ကောက်ရမယ် ဆိုတာလည်းရှိတယ်။ ဒီတော့ တစ်နိုင်တစ်ဆွဲဆိုတာကို ဘယ်လိုသတ်မှတ်မလဲဆိုတာ သူတို့နဲ့ ကျွန်တော်တို့ကြားမှာ စကားက ပြောနေရပြီ။

TNA ။   ။ အခုလိုမျိုး ဒေသခံတွေနဲ့ ကြုံတွေ့နေရတဲ့ တစ်နိုင်တစ်ဆွဲပြဿနာကို ဘယ်လိုမျိုး ဖြေရှင်းနေပါသလဲ။ ဥပမာ ဒေသအတွက် သင့်လျော်တဲ့ သတ်မှတ်မှုတစ်ခုခုကို ချမှတ် လုပ်ဆောင်ပေးတာမျိုးပေါ့။ ဘယ်လိုနည်းလမ်းသုံး ဖြေရှင်းနေပါသလဲ။

UTYW ။   ။ ကျွန်တော်တို့ကတော့ ဒီမှာဘာလုပ်ပေးလိုက်သလဲဆိုတော့ ကိုယ်နဲ့လက်လှမ်းမီသလောက် ဥပမာ တာလေမှာဆိုရင် အိမ်ဆိုင်ဘယ်နှစ်ဆိုင်ရှိသလဲစတဲ့ မြပြေင်စာရင်းတွေကို လိုက်ကောက် လိုက်တယ်။ ဒီထဲကမှ ဆိုင်အရွယ်အစားတွေကို ခွဲခြားသတ်မှတ်ထားလိုက်တယ်။ သူတို့ပစ္စည်းသယ်လာရင် တစ်နိုင်တစ်ဆွဲပမာဏထက် ပိုနေရင် ဘယ်ဆိုင်ကလဲဆိုတာ ပြန်စစ်လိုက်တယ်။ ဒီဆိုင်ကပါဆိုရင် ဆိုင်က ကြီးလား သေးလား အလတ်လားဆိုတာ ကျွန်တော်တို့ စာရင်းမှာ လာပေါ်တယ်။ အဲဒီအပေါ်မူတည်ပြီး ဒါကတော့ဖြင့် သယ်ပါ။ ဒါကတော့ဖြင့် ခင်ဗျားဆောင်သင့်ပါတယ်ဆိုတာမျိုးနဲ့ပဲ ဖြေရှင်းပေးရတာမျိုးပေါ့။ လှေနံဓားထစ်တော့ ပြောလို့မရဘူးပေါ့။ သူတို့နဲ့ ဆွေးနွေးကြည့်ရတယ်။ ဒါလေးတော့ သယ်ပါ။ ဒါလေးတော့ ဂျူတီဆောင်ပါဆိုတာမျိုးနဲ့ သူတို့နဲ့ ညှိနှိုင်းရတဲ့ နည်းလမ်းသုံးရတယ်။

TNA ။   ။  ဒီဘက်မှာ ကုန်သွယ်မှုစခန်းဖွင့်တဲ့ကာလက အခုဆိုရင် ဆယ်နှစ်အတွင်းမှာ ရောက်နပြေီဆိုတော့ တရားဝင်ကုန်သွယ်ရေးဖြစ်ဖို့အတွက် အကောင်အထည်ဖော်ရာမှာ အရင်ကထက် တိုးတက်လာတဲ့ အခြေအနေ၊ အခုချိန်ထိ အကောင်အထည်ဖော်ရခက်နေဆဲဆိုတဲ့ အခြေအနေတွေ ဘယ်လိုရှိပါသလဲ။

UTYW ။   ။ ကျွန်တော်တို့နိုင်ငံမှာ ဒီနေ့အထိ ကြုံနေရတဲ့အားနည်းချက်က လုပ်လို့ရတဲ့အခြေအနေထိ စောင့်ကြည့်ကြတာပေါ့နော်။ လုပ်လို့မရတော့ရင်လည်း လုပ်လို့ရတဲ့အခြေအနေထိ ရပ်ပြီး စောင့်နကြေတာပေါ့။ ရတာနဲ့ ပြန်လုပ်ကြတယ်။ ဒီဘက်မှာဆို မိုဘိုင်းနဲ့ ကျွန်တော်စပြီး တာဝန် ထမ်းဆောင်တဲ့ ကာလမှာဆို အဲဒီခေတ်က လူကြီးတွေနာမည်အကုန်သုံးပြီး ကျော်လွှားဖို့ ကြိုးစားကြတယ်။ ဝန်ထမ်းတွေအပေါ် ဖိအားပေးဖို့ ကြိုးစားတယ်။ ငါ့ကိုတော့လုပ်တယ်။ သူ့ကိုတော့ မလုပ်ဘူး ဆိုတာမျိုးတွေနဲ့ ခြေလှမ်းညှိလာတယ်။ စစ်ဆေးတဲ့သူဆိုတာ တွေ့ရင်တော့ ဖမ်းမှာပေါ့။ မတွေ့ရင်တော့ လွတ်သွားတာ ရှိကောင်းရှိမှာပေါ့။ အဲဒီအခက်အခဲကို သူတို့အနေနဲ့ နားလည်ဖို့ခက်ခဲတဲ့အပြင် သူတို့သည် လူကြီးတွေနာမည်သုံးပြီး သူတို့သည် ဒီလူကြီးတွေနဲ့ခင်တယ်။ ဒီလူကြီးတွေနဲ့ ပြောမယ်ဆိုမယ်ဆိုတဲ့ ဟာတွေပါ ကျွန်တော်တို့သည် ကြုံခဲ့ရတယ်။ အဲဒီတော့ ဒါကိုကြောက်ပြီးတော့ မလုပ်ဘဲနေမယ်ဆိုရင်လည်း ကျွန်တော်တို့အနေနဲ့ ဒါကို ဘာမှမလုပ်ဘဲနေရုံပဲရှိမယ်။ အဲဒီတော့ ပြောပါ။ အသိပေးပါ။ တိုင်ပါ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ လုပ်စရာရှိတာလုပ်ပါမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ ဖြေရှင်းရတယ်။ သက်ဆိုင်ရာ လူကြီးတွေကလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်ဆိုတဲ့မှတ်ချက်မျိုးပဲ ပေးပါတယ်။ အဲဒီလို လူကြီးတွေကို သုံးပြီးလုပ်ခဲ့တဲ့ ဖြစ်စဉ်တွေကို ကြုံခဲ့ရပါတယ်။ အခုလို လူကြီးတွေနာမည်သုံးမရတဲ့ ခေတ်ရောက်တော့ အဲဒီအသံတွေ ပျောက်သွားပြန်ရော။ တစ်သမတ်တည်းတော့ ဒီလိုတော့ လမ်းကြောင်းပြောင်းသွားပြီလို့ ပြောဖို့ခက်တယ်။ နိုင်ငံတော်ကို ထိုက်သင့်တဲ့အခွန်အခပေးပြီးတော့ ကုန်သွယ်မှုပြုရမယ်ဆိုတဲ့အသိကိုတော့ အရင်ကထက်ပိုပြီး သိလာပါတယ်။

TNA ။   ။ အခုလတ်တလောမှာ ITC ကတ်လုပ်ပေးရတဲ့အနေအထားက တိုးသွားလား။ လျော့သွားပါသလား။

UTYW ။   ။ ITC ကတ်ထုတ်ပေးရတာ လျော့သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကတ်မရှိဘဲနဲ့လည်း သွင်းလို့ရနေတဲ့လမ်းကြောင်းတွေ ရှိနေတယ်လို့ သိရပါတယ်။ အစိုးရအကူးအပြောင်းမှာ ဖမ်းဆီးစစ်ဆေးမှု အရမ်းနည်းသွားပါတယ်။ စစ်ဆေးရေးစခန်းတွေ ဖြုတ်လိုက်တာ မနေ့တစ်နေ့ကမှ ပြန်ဖွင့်ပါတယ်။ သိသာထင်ရှားတာကတော့ သိန်းနီဘက်က ရေပူပြန်ဖွင့်လိုက်တာ မကြာသေးပါဘူး။ မြဝတီ လမ်းကြောင်းကဆိုရင် မရမ်းချောင်။ ဒါတွေက ဟိုးအရင်အစိုးရ ၂၀၁၂ ခုနှစ် ဇွန်လမှာ ကျွန်တော်တို့ ဖြုတ်ပေးလိုက်ရတဲ့စခန်းတွေပါ။ အဲဒီတုန်းက ဒေါက်တာစိုင်းမောက်ခမ်းဆီကနေ ဒီဟာတွေဟာ ကုန်သွယ်ရေးအတွက် အဟန့်အတားဖြစ်စေပါတယ်။ ဖြုတ်လိုက်ပါဆိုတဲ့ ညွှန်ကြားချက်နဲ့ ကျွန်တော်တို့ ဖြုတ်ပေးလိုက်ရတဲ့ စခန်းတွေပါ။ အဲဒီတုန်းကတော့ ပြည်ထဲရေးအပါအဝင်ကပေါ့ တင်ပြတာက ဒီစခန်းတွေဟာ အရှေ့မြောက်ဒေသက မူးယစ်ဆေးဝါးကိစ္စတွေ၊ လက်နက်ခဲယမ်းကိစ္စတွေအတွက် စိစစ်တဲ့လုပ်ငန်းဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာတွေကို ပြန်ပြီးစိစစ်ဆောင်ရွက်သင့်ပါတယ်ဆိုတာ တင်ပြဆွေးနွေးခဲ့ကြပေမယ့် မရလိုက်ဘူး။ အဲဒီစခန်းတွေ ဖြုတ်လိုက်ပြီးတဲ့အခါမှာ အစစ်အဆေး အတော်နည်းပါးစွာနဲ့ ဝင်ရောက်လာပါတယ်။ ဒီနောက်ပိုင်းမှာ မူးယစ်ဆေးအပါအဝင် လက်နက်ခဲယမ်း ကိစ္စတွေမှာ အရင်က မမိဘူးတဲ့ မူးယစ်ဆေးတွေ ကွန်တိန်နာလိုက်မိတဲ့ကိစ္စတွေ၊ ပါဂျဲရိုလို လူစီးကားတွေနဲ့ လက်နက်ခဲယမ်းတွေ သယ်လာပြီး တမူးတို့ဘက်မှာ သွားမိတဲ့ဖြစ်စဉ်တွေ တွေ့လာရတာပါ။ လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးတောင် ဒီလိုသယ်နပြေီပဲ ITC ကတ်နဲ့သယ်မယ့်ကုန်အတွက်က ပိုလွယ်တာပေါ့။ အဲဒီတော့ ITC ကတ်မလုပ်လည်း သယ်လို့ရနေမှတော့ အချိန်ကုန်ခံပြီး ဘယ်သူလုပ်တော့မှာလဲ။ တချို့ဆို ကတ်တော့လုပ်ထားတယ်။ ကုန်ပစ္စည်း မသယ်တော့ဘူး။ ၂၀၁၂ နောက်ပိုင်းကတည်းက ကျသွားတာပေါ့။ အစစ်ဆေးနည်းသွားတဲ့အတွက် ကတ်နဲ့ကုန်သွယ်တာလည်း နည်းသွားတယ်လို့ သုံးသပ်ပါတယ်။

TNA ။   ။ ကုန်သွယ်ရေးလမ်းကြောင်းမှာ လမ်းဂိတ်ကြေးကောက်တာမျိုး အဖွဲ့အစည်းအသီးသီးက ကောက်ခံနေတာမျိုးကို ဘယ်အဖွဲ့တွေက ကောက်ခံနေတာပါလဲ။

UTYW ။   ။ အဲဒါတွေက ကျွန်တော်တို့ဆီမှာ စစ်တမ်းကောက်ထားတာတွေရှိတယ်။ မြဝတီကနေ ရန်ကုန် အမှတ်(၃)လမ်းဆုံအထိရောက်အောင် လမ်းကြောင်းမှာ စစ်ဆေးနေတဲ့အဖွဲ့တွေက ကရင်ပြည်နယ်မှာ (၅)ဖွဲ့၊ မွန်ပြည်နယ်မှာ (၄)ဖွဲ့၊ ပဲခူးတိုင်းအတွင်းမှာ (၂)ဖွဲ့ကနေ (၃)ဖွဲ့၊ ရန်ကုန်မှာ (၁)ဖွဲ့ရှိတယ်။ ဒါတွေက သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ အစီအစဉ်နဲ့လုပ်တာဆိုတော့ ဘာတွေကို အဓိက စစ်ဆေးနေလဲ၊ ဘယ်လိုပုံစံနဲ့ သွားနေလဲဆိုတာ ကျွန်တော်တို့က ဂဃနဏပြောလို့ မရဘူးထင်တယ်။ ကျွန်တော်တို့အမြင်မှာတော့ ဒါက ကားတိုင်းလည်း မစစ်နိုင်ဘူး။ စစ်ဆေးနိုင်တဲ့အခြေအနေမှာလည်း မရှိဘူး။ စစ်ဆေးဖို့အတွက် X ray လိုစက်မျိုးလည်းမပါဘူး။ လူကလည်း နေပူမရှောင် မိုးရွာမရှောင် ကားတိုင်းကို မစစ်ဆေးနိုင်ဘူး။ ဒါတွေကတော့ ကုန်သွယ်မှုမှာ တစ်ကယ်ကို အဟန့်အတားဖြစ်စေ၊ နှောင့်နှေးစေတဲ့ အကြောင်း ကျွန်တော်တို့အနေနဲ့ ဟိုးအရင်ကတည်းကလည်း သက်ဆိုင်ရာကို အကြိမ်များစွာ တင်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် ဆက်ပြီးရှိနေတုန်းပါပဲ။ ဒီအတွက် အပို ကုန်ကျစရိတ်တွေလည်း အများကြီး ရှိနေပါတယ်။

TNA ။   ။ အရင်က အကြိမ်များစွာ တင်ပြခဲ့တယ်ဆိုတော့ အခုအစိုးရလက်ထက်မှာရော ဒီကိစ္စ တင်ပြထားပါသေးသလား။

UTYW ။   ။ တင်ထားပါတယ်။ ကျွန်တော်တို့ ၂၀၁၆ ခုနှစ်မှာ တစ်ကြိမ်တင်ပြထားပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ တင်ပြထားတာပါ။ ကုန်သွယ်မှုကို နှောင့်နှေးကြန့်ကြာစေသော အပိုကုန်ကျနေသည့် လုပ်ငန်းစဉ်များခေါင်းစဉ်နဲ့ သက်ဆိုင်ရာအသီးသီးကို တင်ပြထားပြီးဖြစ်ပါတယ်။

TNA ။   ။ အခုလိုဖြကြေားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။


တွေ့ဆုံမေးမြန်းသူ - အင်မိုင်ခ၊ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::