ညီညြတ္မႈမရွိေသာစားေသာက္ကုန္မ်ားကို ရက္ေပါင္း(၉၀)အတြင္း လုပ္ငန္းပိုင္ရွင္ကိုယ္တိုင္ ဖယ္ရွားရွင္းလင္းရမည္

ညီညြတ္မႈမရွိေသာစားေသာက္ကုန္မ်ားကို ရက္ေပါင္း(၉၀)အတြင္း လုပ္ငန္းပိုင္ရွင္ကိုယ္တိုင္ ဖယ္ရွားရွင္းလင္းရမည္
မေ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္းရွိ ညီညြတ္မႈမရွိေသာ စားေသာက္ကုန္မ်ားကို စားသံုးသူေရးရာဦးစီးဌာန၏ ဥပေဒပါ ျပဌာန္း ခ်က္မ်ားႏွင့္အညီ စားေသာက္ကုန္မ်ား တင္သြင္း၊ ထုတ္လုပ္၊ သိုေလွာင္ျဖန္႕ျဖဴး၊ ေရာင္းခ်သူမ်ားမွ စား ေသာက္ကုန္မ်ား ညီညြတ္မႈမရွိပါက ရက္ေပါင္း(၉၀)အတြင္း လုပ္ငန္းလုပ္ကိုင္သူ ပိုင္ရွင္ကိုယ္တိုင္ ဖယ္ရွား ရွင္းလင္းရမည္ ျဖစ္ေၾကာင္း ေတာင္ႀကီးၿမိဳ႕ စားသံုးသူေရးရာဦးစီးဌာနထံမွ သိရသည္။

“လုပ္ငန္းတစ္ခုစီမွာ တရားဝင္နိုင္ငံေတာ္က မွတ္ပံုတင္ခြင့္ျပဳခ်က္နဲ႕ေဆာင္ရြက္ထားတဲ့ မွတ္ပံုတင္ျဖစ္ရမယ္။ ကုမၸဏီနဲ႕လုပ္ငန္းရွင္နာမည္လိပ္စာေတြ အျပည့္အစံုပါရမယ္။ ထုတ္ကုန္ ပစၥည္းထဲမွာ ပါ၀င္တဲ့ပစၥည္းနဲ႕ ထုတ္ကုန္ရက္စြဲ၊ သက္တမ္းကုန္ရက္စြဲေတြ ဖုန္းနံပါတ္ေတြပါရွိရမယ္။ ဒီလိုေဆာင္ရြက္မွသာ စားသံုးသူေရးရာ ဥပေဒနဲ႕ အညီေဆာင္ရြက္လို႔ရတာ ျဖစ္တယ္။ ေစ်းကြက္ ထဲမွာေတြ႕ေနရတဲ့ ကုန္စည္အမ်ားစုသည္ မွတ္ပံုတင္မရွိဘဲ ထုတ္လုပ္ေရာင္းခ်တာေတြ ေတြ႕ရတယ္။ ဘယ္သူဘယ္ၿမိဳ႕က ထုတ္လုပ္ထားမွန္းမသိတာေတြလည္း ပါတယ္။ သူတို႔ကေဖာ္ျပထားတဲ့ပစၥည္းထက္ တျခားဟာေတြလည္း ပါေနမယ္ဆိုရင္ စားသံုးသူကတစ္ခုခုျဖစ္လာရင္ လုပ္ငန္းရွင္မွာ တာ၀န္ရွိပါတယ္။ ထိုင္းနိုင္ငံက ၀င္လာတဲ့ တခ်ဳိ႕ကုန္ပစၥည္း ေဖ်ာ္ရည္ေတြမွာဆိုရင္ ပါ၀င္တဲ႕ ပစၥည္းေတြ လိပ္စာအကုန္ပါတယ္။ လုပ္ငန္းရွင္ေတြက နိုင္ငံတကာနဲ႕အညီ ထိုးေဖာက္ေဆာင္ရြက္နိုင္ဖို႕လိုတယ္။ အေရးႀကီးအခ်က္အေနနဲ႔ ျပည္တြင္းေစ်းကြက္ကို ထိုးေဖာက္နိုင္မွ နိုင္ငံတကာေစ်းကြက္ကို ထိုးေဖာက္နိုင္မွာပါ” ဟု စားသံုသူေရးရာဦးစီးဌာန လက္ေထာက္ညြန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

ရက္ေပါင္း(၉၀)အတြင္း ကုန္ပစၥည္းမ်ားကို လုပ္ငန္းရွင္ကိုယ္တိုင္ မျပည္႕စံုေသာပစၥည္းမ်ားကို ဥပေဒအတိုင္း ျဖည္႕စြက္ၿပီး လုပ္ေဆာင္ရမည္ျဖစ္ၿပီး ရက္ေပါင္း(၉၀) ေက်ာ္လြန္ပါက စားသံုးသူေရးရာ ဥပေဒအရ အေရးယူ ေဆာင္ရြက္သြားမည္ျဖစ္သည္။

“လုပ္ငန္းရွင္ေတြက စည္းကမ္းနဲ႔မကိုက္ညီဘူးဆိုရင္ ေရာင္းခ်သူျဖစ္ေစ၊ ထုတ္လုပ္သူျဖစ္ေစ၊ သူကိုယ္တိုင္ စားသံုးသူေရးရာ ဥေပေဒကို ျဖည့္စြက္ပါ။ သက္ဆိုင္တဲ့ေပါင္းစပ္ညိႇႏိႈင္းတဲ့ ဌာနေတြကို ကူညီ ေဆာင္ရြက္ေပးမွာပါ။ ရက္ေပါင္း (၉၀)အတြင္းမွာ တရား၀င္ေရာင္းခ်ခြင့္ေပးေနတာ မဟုတ္ပါဘူး။ ရက္ေပါင္း (၉၀) အတြင္း မျပည့္စံုတဲ့ ပစၥည္းေတြကို ျပည္႕စံုေအာင္လုပ္ရမယ္။ ထုတ္လုပ္ခြင့္ မွတ္ပံုတင္ေတြ မရေသးရင္ ရရွိေအာင္ လုပ္ ရမယ္။ ကုန္စည္တစ္ခုမွာ ျပည္႕စံုေအာင္လုပ္ရမယ္။ ရက္ေပါင္း (၉၀) အတြင္းမွာ ကုန္ပစၥည္းေတြကို ထိထိေရာက္ေရာက္ မလုပ္နိုင္ရင္ေတာ့ စားသံုးသူေရးရာဥပေဒအရ ေဆာင္ရြက္သြားမွာပါ” ဟု ၎ကေျပာသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်းရှိ ညီညွတ်မှုမရှိသော စားသောက်ကုန်များကို စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေပါ ပြဌာန်း ချက်များနှင့်အညီ စားသောက်ကုန်များ တင်သွင်း၊ ထုတ်လုပ်၊ သိုလှောင်ဖြန့်ဖြူး၊ ရောင်းချသူများမှ စား သောက်ကုန်များ ညီညွတ်မှုမရှိပါက ရက်ပေါင်း(၉၀)အတွင်း လုပ်ငန်းလုပ်ကိုင်သူ ပိုင်ရှင်ကိုယ်တိုင် ဖယ်ရှား ရှင်းလင်းရမည် ဖြစ်ကြောင်း တောင်ကြီးမြို့ စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။

“လုပ်ငန်းတစ်ခုစီမှာ တရားဝင်နိုင်ငံတော်က မှတ်ပုံတင်ခွင့်ပြုချက်နဲ့ဆောင်ရွက်ထားတဲ့ မှတ်ပုံတင်ဖြစ်ရမယ်။ ကုမ္ပဏီနဲ့လုပ်ငန်းရှင်နာမည်လိပ်စာတွေ အပြည့်အစုံပါရမယ်။ ထုတ်ကုန် ပစ္စည်းထဲမှာ ပါဝင်တဲ့ပစ္စည်းနဲ့ ထုတ်ကုန်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲတွေ ဖုန်းနံပါတ်တွေပါရှိရမယ်။ ဒီလိုဆောင်ရွက်မှသာ စားသုံးသူရေးရာ ဥပဒေနဲ့ အညီဆောင်ရွက်လို့ရတာ ဖြစ်တယ်။ ဈေးကွက် ထဲမှာတွေ့နေရတဲ့ ကုန်စည်အများစုသည် မှတ်ပုံတင်မရှိဘဲ ထုတ်လုပ်ရောင်းချတာတွေ တွေ့ရတယ်။ ဘယ်သူဘယ်မြို့က ထုတ်လုပ်ထားမှန်းမသိတာတွေလည်း ပါတယ်။ သူတို့ကဖော်ပြထားတဲ့ပစ္စည်းထက် တခြားဟာတွေလည်း ပါနေမယ်ဆိုရင် စားသုံးသူကတစ်ခုခုဖြစ်လာရင် လုပ်ငန်းရှင်မှာ တာဝန်ရှိပါတယ်။ ထိုင်းနိုင်ငံက ဝင်လာတဲ့ တချို့ကုန်ပစ္စည်း ဖျော်ရည်တွေမှာဆိုရင် ပါဝင်တဲ့ ပစ္စည်းတွေ လိပ်စာအကုန်ပါတယ်။ လုပ်ငန်းရှင်တွေက နိုင်ငံတကာနဲ့အညီ ထိုးဖောက်ဆောင်ရွက်နိုင်ဖို့လိုတယ်။ အရေးကြီးအချက်အနေနဲ့ ပြည်တွင်းဈေးကွက်ကို ထိုးဖောက်နိုင်မှ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်မှာပါ” ဟု စားသုံသူရေးရာဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

ရက်ပေါင်း(၉၀)အတွင်း ကုန်ပစ္စည်းများကို လုပ်ငန်းရှင်ကိုယ်တိုင် မပြည့်စုံသောပစ္စည်းများကို ဥပဒေအတိုင်း ဖြည့်စွက်ပြီး လုပ်ဆောင်ရမည်ဖြစ်ပြီး ရက်ပေါင်း(၉၀) ကျော်လွန်ပါက စားသုံးသူရေးရာ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

“လုပ်ငန်းရှင်တွေက စည်းကမ်းနဲ့မကိုက်ညီဘူးဆိုရင် ရောင်းချသူဖြစ်စေ၊ ထုတ်လုပ်သူဖြစ်စေ၊ သူကိုယ်တိုင် စားသုံးသူရေးရာ ဥပေဒေကို ဖြည့်စွက်ပါ။ သက်ဆိုင်တဲ့ပေါင်းစပ်ညှိနှိုင်းတဲ့ ဌာနတွေကို ကူညီ ဆောင်ရွက်ပေးမှာပါ။ ရက်ပေါင်း (၉၀)အတွင်းမှာ တရားဝင်ရောင်းချခွင့်ပေးနေတာ မဟုတ်ပါဘူး။ ရက်ပေါင်း (၉၀) အတွင်း မပြည့်စုံတဲ့ ပစ္စည်းတွေကို ပြည့်စုံအောင်လုပ်ရမယ်။ ထုတ်လုပ်ခွင့် မှတ်ပုံတင်တွေ မရသေးရင် ရရှိအောင် လုပ် ရမယ်။ ကုန်စည်တစ်ခုမှာ ပြည့်စုံအောင်လုပ်ရမယ်။ ရက်ပေါင်း (၉၀) အတွင်းမှာ ကုန်ပစ္စည်းတွေကို ထိထိရောက်ရောက် မလုပ်နိုင်ရင်တော့ စားသုံးသူရေးရာဥပဒေအရ ဆောင်ရွက်သွားမှာပါ” ဟု၎င်းကပြောသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~