မုန်တိုင်းကြောင့် ညောင်ဦးမြို့နယ်အတွင်း လူနေအိမ် ၇၈ လုံးနှင့်အခြားအဆောက်အဦးများ ပျက်စီး
မုန်တိုင်းကြောင့် ညောင်ဦးမြို့နယ်အတွင်း လူနေအိမ် ၇၈ လုံးနှင့်အခြားအဆောက်အဦးများ ပျက်စီး
မေ 31, 2017
By Tachileik News Agency
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကြအိုကျေးရွာနှင့် မြေသန်တောင်ကျေးရွာတို့တွင် မေလ(၃၀)ရက် နေ့လယ် (၁၂း၄၅) နာရီအချိန်ခန့်က မိုရာမုန်တိုင်းကြောင့် မိုးနှင့်အတူ လေပြင်းတိုက်ခိုက်ခဲ့မှုကြောင့် စေတီနှစ်ဆူ ထီးတော်မြေခခြင်း၊ သိမ်ကျောင်းအမိုးလန်ခြင်း၊ လူနေအိမ် (၇၈) လုံးခန့်ပြိုပျက်စီးသွားကြောင်း စဥ့်ကူရဲစခန်းမှ သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် မြေသန်တောင် ကျေးရွာတွင် ပျက်စီးဆုံးရှူံးမှုတန်ဖိုးကျပ် (၃၃) သိန်းကျော်၊ ကြအိုကျေးရွာတွင် ဆုံးရှုံးမှုတန်ဖိုးကျပ် သိန်း(၅၂၀)ကျော်၊ ကြ အို အရှေ့မင်းကျောင်းတွင် ဆုံးရှူံးမှုတန်ဖိုး (၁၄၇)သိန်းကျော် စုစုပေါင်းဆုံးရှူံးမှု တန်ဖိုး (၇၁၅)သိန်း ကျော်ခန့် ရှိကြောင်း ကနဦးကောက်ယူရ ရှိသော စာရင်းဇယား အရ သိရကြောင်း စဥ့်ကူရဲစခန်းမှ သိရသည်။
 အဆိုပါ လေဘေးသင့်နေရာသို့ စဥ့်ကူရဲစခန်းမှ စခန်းမှူးနှင့်ရဲတပ်ဖွဲ့ ဝင်များ စဥ့်ကူ၊ ညောင်ဦး မြို့ နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်းမြို့မှ တပ်မတော်သားများ ကူညီ ဆောင်ရွက်ပေး လျှက်ရှိနေပြီး တပ်မတော်မှ အရေးပေါ် ဆေးပေးခန်း ဖွင့်၍ အခမဲ့ဆေးကုခြင်းများ ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။
သတင်း - ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကြအိုကျေးရွာနှင့် မြေသန်တောင်ကျေးရွာတို့တွင် မေလ(၃၀)ရက် နေ့လယ် (၁၂း၄၅) နာရီအချိန်ခန့်က မိုရာမုန်တိုင်းကြောင့် မိုးနှင့်အတူ လပြေင်းတိုက်ခိုက်ခဲ့မှုကြောင့် စေတီနှစ်ဆူ ထီးတော်မြေခခြင်း၊ သိမ်ကျောင်းအမိုးလန်ခြင်း၊ လူနေအိမ် (၇၈) လုံးခန့်ပြိုပျက်စီးသွားကြောင်း စဉ့်ကူရဲစခန်းမှ သိရသည်။
"နေ့လယ် ၁၂ နာရီ ၄၅ မိနစ်လောက်က မိုးနဲ့အတူ (၅)မိနစ်လောက်ပဲကြာမယ်။ လပြေင်းတိုက်လိုက်တာ မြေသန်တောင်ကျေးရွာက အိမ် (၄)လုံးပြိုတယ်။ အမိုးလန်တာ (၁၁)အိမ်၊ ကြအိုကျေးရွာက စာသင်ကျောင်း အဆောက်အဦး (၃)လုံးပြိုပြီး (၄) လုံးက အမိုးလန်ကုန်တယ်။ အရှေ့မင်းကျောင်းက စေတီ(၂)ဆူထီးတော်မြေခပြီး သိမ်အမိုးလန်သွားတယ်။ လူနေအိမ် (၁၀)လုံးနဲ့ တဲ (၂) လုံးလည်း ပြိုကျပျက်စီးပြီး နေအိမ် (၅၁) လုံးက အမိုးလန်ကုန်တယ်"ဟု ညောင်ဦးမြို့နယ် စဉ့်ကူရဲစခန်းမှူး ဗိုလ်ကြီးအောင်မိုးကျော်က တာချီလိတ်သတင်း အေဂျင်စီသို့ပြောသည်။
လပြေင်းတိုက်ခတ်မှုကြောင့် မြေသန်တောင် ကျေးရွာတွင် ပျက်စီးဆုံးရှူံးမှုတန်ဖိုးကျပ် (၃၃) သိန်းကျော်၊ ကြအိုကျေးရွာတွင် ဆုံးရှုံးမှုတန်ဖိုးကျပ် သိန်း(၅၂၀)ကျော်၊ ကြ အို အရှေ့မင်းကျောင်းတွင် ဆုံးရှူံးမှုတန်ဖိုး (၁၄၇)သိန်းကျော် စုစုပေါင်းဆုံးရှူံးမှု တန်ဖိုး (၇၁၅)သိန်း ကျော်ခန့်ရှိကြောင်း ကနဦးကောက်ယူရ ရှိသော စာရင်းဇယား အရ သိရကြောင်း စဉ့်ကူရဲစခန်းမှ သိရသည်။
 အဆိုပါ လေဘေးသင့်နေရာသို့စဉ့်ကူရဲစခန်းမှ စခန်းမှူးနှင့်ရဲတပ်ဖွဲ့ဝင်များ စဉ့်ကူ၊ ညောင်ဦး မြို့ နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်းမြို့မှ တပ်မတော်သားများ ကူညီ ဆောင်ရွက်ပေး လျှက်ရှိနပြေီး တပ်မတော်မှ အရေးပေါ် ဆေးပေးခန်း ဖွင့်၍ အခမဲ့ဆေးကုခြင်းများ ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။
သတင်း - ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~