ေခ်ာက္ၿမိဳ႕ ဧရာဝတီျမစ္အတြင္း၌ ေရနံတင္ စက္ေလွမီးေလာင္

ေခ်ာက္ၿမိဳ႕ ဧရာဝတီျမစ္အတြင္း၌ ေရနံတင္ စက္ေလွမီးေလာင္
မေ 26, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ ေခ်ာက္ၿမိဳ႕၊ အမွတ္(၇)ရပ္ကြက္ ရြာေဟာင္းအုတ္ဖို၊ ဧရာဝတီျမစ္ ေရနံဆိပ္ကမ္းအနီးတြင္ ေရနံေပပါအလံုး(၂၀)သယ္ေဆာင္လာသည့္"ေရႊေငြထြန္း" စက္ေလွ မီးေလာင္ ေပါက္ကဲြမႈျဖစ္ပြားၿပီး လူထိခိုက္မွဳမရိွေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ ေခ်ာက္၊ ဆိပ္ျဖဴ မီးသတ္တပ္ဖဲြ႔ႏွင္႔ ေခ်ာက္ရဲတပ္ဖဲြ႔ဝင္မ်ား၊ လူမႈေရးအသင္း အဖဲြ႔မ်ားက သြားေရာက္ၿငိႇမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

ပခုကၠဴၿမိဳ႕နယ္၊ လမ္း႐ြာေက်း႐ြာအုပ္စု၊ ထန္းေျခာက္ပင္ ေက်း႐ြာေန စက္ေလွပိုင္ရွင္ ဦးေထြးေမာင္ ကိုယ္တိုင္ေမာင္းႏွင္လာေသာ “ေ႐ႊေငြထြန္း”အမည္ရိွ ရွပ္ေျပးယာဥ္သည္ ေရနံခ်က္ ဆီ ေပပါ အလံုး (၂၀)ကို တင္ေဆာင္ကာ ထန္းေျခာက္ပင္ေက်းရြာမွ ေခ်ာက္ၿမိဳ႕သို႔ ေမာင္းႏွင္လာရင္း စက္ပ်က္၍ေမ်ာပါေနရာမွ ေခ်ာက္ၿမိဳ႕ အမွတ္ (၇) ႐ြာေဟာင္းအနီး၌ ေမလ(၂၅)ရက္ ည(၈)နာရီ(၁၅)မိနစ္အခ်ိန္ခန္႔တြင္ မီးေလာင္ ေပါက္ကဲြမႈ ျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရသည္။

“ေညာင္ဦးၿမိဳ႕နယ္ စဥ့္ကူေက်း႐ြာအနီး အေရာက္မွာ စက္ပ်က္ၿပီး ဧရာဝတီျမစ္ေၾကာင္းအတိုင္း ေမ်ာေနရာက အင္ဂ်င္ကို ျပန္ႏိွဳးတာမွာ ဒိုင္နမိုကေန မီးကူးၿပီး စတင္ေလာင္ကၽြမ္းတာလို႔ သိရပါတယ္”ဟု ေခ်ာက္ၿမိဳ႕ မီးသတ္တပ္ဖဲြ႔မွ တာဝန္ရိွသူက ေျပာသည္။

စက္ေလွေပၚပါသူမ်ားမွာ ခုန္ခ်ႏိုင္ခဲ႔ၾကသျဖင္႔ လူ ထိခိုက္မႈမရိွဟုသိရၿပီး စက္ေလွတန္ဖိုး က်ပ္ (၁၂၅)သိန္းခန္႔ႏွင္႔ ဆီေပပါတန္ဖိုး က်ပ္(၂၄)သိန္းဖိုးခန္႔ ဆံုးရွံုးခဲ့ရေၾကာင္း မီးသတ္တပ္ဖဲြ႔၏ ခန္႔မွန္း တြက္ခ်က္မႈအရ သိရသည္။

မီးေလာင္ေမ်ာပါေနသည္႔စက္ေလွမွာ စေလ ေက်းရြာ၏ ေျမာက္ဘက္၊ ပေဒသာ က်ြန္းတြင္ သြားေရာက္ ကပ္ျငိခဲ့ၿပီး ေခ်ာက္၊ဆိပ္ျဖဴမီးသတ္တပ္ဖဲြ႔ႏွင္႔ ေခ်ာက္ၿမိဳ႕လူမႈေရးအသင္းအဖဲြ႔မ်ား က ျမန္မာ့ဇဲြ ေရ ယာဥ္မွ စက္ေလွ ျဖင္႔ ေရယာဥ္ကိုယ္စားလွယ္ဦးစိုးၿမိဳင္ႏွင့္ ကၽြမ္းက်င္လုပ္သားမ်ား၏အကူအညီျဖင္႔ လိုက္လံ ၿငိႇမ္းသတ္ႏိုင္ခဲ႔သျဖင္႔ ည(၁၀)နာရီ(၃၀)မိနစ္အခ်ိန္တြင္ မီးလံုးဝၿငိမ္းသြားေၾကာင္း သိရသည္။

စက္ေလွေမာင္းသူ ဦးေထြးေမာင္ အား ေခ်ာက္ၿမိဳ႕မရဲစခန္းမွ (ပ)၁၄၁/၂၀၁၇၊ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၈၅ အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားေၾကာင္းသိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ အမှတ်(၇)ရပ်ကွက် ရွာဟောင်းအုတ်ဖို၊ ဧရာဝတီမြစ် ရေနံဆိပ်ကမ်းအနီးတွင် ရေနံပေပါအလုံး(၂၀)သယ်ဆောင်လာသည့်"ရွှေငွေထွန်း" စက်လှေ မီးလောင် ပေါက်ကွဲမှုဖြစ်ပွားပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ချောက်၊ ဆိပ်ဖြူ မီးသတ်တပ်ဖွဲ့နှင့် ချောက်ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များက သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ပခုက္ကူမြို့နယ်၊ လမ်းရွာကျေးရွာအုပ်စု၊ ထန်းခြောက်ပင် ကျေးရွာနေ စက်လှေပိုင်ရှင် ဦးထွေးမောင် ကိုယ်တိုင်မောင်းနှင်လာသော “ရွှေငွေထွန်း”အမည်ရှိ ရှပ်ပြေးယာဉ်သည် ရေနံချက် ဆီ ပေပါ အလုံး (၂၀)ကို တင်ဆောင်ကာ ထန်းခြောက်ပင်ကျေးရွာမှ ချောက်မြို့သို့ မောင်းနှင်လာရင်း စက်ပျက်၍မျောပါနေရာမှ ချောက်မြို့ အမှတ် (၇) ရွာဟောင်းအနီး၌ မေလ(၂၅)ရက် ည(၈)နာရီ(၁၅)မိနစ်အချိန်ခန့်တွင် မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

“ညောင်ဦးမြို့နယ် စဉ့်ကူကျေးရွာအနီး အရောက်မှာ စက်ပျက်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း မျောနေရာက အင်ဂျင်ကို ပြန်နှိုးတာမှာ ဒိုင်နမိုကနေ မီးကူးပြီး စတင်လောင်ကျွမ်းတာလို့ သိရပါတယ်”ဟု ချောက်မြို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

စက်လှေပေါ်ပါသူများမှာ ခုန်ချနိုင်ခဲ့ကြသဖြင့် လူ ထိခိုက်မှုမရှိဟုသိရပြီး စက်လှေတန်ဖိုး ကျပ် (၁၂၅)သိန်းခန့်နှင့် ဆီပေပါတန်ဖိုး ကျပ်(၂၄)သိန်းဖိုးခန့် ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့၏ ခန့်မှန်း တွက်ချက်မှုအရ သိရသည်။

မီးလောင်မျောပါနေသည့်စက်လှေမှာ စလေ ကျေးရွာ၏ မြောက်ဘက်၊ ပဒေသာ ကျွန်းတွင် သွားရောက် ကပ်ငြိခဲ့ပြီး ချောက်၊ဆိပ်ဖြူမီးသတ်တပ်ဖွဲ့နှင့် ချောက်မြို့လူမှုရေးအသင်းအဖွဲ့များ က မြန်မာ့ဇွဲ ရေ ယာဉ်မှ စက်လှေ ဖြင့် ရေယာဉ်ကိုယ်စားလှယ်ဦးစိုးမြိုင်နှင့် ကျွမ်းကျင်လုပ်သားများ၏အကူအညီဖြင့် လိုက်လံ ငြှိမ်းသတ်နိုင်ခဲ့သဖြင့် ည(၁၀)နာရီ(၃၀)မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။

စက်လှေမောင်းသူ ဦးထွေးမောင် အား ချောက်မြို့မရဲစခန်းမှ (ပ)၁၄၁/၂၀၁၇၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~