တာလေမြို့ရှိ နမ့်လင်းချောင်းအတွင်း တရားမ၀င် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းများအား ပိုင်ရှင်မဲ့ အဖြစ် သိမ်းဆည်းရမိ

တာလေမြို့ရှိ နမ့်လင်းချောင်းအတွင်း တရားမ၀င် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းများအား ပိုင်ရှင်မဲ့ အဖြစ် သိမ်းဆည်းရမိ
မေ 25, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလေမြို့ရှိ နမ့်လင်းချောင်းအတွင်း တရားမ၀င် ရွှေသတ္တုတူးဖော်နေကြောင်း သတင်းရရှိ၍ ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် သွားရောက် စစ်ဆေးရာမှ ပိုင်ရှင်မဲ့ အဖြစ် လုပ်ငန်းခွင်သုံး စက်ပစ္စည်းများကို မေလ(၂၃)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင် အချိန်က သိမ်းဆည်းရမိကြောင်း သိရသည်။

တာလေမြို့၊ ပါဟုတ်ကျေးရွာအနီး နမ့်လင်းချောင်းအတွင်း တရားမ၀င် ရွှေသတ္တုတူးဖော်နေကြောင်း သတင်းရရှိ၍ တာလေမြို့အုပ်ချုပ်ရေးမှူးအဖွဲ့ နှင့် တာလေနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ချမ်းသာ နှင့် တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရှောင်တခင်လိုက်လံ စစ်ဆေးရာမှ ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းများကို တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။



ဓာတ်ပုံ - တာလေ ထွေ/အုပ်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလမြေို့ရှိ နမ့်လင်းချောင်းအတွင်း တရားမဝင် ရွှေသတ္တုတူးဖော်နေကြောင်း သတင်းရရှိ၍ ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် သွားရောက် စစ်ဆေးရာမှ ပိုင်ရှင်မဲ့ အဖြစ် လုပ်ငန်းခွင်သုံး စက်ပစ္စည်းများကို မေလ(၂၃)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင် အချိန်က သိမ်းဆည်းရမိကြောင်း သိရသည်။

တာလမြေို့၊ ပါဟုတ်ကျေးရွာအနီး နမ့်လင်းချောင်းအတွင်း တရားမဝင် ရွှေသတ္တုတူးဖော်နေကြောင်း သတင်းရရှိ၍ တာလမြေို့အုပ်ချုပ်ရေးမှူးအဖွဲ့ နှင့် တာလေနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ချမ်းသာ နှင့် တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရှောင်တခင်လိုက်လံ စစ်ဆေးရာမှ ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းများကို တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့မှ စစ်ဆေးတွေ့ရှိရာမှာ ဝါးဖောင်ပေါ်တွင် တရားမဝင် ရွှေသတ္တုတူးဖော်ရာ၌ အသုံးပြုသည့် တရုတ်နိုင်ငံလုပ် (၂၅)ကောင် အင်ဂျင်(၁)လုံး၊ အင်ဂျင် အထိုင်(၁)ခု၊ အလျား(၃၂)လက်မ အနံ(၂.၅)လက်မရှိ ရေလည်အုံ (၁)ခု၊ လေအိုး(၁)လုံး၊ လေမှုတ်စက်(ကွန်ပရက်ဆာ) (၁)လုံး၊ အလျား (၈)ပေ အနံ(၆)လက်မခန့်ရှိ အဝါရောင် လေရှူပိုက်ပျော့(၁)ချောင်း၊ အင်ဝိုင်းပြား(၁)ချပ်၊ အစိမ်းရောင် ကော်ဇော(၄)ချပ်၊ အလျား(၃)လက်မခန့်ရှိ မျှောဇလား(၁)ခုတို့ဖြစ်ရာ ပိုင်ရှင်တွေ့ရှိခြင်း မရှိ၍ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာလေနယ်မြေရဲစခန်းတွင် (ပ)အမှတ် ၂/၂၀၁၇၊ သတ္တုတွင်းအက် ဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိပြီး ပိုင်ရှင်ပေါ်ပေါက်ရေးအတွက် စုံစမ်းမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - တာလေ ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~