ေတာင္ႀကီး စာေရးဆရာမ်ားမွ ဦးေဆာင္၍ စာဖတ္ရိွန္ျမႇင့္တင္ေရးကြန္ရက္ စတင္ဖြဲ႕စည္း

ေတာင္ႀကီး စာေရးဆရာမ်ားမွ ဦးေဆာင္၍ စာဖတ္ရိွန္ျမႇင့္တင္ေရးကြန္ရက္ စတင္ဖြဲ႕စည္း
မေ 13, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕ စာေရးဆရာမ်ားမွ ဦးေဆာင္ဖြဲ႕စည္းသည့္ စာဖတ္ရွိန္ျမႇင့္တင္ေရး ကြန္ရက္အဖြဲ႕က ေတာင္ႀကီးၿမိဳ႕ ရပ္ကြက္မ်ားတြင္ ေရြ႕လ်ားစနစ္ျဖင့္ စာအုပ္မ်ားငွားရမ္းေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ ကြန္ရက္က ဒီလမွ စတင္ဖြဲ႕စည္းတာ ျဖစ္ပါတယ္။ တရား၀င္မွတ္ပံုတင္အတြက္ တင္ျပထားဆဲပါ။ ကြန္ရက္စတင္ဖြဲ႕စည္းျဖစ္တဲ့ ရည္ရြယ္ခ်က္ကေတာ့ စာဖတ္သူေတြပိုမ်ားလာေအာင္ ယခင္ထက္ယခု ပိုမိုဖတ္ရွဳလာေအာင္ အရင္ထက္ စာဖတ္ရွိန္ျမႇင့္တင္ေပးခ်င္တာပါ။ ကၽြန္ေတာ္တို႔အေနနဲ႔ ကိုယ္ပိုင္စာၾကည့္တိုက္ ဖြင့္တာေတြေတာ့ မလုပ္ဘူး။ စာမဖတ္ခ်င္တဲ့သူေတြကုိလည္း စာဖတ္ခ်င္စိတ္ ျဖစ္ေအာင္ အတင္းအက်ပ္လုပ္ခိုင္းလို႔လည္း မရဘူးေလ။ ဒါေပမယ့္ သူတို႔အတြက္ ရပ္ကြက္ေတြမွာ စာအုပ္ငွားေပးသြားမွာပါ”ဟု စာဖတ္ရွိန္ျမႇင့္တင္ေရးကြန္ရက္ ဥကၠဌ စာေရးဆရာ ဦးေက်ာ္ေက်ာ္လင္း (ရွမ္းျပည္)က ေျပာသည္။

စာဖတ္ရိွွိန္ျမႇင့္တင့္ေရးကြန္ရက္အား ၂၀၁၇ ခုႏွစ္ ေမလ (၁၃) ရက္ေန႔တြင္ စတင္ဖြဲ႕စည္းလုိက္ၿပီး ရွမ္းျပည္နယ္အတြင္း စာဖတ္ရွိန္ျမႇင့္တင္ေရး လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ေနာက္ပိုင္းမွာ ဆိုရင္ေတာ့ တကၠသိုလ္ေက်ာင္းေတြမွာ ေဟာေျပာပြဲေတြ လုပ္ေဆာင္သြားမွာပါ။ ေနာက္ၿပီး အထိမ္းအမွတ္ေန႔ေတြ မွာလည္း ေဟာေျပာဖို႔ရွိပါတယ္။ စာဖတ္ရိွန္ျမႇင့္တင္နိုင္ဖို႕က စာစီစာကံုး ၿပိဳင္ပြဲေတြလုပ္မယ္။ ၿပီးေတာ့ ဒီမွာရွိတဲ့စာၾကည့္တိုက္ေတြမွာစာေပနဲ႕ပတ္သက္တာေတြကူညီေပးမယ္။ စာေပအပိုင္းနဲ႕ ပတ္သက္တာေတြကို ကၽြန္ေတာ္တို႔ တတ္နိုင္သမွ် ကူညီေဆာင္ရြက္ေပးသြားမွာပါ”ဟု စာေရးဆရာ ဦးေက်ာ္ေက်ာ္လင္း (႐ွမ္းျပည္) က ေျပာသည္။

အဆိုပါကြန္ရက္အဖြဲ႕အား အလုပ္အမႈေဆာင္ (၁၅)ဦးျဖင့္ ဖြဲ႔စည္းထားၿပီး အသင္းဝင္လိုသူမ်ား ပါဝင္ႏိုင္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ စာရေးဆရာများမှ ဦးဆောင်ဖွဲ့စည်းသည့် စာဖတ်ရှိန်မြှင့်တင်ရေး ကွန်ရက်အဖွဲ့က တောင်ကြီးမြို့ ရပ်ကွက်များတွင် ရွေ့လျားစနစ်ဖြင့် စာအုပ်များငှါးရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကွန်ရက်က ဒီလမှ စတင်ဖွဲ့စည်းတာ ဖြစ်ပါတယ်။ တရားဝင်မှတ်ပုံတင်အတွက် တင်ပြထားဆဲပါ။ ကွန်ရက်စတင်ဖွဲ့စည်းဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ စာဖတ်သူတွေပိုများလာအောင် ယခင်ထက်ယခု ပိုမိုဖတ်ရှုလာအောင် အရင်ထက် စာဖတ်ရှိန်မြှင့်တင်ပေးချင်တာပါ။ ကျွန်တော်တို့အနေနဲ့ ကိုယ်ပိုင်စာကြည့်တိုက် ဖွင့်တာတွေတော့ မလုပ်ဘူး။ စာမဖတ်ချင်တဲ့သူတွေကိုလည်း စာဖတ်ချင်စိတ် ဖြစ်အောင် အတင်းအကျပ်လုပ်ခိုင်းလို့လည်း မရဘူးလေ။ ဒါပေမယ့် သူတို့အတွက် ရပ်ကွက်တွေမှာ စာအုပ်ငှါးပေးသွားမှာပါ”ဟု စာဖတ်ရှိန်မြှင့်တင်ရေးကွန်ရက် ဥက္ကဌ စာရေးဆရာ ဦးကျော်ကျော်လင်း (ရှမ်းပြည်)က ပြောသည်။

စာဖတ်ရှိန်မြှင့်တင့်ရေးကွန်ရက်အား ၂၀၁၇ ခုနှစ် မေလ (၁၃) ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပြီး ရှမ်းပြည်နယ်အတွင်း စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“နောက်ပိုင်းမှာ ဆိုရင်တော့ တက္ကသိုလ်ကျောင်းတွေမှာ ဟောပြောပွဲတွေ လုပ်ဆောင်သွားမှာပါ။ နောက်ပြီး အထိမ်းအမှတ်နေ့တွေ မှာလည်း ဟောပြောဖို့ရှိပါတယ်။ စာဖတ်ရှိန်မြှင့်တင်နိုင်ဖို့က စာစီစာကုံး ပြိုင်ပွဲတွေလုပ်မယ်။ ပြီးတော့ ဒီမှာရှိတဲ့စာကြည့်တိုက်တွေမှာစာပေနဲ့ပတ်သက်တာတွေကူညီပေးမယ်။ စာပေအပိုင်းနဲ့ ပတ်သက်တာတွေကို ကျွန်တော်တို့ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမှာပါ”ဟု စာရေးဆရာ ဦးကျော်ကျော်လင်း (ရှမ်းပြည်) က ပြောသည်။

အဆိုပါကွန်ရက်အဖွဲ့အား အလုပ်အမှုဆောင် (၁၅)ဦးဖြင့် ဖွဲ့စည်းထားပြီး အသင်းဝင်လိုသူများ ပါဝင်နိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~